Covid-19 ဆိုးဝါးတဲ့ အီတလီႏိုင္ငံတြင္း သက္ေရာက္မႈ

အီတလီႏို္င္ငံ Venice ၿမိဳ႕ (သတင္းဓာတ္ပံု - ေဖေဖာ္၀ါရီ ၂၈၊ ၂၀၂၀)

(Zawgyi/Unicode)

လက္႐ွိကမာၻမွာ Coronavirus ပိုးဒုတိယေျမာက္ အမ်ားဆံုးကူးစက္ေနတဲ့ အီတလီႏိုင္ငံမွာ တႏို္င္ငံလံုး အသြားအလာေတြ မလိုအပ္ရင္ မလုပ္ၾကဖို႔ တားျမစ္ထားပါတယ္။ လုပ္ငန္းေတြ ေက်ာင္းေတြ ပိတ္ထားတဲ့ၾကားက လုပ္ငန္းေတြ ဆက္လက္လည္ပါတ္ႏိုင္ေအာင္း ေက်ာင္းသားေတြ စာဆက္သင္ႏိုင္ေအာင္ ႀကိဳးစားလုပ္ေနၾကတယ္လို႔ အီတလီေျမာက္ပိုင္းမွာေနတဲ့ ၿမိဳ႕ခံက ေျပာျပပါတယ္။ လူမႈအသိုင္းအဝိုင္းေတြကလည္း ဒုုကၡေရာက္ေနသူေတြအတြက္ အကူအညီေပးႏုိင္ဖုိ႔ ႀကိဳးစားေနၾကတယ္လို႔ ေျပာပါတယ္ အျပည့္အစံုကို မစုျမတ္မြန္က ေျပာျပပါမယ္။

Coronavirus ပိုး ကမာၻမွာ ဒုတိယေျမာက္ ကူးစက္မႈအမ်ားဆံုး အီတလီႏိုင္ငံမွာ လက္႐ွိပိုးကူးစက္ေနသူ တေသာင္းေက်ာ္နဲ႔ ေသဆံုးသူ ၆၃၀ ထက္မနည္း ႐ွိေနပါတယ္။ Virus ပိုးကူးစက္ပ်ံ႕ႏွံ႔မႈကို တားဆီးႏိုင္ဖုိ႔ အီတလီအစိုးရက တႏိုင္ငံလံုး တေနရာကေန တေနရာ သြားလာမႈေတြကို မလိုအပ္ရင္ မလုပ္ၾကဖုိ႔ တားျမစ္ထားပါတယ္။ ေက်ာင္းေတြကိုလည္း ပိတ္ထားသလို စီးပြားေရးလုပ္ငန္းေတာ္ေတာ္မ်ားမ်ားကလည္း အကန္႔အသတ္နဲ႔သာ လည္ပတ္ေနၾကပါတယ္။ စားေရးေသာက္ေရးအတြက္ ေစ်းဆိုင္ေတြဆက္ဖြင့္ထားေပမဲ့ အဝင္အထြက္ေတြကို ကန္႔သတ္ထားတယ္လို႔ Treviglio ၿမိဳ႕မွာေနတဲ့ ေဒၚ Virginia King သြယ္ႏိုင္ဝင္းက ေျပာျပပါတယ္။

ေဒၚ Virginia King သြယ္ႏိုင္ဝင္း။ ။အခုေတာ့ super market ေတြ တေယာက္ခ်င္းပဲ သူတို႔က သြင္းတယ္ေလ။ ဟိုလူေတြ ျပန္ထြက္မွ ၀င္ အဲ့လိုေပါ့... အ၀င္အေပါက္၀ကို သူတို႔လုပ္ထားတယ္။

တႏို္င္ငံလံုး အသြားအလာေတြကန္႔သတ္ထားခ်ိန္မွာ စီးပြားေရးလုပ္ငန္းေတြ ေက်ာင္းေတြကေတာ့ လည္ပတ္မႈ ရပ္မသြားေအာင္ ႀကိဳးစားေနၾကတယ္လို႔လည္း ေျပာျပပါတယ္။ Online ေပၚကေန ဆက္ၿပီး အလုပ္လုပ္ဖုိ႔ ႀကိဳးစားေနၾကတာျဖစ္ပါတယ္။

