ပန္းတေနာ္ အက္ဆစ္ပက္ တိုက္ခိုက္မႈ ငါးလအၾကာ အမႈဖြင့္ခြင့္ရ

(Zawgyi)⤵⤵⤵

လြန္ခဲ့တဲ့ ငါးလက ဧရာဝတီတိုင္း ပန္းတေနာ္ၿမိဳ႕မွာ အမည္မသိ လူ ႏွစ္ဦးက အက္ဆစ္ပက္ အတိုက္အခိုက္ခံရမႈ အတြက္ အတိုက္ခံခဲ့ရတဲ့ အမ်ိဳးသမီးက ပန္းတေနာ္ရဲစခန္းမွာ မေန႔က အမႈဖြင့္ခြင့္ရသြားၿပီလို႔ သိရပါတယ္။

ဧရာဝတီတိုင္း ပန္းတေနာ္ၿမိဳ႕နယ္မွာ အက္ဆစ္ပက္ တိုက္ခိုက္ခံခဲ့ရတဲ့ မလဲ့လဲ့ဝင္းဟာ ဒီတိုက္ခိုက္မႈအတြက္ အမႈ ေလးခုကို မတ္လ ၁၉ ရက္ မေန႔က ပန္းတေနာ္ ရဲစခန္းမွာ အမႈဖြင့္ရာမွာ ရဲတပ္ဖြဲ႕က အမႈေတြ လက္ခံလိုက္ ပါတယ္။ ဒါဟာ တိုက္ခိုက္ခံရအၿပီး ငါးလနီးပါးအၾကာမွာမွ တရားဥပေဒအရ အမႈဖြင့္ခြင့္ရတာျဖစ္ပါတယ္။

ျပစ္မႈက်ဴးလြန္တယ္လို႔ ယူဆရတဲ့ အရပ္သား ႏွစ္ေယာက္ကို အိမ္ေက်ာ္နင္းမႈ၊ ၿခိမ္းေျခာက္မႈ၊ ဆဲဆိုမႈေတြနဲ႔ အေရးယူေပးဖို႔ အမႈမွာ ေတာင္းဆိုထားပါတယ္။ ဒါ့အျပင္ ပန္းတေနာ္ရဲစခန္းက ရဲဝန္ထမ္း ႏွစ္ဦးကိုေတာ့ ေလာင္းကစား အားေပးမႈ၊ ၿခိမ္းေျခာက္မႈ၊ ဆဲဆိုမႈေတြ ဖြင့္ခဲ့တယ္လို႔ သူက ေျပာပါတယ္။

“ၿမိဳ႕နယ္မႉးနဲ႔ စခန္းမႉးက အမႈဖြင့္တဲ့သံသယရွိတဲ့ ေလးဦးကို၊ ရဲကိုႏွစ္ဦး အရပ္သားကို ႏွစ္ဦး ခြဲဖြင့္မယ္လို႔ ေျပာပါတယ္၊ ဒါေပမဲ့ ကြၽန္မက လက္သင့္မခံပါဘူး၊ ဒီေလးဦးစလုံးကို သံသယရွိတဲ့အတြက္ ဒီေလးဦးစလုံးကို ဖြင့္တာဆိုၿပီးေတာ့ ကြၽန္မက အတိုက္အခံေျပာပါတယ္၊ ေျပာတဲ့အခ်ိန္မွာေတာ့ ေတာ္ေတာ္ေတာ့ အတိုက္အခံ ေျပာယူရပါတယ္၊ အတိုက္အခံေျပာမွ သူတို႔က ဖြင့္ေပးပါတယ္၊ အခုေလာေလာဆယ္ ၄၅၁ ရယ္၊ ဒီေလာင္း ကစားကို အားေပးမႈေပ့ါေနာ္၊ ၁၁၄ ရယ္၊ ၿပီးေတာ့ ၿခိမ္းေျခာက္တာ ၅၀၆၊ ဆဲတာ ၂၉၄ ပုဒ္မေလးခုေပါ့ေနာ္၊ ဟုတ္ အဲဒီပုဒ္မေလးခုနဲ႔ အမႈဖြင့္ၿပီးေတာ့ အဆင္ေျပသြားပါတယ္”

