ကို႐ိုနာေၾကာင့္ အေမရိကန္မွာ လူ ၂ သိန္းေလာက္အသက္ဆုံးႏိုင္တယ္လို႔ ဆို

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဒီမနက္အထိ ကမာၻတဝန္းကူးစက္သူေပါင္း ခုနစ္သိန္းေက်ာ္(၇၂၁,၄၂၁) နဲ႔ ေသဆုံးသူ သုံးေသာင္းေက်ာ္ (၃၃,၉၅၆) ရွိလာၿပီး ကမာၻ႔ႏိုင္ငံေပါင္း ၁၉၉ ႏိုင္ငံမွာ ျဖစ္ပြားေနပါတယ္။

အေမရိကန္တစ္ႏုင္ငံလုံးမွာ လူစုလူေဝးေရွာင္ၾကဖို႔၊ လူတစ္ဦးနဲ႔တစ္ဦး ခပ္ခြာခြာေနၾကဖို႔ ကန႔္သတ္မႈကို အနည္းဆုံး ဧၿပီ ၃၀ ရက္အထိ တိုးျမႇင့္သြားမယ္ လို႔ သမၼတထရမ့္ကေျပာပါတယ္။
လူသူကင္းမဲ့ေနတဲ့နယူးေယာက္ၿမိဳ႕က လမ္းေတြ
ဗိုင္းရပ္စ္ေၾကာင့္ေသဆုံးမႈဟာ ႏွစ္ပတ္အတြင္း အျမင့္ဆုံးကို ေရာက္သြားႏိုင္တယ္လို႔လည္းမေန႔က ျပဳလုပ္တဲ့ကိုဗစ္အေရးသတင္းစာရွင္းလင္းပြဲမွာ သူက သတိေပးပါတယ္။

အေစာပိုင္းတုန္းကလည္း ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရးဗဟိုအဖြဲ႕ က ကူးစက္ေရာဂါအေရးကြၽမ္းက်င္သူ ေဒါက္တာအန္တိုနီဖာစီက ဗိုင္းရပ္စ္ဟာ အေမရိကန္ျပည္သူႏွစ္သိန္းကို အသက္ဆုံးေစႏိုင္ တယ္လို႔ သတိေပးထားတာပါ။

အခုေတာ့ အေမရိကန္မွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၃၉,၀၀၀ ေက်ာ္နဲ႔ ကမာၻ႔နံပါတ္တစ္ ဗိုင္းရစ္ပ္ျဖစ္ပြားမႈအမ်ားဆုံး ျဖစ္ေနၿပီး ေသဆုံးသူ ၂,၄၃၆ ဦး ရွိေနတယ္လို႔ အေမရိကန္ျပည္ေထာင္စုဂြၽန္ေဟာ့ပ္စ္ကင္းတကၠသိုလ္ရဲ႕ သုေတသနက ဆိုပါတယ္။
-----------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာကြောင့် အမေရိကန်မှာ လူ ၂ သိန်းလောက်အသက်ဆုံးနိုင်တယ်လို့ ဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီမနက်အထိ ကမ္ဘာတဝန်းကူးစက်သူပေါင်း ခုနစ်သိန်းကျော်(၇၂၁,၄၂၁) နဲ့ သေဆုံးသူ သုံးသောင်းကျော် (၃၃,၉၅၆) ရှိလာပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉၉ နိုင်ငံမှာ ဖြစ်ပွားနေပါတယ်။

အမေရိကန်တစ်နုင်ငံလုံးမှာ လူစုလူဝေးရှောင်ကြဖို့၊ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြဖို့ ကန့်သတ်မှုကို အနည်းဆုံး ဧပြီ ၃၀ ရက်အထိ တိုးမြှင့်သွားမယ် လို့ သမ္မတထရမ့်ကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Anadolu Agency
Image caption လူသူကင်းမဲ့နေတဲ့နယူးယောက်မြို့က လမ်းတွေ

ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုဟာ နှစ်ပတ်အတွင်း အမြင့်ဆုံးကို ရောက်သွားနိုင်တယ်လို့လည်းမနေ့က ပြုလုပ်တဲ့ကိုဗစ်အရေးသတင်းစာရှင်းလင်းပွဲမှာ သူက သတိပေးပါတယ်။

အစောပိုင်းတုန်းကလည်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးဗဟိုအဖွဲ့ က ကူးစက်ရောဂါအရေးကျွမ်းကျင်သူ ဒေါက်တာအန်တိုနီဖာစီက ဗိုင်းရပ်စ်ဟာ အမေရိကန်ပြည်သူနှစ်သိန်းကို အသက်ဆုံးစေနိုင် တယ်လို့ သတိပေးထားတာပါ။

အခုတော့ အမေရိကန်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၉,၀၀၀ ကျော်နဲ့ ကမ္ဘာ့နံပါတ်တစ် ဗိုင်းရစ်ပ်ဖြစ်ပွားမှုအများဆုံး ဖြစ်နေပြီး သေဆုံးသူ ၂,၄၃၆ ဦး ရှိနေတယ်လို့ အမေရိကန်ပြည်ထောင်စုဂျွန်ဟော့ပ်စ်ကင်းတက္ကသိုလ်ရဲ့ သုတေသနက ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52080681
ကို႐ိုနာေၾကာင့္ အေမရိကန္မွာ လူ ၂ သိန္းေလာက္အသက္ဆုံးႏိုင္တယ္လို႔ ဆို ကို႐ိုနာေၾကာင့္ အေမရိကန္မွာ လူ ၂ သိန္းေလာက္အသက္ဆုံးႏိုင္တယ္လို႔ ဆို Reviewed by THITHTOOLWIN on 09:39 Rating: 5
Powered by Blogger.