ေဒၚ Virginia King သြယ္ႏိုင္ဝင္း။ ။ ဒီ remote working ေတြလုပ္ၾကတယ္။ smart working လို႔လည္း ေခၚတယ္။ အီတလီကေတာ့ သူတို႔ နာမည္တပ္လိုက္တာေပါ့။ အဲ့ Technology သမားေတြက အရမ္းကို အလုပ္လုပ္ေနရတယ္။ They trying to make a platform to work. ေက်ာင္းေတြကသာ ပိတ္လိုက္တာ ဆရာေတြ၊ ဆရာမေတြက အလုပ္လုပ္ေနရတယ္။ ဘာလို႔လည္းဆိုေတာ့ ကေလးေတြကို homework ေတြ ေပးရတယ္။ correct လုပ္ရတယ္။ သူတို႔ေတြ ညမိုးခ်ဳပ္ ၁၂ နာရီ အဲ့ဒီေလာက္ထိကို သူတို႔ Prepare လုပ္ရတယ္။ ကေလးေတြကလည္း homework ေတြလုပ္ရတယ္ဆိုေတာ့ ၆ နာရီေက်ာင္းေတာ့ မဟုတ္ဘူး။ သူတို႔ homework ေတြေတာ့ လုပ္ေနရတယ္ဆိုေတာ့... actually quite occupied ေပါ့။ ဒါေပမဲ့ ျပႆနာေတြက မေန႔တေန႔ကအထိ ကေလးေတြက အျပင္ကေတာ့ ထြက္လို႔ရတယ္ေလ။ တေယာက္နဲ႔ တေယာက္ ပူးကပ္ၿပီးေတာ့ မေနရဘူးဆိုၿပီး ေျပာထားေတာ့ ကေလးေတြက parks ေတြသြားၿပီးေတာ့ ပူးပူးကပ္ကပ္နဲ႔ အရမ္းကစားၾကတာဆိုေတာ့ နည္းနည္းေတာ့ ျပႆနာေလးေတြ နည္းနည္းေတာ့ ရွိတယ္။ ဘာလို႔လည္းဆိုေတာ့ အၿပီး အိမ္ထဲမွာ ေလွာင္ေနတာမဟုတ္ဘူး။ အျပင္ေတြေတာ့နည္းနည္းေတာ့ ထြက္ၾကတယ္ဆိုေတာ့။

မစုျမတ္မြန္။ ။အီတလီဆိုတာကေနာ္။ မိသားစုေတြ အသိုင္းအ၀ိုင္းေတြ သိပ္ကို နီးနီးကပ္ကပ္ ရွိၾကတာေပါ့ေနာ္။ ဆိုေတာ့ အခုလိုမ်ိဳး အစိုးရက ေတာင္းဆိုထားတဲ့အထဲမွာလည္း အဖိုးအဖြားေတြဆိုရင္ ေျမးေတြနဲ႔ေတာင္မွ တက္ႏိုင္ရင္ မေတြ႔တာမ်ိဳးအထိတားထားတယ္ဆိုေတာ့ အခုလိုမ်ိဳးပိတ္ထားတဲ့အတြက္ေရာ လူေတြက ဘယ္လိုမ်ိဳး တံု႔ျပန္ေနၾကလဲ။ အဲ့အေပၚမွာေရာ လူေတြက နားလည္ၾကလားရွင့္။

ေဒၚ Virginia King သြယ္ႏိုင္ဝင္း။ ။သူတို႔ကေတာ့ စိတ္ေတာ့ မေကာင္းၾကဘူးေပါ့ေနာ္။ ေနာက္တခု very sad ဘာတခုလည္းဆိုေတာ့ အဲ့ဒီ ဆံုးသြားတဲ့ မိသားစုေတြရဲ႕ funeral မလုပ္ေပးႏိုင္တာတို႔၊ သြားမေတြ႔ႏို္င္တာတို႔ အဲ့ဒါကို သူတို႔ အရမ္းစိတ္မေကာင္းျဖစ္တယ္။ ဒီေန႔ပဲ သူငယ္ခ်င္းတေယာက္ သူ႔အမ်ိဳးသားဆံုးသြားတယ္။ office မွာ mayb the first အဲ့ေတာ့ သူ႔အမ်ိဳးသမီးက က်မကို ေျပာျပတယ္ေပါ့ေနာ္။ သူ႔အတြက္ funeral ကို မသြားႏိုင္တာ ဆံုးသြားတဲ့ last day ကို သူသြားမေတြ႔ႏိုင္တာ အဲ့ဒါေတြတြက္ အရမ္းကို စိတ္မေကာင္းဘူး။ Very Painful ေပါ့ေနာ္။

