မေကြး၊ မတ္ ၁၂-၂၀၂၀
မေကြးတိုင္း၊ မင္းဘူးၿမိဳ႕၊ မန္းေ႐ႊစက္ေတာ္ဘုရားပြဲကို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မနက္ျဖန္ မတ္လ ၁၃ရက္ေန႔ကစၿပီး တရား၀င္ပိတ္သိမ္းလိုက္ၿပီျဖစ္တယ္လို႔ မေကြးတိုင္း၀န္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက VOM ကို အတည္ျပဳေျပာပါတယ္။
ေနာက္ၿပီးေတာ့ မေကြးတိုင္းထဲမွာ ျပဳလုပ္မယ့္ သၾကၤန္ပြဲေတြနဲ႔ လူစုလူေဝးမ်ားႏိုင္တဲ့ ပြဲလမ္းသဘင္ေတြကို ေရာဂါအေျခအေန ကမာၻတ၀န္းထိန္းခ်ဳပ္ႏိုင္မယ့္အခ်ိန္ထိ ရပ္ဆိုင္းထားမယ္လို႔ ေဒါက္တာေအာင္မိုးညိဳကေျပာပါတယ္။
လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္ကူးစက္ခံထားရသူမရွိေသးဘူးလို႔ က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ထားတာျဖစ္ပါတယ္။
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေစက်တော်ဘုရားပွဲ တရားဝင်ပိတ်သိမ်း
မကွေး၊ မတ် ၁၂-၂၀၂၀
မကွေးတိုင်း၊ မင်းဘူးမြို့၊ မန်းရွှေစက်တော်ဘုရားပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနက်ဖြန် မတ်လ ၁၃ရက်နေ့ကစပြီး တရားဝင်ပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက VOM ကို အတည်ပြုပြောပါတယ်။
နောက်ပြီးတော့ မကွေးတိုင်းထဲမှာ ပြုလုပ်မယ့် သင်္ကြန်ပွဲတွေနဲ့ လူစုလူဝေးများနိုင်တဲ့ ပွဲလမ်းသဘင်တွေကို ရောဂါအခြေအနေ ကမ္ဘာတဝန်းထိန်းချုပ်နိုင်မယ့်အချိန်ထိ ရပ်ဆိုင်းထားမယ်လို့ ဒေါက်တာအောင်မိုးညိုကပြောပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရသူမရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