ရဲစခန္းသြားၿပီး အမႈဖြင့္ရာမွာ  ပန္းတေနာ္ၿမိဳ႕ လူမႈဝန္ထမ္းဌာန တာဝန္ရွိသူတစ္ေယာက္က လိုက္ၿပီးကူညီေပး တယ္လို႔ မလဲ့လဲ့ဝင္းက ဆိုပါတယ္။

အမႈဖြင့္ေပးလိုက္တဲ့ကိစၥနဲ႔ အရင္က စုံစမ္းေဖာ္ထုတ္မႈအေျခအေနကိုသိရဖို႔ ပန္းတေနာ္ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ေဌးေအာင္ကို RFA က အႀကိမ္ႀကိမ္ ဆက္သြယ္ေပမယ့္လည္း ဒီေန႔အခ်ိန္အထိ ဖုန္းလက္ခံ ေျဖၾကားတာ မရွိေသးပါဘူး။

ဒီတိုက္ခိုက္ခံရမႈအတြက္ အကူညီေပးဖို႔ ႏိုင္ငံေတာ္သမၼတ႐ုံးကိုလည္း ေပးပို႔တိုင္ၾကားခဲ့ၿပီး သမၼတ႐ုံးကလည္း စာကို ဇန္နဝါရီလ ၂၁ ရက္မွာ လက္ခံရရွိေၾကာင္း၊ လိုအပ္သလို စိစစ္ေဆာင္႐ြက္သြားမယ့္အေၾကာင္း ကာယကံရွင္ကို မတ္လ ၅ ရက္ေန႔ ရက္စြဲနဲ႔ အေၾကာင္းျပန္ၾကားခဲ့ပါတယ္။ အဲဒီျပန္စာကို မတ္လ ၁၇ ရက္ေန႔ညမွာ လက္ခံရရွိတယ္လို႔ မလဲ့လဲ့ဝင္းက ေျပာပါတယ္။

“အမႈမွန္ေပၚမယ္လို႔ေတာ့ ကြၽန္မယုံၾကည္ပါတယ္၊ အမႈမွန္ျမန္ျမန္ေပၚမယ္လို႔ ထင္တယ္ဆိုတာ ရဲကသာ တကယ္တမ္းအလုပ္လုပ္ၿပီးေတာ့ ဥပေဒအရာရွိကို တင္မယ္ဆိုရင္ ဥပေဒ႐ုံးကလည္း အျမန္တင္တယ္၊ တရား႐ုံးကို တရားသူႀကီးကလည္း အျမန္စစ္ေပးမွာပါ၊ အခုလို မ်က္ကန္းဘဝနဲ႔ ဒီလိုမ်ိဳး႐ုပ္ကို သူေတြ႕လိုက္ ေတာ့ တရားသူႀကီးကလည္း ေတာ္ေတာ္စိတ္မေကာင္းျဖစ္သြားပါတယ္၊ အမွန္တရားကိုေပၚေစရမယ္ ဒီအမႈကို ျမန္ျမန္စစ္ေပးမယ္လို႔ ေျပာလိုက္ပါတယ္”

မလဲ့လဲ့ဝင္းက အမႈမွန္ ေပၚေပါက္ေရးအတြက္ ၿမိဳ႕နယ္တရားသူႀကီးကို သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။ အက္ဆစ္ ပက္ တိုက္ခိုက္ခံရၿပီး အမႈဖြင့္ၿပီး ဥပေဒေၾကာင္းအရာ အကာကြယ္ယူခြင့္မရဘဲ နစ္နာေနရတဲ့ မလဲ့လဲ့ဝင္းရဲ႕ အေၾကာင္းကို ၿပီးခဲ့တဲ့ အပတ္ေတြက RFA က ထုတ္လႊင့္ခဲ့ၿပီးျဖစ္ပါတယ္။ ပန္းတေနာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမန္းၫြန႔္သိန္းက RFA ရဲ႕ ႐ုပ္သံသတင္းကို ၾကည့္ၿပီးေနာက္ အမႈမွန္ အျမန္ဆုံးေပၚေအာင္ ကူညီႏိုင္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ ျပည္ေထာင္စု ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ထံ မတ္လ ၁၇ ရက္ေန႔မွာ တင္ျပလိုက္ၿပီလို႔ RFA ကို ေျပာပါတယ္။