မစုျမတ္မြန္။ ။ အီတလီေျမာက္ပိုင္းေဒသဆိုတာေပါ့ေနာ္။ ဒီကမၻာလွည့္ခရီးသြားေတြ သိပ္ျပီးေတာ့ သြားလာတဲ့ေဒသျဖစ္တယ္ေပါ့ေလ။ အခုလိုမ်ိဳး ပိတ္ထားတဲ့အတြက္ေရာ ခရီးသြားလုပ္ငန္းေတြကို ဘယ္ေလာက္ထိ ထိခိုက္ေနတာ ျမင္ရလဲရွင့္။

ေဒၚ Virginia King သြယ္ႏိုင္ဝင္း။ ။ခရီးသြားလုပ္ငန္းကေတာ့ အကုန္လံုးျငီးတြားေနပါတယ္။ အမလည္း အဲ့ဒီမွာ သူငယ္ခ်င္းေတြေတာ္ေတာ္ ရွိတယ္ဆိုေတာ့ အကုန္လံုးအခက္အခဲေပါ့ေနာ္။ cancellation ေတြ ၀င္တာေပါ့ေနာ္။ အထူးသျဖင့္ ဧၿပီလဆို Easter holiday ေလ... ေဖေဖာ္၀ါရီတုန္းက သူတို႔.... kings weekends ေတြေပါ့ေနာ္... အထူးသျဖင့္ England ကဘာတို႔က လာတာ အဲ့ဒါေတြကလည္း သူတို႔ cancellation ေတြ ေတာ္ေတာ္၀င္တယ္။ ဒါေပမဲ့ ေက်ာင္းေတြ ပိတ္လိုက္ေတာ့ ၀ုန္းဆိုၿပီးေတာ့ local ေတြက သြားၾကတာ... အကုန္လံုးကို ပိတ္တယ္ဆိုေတာ့ estimate လုပ္ထားတာေတာ့ အီတလီအတြက္က Tourism မွာ ရံႈးတာ ၂ ဘီလီယံေလာက္ေတာ့ သူတို႔ estimate လုပ္ထားတယ္။ ဒါကေတာ့ official statistic ေပါ့။ ေမလအထိ booking ေတြလုပ္ထားတာေတြေတာင္ cancellation ေတြ ၀င္တယ္လို႔ ေျပာတယ္။ ဧၿပီမွာ အမွန္က အီတလီက အမ်ားၾကီးကို ၀င္တယ္။ ဧၿပီ၊ ေမ ေပါ့ေနာ္။ Easter ၿပီးရင္ ေမလမွာဆို ဂ်ာမနီတို႔ ေဟာလန္တို႔က အရမ္း၀င္တယ္ေလ။ အဲ့ဒီဟာေတြလည္း သူတို႔ cancellation ေတြ ေတာ္ေတာ္၀င္တယ္လို႔ ေျပာတယ္။

အီတလီႏိုင္ငံမွာ Coronavirus ပုိးစတင္ကူးစက္လို႔ Red Zone လို႔သတ္မွတ္ထားတဲ့ေနရာကေန ကီလိုမီတာ ၄၀ သာေဝးတဲ့ Treviglio ၿမိဳ႕မွာေနသူ ေဒၚ Virginia King သြယ္ႏိုင္ဝင္းျဖစ္ပါတယ္္။ Virus ပိုးကူးစက္မႈ ပ်ံ႕ႏွ႔ံမႈတားဆီးႏိုင္ဖုိ႔ ေဒသတခုကေန တခုအသြားအလာေတြ ကန္႔သတ္ထားတဲ့အေပၚ အီတလီလူမ်ဳိးေတြ နားလည္ၾကသလို အထိတ္တလန္႔ျဖစ္တာမ်ဳိး သိပ္မ႐ွိၾကေတာ့ဘူးလို႔လည္း သူကေျပာျပပါတယ္႐ွင္။

