ပလက္ဝဒုကၡသည္ တစ္ေထာင္ဝန္းက်င္ ၿမိဳ႕ေပၚထြက္ေျပးဖို႔ အခက္ႀကဳံေန

(Zawgyi)⤵⤵⤵

တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျပင္းထန္ခဲ့တဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ထဲက မီးေခ်ာင္းတေလွ်ာက္မွာ ေနထိုင္တဲ့ေဒသခံ တစ္ေထာင္ေလာက္ဟာ ၿမိဳ႕ေပၚထြက္ေျပးဖို႔ ႀကိဳးစားေနေပမယ့္ ကူညီႏိုင္မယ့္သူမရွိလို႔ အခက္အခဲျဖစ္ေနပါတယ္။

ပလက္ဝၿမိဳ႕နဲ႔ မိုင္ ၃၀ ေလာက္ေဝးတဲ့ မီးေခ်ာင္းတစ္ေလွ်ာက္က ျပင္ဝ၊ အိုးဘိုဝ၊ ၾကက္မအိုင္ (၁) နဲ႔ (၂)၊ အညႇင္းဝနဲ႔ က်ီးဝ႐ြာသား တစ္ေထာင္ေလာက္ဟာ ဆမီးၿမိဳ႕ေပၚ ထြက္ေျပးဖို႔ ႀကိဳးစားေနၾကတာပါ။ အဲဒီ႐ြာအနီးတဝိုက္မွာလည္း တျခား႐ြာေတြမွာ လူေတြ မရွိေတာ့ပါဘူး။

ဒါေၾကာင့္ ႐ြာမွာမေနရဲေတာ့တာေၾကာင့္ ထြက္ေျပးဖို႔ ႀကိဳးစားၾကတာလို႔ ဆမီးၿမိဳ႕က ျပည္သူ႔ေမွ်ာ္လင့္ခ်က္ လူမႈအဖြဲ႕အစည္း ၫႊန္ၾကားေရးမႉး ဦးေဇာ္လီေအာင္ က ေျပာပါတယ္။

“အနီးအနားပတ္ဝန္းက်င္က ၉ ႐ြာ ၁၀ ႐ြာေလာက္ကထြက္လာေတာ့ တျခားတိုက္ပြဲမရွိတဲ့ ႐ြာေတြကလည္းပဲ အလိုလို မလုံၿခဳံေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ပတ္ဝန္းက်င္က ႐ြာေတြအားလုံးထြက္ေျပးတဲ့အခါမွာ ကြၽန္ေတာ္တို႔လည္း ဒီမွာဆက္ေနလို႔ မျဖစ္ဘူး။ တိုက္ပြဲမျဖစ္တဲ့႐ြာေတြလည္း လာဖို႔အစီအစဥ္ေတြ ရွိေနတယ္။”

သူတို႔႐ြာေတြကေန မိုင္ ၂၀ ေလာက္ေဝးတဲ့ ဆမီးၿမိဳ႕ေပၚကို ထြက္ေျပးလာခ်င္ေပမယ့္ စက္ေလွအတြက္သုံးဖို႔ ဒီဇယ္ျပတ္လပ္ေနတာပါ။

ေက်ာက္ေတာ္ကေန ကုန္စည္သယ္ယူေနရတဲ့ ပလက္ဝၿမိဳ႕ဟာ တိုက္ပြဲေတြေၾကာင့္ မလုံၿခဳံေတာ့လို႔ ကုန္စည္မစီးဆင္းႏိုင္တာ ႏွစ္လေက်ာ္ေနပါၿပီ။ ဆမီးၿမိဳ႕ေပၚမွာလည္း ဒီဇယ္ ျပတ္လပ္ေနတယ္လို႔ ဒုကၡသည္အေရး အကူအညီေပးေနသူေတြက ဆိုပါတယ္။

လမ္းပန္းဆက္သြယ္ေရးလုံၿခဳံမႈ မရွိတာေၾကာင့္ ဒီဒုကၡသည္ေတြကို အစိုးရအေနနဲ႔ သြားေခၚဖို႔ မျဖစ္ႏိုင္ဘူးလို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးစိုးထက္ က ေျပာပါတယ္။