“တင္ၿပီးၿပီ ၿပီးခဲ့တဲ့ ၁၇ ရက္ေန႔ဆိုေတာ့ ၿပီးခဲ့တဲ့ အဂၤါေန႔သိလား၊ အဲေတာ့ သူတို႔အဲဒါကို ဘယ္လိုလုပ္မလဲ ဆိုတာ နည္းနည္းေတာ့ ေစာင့္ၾကည့္မယ္ေလ၊ ေစာင့္ၾကည့္ၿပီးေတာ့ တကယ္လို႔ တို႔ဒီက လႊတ္ေတာ္နားလို႔ ျပန္ရင္ေတာ့ ရဲေတြဘာေတြနဲ႔ သြားေတြ႕မွာေပါ့ေနာ္၊ ေတြ႕ၿပီးေတာ့ ဒီဟာဘယ္လိုဘယ္ပုံရွိလဲေပါ့၊ သတင္း မွာလည္း ပါတယ္၊ သူကဒီ CID တို႔ဘာတို႔ ေရာက္ၿပီဆိုေတာ့လည္း ဘာပဲေျပာေျပာ တစ္ခုခုေတာ့ ထူးလာႏိုင္ တာေပါ့ေနာ္”

မလဲ့လဲ့ဝင္း ဒဏ္ရာအနည္းငယ္သက္လာခ်ိန္မွာ ပန္းတေနာ္ၿမိဳ႕မ ရဲစခန္းမွာ အမႈဖြင့္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။

မလဲ့လဲ့ဝင္းဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ ၂၄ ရက္ေန႔ညက ပန္းတေနာ္ၿမိဳ႕လယ္ေခါင္ အိမ္ေရွ႕မွာရွိေနတုန္း ေမာ္ေတာ္ဆိုင္ကယ္နဲ႔ လူႏွစ္ေယာက္ ေရာက္လာၿပီး အက္ဆစ္နဲ႔ ပက္သြားတာလို႔ မလဲ့လဲ့ဝင္းက ဆိုပါတယ္။

အက္ဆစ္နဲ႔လုပ္ႀကံတဲ့အမႈေတြဟာ ႏိုင္ငံတခ်ိဳ႕မွာ ရံဖန္ရံခါျဖစ္တတ္ေပမယ့္ ျမန္မာႏိုင္ငံအတြက္ေတာ့ ရွားပါးတဲ့ျဖစ္စဥ္ပါ။

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၂၄ ရက္ညပိုင္း  တိုက္ခိုက္ခံရစဥ္မွာ မလဲ့လဲ့ဝင္းရဲ႕ မ်က္ႏွာတစ္ခုလုံးနဲ႔ ခႏၶာကိုယ္တစ္ခုလုံးနီးပါး အေရျပား ပ်က္စီးသြားပါတယ္။ သူနဲ႔အတူ တိုက္ခိုက္ခံရတဲ့ ေဒၚဥမၼာလင္းလည္း ဒဏ္ရာရရွိခဲ့ပါတယ္။ ေဒၚဥမၼာလင္းရဲ႕ အေဒၚျဖစ္သူ ေဒၚျမစိန္က သူတို႔ကိုယ္စား ရဲစခန္းမွာ တိုင္ၾကားခဲ့တာလို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ပန်းတနော် အက်ဆစ်ပက် တိုက်ခိုက်မှု ငါးလအကြာ အမှုဖွင့်ခွင့်ရ

လွန်ခဲ့တဲ့ ငါးလက ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ အမည်မသိ လူ နှစ်ဦးက အက်ဆစ်ပက် အတိုက်အခိုက်ခံရမှု အတွက် အတိုက်ခံခဲ့ရတဲ့ အမျိုးသမီးက ပန်းတနော်ရဲစခန်းမှာ မနေ့က အမှုဖွင့်ခွင့်ရသွားပြီလို့ သိရပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာ အက်ဆစ်ပက် တိုက်ခိုက်ခံခဲ့ရတဲ့ မလဲ့လဲ့ဝင်းဟာ ဒီတိုက်ခိုက်မှုအတွက် အမှု လေးခုကို မတ်လ ၁၉ ရက် မနေ့က ပန်းတနော် ရဲစခန်းမှာ အမှုဖွင့်ရာမှာ ရဲတပ်ဖွဲ့က အမှုတွေ လက်ခံလိုက် ပါတယ်။ ဒါဟာ တိုက်ခိုက်ခံရအပြီး ငါးလနီးပါးအကြာမှာမှ တရားဥပဒေအရ အမှုဖွင့်ခွင့်ရတာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့ အရပ်သား နှစ်ယောက်ကို အိမ်ကျော်နင်းမှု၊ ခြိမ်းခြောက်မှု၊ ဆဲဆိုမှုတွေနဲ့ အရေးယူပေးဖို့ အမှုမှာ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ပန်းတနော်ရဲစခန်းက ရဲဝန်ထမ်း နှစ်ဦးကိုတော့ လောင်းကစား အားပေးမှု၊ ခြိမ်းခြောက်မှု၊ ဆဲဆိုမှုတွေ ဖွင့်ခဲ့တယ်လို့ သူက ပြောပါတယ်။