တႏိုင္ငံလံုးအတုိင္းအတာနဲ႔ အခက္အခဲႀကံဳေနခ်ိန္မွာ တေယာက္နဲ႔ တေယာက္ကူညီေပးမႈေတြ မ်ားလာတဲ့အတြက္ ဒါက အဆိုးထဲက အေကာင္းလို႔ေျပာျပပါတယ္။


[Unicode Version]

Covid-19 ဆိုးဝါးတဲ့ အီတလီနိုင်ငံတွင်း သက်ရောက်မှု

လက်ရှိကမ္ဘာမှာ Coronavirus ပိုးဒုတိယမြောက် အများဆုံးကူးစက်နေတဲ့ အီတလီနိုင်ငံမှာ တနိုင်ငံလုံး အသွားအလာတွေ မလိုအပ်ရင် မလုပ်ကြဖို့ တားမြစ်ထားပါတယ်။ လုပ်ငန်းတွေ ကျောင်းတွေ ပိတ်ထားတဲ့ကြားက လုပ်ငန်းတွေ ဆက်လက်လည်ပါတ်နိုင်အောင်း ကျောင်းသားတွေ စာဆက်သင်နိုင်အောင် ကြိုးစားလုပ်နေကြတယ်လို့ အီတလီမြောက်ပိုင်းမှာနေတဲ့ မြို့ခံက ပြောပြပါတယ်။ လူမှုအသိုင်းအဝိုင်းတွေကလည်း ဒုက္ခရောက်နေသူတွေအတွက် အကူအညီပေးနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ပြောပါတယ် အပြည့်အစုံကို မစုမြတ်မွန်က ပြောပြပါမယ်။

Coronavirus ပိုး ကမ္ဘာမှာ ဒုတိယမြောက် ကူးစက်မှုအများဆုံး အီတလီနိုင်ငံမှာ လက်ရှိပိုးကူးစက်နေသူ တသောင်းကျော်နဲ့ သေဆုံးသူ ၆၃၀ ထက်မနည်း ရှိနေပါတယ်။ Virus ပိုးကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ အီတလီအစိုးရက တနိုင်ငံလုံး တနေရာကနေ တနေရာ သွားလာမှုတွေကို မလိုအပ်ရင် မလုပ်ကြဖို့ တားမြစ်ထားပါတယ်။ ကျောင်းတွေကိုလည်း ပိတ်ထားသလို စီးပွားရေးလုပ်ငန်းတော်တော်များများကလည်း အကန့်အသတ်နဲ့သာ လည်ပတ်နေကြပါတယ်။ စားရေးသောက်ရေးအတွက် ဈေးဆိုင်တွေဆက်ဖွင့်ထားပေမဲ့ အဝင်အထွက်တွေကို ကန့်သတ်ထားတယ်လို့ Treviglio မြို့မှာနေတဲ့ ဒေါ် Virginia King သွယ်နိုင်ဝင်းက ပြောပြပါတယ်။

ဒေါ် Virginia King သွယ်နိုင်ဝင်း။ ။အခုတော့ super market တွေ တယောက်ချင်းပဲ သူတို့က သွင်းတယ်လေ။ ဟိုလူတွေ ပြန်ထွက်မှ ဝင် အဲ့လိုပေါ့... အဝင်အပေါက်ဝကို သူတို့လုပ်ထားတယ်။

တနိုင်ငံလုံး အသွားအလာတွေကန့်သတ်ထားချိန်မှာ စီးပွားရေးလုပ်ငန်းတွေ ကျောင်းတွေကတော့ လည်ပတ်မှု ရပ်မသွားအောင် ကြိုးစားနေကြတယ်လို့လည်း ပြောပြပါတယ်။ Online ပေါ်ကနေ ဆက်ပြီး အလုပ်လုပ်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

