ားႏွင့္ဆိုင္ကယ္မ်က္ႏွာခ်င္းဆိုင္တိုက္မိသျဖင့္ လူႏွစ္ဦးေသဆုံး

(Zawgyi)⤵⤵⤵
ကရသူရိ မတ္ ၁၈

တနသၤာရီတိုင္းေဒသႀကီး ဘုတ္ျပင္းၿမိဳ႕နယ္ ကရသူရိၿမိဳ႕ ေက်ာက္ထေနာင္းေက်း႐ြာ အမွတ္(၃၈)ေရတပ္အေျခစိုက္ စခန္းအနီး ဘုတ္ျပင္း−ေကာ့ေသာင္းျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္(၁၈၂/၅)ႏွင့္(၁၈၂/၆)အၾကားတြင္ ယမန္ေန႔ ညေန ၄နာရီခန႔္ကကားႏွင့္ဆိုင္ကယ္မ်က္ႏွာခ်င္းဆိုင္တိုက္မိသျဖင့္ လူႏွစ္ဦးေသဆုံးခဲ့ေၾကာင္းသိရသည္။

ယာဥ္တိုက္မႈျဖစ္ပြားေၾကာင္းသတင္းအရ နယ္ေျမရဲတပ္ဖြဲ႕ဝင္မ်ား၊ အမွတ္(၃)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးဦးႏိုင္ဦးႏွင့္ ၿမိဳ႕ရပ္မိ/ရပ္ဖ ဦးျမဝင္းတို႔သြားေရာက္စစ္ေဆးခဲ့ရာ ေကာ့ေသာင္းၿမိဳ႕မွ ဘုတ္ျပင္းၿမိဳ႕ဘက္သို႔ ယာဥ္ေမာင္း ၿဖိဳးသူရဟိန္း ေမာင္းႏွင္လာသည့္ 2Q/6281(KING LONG MINI BUS)အမ်ိဳးအစားခဲေရာင္ယာဥ္ႏွင့္ ဘုတ္ျပင္းၿမိဳ႕မွ ေကာ့ေသာင္းၿမိဳ႕ဘက္သို႔ ဦးေက်ာ္ျမင့္သန္း ေမာင္းႏွင္ၿပီး အေနာက္မွဦးေက်ာ္ေက်ာ္မင္းထိုက္ လိုက္ပါလာသည့္ ၉ယ/၉၅၅၀ (DREAN 125)ေရလိုင္းအမ်ိဳးအစားဆိုင္ကယ္တို႔သည္ မ်က္ႏွာခ်င္းဆိုင္တိုက္မိသျဖင့္ ယာဥ္၏ ဘန္ဘာေအာက္တြင္ လဲေနၿပီး ဆိုင္ကယ္ေမာင္းႏွင္လာသူ ဦးေက်ာ္ျမင့္သန္း(၅၂)ႏွစ္၊ ေရငံႀကီးေက်း႐ြာ၊ ဘုတ္ျပင္းၿမိဳ႕နယ္ေနသူမွာ ဦးေခါင္းငယ္ထိပ္ေသြးထြက္ဒဏ္ရာ၊ အေရွ႕အေပၚသြား(၂)ေခ်ာင္းက်ိဳးဒဏ္ရာ၊ ဝဲဘက္ေပါင္းက်ိဳးဒဏ္ရာ၊ ယာဘက္ညႇပ္႐ိုးပြန္းပဲဒဏ္ရာ ရရွိ၍ အခင္းျဖစ္ေနရာတြင္ေသဆုံးသြားခဲ့ၿပီး ဆိုင္ကယ္အေနာက္တြင္ ထိုင္လိုက္လာသူ ဦးေက်ာ္ေက်ာ္မင္းထိုက္(၄၆)ႏွစ္၊ ေရငံႀကီးေက်း႐ြာ၊ ဘုတ္ျပင္းၿမိဳ႕နယ္ေနသူမွာ ဝဲဘက္ဦးေခါင္း အေပၚပြန္းပဲဒဏ္ရာ၊ ေမးတည့္တည့္ေအာက္ ေပါက္ၿပဲဒဏ္ရာ၊ ဝဲဘက္လက္ဖ်ံစုတ္ၿပဲဒဏ္ရာ၊ ယာဘက္ေျခမပြန္းပဲဒဏ္ရာ၊ ယာဘက္ေျခဖမိုးအေပၚစုတ္ၿပဲဒဏ္ရာ(စိုးရိမ္းရ)၍ ကရသူရိၿမိဳ႕ ျပည္သူ႔ေဆး႐ုံးမွ ၿမိတ္ၿမိဳ႕သို႔ပို႔ေဆာင္စဥ္ ည(၁၀)နာရီခန႔္က လမ္းတြင္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ ယာဥ္အား အသက္ေသဆုံးသည္အထိ ေပါ့ဆစြာေမာင္းႏွင္သူ (ဘ)ဦးသိန္းေဆြ၏သား ယာဥ္ေမာင္း ၿဖိဳးသူရဟိန္း(၃၀)ႏွစ္ႏွင့္ (ဘ)ဦးေမာင္ျဖဴ၏သား ဆိုင္ကယ္ေမာင္းႏွင္သူ ဦးေက်ာ္ျမင့္သန္း(၅၂)ႏွစ္တို႔အား ကရသူရိနယ္ေျမစခန္းမွအမႈဖြင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

စိုးဝင္း(ျပန္/ဆက္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
---------------
(Unicode)⤵⤵⤵
ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိသဖြင့် လူနှစ်ဦးသေဆုံး

ကရသူရိ မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ ကျောက်ထနောင်းကျေးရွာ အမှတ်(၃၈)ရေတပ်အခြေစိုက် စခန်းအနီး ဘုတ်ပြင်း−ကော့သောင်းပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၁၈၂/၅)နှင့်(၁၈၂/၆)အကြားတွင် ယမန်နေ့ ညနေ ၄နာရီခန့်ကကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိသဖြင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးနိုင်ဦးနှင့် မြို့ရပ်မိ/ရပ်ဖ ဦးမြဝင်းတို့သွားရောက်စစ်ဆေးခဲ့ရာ ကော့သောင်းမြို့မှ ဘုတ်ပြင်းမြို့ဘက်သို့ ယာဉ်မောင်း ဖြိုးသူရဟိန်း မောင်းနှင်လာသည့် 2Q/6281(KING LONG MINI BUS)အမျိုးအစားခဲရောင်ယာဉ်နှင့် ဘုတ်ပြင်းမြို့မှ ကော့သောင်းမြို့ဘက်သို့ ဦးကျော်မြင့်သန်း မောင်းနှင်ပြီး အနောက်မှဦးကျော်ကျော်မင်းထိုက် လိုက်ပါလာသည့် ၉ယ/၉၅၅၀ (DREAN 125)ရေလိုင်းအမျိုးအစားဆိုင်ကယ်တို့သည် မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ယာဉ်၏ ဘန်ဘာအောက်တွင် လဲနေပြီး ဆိုင်ကယ်မောင်းနှင်လာသူ ဦးကျော်မြင့်သန်း(၅၂)နှစ်၊ ရေငံကြီးကျေးရွာ၊ ဘုတ်ပြင်းမြို့နယ်နေသူမှာ ဦးခေါင်းငယ်ထိပ်သွေးထွက်ဒဏ်ရာ၊ အရှေ့အပေါ်သွား(၂)ချောင်းကျိုးဒဏ်ရာ၊ ဝဲဘက်ပေါင်းကျိုးဒဏ်ရာ၊ ယာဘက်ညှပ်ရိုးပွန်းပဲဒဏ်ရာ ရရှိ၍ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်အနောက်တွင် ထိုင်လိုက်လာသူ ဦးကျော်ကျော်မင်းထိုက်(၄၆)နှစ်၊ ရေငံကြီးကျေးရွာ၊ ဘုတ်ပြင်းမြို့နယ်နေသူမှာ ဝဲဘက်ဦးခေါင်း အပေါ်ပွန်းပဲဒဏ်ရာ၊ မေးတည့်တည့်အောက် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်လက်ဖျံစုတ်ပြဲဒဏ်ရာ၊ ယာဘက်ခြေမပွန်းပဲဒဏ်ရာ၊ ယာဘက်ခြေဖမိုးအပေါ်စုတ်ပြဲဒဏ်ရာ(စိုးရိမ်းရ)၍ ကရသူရိမြို့ ပြည်သူ့ဆေးရုံးမှ မြိတ်မြို့သို့ပို့ဆောင်စဉ် ည(၁၀)နာရီခန့်က လမ်းတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်အား အသက်သေဆုံးသည်အထိ ပေါ့ဆစွာမောင်းနှင်သူ (ဘ)ဦးသိန်းဆွေ၏သား ယာဉ်မောင်း ဖြိုးသူရဟိန်း(၃၀)နှစ်နှင့် (ဘ)ဦးမောင်ဖြူ၏သား ဆိုင်ကယ်မောင်းနှင်သူ ဦးကျော်မြင့်သန်း(၅၂)နှစ်တို့အား ကရသူရိနယ်မြေစခန်းမှအမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စိုးဝင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ားႏွင့္ဆိုင္ကယ္မ်က္ႏွာခ်င္းဆိုင္တိုက္မိသျဖင့္ လူႏွစ္ဦးေသဆုံး ားႏွင့္ဆိုင္ကယ္မ်က္ႏွာခ်င္းဆိုင္တိုက္မိသျဖင့္ လူႏွစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.