လႈိင္ၿမိဳ႕နယ္၌ ေက်ာင္းဆရာမတစ္ဦး၏ ေနအိမ္အတြင္း ဝင္ေရာက္႐ိုက္ႏွက္ကာ ပစၥည္းမ်ားလုယူသြားသူကို ဖမ္းဆီးရမိ

(Zawgyi)⤵⤵⤵

ရန္ကုန္ မတ္ ၁၉

ရန္ကုန္တိုင္းေဒသႀကီး လႈိင္ၿမိဳ႕နယ္ (၁)ရပ္ကြက္ ေဇယ်သိဒၶိ(၃)လမ္းေန ေက်ာင္းဆရာမတစ္ဦး၏ ေနအိမ္ အတြင္း ဝင္ေရာက္၍ ႐ိုက္ႏွက္ကာ ပစၥည္းမ်ား လုယက္ယူေဆာင္သြားသူ အား မတ္ ၁၅ ရက္က ဖမ္းဆီးရမိ ခဲ့သည္။

လႈိင္ၿမိဳ႕နယ္ (၁)ရပ္ကြက္ ေဇယ်သိဒၶိ (၃)လမ္း အမွတ္(၁၀၇)ေန မ----သည္ ၎၏ ေနအိမ္ေအာက္ အမွတ္(၁၁၃) ေျမညီထပ္ေန အစ္မ ေတာ္စပ္သူ မ-----(ေက်ာင္းဆရာမ)သည္ ေန႔စဥ္နံနက္ ၇ နာရီတြင္ ေက်ာင္းသို႔ သြားေနက်ျဖစ္ေသာ္ လည္း ေနအိမ္ေရွ႕တြင္ ကားရပ္ထား သည္ကို ေတြ႕ရွိေသာေၾကာင့္ ၎ထံ ရွိသည့္ ေသာ့အပိုတစ္ေခ်ာင္းျဖင့္ တံခါးဖြင့္ၾကည့္ရာ ၎၏ အစ္မ ျဖစ္သူမွာ ဒဏ္ရာမ်ားျဖင့္ အိပ္ရာ ေပၚ၌ လဲက်ေနသည္ကို ေတြ႕ရွိသျဖင့္ ျပစ္မႈက်ဴးလြန္သူအား စုံစမ္း ေဖာ္ထုတ္ အေရးယူေပးပါရန္ လႈိင္ၿမိဳ႕မရဲစခန္းသို႔ အမႈဖြင့္တိုင္တန္း ခဲ့သည္။

ျဖစ္စဥ္အား ရန္ကုန္တိုင္း ေဒသႀကီး မႈခင္းအကူဌာနစုႏွင့္ လႈိင္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက စုံစမ္းခဲ့ရာ ျပစ္မႈက်ဴးလြန္သူမွာ လႈိင္ၿမိဳ႕နယ္ (၁)ရပ္ကြက္ ေဇယ်သိဒၶိ (၃)လမ္းေန ေပႀကီး(ခ)မ်ိဳးႏိုင္ ျဖစ္ေၾကာင္း သိရွိရသျဖင့္ ၎အား ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ မတ္ ၁၅ ရက္ မြန္းလြဲပိုင္းက မရမ္းကုန္း ၿမိဳ႕နယ္ အမွတ္(၂)ရပ္ကြက္၌ ဖမ္းဆီး ရမိခဲ့သည္။ ၎သည္ မတ္ ၁၃ ရက္က အခင္းျဖစ္ေနအိမ္တြင္ မ----- အား သံပိုက္လုံးျဖင့္ ႐ိုက္ႏွက္ကာ ေ႐ႊထည္ပစၥည္းမ်ားႏွင့္ ဖုန္းတစ္လုံး တို႔ကို ယူေဆာင္ခဲ့ေၾကာင္း စစ္ေဆး ေပၚေပါက္သည္။

စစ္ေဆး ေပၚေပါက္ခ်က္အရ အမႈမွ သက္ေသခံ ေ႐ႊထည္ပစၥည္း ေျခာက္မ်ိဳးႏွင့္ လက္ကိုင္ဖုန္း တစ္လုံးတို႔အား ျပန္လည္ သိမ္းဆည္းရရွိၿပီးျဖစ္၍ ျပစ္မႈ က်ဴးလြန္သူ ေပႀကီး(ခ)မ်ိဳးႏိုင္ကို ဥပေဒႏွင့္အညီ အျမန္တရားစြဲ တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။