ဒေါ် Virginia King သွယ်နိုင်ဝင်း။ ။ ဒီ remote working တွေလုပ်ကြတယ်။ smart working လို့လည်း ခေါ်တယ်။ အီတလီကတော့ သူတို့ နာမည်တပ်လိုက်တာပေါ့။ အဲ့ Technology သမားတွေက အရမ်းကို အလုပ်လုပ်နေရတယ်။ They trying to make a platform to work. ကျောင်းတွေကသာ ပိတ်လိုက်တာ ဆရာတွေ၊ ဆရာမတွေက အလုပ်လုပ်နေရတယ်။ ဘာလို့လည်းဆိုတော့ ကလေးတွေကို homework တွေ ပေးရတယ်။ correct လုပ်ရတယ်။ သူတို့တွေ ညမိုးချုပ် ၁၂ နာရီ အဲ့ဒီလောက်ထိကို သူတို့ Prepare လုပ်ရတယ်။ ကလေးတွေကလည်း homework တွေလုပ်ရတယ်ဆိုတော့ ၆ နာရီကျောင်းတော့ မဟုတ်ဘူး။ သူတို့ homework တွေတော့ လုပ်နေရတယ်ဆိုတော့... actually quite occupied ပေါ့။ ဒါပေမဲ့ ပြဿနာတွေက မနေ့တနေ့ကအထိ ကလေးတွေက အပြင်ကတော့ ထွက်လို့ရတယ်လေ။ တယောက်နဲ့ တယောက် ပူးကပ်ပြီးတော့ မနေရဘူးဆိုပြီး ပြောထားတော့ ကလေးတွေက parks တွေသွားပြီးတော့ ပူးပူးကပ်ကပ်နဲ့ အရမ်းကစားကြတာဆိုတော့ နည်းနည်းတော့ ပြဿနာလေးတွေ နည်းနည်းတော့ ရှိတယ်။ ဘာလို့လည်းဆိုတော့ အပြီး အိမ်ထဲမှာ လှောင်နေတာမဟုတ်ဘူး။ အပြင်တွေတော့နည်းနည်းတော့ ထွက်ကြတယ်ဆိုတော့။

မစုမြတ်မွန်။ ။ အီတလီဆိုတာကနော်။ မိသားစုတွေ အသိုင်းအဝိုင်းတွေ သိပ်ကို နီးနီးကပ်ကပ် ရှိကြတာပေါ့နော်။ ဆိုတော့ အခုလိုမျိုး အစိုးရက တောင်းဆိုထားတဲ့အထဲမှာလည်း အဖိုးအဖွားတွေဆိုရင် မြေးတွေနဲ့တောင်မှ တက်နိုင်ရင် မတွေ့တာမျိုးအထိတားထားတယ်ဆိုတော့ အခုလိုမျိုးပိတ်ထားတဲ့အတွက်ရော လူတွေက ဘယ်လိုမျိုး တုံ့ပြန်နေကြလဲ။ အဲ့အပေါ်မှာရော လူတွေက နားလည်ကြလားရှင့်။

ဒေါ် Virginia King သွယ်နိုင်ဝင်း။ ။သူတို့ကတော့ စိတ်တော့ မကောင်းကြဘူးပေါ့နော်။ နောက်တခု very sad ဘာတခုလည်းဆိုတော့ အဲ့ဒီ ဆုံးသွားတဲ့ မိသားစုတွေရဲ့ funeral မလုပ်ပေးနိုင်တာတို့၊ သွားမတွေ့နိုင်တာတို့ အဲ့ဒါကို သူတို့ အရမ်းစိတ်မကောင်းဖြစ်တယ်။ ဒီနေ့ပဲ သူငယ်ချင်းတယောက် သူ့အမျိုးသားဆုံးသွားတယ်။ office မှာ mayb the first အဲ့တော့ သူ့အမျိုးသမီးက ကျမကို ပြောပြတယ်ပေါ့နော်။ သူ့အတွက် funeral ကို မသွားနိုင်တာ ဆုံးသွားတဲ့ last day ကို သူသွားမတွေ့နိုင်တာ အဲ့ဒါတွေတွက် အရမ်းကို စိတ်မကောင်းဘူး။ Very Painful ပေါ့နော်။

