ကို႐ိုနာဗိုင္းရပ္စ္အေၾကာင္းျပၿပီး အလုပ္ရွင္ေတြ စက္႐ုံပိတ္သိမ္းတာေတြလုပ္ေန

(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားတာကို အေၾကာင္းျပၿပီး စက္႐ုံေတြဘက္က ပိတ္သိမ္းတာေတြ လုပ္သားေလွ်ာ့ခ်တာေတြ လုပ္ေဆာင္တဲ့အတြက္ စက္႐ုံ လုပ္သား ႏွစ္ေသာင္းေက်ာ္ေလာက္ အလုပ္လက္မဲ့ျဖစ္လာေနပါၿပီ။ လုပ္ငန္းရွင္ ထြက္ေျပးသြားတဲ့အတြက္ အလုပ္သမားေတြအေနနဲ႔ ေတာင္းဆိုမႈေတြ ဆႏၵျပမႈေတြ ဆက္တိုက္ျဖစ္လာေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္းနဲ႔ ပဲခူးတိုင္းက အထည္ခ်ဳပ္စက္႐ုံေတြ အပါအဝင္ ဖိနပ္စက္႐ုံ၊ အိတ္စက္႐ုံနဲ႔ စကၠဴစက္႐ုံေတြ ပိတ္သိမ္းတာ၊ လုပ္သားေလွ်ာ့ခ်တာေတြ ရွိလာတဲ့အတြက္ စက္႐ုံ လုပ္သား ႏွစ္ေသာင္းေက်ာ္ေလာက္ အလုပ္လက္မဲ့ျပႆနာ ရင္ဆိုင္ေနရပါၿပီ။

မေန႔ကညပိုင္းမွာ စက္႐ုံလုပ္ငန္းရွင္ထြက္ေျပးဖို႔ လုပ္တဲ့အတြက္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ကေနာင္မင္းသားႀကီး လမ္းေပၚက KGG အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြစုေဝးၿပီး တားဆီးတာေတြ လုပ္ေဆာင္ခဲ့ရတယ္လို႔ KGG စက္႐ုံက မအိသႏၲာေအးက ေျပာပါတယ္။

“အထုပ္အပိုးေတြ ျပင္ဆင္ၿပီးေတာ့ ခ်ဳပ္လက္စအထည္ေတြကိုလည္း ထုပ္ပိုးၿပီးေတာ့ Buyer လာမယ္ဆိုၿပီးေတာ့ သူတို႔အထုပ္ေတြကို ထုပ္ၿပီးေတာ့ ထြက္ေျပးဖို႔ လုပ္ပါတယ္”

လက္ရွိအေရွ႕ဒဂုံၿမိဳ႕နယ္နဲ႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ေတြမွာ ရွိတဲ့စက္႐ုံေတြ ထပ္ပိတ္ဖို႔ရွိေနတဲ့အတြက္ အလုပ္သမား တစ္ေသာင္းနီးပါးေလာက္ အလုပ္လက္မဲ့ ထပ္ရွိလာႏိုင္တယ္လို႔ ျပည္သူ႔ပါတီက အလုပ္သမားအေရး တာဝန္ခံ ကိုျမတ္ေက်ာ္က ေျပာပါတယ္။

“လုပ္သားက ကိုးေထာင္ေက်ာ္ေလာက္ရွိလာတယ္ေလ၊ က်န္တဲ့အလုပ္သမားေတြကိုေတာ့ တစ္လစာေပါ့ ေပးၿပီးေတာ့ အလုပ္သမားေတြကို နားခိုင္းတယ္၊ ရက္ျပည့္သြားရင္ ျပန္ဖြင့္မယ့္ ပုံစံေတာ့ရွိတယ္၊ ဒီရက္ပိုင္းမွာ စက္႐ုံ သုံး႐ုံ အလုပ္သမားေလွ်ာ့ခ်မႈျဖစ္တယ္၊ ဒီငါးရက္အတြင္းမွာ လုပ္သားေပါင္း ငါးေထာင္နဲ႔ တစ္ေသာင္း ၾကားမွာေတာ့ အလုပ္လက္မဲ့ျဖစ္သြားတယ္၊ ဒါကိုအစိုးရအေနနဲ႔ မူဝါဒတစ္ရပ္ ခ်မွတ္ၿပီးေတာ့ လုပ္ဖို႔လိုတယ္ လို႔ က်ေနာ္တို႔ ေတာက္ေလွ်ာက္တိုက္တြန္းေနတယ္”

