ျမန္မာမွာ ကိုဗစ္၁၉ လူနာရွစ္ဦးနဲ႔ ထိေတြ႕ခဲ့သူ ၈၀၀ နီးပါးရွိ၊ အသစ္ထပ္ေတြ႕သူ ႏွစ္ဦးနဲ႔ ထိေတြ႕သူေတြကို စုံစမ္း

 မေန႔က ထပ္ေတြ႕တဲ့ လူနာ ႏွစ္ဦးနဲ႔ ထိေတြ႕ခဲ့သူေတြကိုလည္း ဆက္လက္စုံစမ္းေန
(Zawgyi)⤵⤵⤵
ျမန္မာမွာ ကိုဗစ္ ၁၉ လူနာရွစ္ဦးနဲ႔ ထိေတြ႕ခဲ့သူ ေပါင္း ၇၈၀ ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

မေန႔က ထပ္ေတြ႕တဲ့ လူနာ ႏွစ္ဦးနဲ႔ ထိေတြ႕ခဲ့သူေတြကိုလည္း ဆက္လက္စုံစမ္းေနတယ္ဆိုတာေၾကာင့္ ထိေတြ႕သူအေရအတြက္က ဒီထပ္ပိုတိုးလာဖြယ္ရွိေနပါတယ္။

ထိေတြ႕ခဲ့သူေတြကို သက္ဆိုင္ရာေစာင့္ၾကည့္ေရးစင္တာေတြ၊ ေဆး႐ုံေတြနဲ႔ ေနအိမ္ေတြမွာ သီးသန႔္ခြဲထားေစာင့္ၾကည့္မႈေတြ လုပ္ေနတယ္လို႔ ဆိုပါတယ္။

ခုထိ ျမန္မာကိုဗစ္၁၉ လူနာ ၁၀ ဦးအနက္ လူနာ နံပါတ္ ၅ ကင္ဆာေရာဂါသည္ကို အနီးကပ္ထိေတြ႕ခဲ့တဲ့ လူနာ နံပါတ္ ၁၀ ဟာ ျပည္တြင္းမွာ ကူးစက္သူျဖစ္တယ္လို႔ ေဒါက္တာခင္ခင္ႀကီးက အတည္ျပဳပါတယ္။ ဒါ့အျပင္ လူနာနံပါတ္ ၈ ျပင္သစ္ဧည့္လမ္းၫႊန္အမ်ိဳးသမီးဟာ ျပည္တြင္းကေန ကူးစက္တာလား၊ သူ ဝန္ေဆာင္မႈေပးခဲ့တဲ့ ျပင္သစ္ႏိုင္ငံသားေတြဆီကေန ကူးစက္တာလားဆိုတာ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

"ဧည့္လမ္းၫႊန္ ေက့စ္ကေတာ့ နည္းနည္းရႈပ္ေထြးတာေပါ့။ ျပင္သစ္ေလးဦးကိုလည္း ေဆးစစ္မႈေတြ ဆက္လုပ္မွာပါ။ ျပင္သစ္ကိုျပန္သြား တဲ့သူေတြကိုလည္း သက္ဆိုင္ရာႏိုင္ငံျခားေရးဝန္ႀကီးဌာနက လုပ္ေနပါတယ္။ မေန႔ညက ထုတ္ျပန္ထားတဲ့ လူနာနံပါတ္ ၉ နဲ႔ ၁၀ ကေတာ့ညကမွ ထုတ္တာဆိုေတာ့ ထိေတြ႕ခဲ့တဲ့သူေတြကို ေစာင့္ၾကည့္စစ္ေဆးတာေတြ ဆက္လုပ္မွာပါ" လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၀ ဦးအနက္ ရွစ္ဦးဟာ က်န္းမာေရးေကာင္းမြန္ၿပီး အသက္ ၆၉ ႏွစ္အ႐ြယ္ ကင္ဆာေရာဂါသည္နဲ႔ အသက္ ၅၈ ႏွစ္အ႐ြယ္ ဧည့္လမ္းၫႊန္တို႔ကို ေဝဘာဂီေဆး႐ုံကအထူးၾကပ္မတ္ကုသခန္းမွာ ကုသေပးေနတယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။
--------------------------------------------------
(Unicode)⤵⤵⤵
 မြန်မာမှာ ကိုဗစ်၁၉ လူနာရှစ်ဦးနဲ့ ထိတွေ့ခဲ့သူ ၈၀၀ နီးပါးရှိ၊ အသစ်ထပ်တွေ့သူ နှစ်ဦးနဲ့ ထိတွေ့သူတွေကို စုံစမ်း

