
(Zawgyi)⤵⤵⤵
မင်းလှ မတ် ၁၈




ပေါက်စ မင်းလှ
Myanmaalinn
--------------
(Unicode)⤵⤵⤵
မင်းလှမြို့ပန်းတောကျေးရွာ၌ လူသတ်မှုဖြစ်ပွား

မင်းလှ မတ် ၁၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ရွှေလောင်းအုပ်စု ပန်းတောကျေးရွာတွင် မတ် ၁၇ရက် မွန်းတည့် ၁၂ နာရီခန့်က ကြက်ခိုးရောင်းစားသည့်ကိစ္စနှင့်ပတ်သတ်၍ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကွင်းနယ်မြေရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ ပန်းတောကျေးရွာနေ အောင်သူ(ခ)အောင်ပုနေအိမ်သို့ တစ်ရွာတည်းနေ ကျော်သက်အောင်(ခ) ငကျော်သည်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၎င်းကြက်ဖအားခိုးယူချက်စားသည့်ကိစ္စနှင့် ပတ်သတ်၍စကားများရန်ဖြစ်ရာမှ ဒေါသအလျှောက် ကျော်သက်အောင်မှ တံစည်းလုံးချွန်ဖြင့် အောင်သူ အားထိုးသတ်ခဲ့ရာ ဆေးရုံသို့ပို့ဆောင်နေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

အမူအားမင်းလှမြို့နယ်စစ်ကွင်းနယ်မြေရဲစခန်းကကျော်သက်အောင်အား အမူဖွင့်ဆောင်ရွက်ထားရှိကြောင်းသိရသည်။

ပေါက်စ မင်းလှ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မင်းလှမြို့ပန်းတောကျေးရွာ၌ လူသတ်မှုဖြစ်ပွား မင်းလှမြို့ပန်းတောကျေးရွာ၌ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 01:08 Rating: 5
Powered by Blogger.