“ၿမိဳ႕ျပင္ထြက္ သြားလာဖို႔ကိုခက္ေနၾကတာ။ ဆမီးဆိုလဲ ဆမီးကေနအျခားေနရာ ဘယ္လို သြားလာၾကမလဲဆိုတာ ခက္ေနတယ္။ သူတို႔ကိုႀကိဳေပးဖို႔ေတာ့ အဆင္မေျပဘူး။ သူတို႔ဟာသူတို႔ ေရာက္ေအာင္လာရင္ အုပ္ခ်ဳပ္တဲ့အဖြဲ႕ေတြ ေကာ္မတီေတြကေနၿပီး သူတို႔ေနေရးစားေရးေသာက္ေရး အဆင္ေျပေအာင္ ဝိုင္းကူေပးမယ္။ အဲဒီစနစ္ကိုပဲ ေလာေလာဆယ္လုပ္လိို႔ရတယ္။”

ၿမိဳ႕ေပၚထြက္ေျပးဖို႔ ႀကိဳးစားေနတဲ့ ဒုကၡသည္ေတြဟာ ကုန္းလမ္းကေနဆိုရင္ ၃နာရီေလာက္ လမ္းေလွ်ာက္ရမွာပါ။ ဒါေပမဲ့ လုံၿခဳံမႈ မရွိလို႔ ကုန္းလမ္းကေန မသြားလာရဲၾကဘူးလို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္ ၁၄ ရက္နဲ႔ ၁၅ ရက္မွာ တပ္မေတာ္ရဲ႕ ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ ပလက္ဝၿမိဳ႕နယ္ ႐ြာငါး႐ြာက အရပ္သား စုစုေပါင္း ၂၁  ေယာက္ေသဆုံးၿပီး ၂၈ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။ 

ပုံမွန္အားျဖင့္ ေဒသခံ လူဦးေရ ၃၀၀၀ ေက်ာ္ရွိတဲ့ ဆမီးၿမိဳ႕ေပၚမွာ ဒုကၡသည္က ႏွစ္ေထာင္ေက်ာ္ ရွိေနပါၿပီ။ 

အခုဆိုရင္ ဆမီးၿမိဳ႕ေပၚမွာ ဒုကၡသည္ေတြအတြက္ လိုအပ္တဲ့ ပစၥည္းေတြနဲ႔ အေျခခံလူသုံးကုန္ ပစၥည္းေတြေတာင္ ျပတ္လပ္ေနၿပီလို႔ စစ္ေဘးဒုကၡသည္ေတြကို အကူအညီေပးေနတဲ့ ဆမီးၿမိဳ႕ခံ ကိုပါေမာင္ က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က ေက်ာက္ေတာ္ဘက္က အဆက္အသြယ္ျပတ္ေနတာၾကာၿပီဆိုေတာ့ မတူပီဘက္က တစ္ခုပဲလမ္းေၾကာင္း ပြင့္တဲ့အခါက်ေတာ့ အခု တာလပတ္ေတြက ဝယ္ဖို႔ေတာင္ မရွိေတာ့ဘူး။ အိုးခြက္ပန္းကန္ေတာင္ ေလာေလာဆယ္ ပိုက္ဆံရွိရင္ေတာင္ ဝယ္လို႔မရဘူး။ အခုေရခပ္ဖို႔ ေရဗုံးေတာင္ မရွိေတာ့ဘူး။”

ဆမီးၿမိဳ႕ေပၚေရာက္ေနတဲ့ ဒုကၡသည္ေတြ ေနထိုင္ဖို႔ ၿမိဳ႕ေပၚမွာရွိတဲ့ ဘာသာေရးအေဆာက္အုံေတြ၊ ရပ္ကြက္႐ုံးေတြ၊ ေက်ာင္းေတြ အပါအဝင္ ေနရာ ရွစ္ေနရာခြဲၿပီး စီစဥ္ေပးထားရပါတယ္။ စားနပ္ရိကၡာအတြက္ကိုေတာ့ ပလက္ဝကိုပို႔ဖို႔ စီစဥ္ထားတဲ့ ဆန္အိတ္ ၆၀၀ နဲ႔ ေျဖရွင္းေပးေနတယ္လို႔ ဝန္ႀကီးဦးစိုးထက္က ေျပာပါတယ္။