အလုပ္ရွင္၊အလုပ္သမားနဲ႔ သက္ဆိုင္ရာ ဌာနဆိုင္ရာေတြ ဒီေန႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကၿပီး မနက္ျဖန္မွာ ဆက္လက္ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ အေရွ႕ဒဂုံ၊ ေတာင္ဒဂုံၿမိဳ႕နယ္ေတြက စက္႐ုံေတြ ပိတ္သိမ္းတာေတြ၊ လုပ္ငန္းရွင္ ထြက္ေျပးတာေတြအျပင္ တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားတဲ့အတြက္ ကုန္ၾကမ္းမပို႔ႏိုင္ျဖစ္ၿပီး ကုန္ၾကမ္းျပတ္လပ္တဲ့အတြက္ စက္႐ုံပိတ္တာေတြလည္း ရွိေနပါတယ္။

Myanmar Royal Apolo စက္႐ုံနဲ႔ Su Xaig စက္႐ုံေတြက ပိုင္ရွင္ေတြဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတည္းက စက္႐ုံပိတ္ၿပီး ထြက္ေျပးသြားတဲ့အတြက္ စက္႐ုံပိုင္ပစၥည္းေတြကို ေရာင္းခ်ၿပီး လုပ္အားခေပးဖို႔ ဒီေန႔ တိုင္းေဒသႀကီး အစိုးရ႐ုံးေရွ႕ထိ လာေရာက္ေတာင္းဆိုတဲ့ စက္႐ုံအလုပ္သမားေတြလည္း ရွိေနပါတယ္။

အတိုင္းစိုးရအဖြဲ႕နဲ႔ ေတြ႕ခြင့္ရဖို႔ အလုပ္သမားေတြဟာ တိုင္းအစိုးရအဖြဲ႕႐ုံးေရွ႕ ဒီေန႔သြားခ်ိန္မွာ သက္ဆိုင္ရာ ဝန္ႀကီးက ေျဖရွင္းေပးမယ္ဆိုေပမယ့္ အခ်ိန္ကာလအတိအက်ကို ေျပာသြားတာ မရွိဘူးလို႔ Myanmar Royal Apolo စက္႐ုံက မေအးပြင့္ၿဖိဳးက ေျပာပါတယ္။

“သူက ဘာေျပာသြားလဲဆိုေတာ့ အခ်ိန္တန္ရင္ ဒီပစၥည္းေတြကို ထုခြဲေရာင္းခ်ၿပီးေတာ့ ေပးမယ္ေပါ့၊ အဲဒီအခ်ိန္ အခ်ိန္အကန႔္အသတ္ မေပးသြားဘူး၊ ဘယ္ေလာက္ၾကာမလဲဆိုတာ သူတို႔ဘက္က အာမမခံႏိုင္ဘူးေပါ့၊ အလုပ္ရွင္ကို အေရးယူေပးမယ္၊ က်မတို႔ရဲ႕စားဝတ္ေနေရး အကုန္တင္ျပတယ္ေပါ့ေနာ္၊ အဲဒါကေတာ့ ညီမတို႔ သမိုင္းတဲ့ အစ္မဘက္ကလုပ္ေပးႏိုင္တာ ဒါပဲလုပ္ေပးႏိုင္တယ္၊ အဲဒီလိုမ်ိဳးပဲ ေျပာသြားတယ္၊ လက္ရွိညီမ တို႔ကေတာ့ သူတို႔ဘက္ အေျခအေနအရဆိုရင္ ဒီေရွ႕မွာပဲ ဆက္လက္ၿပီးေတာ့ ေနသြားပါမယ္”

အလုပ္သမားေတြအေနနဲ႔ စက္႐ုံပိတ္တဲ့ ႏွစ္လတာကာလမွာ အလုပ္သမားသမဂၢေတြရဲ႕ ေထာက္ပံ့မႈေတြနဲ႔ မိသားစုစားဝတ္ေနေရးကို ေျဖရွင္းေနရၿပီး အလုပ္သမားေတြအေနနဲ႔ ကို႐ိုနာျဖစ္ၿပီးေသတာထက္ ေလာေလာဆယ္မွာ ငတ္ၿပီးေသႏိုင္တယ္လို႔ မေအးပြင့္ၿဖိဳးက ေျပာပါတယ္။

