မုိင္းကုိင္ရွိ စစ္ေရွာင္ေနအိမ္ ရြာလံုးကြ်တ္ ေဖာက္ထြင္းခံထားရ

(Zawgyi)⤵⤵⤵
မတ္လ ၉ ရက္၂၀၂၀

RCSS/SSA ႏွင့္ အစိုးရတပ္မေတာ္ တုိက္ပြဲေၾကာင့္ စစ္ေရွာင္ခဲ့ရသည့္ မုိင္းကိုင္ၿမိဳ႕နယ္ ကုန္းေညာင္ဖာဆား ရြာလံုးကြ်တ္ ေဖာက္ထြင္းခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ေဖေဖာ္ဝါရီ ၂၇ ရက္မွ စတင္သည့္ သွ်မ္းျပည္ ျပန္လည္ ထူေထာင္ေရး ေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္ RCSS/SSA ႏွင့္ အစိုးရ တပ္မေတာ္တုိ႕ၾကားတုိက္ပြဲေၾကာင့္ မိုင္းကုိင္ၿမိဳ႕နယ္ ဟမ္းငိုင္းေက်းရြာ အုပ္စုမွ ေဒသခံမ်ား ထြက္ေျပးတိမ္းေရွာင္ခဲ့ရသည္။ ထုိအနက္ ဟမ္းငုိင္းအုပ္စု၀င္ ကုန္းေညာင္ဖာဆား ေက်းရြာသည္ တုိက္ပြဲဒဏ္အထိ မ်ားေသာရြာတရြာျဖစ္သည္။

မတ္လ ၁ ရက္က RCSS/SSA ႏွင့္ အစိုးရ တပ္မေတာ္ မွ ေခါင္းေဆာင္မ်ား ေဆြးေႏြးမႈေၾကာင့္ တုိက္ပြဲ ၿငိမ္သက္ကာ စစ္ေရွာင္မ်ား မိမိေနရပ္သုိ႕ျပန္ခဲ့ၾကသည္။

“ စစ္ေရွာင္ေတြေတာ့ မရွိေတာ့ဘူး။ အားလံုး အိမ္ျပန္ၿပီ။ အထိမ်ားတဲ့ ကုန္းေညာင္ဖာဆား ေက်းရြာက အိမ္ေျခ ၄၀ ေက်ာ္တယ္။ အိမ္တုိင္းနီးပါး ေဖာက္ထြင္းခံရတယ္။ ဆံုးရံႈးမႈ မ်ားတယ္။ ” ဟု မုိင္းကိုင္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းပန္ က သွ်မ္းသံေတာ္ဆင့္ သုိ႕ေျပာသည္။

လက္ရွိ အခ်ိန္ထိ ဆံုး႐ံႈးမႈ တန္ဖိုးေငြ အတိအက် မတြက္ခ်က္ရေသးေၾကာင္း၊ ဆံုးရႈံးမႈ သိန္း ၁၀၀ အထက္ ရွိႏုိင္ေၾကာင္း စိုင္းပန္ က ေျပာသည္။

“ အိမ္ထဲမွာ ရွိတဲ့ ဓားေတြ၊ အဝတ္အစားေကာင္းေတြပါ မက်န္ယူသြားတယ္။ ဆုိလာျပားလည္းယူတယ္” ဟု စိုင္းပန္ က ေျပာျပသည္။

ထုိ႕ျပင္ စားေသာက္ကုန္မ်ားျဖစ္သည့္ ဆန္၊ဆီ၊ ဆားအျပင္ ၿခံေမြး ၾကက္၀က္မ်ားကိုလည္း သတ္စား ေၾကာင္း သိရသည္။

“ ၾကက္ေတြသတ္စားထားပိုမ်ားတယ္။ ေနာက္ ကုန္စံုဆိုင္ထဲက ဘီယာေတြ၊ အေအးေတြ ၾကက္ဥေတြကေတာ့ မေျပာျပႏုိင္ေအာင္ပါပဲ” ဟု စုိင္းပန္ က ထပ္ေလာင္းေျပာသည္။

ကုန္းေညာင္ဖာဆားရြာမွ အသက္ ၄၀ ေက်ာ္ ေဒသခံတဦး က “ က်ေနာ္တုိ႕အိမ္ေတြ အားလံုး စစ္သားေတြ လာေဖာက္တယ္။ အိမ္းတုိင္းလိုလုိ ဝင္ေမႊထားတယ္။ မိန္းမ အဝတ္အစားေတာင္မခ်န္ဘူး။ ယူသြားတယ္။ အစားအေသာက္ေတြလည္းယူသြားတယ္” ဟု သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

ယေန႕အခ်ိန္ထိ အစိုးရ တပ္မေတာ္ မွ စစ္သားမ်ားသည္ ေက်းရြာအတြင္း လႈပ္ရွားမႈ ရွိေနေသးသျဖင့္ ေက်းရြာ ျပည္သူမ်ား စိုးရိမ္ထိတ္လွန္႕ေနေသးေၾကာင္း၊ စစ္ေၾကာင္းမ်ား ေက်းရြာအနီး သြားလာ လႈပ္ရွားမႈ မျပဳလုပ္ရန္လည္း ေတာင္းဆုိခ်င္ေၾကာင္း ၎ က ေျပာသည္။

တိုက္ပြဲျဖစ္ပြါးခ်ိန္အတြင္း အစိုးရ တပ္မေတာ္ စစ္ေၾကာင္းမ်ားသည္ ေက်းရြာမ်ားအတြင္း ၀င္ေရာက္တပ္စခန္း ခ် ေနထိုင္ၿပီး ေက်းရြာ ေနအိမ္မ်ားကို ဝင္ေရာက္ေမႊေႏွာက္ ရွာေဖြ စားေသာက္မွဳေၾကာင့္ ဆံုးရံႈးမႈ စာရင္းကုိ ျပဳစု ကာ သွ်မ္းျပည္နယ္ အစိုးရ ႏွင့္ သက္ဆုိင္ရာ လူမႈကယ္ဆယ္ေရး ႏွင့္ ျပန္လည္ ေနရာခ်ထားေရး တုိ႕ကုိ တင္ျပသြားမည္ ဟုလည္း မုိင္းကိုင္ အမွတ္(၁) ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ က ေျပာဆုိလိုက္သည္။

တုိက္ပြဲအတြင္း ဟမ္းငိုင္းေက်းရြာ အုပ္စု ရွိ ဟိုဖိုင္ေက်းရြာ ရွိေနအိမ္မ်ားလည္း က်ည္ထိမွန္ထားေၾကာင္း သိရသည္။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
-------------------
(Unicode)⤵⤵⤵
မိုင်းကိုင်ရှိ စစ်ရှောင်နေအိမ် ရွာလုံးကျွတ် ဖောက်ထွင်းခံထားရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

မတ်လ ၉ ရက်၂၀၂၀

RCSS/SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲကြောင့် စစ်ရှောင်ခဲ့ရသည့် မိုင်းကိုင်မြို့နယ် ကုန်းညောင်ဖာဆား ရွာလုံးကျွတ် ဖောက်ထွင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ကြားတိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုအနက် ဟမ်းငိုင်းအုပ်စုဝင် ကုန်းညောင်ဖာဆား ကျေးရွာသည် တိုက်ပွဲဒဏ်အထိ များသောရွာတရွာဖြစ်သည်။

မတ်လ ၁ ရက်က RCSS/SSA နှင့် အစိုးရ တပ်မတော် မှ ခေါင်းဆောင်များ ဆွေးနွေးမှုကြောင့် တိုက်ပွဲ ငြိမ်သက်ကာ စစ်ရှောင်များ မိမိနေရပ်သို့ပြန်ခဲ့ကြသည်။

“ စစ်ရှောင်တွေတော့ မရှိတော့ဘူး။ အားလုံး အိမ်ပြန်ပြီ။ အထိများတဲ့ ကုန်းညောင်ဖာဆား ကျေးရွာက အိမ်ခြေ ၄၀ ကျော်တယ်။ အိမ်တိုင်းနီးပါး ဖောက်ထွင်းခံရတယ်။ ဆုံးရှုံးမှု များတယ်။ ” ဟု မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းပန် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

လက်ရှိ အချိန်ထိ ဆုံးရှုံးမှု တန်ဖိုးငွေ အတိအကျ မတွက်ချက်ရသေးကြောင်း၊ ဆုံးရှုံးမှု သိန်း ၁၀၀ အထက် ရှိနိုင်ကြောင်း စိုင်းပန် က ပြောသည်။

“ အိမ်ထဲမှာ ရှိတဲ့ ဓားတွေ၊ အဝတ်အစားကောင်းတွေပါ မကျန်ယူသွားတယ်။ ဆိုလာပြားလည်းယူတယ်” ဟု စိုင်းပန် က ပြောပြသည်။

ထို့ပြင် စားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ ဆားအပြင် ခြံမွေး ကြက်ဝက်များကိုလည်း သတ်စား ကြောင်း သိရသည်။

“ ကြက်တွေသတ်စားထားပိုများတယ်။ နောက် ကုန်စုံဆိုင်ထဲက ဘီယာတွေ၊ အအေးတွေ ကြက်ဥတွေကတော့ မပြောပြနိုင်အောင်ပါပဲ” ဟု စိုင်းပန် က ထပ်လောင်းပြောသည်။

ကုန်းညောင်ဖာဆားရွာမှ အသက် ၄၀ ကျော် ဒေသခံတဦး က “ ကျနော်တို့အိမ်တွေ အားလုံး စစ်သားတွေ လာဖောက်တယ်။ အိမ်းတိုင်းလိုလို ဝင်မွှေထားတယ်။ မိန်းမ အဝတ်အစားတောင်မချန်ဘူး။ ယူသွားတယ်။ အစားအသောက်တွေလည်းယူသွားတယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယနေ့အချိန်ထိ အစိုးရ တပ်မတော် မှ စစ်သားများသည် ကျေးရွာအတွင်း လှုပ်ရှားမှု ရှိနေသေးသဖြင့် ကျေးရွာ ပြည်သူများ စိုးရိမ်ထိတ်လှန့်နေသေးကြောင်း၊ စစ်ကြောင်းများ ကျေးရွာအနီး သွားလာ လှုပ်ရှားမှု မပြုလုပ်ရန်လည်း တောင်းဆိုချင်ကြောင်း ၎င်း က ပြောသည်။

တိုက်ပွဲဖြစ်ပွါးချိန်အတွင်း အစိုးရ တပ်မတော် စစ်ကြောင်းများသည် ကျေးရွာများအတွင်း ဝင်ရောက်တပ်စခန်း ချ နေထိုင်ပြီး ကျေးရွာ နေအိမ်များကို ဝင်ရောက်မွှေနှောက် ရှာဖွေ စားသောက်မှုကြောင့် ဆုံးရှုံးမှု စာရင်းကို ပြုစု ကာ သျှမ်းပြည်နယ် အစိုးရ နှင့် သက်ဆိုင်ရာ လူမှုကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး တို့ကို တင်ပြသွားမည် ဟုလည်း မိုင်းကိုင် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် က ပြောဆိုလိုက်သည်။

တိုက်ပွဲအတွင်း ဟမ်းငိုင်းကျေးရွာ အုပ်စု ရှိ ဟိုဖိုင်ကျေးရွာ ရှိနေအိမ်များလည်း ကျည်ထိမှန်ထားကြောင်း သိရသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
မုိင္းကုိင္ရွိ စစ္ေရွာင္ေနအိမ္ ရြာလံုးကြ်တ္ ေဖာက္ထြင္းခံထားရ မုိင္းကုိင္ရွိ စစ္ေရွာင္ေနအိမ္ ရြာလံုးကြ်တ္ ေဖာက္ထြင္းခံထားရ Reviewed by THITHTOOLWIN on 00:20 Rating: 5
Powered by Blogger.