
(Zawgyi)⤵⤵⤵
ဖားကန့် မတ် ၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၅)တွင် ယမန်နေ့ နေ့လည်ပိုင်းက လင်မယားချင်း အိမ်ထောင်ရေးပြဿနာ အရှုပ်အရှင်း ဖြေရှင်းနေရင်း ယောက်ျားဖြစ်သူအား သတ်မိပြီး တိမ်းရှောင်နေသူကို နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မယားငယ်ဖြင့်အိမ်ခန်းငှားအတူနေသည့် ယောက်ျားဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး ယောက်ျားဖြစ်သူအား ဓါးဖြင့်ထိုးသတ်ကာ ထွက်ပြေးတိမ်းရှောင်သွားသည့် မငြိမ်းငြိမ်းအိအား လုံးခင်းမှ မိုးကောင်းသို့ထွက်ခွာမည့် မော်တော်ယာဉ်ဖြင့် လိုက်ပါမည်ပြုစဉ် လုံးခင်းနယ်မြေ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဟန်မွှေးနှင့် နယ်ထိန်း ရဲအုပ် ဝေဠုအောင်မြင့်တို့ ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်မှ လာရောက်ကာ လုံးခင်းကျေးရွာ၌ အိမ်ခန်းငှားနေထိုင်နေသည့် ယောက်ျား ဖြစ်သူ သီဟစိုးသည် မယားငယ်ဖြင့် တရားမဝင်ပေါင်းသင်းနေထိုင်နေသည်ကို ရွှေဘိုမှလိုက်လာ သည့် ဇနီးဖြစ်သူ မငြိမ်းငြိမ်းအိ တွေ့ခဲ့ရပြီး လင်မယားချင်းစကားများ ရန်ဖြစ်ခဲ့ကြောင်း၊ မငြိမ်းငြိမ်းအိမှ တစ်လင်တစ်မယားဉပဒေအရ အရေးယူပါက ထောင်(၇)နှစ် ကျနိုင်ကြောင်း ပြောပြစဉ် ယောက်ျားဖြစ်သူ သီဟစိုးက "တစ်လင်တစ်မယားဉပဒေအရ ထောင်ကျမခံနိုင်ဘူး နင့်ကိုသတ်ပြီးမှ ထောင်ကျခံနိုင်မယ်"ဟုဆိုကာ ကြက်သွန်လှီး စတီးဓါးဖြင့် မငြိမ်းငြိမ်းအိအား ထိုးမည်ပြုလုပ်စဉ် မငြိမ်းငြိမ်းအိက ဓါးကိုလုကာ သီဟစိုး၏ နံကြားအား (၃/၄)ချက်ထိုးခဲ့၍ သီဟစိုး(၂၉)နှစ်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။


တာလင်းမောင်(ပြန်/ဆက်)
Myanmaalinn
---------------
(Unicode)⤵⤵⤵
အိမ်ထောင်ရေးပြဿနာဖြေရှင်းနေရင်း လူသတ်မိပြီး တိမ်းရှောင်နေသူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ဖားကန့် မတ် ၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၅)တွင် ယမန်နေ့ နေ့လည်ပိုင်းက လင်မယားချင်း အိမ်ထောင်ရေးပြဿနာ အရှုပ်အရှင်း ဖြေရှင်းနေရင်း ယောကျ်ားဖြစ်သူအား သတ်မိပြီး တိမ်းရှောင်နေသူကို နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မယားငယ်ဖြင့်အိမ်ခန်းငှားအတူနေသည့် ယောကျ်ားဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး ယောကျ်ားဖြစ်သူအား ဓါးဖြင့်ထိုးသတ်ကာ ထွက်ပြေးတိမ်းရှောင်သွားသည့် မငြိမ်းငြိမ်းအိအား လုံးခင်းမှ မိုးကောင်းသို့ထွက်ခွာမည့် မော်တော်ယာဉ်ဖြင့် လိုက်ပါမည်ပြုစဉ် လုံးခင်းနယ်မြေ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဟန်မွှေးနှင့် နယ်ထိန်း ရဲအုပ် ဝေဠုအောင်မြင့်တို့ ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်မှ လာရောက်ကာ လုံးခင်းကျေးရွာ၌ အိမ်ခန်းငှားနေထိုင်နေသည့် ယောကျ်ား ဖြစ်သူ သီဟစိုးသည် မယားငယ်ဖြင့် တရားမဝင်ပေါင်းသင်းနေထိုင်နေသည်ကို ရွှေဘိုမှလိုက်လာ သည့် ဇနီးဖြစ်သူ မငြိမ်းငြိမ်းအိ တွေ့ခဲ့ရပြီး လင်မယားချင်းစကားများ ရန်ဖြစ်ခဲ့ကြောင်း၊ မငြိမ်းငြိမ်းအိမှ တစ်လင်တစ်မယားဉပဒေအရ အရေးယူပါက ထောင်(၇)နှစ် ကျနိုင်ကြောင်း ပြောပြစဉ် ယောကျ်ားဖြစ်သူ သီဟစိုးက "တစ်လင်တစ်မယားဉပဒေအရ ထောင်ကျမခံနိုင်ဘူး နင့်ကိုသတ်ပြီးမှ ထောင်ကျခံနိုင်မယ်"ဟုဆိုကာ ကြက်သွန်လှီး စတီးဓါးဖြင့် မငြိမ်းငြိမ်းအိအား ထိုးမည်ပြုလုပ်စဉ် မငြိမ်းငြိမ်းအိက ဓါးကိုလုကာ သီဟစိုး၏ နံကြားအား (၃/၄)ချက်ထိုးခဲ့၍ သီဟစိုး(၂၉)နှစ်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အမှုမှ သီဟစိုးအား သေဆုံးအောင် ဓါးဖြင့်ထိုးသတ်သူ မငြိမ်းငြိမ်းအိအား လုံးခင်း နယ်မြေရဲစခန်းက အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အိမ်ထောင်ရေးပြဿနာဖြေရှင်းနေရင်း လူသတ်မိပြီး တိမ်းရှောင်နေသူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ အိမ်ထောင်ရေးပြဿနာဖြေရှင်းနေရင်း လူသတ်မိပြီး တိမ်းရှောင်နေသူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.