“မြို့နယ်မှူးနဲ့ စခန်းမှူးက အမှုဖွင့်တဲ့သံသယရှိတဲ့ လေးဦးကို၊ ရဲကိုနှစ်ဦး အရပ်သားကို နှစ်ဦး ခွဲဖွင့်မယ်လို့ ပြောပါတယ်၊ ဒါပေမဲ့ ကျွန်မက လက်သင့်မခံပါဘူး၊ ဒီလေးဦးစလုံးကို သံသယရှိတဲ့အတွက် ဒီလေးဦးစလုံးကို ဖွင့်တာဆိုပြီးတော့ ကျွန်မက အတိုက်အခံပြောပါတယ်၊ ပြောတဲ့အချိန်မှာတော့ တော်တော်တော့ အတိုက်အခံ ပြောယူရပါတယ်၊ အတိုက်အခံပြောမှ သူတို့က ဖွင့်ပေးပါတယ်၊ အခုလောလောဆယ် ၄၅၁ ရယ်၊ ဒီလောင်း ကစားကို အားပေးမှုပေ့ါနော်၊ ၁၁၄ ရယ်၊ ပြီးတော့ ခြိမ်းခြောက်တာ ၅၀၆၊ ဆဲတာ ၂၉၄ ပုဒ်မလေးခုပေါ့နော်၊ ဟုတ် အဲဒီပုဒ်မလေးခုနဲ့ အမှုဖွင့်ပြီးတော့ အဆင်ပြေသွားပါတယ်”

ရဲစခန်းသွားပြီး အမှုဖွင့်ရာမှာ  ပန်းတနော်မြို့ လူမှုဝန်ထမ်းဌာန တာဝန်ရှိသူတစ်ယောက်က လိုက်ပြီးကူညီပေး တယ်လို့ မလဲ့လဲ့ဝင်းက ဆိုပါတယ်။

အမှုဖွင့်ပေးလိုက်တဲ့ကိစ္စနဲ့ အရင်က စုံစမ်းဖော်ထုတ်မှုအခြေအနေကိုသိရဖို့ ပန်းတနော် မြို့မရဲစခန်းမှူး ဒုရဲမှူး ဌေးအောင်ကို RFA က အကြိမ်ကြိမ် ဆက်သွယ်ပေမယ့်လည်း ဒီနေ့အချိန်အထိ ဖုန်းလက်ခံ ဖြေကြားတာ မရှိသေးပါဘူး။

ဒီတိုက်ခိုက်ခံရမှုအတွက် အကူညီပေးဖို့ နိုင်ငံတော်သမ္မတရုံးကိုလည်း ပေးပို့တိုင်ကြားခဲ့ပြီး သမ္မတရုံးကလည်း စာကို ဇန်နဝါရီလ ၂၁ ရက်မှာ လက်ခံရရှိကြောင်း၊ လိုအပ်သလို စိစစ်ဆောင်ရွက်သွားမယ့်အကြောင်း ကာယကံရှင်ကို မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ အကြောင်းပြန်ကြားခဲ့ပါတယ်။ အဲဒီပြန်စာကို မတ်လ ၁၇ ရက်နေ့ညမှာ လက်ခံရရှိတယ်လို့ မလဲ့လဲ့ဝင်းက ပြောပါတယ်။

