ကို႐ိုနာေၾကာင့္ အီတလီမွာ လူ ၁၆ သန္းေက်ာ္ကို အဝင္အထြက္ ပိတ္၊ ၿဗိတိန္မွာ ဗိုင္းရပ္စ္ ကိုင္တြယ္ဖို႔ အေရးေပၚဥပေဒျပဌာန္းဖို႔ျပင္

ဥေရာပမွာေတာ့ အီတလီဟာ ဗိုင္းရပ္စ္ကူးစက္ခံရမႈအဆိုးဆုံးအေျခအေနပါ။
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းျမင့္တက္ေနတဲ့ အီတလီမွာ လြန္ဘာဒီျပည္နယ္နဲ႔ ႏိုင္ငံရဲ႕ အေရွ႕ပိုင္းနဲ႔ ေျမာက္ပိုင္းက ေဒသ ၁၁ ခုကို အာဏာပိုင္ေတြက ဝင္ထြက္သြားလာခြင့္ပိတ္ထားလိုက္ပါၿပီ။

အဲဒီေဒသတြင္းမွာ စုစုေပါင္း လူ ၁၆ သန္းေက်ာ္ရွိေနၿပီး သူတို႔ကို ဗိုင္းရပ္စ္ ကင္းစင္မႈရွိမရွိ ေစာင့္ၾကပ္ၾကည့္ရႈတဲ့ကာလက ဧၿပီလအေစာပိုင္းထိ ျဖစ္ပါတယ္။

ဒီဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ အီတလီမွာ လူေသဆုံးမႈဟာ ေန႔စဥ္နဲ႔အမွ် ပိုပိုတိုးလာေနတာေၾကာင့္ အခုအခါ အားကစားခန္းမေတြ ၊ ကလပ္ေတြ၊ ျပတိုက္ေတြ၊ ေရကူးကန္ေတြနဲ႔ ႏွင္းေလွ်ာစီးအပန္းေျဖစခန္းေတြကို ပိတ္ဖို႔ရွိေနပါၿပီ။

အီတလီဟာ ဥေရာပမွာ ဒီဗိုင္းရပ္စ္ကူးစက္မႈအဆိုး႐ြားဆုံးအဆင့္ေရာက္ေနၿပီး မေန႔က မတ္လ ၇ ရက္တစ္ရက္တည္းမွာ မူလ ကူးစက္သူ ၁,၀၀၀ ေက်ာ္ကေန ၅,၀၀၀ ေက်ာ္ထိ ျမင့္တက္လာခဲ့ၿပီး ၂၄ နာရီအတြင္း ေသဆုံးသူ ၅၀ ေက်ာ္ရွိလာတဲ့ေနာက္ ခုလိုေဒသတြင္းေနရာတခ်ိဳ႕ အဝင္အထြက္ပိတ္ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။
 ကူးစက္ခံရသူေပါင္း တစ္သိန္းေက်ာ္လာလို႔ WHO ကလည္း အလြန္အမင္း စိုးရိမ္ေနပါတယ္။

လက္ရွိမွာေတာ့ ဒီဗိုင္းရပ္စ္ေၾကာင့္ အီတလီမွာ မတ္လ ၈ ရက္မနက္ပိုင္းအထိ ေသဆုံးသူ ၂၃၀ ရွိေနပါတယ္။

တျခားဥေရာပႏိုင္ငံေတြထဲမွာေတာ့ ျပင္သစ္မွာ ကူးစက္သူ ၉,၀၀ ေက်ာ္၊ ဂ်ာမနီမွာ ၇,၀၀ ေက်ာ္၊ စပိန္မွာ ၄,၀၀ ေက်ာ္၊ ၿဗိတိန္မွာ ၂,၀၀ ေက်ာ္နဲ႔ နယ္သာလန္မွာ ၂,၀၀ နီးပါးရွိေနပါတယ္။

ၿဗိတိန္မွာလည္း ကို႐ိုနာအေရးကိုင္တြယ္ႏိုင္ဖို႔ အေရးေပၚဥပေဒတစ္ရပ္ျပဌာန္းဖို႔ျပင္ေနၿပီး ဒီဥပေဒက က်န္းမာေရးေစတနာ့ဝန္ထမ္းေတြကို အကာအကြယ္ေပးႏိုင္မယ္လို႔လည္း ဆိုပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ကိုလန္ဘီယာ၊ ကိုစတာရီကာ၊ ေမာ္လ္တာ၊ ေမာ္လ္ဒိုက္နဲ႔ ပါရာေဂြးတို႔မွာလည္း ဗိုင္းရပ္စ္ကူးစက္သူေတြ ေတြ႕လာရၿပီ။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၃,၅၀၀ ေက်ာ္လာၿပီျဖစ္ၿပီး အမ်ားစုက တ႐ုတ္ႏိုင္ငံကျဖစ္ပါတယ္။

ကမာၻတစ္ဝန္းကူးစက္သူေပါင္း တစ္သိန္းေက်ာ္သြားၿပီျဖစ္လို႔ ဒီဗိုင္းရပ္စ္ အႏၲရာယ္ကို အလြန္အမင္းစိုးရိမ္ေၾကာင္းနဲ႔ ႏိုင္ငံေတြအေနနဲ႔ ဗိုင္းရပ္စ္ ကာကြယ္ေရး ဦးစားေပးအစီအစဥ္ေတြလုပ္ေဆာင္ဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHOကတိုက္တြန္းထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္မေတြ႕ေသးတဲ့ ကမာၻ႔ႏိုင္ငံက မတ္လ ၈ ရက္ေန႔အထိေတာ့ ျမန္မာအပါအဝင္ ႏိုင္ငံတခ်ိဳ႕ပဲ က်န္ရွိပါေတာ့တယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာကြောင့် အီတလီမှာ လူ ၁၆ သန်းကျော်ကို အဝင်အထွက် ပိတ်၊ ဗြိတိန်မှာ ဗိုင်းရပ်စ် ကိုင်တွယ်ဖို့ အရေးပေါ်ဥပဒေပြဌာန်းဖို့ပြင်
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဥရောပမှာတော့ အီတလီဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှုအဆိုးဆုံးအခြေအနေပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ အီတလီမှာ လွန်ဘာဒီပြည်နယ်နဲ့ နိုင်ငံရဲ့ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းက ဒေသ ၁၁ ခုကို အာဏာပိုင်တွေက ဝင်ထွက်သွားလာခွင့်ပိတ်ထားလိုက်ပါပြီ။

အဲဒီဒေသတွင်းမှာ စုစုပေါင်း လူ ၁၆ သန်းကျော်ရှိနေပြီး သူတို့ကို ဗိုင်းရပ်စ် ကင်းစင်မှုရှိမရှိ စောင့်ကြပ်ကြည့်ရှုတဲ့ကာလက ဧပြီလအစောပိုင်းထိ ဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ် ကူးစက်မှုကြောင့် အီတလီမှာ လူသေဆုံးမှုဟာ နေ့စဉ်နဲ့အမျှ ပိုပိုတိုးလာနေတာကြောင့် အခုအခါ အားကစားခန်းမတွေ ၊ ကလပ်တွေ၊ ပြတိုက်တွေ၊ ရေကူးကန်တွေနဲ့ နှင်းလျှောစီးအပန်းဖြေစခန်းတွေကို ပိတ်ဖို့ရှိနေပါပြီ။

အီတလီဟာ ဥရောပမှာ ဒီဗိုင်းရပ်စ်ကူးစက်မှုအဆိုးရွားဆုံးအဆင့်ရောက်နေပြီး မနေ့က မတ်လ ၇ ရက်တစ်ရက်တည်းမှာ မူလ ကူးစက်သူ ၁,၀၀၀ ကျော်ကနေ ၅,၀၀၀ ကျော်ထိ မြင့်တက်လာခဲ့ပြီး ၂၄ နာရီအတွင်း သေဆုံးသူ ၅၀ ကျော်ရှိလာတဲ့နောက် ခုလိုဒေသတွင်းနေရာတချို့ အဝင်အထွက်ပိတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကူးစက်ခံရသူပေါင်း တစ်သိန်းကျော်လာလို့ WHO ကလည်း အလွန်အမင်း စိုးရိမ်နေပါတယ်။

လက်ရှိမှာတော့ ဒီဗိုင်းရပ်စ်ကြောင့် အီတလီမှာ မတ်လ ၈ ရက်မနက်ပိုင်းအထိ သေဆုံးသူ ၂၃၀ ရှိနေပါတယ်။

တခြားဥရောပနိုင်ငံတွေထဲမှာတော့ ပြင်သစ်မှာ ကူးစက်သူ ၉,၀၀ ကျော်၊ ဂျာမနီမှာ ၇,၀၀ ကျော်၊ စပိန်မှာ ၄,၀၀ ကျော်၊ ဗြိတိန်မှာ ၂,၀၀ ကျော်နဲ့ နယ်သာလန်မှာ ၂,၀၀ နီးပါးရှိနေပါတယ်။

ဗြိတိန်မှာလည်း ကိုရိုနာအရေးကိုင်တွယ်နိုင်ဖို့ အရေးပေါ်ဥပဒေတစ်ရပ်ပြဌာန်းဖို့ပြင်နေပြီး ဒီဥပဒေက ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေကို အကာအကွယ်ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ကိုလန်ဘီယာ၊ ကိုစတာရီကာ၊ မော်လ်တာ၊ မော်လ်ဒိုက်နဲ့ ပါရာဂွေးတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်သူတွေ တွေ့လာရပြီ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃,၅၀၀ ကျော်လာပြီဖြစ်ပြီး အများစုက တရုတ်နိုင်ငံကဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းကူးစက်သူပေါင်း တစ်သိန်းကျော်သွားပြီဖြစ်လို့ ဒီဗိုင်းရပ်စ် အန္တရာယ်ကို အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ နိုင်ငံတွေအနေနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး ဦးစားပေးအစီအစဉ်တွေလုပ်ဆောင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOကတိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်မတွေ့သေးတဲ့ ကမ္ဘာ့နိုင်ငံက မတ်လ ၈ ရက်နေ့အထိတော့ မြန်မာအပါအဝင် နိုင်ငံတချို့ပဲ ကျန်ရှိပါတော့တယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာေၾကာင့္ အီတလီမွာ လူ ၁၆ သန္းေက်ာ္ကို အဝင္အထြက္ ပိတ္၊ ၿဗိတိန္မွာ ဗိုင္းရပ္စ္ ကိုင္တြယ္ဖို႔ အေရးေပၚဥပေဒျပဌာန္းဖို႔ျပင္ ကို႐ိုနာေၾကာင့္ အီတလီမွာ လူ ၁၆ သန္းေက်ာ္ကို အဝင္အထြက္ ပိတ္၊ ၿဗိတိန္မွာ ဗိုင္းရပ္စ္ ကိုင္တြယ္ဖို႔ အေရးေပၚဥပေဒျပဌာန္းဖို႔ျပင္ Reviewed by THITHTOOLWIN on 11:31 Rating: 5
Powered by Blogger.