စစ္ေဘးဒုကၡသည္ေတြကို စနစ္တက်နဲ႔ ေထာက္ပံ့ေပးႏိုင္ဖို႔ ပလက္ဝနဲ႔ ဆမီးၿမိဳ႕မွာ စစ္ေဘးေရွာင္ ဒုကၡသည္စခန္းဖြင့္ဖို႔ စီစဥ္ေနတယ္လို႔လည္း ဆိုပါတယ္။

ဒုကၡသည္ေတြ ခိုလႈံေနတဲ့ ဆမီးၿမိဳ႕ေပၚမွာ ဆရာဝန္တစ္ေယာက္မွ မရွိလို႔ သက္ႀကီး႐ြယ္အိုေတြ၊ ကေလးငယ္ေတြနဲ႔ ဒဏ္ရာရထားတဲ့သူေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈလည္း အေရးတႀကီးလိုအပ္ေနပါတယ္။

RFA Burmese
https://www.rfa.org
-------------------
(Unicode)⤵⤵⤵
ပလက်ဝဒုက္ခသည် တစ်ထောင်ဝန်းကျင် မြို့ပေါ်ထွက်ပြေးဖို့ အခက်ကြုံနေ

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက မီးချောင်းတလျှောက်မှာ နေထိုင်တဲ့ဒေသခံ တစ်ထောင်လောက်ဟာ မြို့ပေါ်ထွက်ပြေးဖို့ ကြိုးစားနေပေမယ့် ကူညီနိုင်မယ့်သူမရှိလို့ အခက်အခဲဖြစ်နေပါတယ်။

ပလက်ဝမြို့နဲ့ မိုင် ၃၀ လောက်ဝေးတဲ့ မီးချောင်းတစ်လျှောက်က ပြင်ဝ၊ အိုးဘိုဝ၊ ကြက်မအိုင် (၁) နဲ့ (၂)၊ အညှင်းဝနဲ့ ကျီးဝရွာသား တစ်ထောင်လောက်ဟာ ဆမီးမြို့ပေါ် ထွက်ပြေးဖို့ ကြိုးစားနေကြတာပါ။ အဲဒီရွာအနီးတဝိုက်မှာလည်း တခြားရွာတွေမှာ လူတွေ မရှိတော့ပါဘူး။

ဒါကြောင့် ရွာမှာမနေရဲတော့တာကြောင့် ထွက်ပြေးဖို့ ကြိုးစားကြတာလို့ ဆမီးမြို့က ပြည်သူ့မျှော်လင့်ချက် လူမှုအဖွဲ့အစည်း ညွှန်ကြားရေးမှူး ဦးဇော်လီအောင် က ပြောပါတယ်။

“အနီးအနားပတ်ဝန်းကျင်က ၉ ရွာ ၁၀ ရွာလောက်ကထွက်လာတော့ တခြားတိုက်ပွဲမရှိတဲ့ ရွာတွေကလည်းပဲ အလိုလို မလုံခြုံတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ပတ်ဝန်းကျင်က ရွာတွေအားလုံးထွက်ပြေးတဲ့အခါမှာ ကျွန်တော်တို့လည်း ဒီမှာဆက်နေလို့ မဖြစ်ဘူး။ တိုက်ပွဲမဖြစ်တဲ့ရွာတွေလည်း လာဖို့အစီအစဉ်တွေ ရှိနေတယ်။”

သူတို့ရွာတွေကနေ မိုင် ၂၀ လောက်ဝေးတဲ့ ဆမီးမြို့ပေါ်ကို ထွက်ပြေးလာချင်ပေမယ့် စက်လှေအတွက်သုံးဖို့ ဒီဇယ်ပြတ်လပ်နေတာပါ။

ကျောက်တော်ကနေ ကုန်စည်သယ်ယူနေရတဲ့ ပလက်ဝမြို့ဟာ တိုက်ပွဲတွေကြောင့် မလုံခြုံတော့လို့ ကုန်စည်မစီးဆင်းနိုင်တာ နှစ်လကျော်နေပါပြီ။ ဆမီးမြို့ပေါ်မှာလည်း ဒီဇယ် ပြတ်လပ်နေတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးလုံခြုံမှု မရှိတာကြောင့် ဒီဒုက္ခသည်တွေကို အစိုးရအနေနဲ့ သွားခေါ်ဖို့ မဖြစ်နိုင်ဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် က ပြောပါတယ်။