စက္႐ုံ ႏွစ္႐ုံေပါင္း လုပ္သား တစ္ေထာင္နီးပါးရွိပါတယ္။ လုပ္ငန္းရွင္ဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပိတ္သိမ္းတာ မဟုတ္ဘူးလို႔ အလုပ္သမားအေရး ေဆာင္႐ြက္ေနတဲ့ မမ်ိဳးမ်ိဳးေအးက ေျပာပါတယ္။

“သူကေတာ့ ဗိုင္းရပ္စ္ေၾကာင့္ထက္ အစတည္းကိုက လိမ္ဖို႔ရည္႐ြယ္ခ်က္နဲ႔ လာတာလား မသိဘူး၊ Myanmar Royal Apolo မွာဆိုလို႔ရွိရင္ေတာ့ အစတည္းကကို ခ်ဳပ္ခတာကိုယူတယ္၊ ယူၿပီးေတာ့ သူ႔ဟာသူ သုံးထား တယ္ေပါ့၊ တျခားမွာ ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခုကို ေ႐ႊ႕သြားတယ္၊ ကုမၸဏီသက္တမ္းတိုးတာေတြ မတိုးဘူး၊ သူလုပ္ရမယ့္ အလုပ္ေတြ အားလုံးက ၂၀၁၉ ဒီဇင္ဘာမွာ ရပ္သြားတယ္၊ အဲဒါကို သက္တမ္းမတိုးဘဲနဲ႔ အဲဒီေငြေတြအားလုံးကို ဘုန္းၿပီးေတာ့ စုၿပီးေတာ့ ထြက္ေျပးသြားတာ၊ ကလိမ္ကက်စ္ လုပ္သြားတာေပါ့၊ အဲဒါကေတာ့ ဗိုင္းရပ္စ္နဲ႔ မဆိုင္ဘူးလို႔ က်မထင္တာပဲ၊ ဗိုင္းရပ္စ္နဲ႔ဆိုလို႔ရွိရင္ အကုန္လုံးရင္ဆိုင္ၿပီးေတာ့ လုပ္ေနၾကတာပဲေလ”

အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ေပၚေနတာေတြ၊ စက္႐ုံ ပိတ္သိမ္းတာေတြနဲ႔ ပတ္သက္ၿပီး ရန္ကုန္တိုင္း ေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဌာန ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္ RFA က ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိခဲ့ပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံနဲ႔ နယ္ေျမခ်င္းထိစပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ စီးပြားေရးအရ အထိနာမႈေတြ တစ္ေန႔တစ္ျခား သိသာလာေနပါၿပီ။ အထည္ခ်ဳပ္လုပ္ငန္းတင္မက နယ္စပ္ကုန္သြယ္ေရး၊ ခရီးသြားလုပ္ငန္း၊ ေရထြက္ကုန္ ပစၥည္းတင္ပို႔မႈနဲ႔ တ႐ုတ္ - ျမန္မာ ဆက္စပ္ၿပီး လုပ္ကိုင္ေနတဲ့ အျခားစီးပြားေရးလုပ္ငန္းေတြလည္း ထိခိုက္နစ္နာမႈေတြ ရွိလာေနပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵

ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြပြီး အလုပ်ရှင်တွေ စက်ရုံပိတ်သိမ်းတာတွေလုပ်နေ

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတာကို အကြောင်းပြပြီး စက်ရုံတွေဘက်က ပိတ်သိမ်းတာတွေ လုပ်သားလျှော့ချတာတွေ လုပ်ဆောင်တဲ့အတွက် စက်ရုံ လုပ်သား နှစ်သောင်းကျော်လောက် အလုပ်လက်မဲ့ဖြစ်လာနေပါပြီ။ လုပ်ငန်းရှင် ထွက်ပြေးသွားတဲ့အတွက် အလုပ်သမားတွေအနေနဲ့ တောင်းဆိုမှုတွေ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက အထည်ချုပ်စက်ရုံတွေ အပါအဝင် ဖိနပ်စက်ရုံ၊ အိတ်စက်ရုံနဲ့ စက္ကူစက်ရုံတွေ ပိတ်သိမ်းတာ၊ လုပ်သားလျှော့ချတာတွေ ရှိလာတဲ့အတွက် စက်ရုံ လုပ်သား နှစ်သောင်းကျော်လောက် အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်နေရပါပြီ။