“အမှုမှန်ပေါ်မယ်လို့တော့ ကျွန်မယုံကြည်ပါတယ်၊ အမှုမှန်မြန်မြန်ပေါ်မယ်လို့ ထင်တယ်ဆိုတာ ရဲကသာ တကယ်တမ်းအလုပ်လုပ်ပြီးတော့ ဥပဒေအရာရှိကို တင်မယ်ဆိုရင် ဥပဒေရုံးကလည်း အမြန်တင်တယ်၊ တရားရုံးကို တရားသူကြီးကလည်း အမြန်စစ်ပေးမှာပါ၊ အခုလို မျက်ကန်းဘဝနဲ့ ဒီလိုမျိုးရုပ်ကို သူတွေ့လိုက် တော့ တရားသူကြီးကလည်း တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်၊ အမှန်တရားကိုပေါ်စေရမယ် ဒီအမှုကို မြန်မြန်စစ်ပေးမယ်လို့ ပြောလိုက်ပါတယ်”

မလဲ့လဲ့ဝင်းက အမှုမှန် ပေါ်ပေါက်ရေးအတွက် မြို့နယ်တရားသူကြီးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အက်ဆစ် ပက် တိုက်ခိုက်ခံရပြီး အမှုဖွင့်ပြီး ဥပဒေကြောင်းအရာ အကာကွယ်ယူခွင့်မရဘဲ နစ်နာနေရတဲ့ မလဲ့လဲ့ဝင်းရဲ့ အကြောင်းကို ပြီးခဲ့တဲ့ အပတ်တွေက RFA က ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းက RFA ရဲ့ ရုပ်သံသတင်းကို ကြည့်ပြီးနောက် အမှုမှန် အမြန်ဆုံးပေါ်အောင် ကူညီနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ထံ မတ်လ ၁၇ ရက်နေ့မှာ တင်ပြလိုက်ပြီလို့ RFA ကို ပြောပါတယ်။

“တင်ပြီးပြီ ပြီးခဲ့တဲ့ ၁၇ ရက်နေ့ဆိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့သိလား၊ အဲတော့ သူတို့အဲဒါကို ဘယ်လိုလုပ်မလဲ ဆိုတာ နည်းနည်းတော့ စောင့်ကြည့်မယ်လေ၊ စောင့်ကြည့်ပြီးတော့ တကယ်လို့ တို့ဒီက လွှတ်တော်နားလို့ ပြန်ရင်တော့ ရဲတွေဘာတွေနဲ့ သွားတွေ့မှာပေါ့နော်၊ တွေ့ပြီးတော့ ဒီဟာဘယ်လိုဘယ်ပုံရှိလဲပေါ့၊ သတင်း မှာလည်း ပါတယ်၊ သူကဒီ CID တို့ဘာတို့ ရောက်ပြီဆိုတော့လည်း ဘာပဲပြောပြော တစ်ခုခုတော့ ထူးလာနိုင် တာပေါ့နော်”

မလဲ့လဲ့ဝင်း ဒဏ်ရာအနည်းငယ်သက်လာချိန်မှာ ပန်းတနော်မြို့မ ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

မလဲ့လဲ့ဝင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့ညက ပန်းတနော်မြို့လယ်ခေါင် အိမ်ရှေ့မှာရှိနေတုန်း မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာပြီး အက်ဆစ်နဲ့ ပက်သွားတာလို့ မလဲ့လဲ့ဝင်းက ဆိုပါတယ်။

အက်ဆစ်နဲ့လုပ်ကြံတဲ့အမှုတွေဟာ နိုင်ငံတချို့မှာ ရံဖန်ရံခါဖြစ်တတ်ပေမယ့် မြန်မာနိုင်ငံအတွက်တော့ ရှားပါးတဲ့ဖြစ်စဉ်ပါ။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်ညပိုင်း  တိုက်ခိုက်ခံရစဉ်မှာ မလဲ့လဲ့ဝင်းရဲ့ မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အရေပြား ပျက်စီးသွားပါတယ်။ သူနဲ့အတူ တိုက်ခိုက်ခံရတဲ့ ဒေါ်ဥမ္မာလင်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေါ်ဥမ္မာလင်းရဲ့ အဒေါ်ဖြစ်သူ ဒေါ်မြစိန်က သူတို့ကိုယ်စား ရဲစခန်းမှာ တိုင်ကြားခဲ့တာလို့ သိရပါတယ်။

RFA Burmese
https://www.rfa.org

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား