ကိုဗစ္လူနာေတြနဲ႔သေဘၤာ ပနားမားတူးေျမာင္း ျဖတ္ခြင့္မရေသး


(Zawgyi / Unicode)

ပနားမားတူးေျမာင္းအနီး ေရာက္ေနတဲ့ Holland America အေပ်ာ္စီး ဇိမ္ခံသေဘၤာႀကီးေပၚမွာ ေသဆုံးသူ ၄ ဦးနဲ႔ ေနထုိင္မေကာင္း ျဖစ္လာတဲ့သူ ၁၃၈ ဦးထိ ရွိလာေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါႀကီးေၾကာင့္ ေရွ႕မတိုး ေနာက္မဆုတ္သာ ျဖစ္ေနပါတယ္။

Zaandam သေဘၤာေပၚ တက္လာတဲ့ ခရီးသည္ ၂ ဦးမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရတာကို စစ္ေဆးေတြ႔ရွိခဲ့သလို အျခားခရီးသည္ေတြလည္း တုပ္ေကြးနဲ႔ဆင္တူတဲ့ ေ၀ဒနာေတြ ခံစားေနရတယ္လို႔ Holland America သေဘၤာလိုင္းက ေသာၾကာေန႔မွာ သတင္းထုတ္ျပန္ပါတယ္။ ကို႐ုိနာဗိုင္းရပ္စ္ လကၡဏာဟာ တုပ္ေကြးနဲ႔ ဆင္တူပါတယ္။

သေဘၤာေပၚက ခရီးသည္ ၄ ဦး ဘာေၾကာင့္ေသဆုံးရသလဲ ဆိုတာကိုေတာ့ ေၾကညာခ်က္ထဲမွာ ေျပာမထားသလို ခရီးသည္ ဘယ္ႏွစ္ဦးကို ကို႐ိုနာဗုိင္းရပ္စ္ စစ္ေဆးထားသလဲ ဆိုတာကိုလည္း ေဖာ္ျပမထားပါဘူး။ က်န္းမာတဲ့ ခရီးသည္ေတြကိုေတာ့ အျခားသေဘၤာဆီ လႊဲေျပာင္းေပးလိုက္ၿပီလို႔လည္း Holland American ကုမၸဏီက ေျပာပါတယ္။

ၿပီးခဲ့တဲ့ စေန တနဂၤေႏြေန႔ကစၿပီး Zaandam သေဘၤာခရီးသည္ေတြၾကားမွာ တုပ္ေကြးလို လကၡဏာေတြ ခံစားလာရတယ္လို႔လည္း ကုမၸဏီက ေျပာပါတယ္။ အဲဒီလူေတြကိုေတာ့ သူတို႔အခန္းထဲမွာပဲ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကတည္းက သီးျခားခြဲေနခိုင္းထားၿပီး သေဘၤာ၀န္ထမ္းေတြက အစားအေသာက္ေတြကို သူတို႔အခန္းထဲထိ ပို႔ေပးထားတယ္လို႔ ဆိုပါတယ္။

ေဆး၀ါးေတြနဲ႔ ေဆးပစၥည္းကိရိယာေတြအျပင္ အပို က်န္းမာေရး၀န္ထမ္းေတြကိုလည္း သေဘၤာေပၚကို ၾကာသပေတးေန႔က ေခၚယူခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စု အေရွ႕ဘက္ကမ္း႐ိုးတန္းက ဖေလာ္ရီဒါျပည္နယ္ Fort Lauderdale ၿမိဳ႕ကို လာေရာက္ဖို႔ ပနားမားတူးေျမာင္းကို ျဖတ္သန္းခြင့္ အတည္ျပဳခ်က္ကို ေစာင့္ဆုိင္းေနတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္လည္း Fort Lauderdale ၿမိဳ႕မွာ ဆုိက္ကပ္ခြင့္ရမလား ဆိုတာကေတာ့ မသိရေသးပါဘူး။