မစုမြတ်မွန်။ ။ အီတလီမြောက်ပိုင်းဒေသဆိုတာပေါ့နော်။ ဒီကမ္ဘာလှည့်ခရီးသွားတွေ သိပ်ပြီးတော့ သွားလာတဲ့ဒေသဖြစ်တယ်ပေါ့လေ။ အခုလိုမျိုး ပိတ်ထားတဲ့အတွက်ရော ခရီးသွားလုပ်ငန်းတွေကို ဘယ်လောက်ထိ ထိခိုက်နေတာ မြင်ရလဲရှင့်။

ဒေါ် Virginia King သွယ်နိုင်ဝင်း။ ။ခရီးသွားလုပ်ငန်းကတော့ အကုန်လုံးငြီးတွားနေပါတယ်။ အမလည်း အဲ့ဒီမှာ သူငယ်ချင်းတွေတော်တော် ရှိတယ်ဆိုတော့ အကုန်လုံးအခက်အခဲပေါ့နော်။ cancellation တွေ ဝင်တာပေါ့နော်။ အထူးသဖြင့် ဧပြီလဆို Easter holiday လေ... ဖေဖော်ဝါရီတုန်းက သူတို့.... kings weekends တွေပေါ့နော်... အထူးသဖြင့် England ကဘာတို့က လာတာ အဲ့ဒါတွေကလည်း သူတို့ cancellation တွေ တော်တော်ဝင်တယ်။ ဒါပေမဲ့ ကျောင်းတွေ ပိတ်လိုက်တော့ ဝုန်းဆိုပြီးတော့ local တွေက သွားကြတာ... အကုန်လုံးကို ပိတ်တယ်ဆိုတော့ estimate လုပ်ထားတာတော့ အီတလီအတွက်က Tourism မှာ ရှုံးတာ ၂ ဘီလီယံလောက်တော့ သူတို့ estimate လုပ်ထားတယ်။ ဒါကတော့ official statistic ပေါ့။ မေလအထိ booking တွေလုပ်ထားတာတွေတောင် cancellation တွေ ဝင်တယ်လို့ ပြောတယ်။ ဧပြီမှာ အမှန်က အီတလီက အများကြီးကို ဝင်တယ်။ ဧပြီ၊ မေ ပေါ့နော်။ Easter ပြီးရင် မေလမှာဆို ဂျာမနီတို့ ဟောလန်တို့က အရမ်းဝင်တယ်လေ။ အဲ့ဒီဟာတွေလည်း သူတို့ cancellation တွေ တော်တော်ဝင်တယ်လို့ ပြောတယ်။

အီတလီနိုင်ငံမှာ Coronavirus ပိုးစတင်ကူးစက်လို့ Red Zone လို့သတ်မှတ်ထားတဲ့နေရာကနေ ကီလိုမီတာ ၄၀ သာဝေးတဲ့ Treviglio မြို့မှာနေသူ ဒေါ် Virginia King သွယ်နိုင်ဝင်းဖြစ်ပါတယ်။ Virus ပိုးကူးစက်မှု ပျံ့နှံ့မှုတားဆီးနိုင်ဖို့ ဒေသတခုကနေ တခုအသွားအလာတွေ ကန့်သတ်ထားတဲ့အပေါ် အီတလီလူမျိုးတွေ နားလည်ကြသလို အထိတ်တလန့်ဖြစ်တာမျိုး သိပ်မရှိကြတော့ဘူးလို့လည်း သူကပြောပြပါတယ်ရှင်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ အခက်အခဲကြုံနေချိန်မှာ တယောက်နဲ့ တယောက်ကူညီပေးမှုတွေ များလာတဲ့အတွက် ဒါက အဆိုးထဲက အကောင်းလို့ပြောပြပါတယ်။

မစုုျမတ္မြန္/ VOA (Burmese)
https://burmese.voanews.com
Covid-19 ဆိုးဝါးတဲ့ အီတလီႏိုင္ငံတြင္း သက္ေရာက္မႈ Covid-19 ဆိုးဝါးတဲ့ အီတလီႏိုင္ငံတြင္း သက္ေရာက္မႈ Reviewed by THITHTOOLWIN on 23:44 Rating: 5
Powered by Blogger.