ရဲျပန္ၾကား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
-------------
(Unicode)⤵⤵⤵
လှိုင်မြို့နယ်၌ ကျောင်းဆရာမတစ်ဦး၏ နေအိမ်အတွင်း ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများလုယူသွားသူကို ဖမ်းဆီးရမိ

ရန်ကုန် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် (၁)ရပ်ကွက် ဇေယျသိဒ္ဓိ(၃)လမ်းနေ ကျောင်းဆရာမတစ်ဦး၏ နေအိမ် အတွင်း ဝင်ရောက်၍ ရိုက်နှက်ကာ ပစ္စည်းများ လုယက်ယူဆောင်သွားသူ အား မတ် ၁၅ ရက်က ဖမ်းဆီးရမိ ခဲ့သည်။

လှိုင်မြို့နယ် (၁)ရပ်ကွက် ဇေယျသိဒ္ဓိ (၃)လမ်း အမှတ်(၁၀၇)နေ မ----သည် ၎င်း၏ နေအိမ်အောက် အမှတ်(၁၁၃) မြေညီထပ်နေ အစ်မ တော်စပ်သူ မ-----(ကျောင်းဆရာမ)သည် နေ့စဉ်နံနက် ၇ နာရီတွင် ကျောင်းသို့ သွားနေကျဖြစ်သော် လည်း နေအိမ်ရှေ့တွင် ကားရပ်ထား သည်ကို တွေ့ရှိသောကြောင့် ၎င်းထံ ရှိသည့် သော့အပိုတစ်ချောင်းဖြင့် တံခါးဖွင့်ကြည့်ရာ ၎င်း၏ အစ်မ ဖြစ်သူမှာ ဒဏ်ရာများဖြင့် အိပ်ရာ ပေါ်၌ လဲကျနေသည်ကို တွေ့ရှိသဖြင့် ပြစ်မှုကျူးလွန်သူအား စုံစမ်း ဖော်ထုတ် အရေးယူပေးပါရန် လှိုင်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်း ခဲ့သည်။

ဖြစ်စဉ်အား ရန်ကုန်တိုင်း ဒေသကြီး မှုခင်းအကူဌာနစုနှင့် လှိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ လှိုင်မြို့နယ် (၁)ရပ်ကွက် ဇေယျသိဒ္ဓိ (၃)လမ်းနေ ပေကြီး(ခ)မျိုးနိုင် ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မတ် ၁၅ ရက် မွန်းလွဲပိုင်းက မရမ်းကုန်း မြို့နယ် အမှတ်(၂)ရပ်ကွက်၌ ဖမ်းဆီး ရမိခဲ့သည်။ ၎င်းသည် မတ် ၁၃ ရက်က အခင်းဖြစ်နေအိမ်တွင် မ----- အား သံပိုက်လုံးဖြင့် ရိုက်နှက်ကာ ရွှေထည်ပစ္စည်းများနှင့် ဖုန်းတစ်လုံး တို့ကို ယူဆောင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည်။

စစ်ဆေး ပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံ ရွှေထည်ပစ္စည်း ခြောက်မျိုးနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား ပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှု ကျူးလွန်သူ ပေကြီး(ခ)မျိုးနိုင်ကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရဲပြန်ကြား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လႈိင္ၿမိဳ႕နယ္၌ ေက်ာင္းဆရာမတစ္ဦး၏ ေနအိမ္အတြင္း ဝင္ေရာက္႐ိုက္ႏွက္ကာ ပစၥည္းမ်ားလုယူသြားသူကို ဖမ္းဆီးရမိ လႈိင္ၿမိဳ႕နယ္၌ ေက်ာင္းဆရာမတစ္ဦး၏ ေနအိမ္အတြင္း ဝင္ေရာက္႐ိုက္ႏွက္ကာ ပစၥည္းမ်ားလုယူသြားသူကို ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.