မတ္လ ၁၆ ရက္ေန႔ကေတာ့ ခ်ီလီႏုိင္ငံမွာ သေဘၤာခရီးသည္ေတြ ဆင္းသက္ခြင့္ ေတာင္းခံခဲ့ေပမယ့္ ျငင္းပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။
-------------------------------------

(Unicode)

ကိုဗစ်လူနာတွေနဲ့သင်္ဘော ပနားမားတူးမြောင်း ဖြတ်ခွင့်မရသေး

ပနားမားတူးမြောင်းအနီး ရောက်နေတဲ့ Holland America အပျော်စီး ဇိမ်ခံသင်္ဘောကြီးပေါ်မှာ သေဆုံးသူ ၄ ဦးနဲ့ နေထိုင်မကောင်း ဖြစ်လာတဲ့သူ ၁၃၈ ဦးထိ ရှိလာပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေပါတယ်။

Zaandam သင်္ဘောပေါ် တက်လာတဲ့ ခရီးသည် ၂ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့သလို အခြားခရီးသည်တွေလည်း တုပ်ကွေးနဲ့ဆင်တူတဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ Holland America သင်္ဘောလိုင်းက သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာဟာ တုပ်ကွေးနဲ့ ဆင်တူပါတယ်။

သင်္ဘောပေါ်က ခရီးသည် ၄ ဦး ဘာကြောင့်သေဆုံးရသလဲ ဆိုတာကိုတော့ ကြေညာချက်ထဲမှာ ပြောမထားသလို ခရီးသည် ဘယ်နှစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးထားသလဲ ဆိုတာကိုလည်း ဖော်ပြမထားပါဘူး။ ကျန်းမာတဲ့ ခရီးသည်တွေကိုတော့ အခြားသင်္ဘောဆီ လွှဲပြောင်းပေးလိုက်ပြီလို့လည်း Holland American ကုမ္ပဏီက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေ တနင်္ဂနွေနေ့ကစပြီး Zaandam သင်္ဘောခရီးသည်တွေကြားမှာ တုပ်ကွေးလို လက္ခဏာတွေ ခံစားလာရတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။ အဲဒီလူတွေကိုတော့ သူတို့အခန်းထဲမှာပဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက သီးခြားခွဲနေခိုင်းထားပြီး သင်္ဘောဝန်ထမ်းတွေက အစားအသောက်တွေကို သူတို့အခန်းထဲထိ ပို့ပေးထားတယ်လို့ ဆိုပါတယ်။

ဆေးဝါးတွေနဲ့ ဆေးပစ္စည်းကိရိယာတွေအပြင် အပို ကျန်းမာရေးဝန်ထမ်းတွေကိုလည်း သင်္ဘောပေါ်ကို ကြာသပတေးနေ့က ခေါ်ယူခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းက ဖလော်ရီဒါပြည်နယ် Fort Lauderdale မြို့ကို လာရောက်ဖို့ ပနားမားတူးမြောင်းကို ဖြတ်သန်းခွင့် အတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့်လည်း Fort Lauderdale မြို့မှာ ဆိုက်ကပ်ခွင့်ရမလား ဆိုတာကတော့ မသိရသေးပါဘူး။

မတ်လ ၁၆ ရက်နေ့ကတော့ ချီလီနိုင်ငံမှာ သင်္ဘောခရီးသည်တွေ ဆင်းသက်ခွင့် တောင်းခံခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

VOA Burmese News
https://burmese.voanews.com/a/covid19-zaandam-…/5349949.html
ကိုဗစ္လူနာေတြနဲ႔သေဘၤာ ပနားမားတူးေျမာင္း ျဖတ္ခြင့္မရေသး ကိုဗစ္လူနာေတြနဲ႔သေဘၤာ ပနားမားတူးေျမာင္း ျဖတ္ခြင့္မရေသး Reviewed by THITHTOOLWIN on 00:23 Rating: 5
Powered by Blogger.