“မြို့ပြင်ထွက် သွားလာဖို့ကိုခက်နေကြတာ။ ဆမီးဆိုလဲ ဆမီးကနေအခြားနေရာ ဘယ်လို သွားလာကြမလဲဆိုတာ ခက်နေတယ်။ သူတို့ကိုကြိုပေးဖို့တော့ အဆင်မပြေဘူး။ သူတို့ဟာသူတို့ ရောက်အောင်လာရင် အုပ်ချုပ်တဲ့အဖွဲ့တွေ ကော်မတီတွေကနေပြီး သူတို့နေရေးစားရေးသောက်ရေး အဆင်ပြေအောင် ဝိုင်းကူပေးမယ်။ အဲဒီစနစ်ကိုပဲ လောလောဆယ်လုပ်လို့ရတယ်။”

မြို့ပေါ်ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေဟာ ကုန်းလမ်းကနေဆိုရင် ၃နာရီလောက် လမ်းလျှောက်ရမှာပါ။ ဒါပေမဲ့ လုံခြုံမှု မရှိလို့ ကုန်းလမ်းကနေ မသွားလာရဲကြဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နဲ့ ၁၅ ရက်မှာ တပ်မတော်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ပလက်ဝမြို့နယ် ရွာငါးရွာက အရပ်သား စုစုပေါင်း ၂၁  ယောက်သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။ 

ပုံမှန်အားဖြင့် ဒေသခံ လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့ ဆမီးမြို့ပေါ်မှာ ဒုက္ခသည်က နှစ်ထောင်ကျော် ရှိနေပါပြီ။ 

အခုဆိုရင် ဆမီးမြို့ပေါ်မှာ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အခြေခံလူသုံးကုန် ပစ္စည်းတွေတောင် ပြတ်လပ်နေပြီလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဆမီးမြို့ခံ ကိုပါမောင် က ပြောပါတယ်။

“ကျွန်တော်တို့က ကျောက်တော်ဘက်က အဆက်အသွယ်ပြတ်နေတာကြာပြီဆိုတော့ မတူပီဘက်က တစ်ခုပဲလမ်းကြောင်း ပွင့်တဲ့အခါကျတော့ အခု တာလပတ်တွေက ဝယ်ဖို့တောင် မရှိတော့ဘူး။ အိုးခွက်ပန်းကန်တောင် လောလောဆယ် ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး။ အခုရေခပ်ဖို့ ရေဗုံးတောင် မရှိတော့ဘူး။”

ဆမီးမြို့ပေါ်ရောက်နေတဲ့ ဒုက္ခသည်တွေ နေထိုင်ဖို့ မြို့ပေါ်မှာရှိတဲ့ ဘာသာရေးအဆောက်အုံတွေ၊ ရပ်ကွက်ရုံးတွေ၊ ကျောင်းတွေ အပါအဝင် နေရာ ရှစ်နေရာခွဲပြီး စီစဉ်ပေးထားရပါတယ်။ စားနပ်ရိက္ခာအတွက်ကိုတော့ ပလက်ဝကိုပို့ဖို့ စီစဉ်ထားတဲ့ ဆန်အိတ် ၆၀၀ နဲ့ ဖြေရှင်းပေးနေတယ်လို့ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို စနစ်တကျနဲ့ ထောက်ပံ့ပေးနိုင်ဖို့ ပလက်ဝနဲ့ ဆမီးမြို့မှာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းဖွင့်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဆမီးမြို့ပေါ်မှာ ဆရာဝန်တစ်ယောက်မှ မရှိလို့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ဒဏ်ရာရထားတဲ့သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေပါတယ်။

RFA Burmese
https://www.rfa.org
ပလက္ဝဒုကၡသည္ တစ္ေထာင္ဝန္းက်င္ ၿမိဳ႕ေပၚထြက္ေျပးဖို႔ အခက္ႀကဳံေန ပလက္ဝဒုကၡသည္ တစ္ေထာင္ဝန္းက်င္ ၿမိဳ႕ေပၚထြက္ေျပးဖို႔ အခက္ႀကဳံေန Reviewed by THITHTOOLWIN on 01:02 Rating: 5
Powered by Blogger.