မနေ့ကညပိုင်းမှာ စက်ရုံလုပ်ငန်းရှင်ထွက်ပြေးဖို့ လုပ်တဲ့အတွက် ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်မင်းသားကြီး လမ်းပေါ်က KGG အထည်ချုပ်စက်ရုံ အလုပ်သမားတွေစုဝေးပြီး တားဆီးတာတွေ လုပ်ဆောင်ခဲ့ရတယ်လို့ KGG စက်ရုံက မအိသန္တာအေးက ပြောပါတယ်။

“အထုပ်အပိုးတွေ ပြင်ဆင်ပြီးတော့ ချုပ်လက်စအထည်တွေကိုလည်း ထုပ်ပိုးပြီးတော့ Buyer လာမယ်ဆိုပြီးတော့ သူတို့အထုပ်တွေကို ထုပ်ပြီးတော့ ထွက်ပြေးဖို့ လုပ်ပါတယ်”

လက်ရှိအရှေ့ဒဂုံမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ရှိတဲ့စက်ရုံတွေ ထပ်ပိတ်ဖို့ရှိနေတဲ့အတွက် အလုပ်သမား တစ်သောင်းနီးပါးလောက် အလုပ်လက်မဲ့ ထပ်ရှိလာနိုင်တယ်လို့ ပြည်သူ့ပါတီက အလုပ်သမားအရေး တာဝန်ခံ ကိုမြတ်ကျော်က ပြောပါတယ်။

“လုပ်သားက ကိုးထောင်ကျော်လောက်ရှိလာတယ်လေ၊ ကျန်တဲ့အလုပ်သမားတွေကိုတော့ တစ်လစာပေါ့ ပေးပြီးတော့ အလုပ်သမားတွေကို နားခိုင်းတယ်၊ ရက်ပြည့်သွားရင် ပြန်ဖွင့်မယ့် ပုံစံတော့ရှိတယ်၊ ဒီရက်ပိုင်းမှာ စက်ရုံ သုံးရုံ အလုပ်သမားလျှော့ချမှုဖြစ်တယ်၊ ဒီငါးရက်အတွင်းမှာ လုပ်သားပေါင်း ငါးထောင်နဲ့ တစ်သောင်း ကြားမှာတော့ အလုပ်လက်မဲ့ဖြစ်သွားတယ်၊ ဒါကိုအစိုးရအနေနဲ့ မူဝါဒတစ်ရပ် ချမှတ်ပြီးတော့ လုပ်ဖို့လိုတယ် လို့ ကျနော်တို့ တောက်လျှောက်တိုက်တွန်းနေတယ်”

အလုပ်ရှင်၊အလုပ်သမားနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံမြို့နယ်တွေက စက်ရုံတွေ ပိတ်သိမ်းတာတွေ၊ လုပ်ငန်းရှင် ထွက်ပြေးတာတွေအပြင် တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားတဲ့အတွက် ကုန်ကြမ်းမပို့နိုင်ဖြစ်ပြီး ကုန်ကြမ်းပြတ်လပ်တဲ့အတွက် စက်ရုံပိတ်တာတွေလည်း ရှိနေပါတယ်။

Myanmar Royal Apolo စက်ရုံနဲ့ Su Xaig စက်ရုံတွေက ပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတည်းက စက်ရုံပိတ်ပြီး ထွက်ပြေးသွားတဲ့အတွက် စက်ရုံပိုင်ပစ္စည်းတွေကို ရောင်းချပြီး လုပ်အားခပေးဖို့ ဒီနေ့ တိုင်းဒေသကြီး အစိုးရရုံးရှေ့ထိ လာရောက်တောင်းဆိုတဲ့ စက်ရုံအလုပ်သမားတွေလည်း ရှိနေပါတယ်။

အတိုင်းစိုးရအဖွဲ့နဲ့ တွေ့ခွင့်ရဖို့ အလုပ်သမားတွေဟာ တိုင်းအစိုးရအဖွဲ့ရုံးရှေ့ ဒီနေ့သွားချိန်မှာ သက်ဆိုင်ရာ ဝန်ကြီးက ဖြေရှင်းပေးမယ်ဆိုပေမယ့် အချိန်ကာလအတိအကျကို ပြောသွားတာ မရှိဘူးလို့ Myanmar Royal Apolo စက်ရုံက မအေးပွင့်ဖြိုးက ပြောပါတယ်။