ဓာတ်ပုံ မူပိုင် NAy Naw
Image caption မနေ့က ထပ်တွေ့တဲ့ လူနာ နှစ်ဦးနဲ့ ထိတွေ့ခဲ့သူတွေကိုလည်း ဆက်လက်စုံစမ်းနေ

မြန်မာမှာ ကိုဗစ် ၁၉ လူနာရှစ်ဦးနဲ့ ထိတွေ့ခဲ့သူ ပေါင်း ၇၈၀ ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

မနေ့က ထပ်တွေ့တဲ့ လူနာ နှစ်ဦးနဲ့ ထိတွေ့ခဲ့သူတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်ဆိုတာကြောင့် ထိတွေ့သူအရေအတွက်က ဒီထပ်ပိုတိုးလာဖွယ်ရှိနေပါတယ်။

ထိတွေ့ခဲ့သူတွေကို သက်ဆိုင်ရာစောင့်ကြည့်ရေးစင်တာတွေ၊ ဆေးရုံတွေနဲ့ နေအိမ်တွေမှာ သီးသန့်ခွဲထားစောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ခုထိ မြန်မာကိုဗစ်၁၉ လူနာ ၁၀ ဦးအနက် လူနာ နံပါတ် ၅ ကင်ဆာရောဂါသည်ကို အနီးကပ်ထိတွေ့ခဲ့တဲ့ လူနာ နံပါတ် ၁၀ ဟာ ပြည်တွင်းမှာ ကူးစက်သူဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက အတည်ပြုပါတယ်။ ဒါ့အပြင် လူနာနံပါတ် ၈ ပြင်သစ်ဧည့်လမ်းညွှန်အမျိုးသမီးဟာ ပြည်တွင်းကနေ ကူးစက်တာလား၊ သူ ဝန်ဆောင်မှုပေးခဲ့တဲ့ ပြင်သစ်နိုင်ငံသားတွေဆီကနေ ကူးစက်တာလားဆိုတာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

"ဧည့်လမ်းညွှန် ကေ့စ်ကတော့ နည်းနည်းရှုပ်ထွေးတာပေါ့။ ပြင်သစ်လေးဦးကိုလည်း ဆေးစစ်မှုတွေ ဆက်လုပ်မှာပါ။ ပြင်သစ်ကိုပြန်သွား တဲ့သူတွေကိုလည်း သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်နေပါတယ်။ မနေ့ညက ထုတ်ပြန်ထားတဲ့ လူနာနံပါတ် ၉ နဲ့ ၁၀ ကတော့ညကမှ ထုတ်တာဆိုတော့ ထိတွေ့ခဲ့တဲ့သူတွေကို စောင့်ကြည့်စစ်ဆေးတာတွေ ဆက်လုပ်မှာပါ" လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦးအနက် ရှစ်ဦးဟာ ကျန်းမာရေးကောင်းမွန်ပြီး အသက် ၆၉ နှစ်အရွယ် ကင်ဆာရောဂါသည်နဲ့ အသက် ၅၈ နှစ်အရွယ် ဧည့်လမ်းညွှန်တို့ကို ဝေဘာဂီဆေးရုံကအထူးကြပ်မတ်ကုသခန်းမှာ ကုသပေးနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52080681
ျမန္မာမွာ ကိုဗစ္၁၉ လူနာရွစ္ဦးနဲ႔ ထိေတြ႕ခဲ့သူ ၈၀၀ နီးပါးရွိ၊ အသစ္ထပ္ေတြ႕သူ ႏွစ္ဦးနဲ႔ ထိေတြ႕သူေတြကို စုံစမ္း  ျမန္မာမွာ ကိုဗစ္၁၉ လူနာရွစ္ဦးနဲ႔ ထိေတြ႕ခဲ့သူ ၈၀၀ နီးပါးရွိ၊ အသစ္ထပ္ေတြ႕သူ ႏွစ္ဦးနဲ႔ ထိေတြ႕သူေတြကို စုံစမ္း Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.