“သူက ဘာပြောသွားလဲဆိုတော့ အချိန်တန်ရင် ဒီပစ္စည်းတွေကို ထုခွဲရောင်းချပြီးတော့ ပေးမယ်ပေါ့၊ အဲဒီအချိန် အချိန်အကန့်အသတ် မပေးသွားဘူး၊ ဘယ်လောက်ကြာမလဲဆိုတာ သူတို့ဘက်က အာမမခံနိုင်ဘူးပေါ့၊ အလုပ်ရှင်ကို အရေးယူပေးမယ်၊ ကျမတို့ရဲ့စားဝတ်နေရေး အကုန်တင်ပြတယ်ပေါ့နော်၊ အဲဒါကတော့ ညီမတို့ သမိုင်းတဲ့ အစ်မဘက်ကလုပ်ပေးနိုင်တာ ဒါပဲလုပ်ပေးနိုင်တယ်၊ အဲဒီလိုမျိုးပဲ ပြောသွားတယ်၊ လက်ရှိညီမ တို့ကတော့ သူတို့ဘက် အခြေအနေအရဆိုရင် ဒီရှေ့မှာပဲ ဆက်လက်ပြီးတော့ နေသွားပါမယ်”

အလုပ်သမားတွေအနေနဲ့ စက်ရုံပိတ်တဲ့ နှစ်လတာကာလမှာ အလုပ်သမားသမဂ္ဂတွေရဲ့ ထောက်ပံ့မှုတွေနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရပြီး အလုပ်သမားတွေအနေနဲ့ ကိုရိုနာဖြစ်ပြီးသေတာထက် လောလောဆယ်မှာ ငတ်ပြီးသေနိုင်တယ်လို့ မအေးပွင့်ဖြိုးက ပြောပါတယ်။

စက်ရုံ နှစ်ရုံပေါင်း လုပ်သား တစ်ထောင်နီးပါးရှိပါတယ်။ လုပ်ငန်းရှင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်သိမ်းတာ မဟုတ်ဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ မမျိုးမျိုးအေးက ပြောပါတယ်။

“သူကတော့ ဗိုင်းရပ်စ်ကြောင့်ထက် အစတည်းကိုက လိမ်ဖို့ရည်ရွယ်ချက်နဲ့ လာတာလား မသိဘူး၊ Myanmar Royal Apolo မှာဆိုလို့ရှိရင်တော့ အစတည်းကကို ချုပ်ခတာကိုယူတယ်၊ ယူပြီးတော့ သူ့ဟာသူ သုံးထား တယ်ပေါ့၊ တခြားမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ရွှေ့သွားတယ်၊ ကုမ္ပဏီသက်တမ်းတိုးတာတွေ မတိုးဘူး၊ သူလုပ်ရမယ့် အလုပ်တွေ အားလုံးက ၂၀၁၉ ဒီဇင်ဘာမှာ ရပ်သွားတယ်၊ အဲဒါကို သက်တမ်းမတိုးဘဲနဲ့ အဲဒီငွေတွေအားလုံးကို ဘုန်းပြီးတော့ စုပြီးတော့ ထွက်ပြေးသွားတာ၊ ကလိမ်ကကျစ် လုပ်သွားတာပေါ့၊ အဲဒါကတော့ ဗိုင်းရပ်စ်နဲ့ မဆိုင်ဘူးလို့ ကျမထင်တာပဲ၊ ဗိုင်းရပ်စ်နဲ့ဆိုလို့ရှိရင် အကုန်လုံးရင်ဆိုင်ပြီးတော့ လုပ်နေကြတာပဲလေ”

အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပေါ်နေတာတွေ၊ စက်ရုံ ပိတ်သိမ်းတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည် RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအရ အထိနာမှုတွေ တစ်နေ့တစ်ခြား သိသာလာနေပါပြီ။ အထည်ချုပ်လုပ်ငန်းတင်မက နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ရေထွက်ကုန် ပစ္စည်းတင်ပို့မှုနဲ့ တရုတ် - မြန်မာ ဆက်စပ်ပြီး လုပ်ကိုင်နေတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်နစ်နာမှုတွေ ရှိလာနေပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာဗိုင္းရပ္စ္အေၾကာင္းျပၿပီး အလုပ္ရွင္ေတြ စက္႐ုံပိတ္သိမ္းတာေတြလုပ္ေန ကို႐ိုနာဗိုင္းရပ္စ္အေၾကာင္းျပၿပီး အလုပ္ရွင္ေတြ စက္႐ုံပိတ္သိမ္းတာေတြလုပ္ေန Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.