ဧည့္လမ္းၫႊန္ အမ်ိဳးသမီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရ


ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ လူနာ ရွစ္ဦးကို ျမန္မာႏိုင္ငံအတြင္းမွာ မေန႔ညကအထိ ေတြ႕ရွိထားၿပီး ပထမဆုံး ျပည္တြင္းကူးစပ္တဲ့လူနာ တစ္ဦးကိုလည္း မေန႔က စတင္ေတြ႕ရွိခဲ့ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ မေန႔ညကထုတ္ျပန္ခ်က္မွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိသူ သုံးဦး ထပ္တိုးခဲ့ၿပီး ေရာဂါကူးစက္ခံထားရသူ စုစုေပါင္း ရွစ္ဦးအထိ ရွိလာပါတယ္။

မေန႔က ေတြ႕ရွိသူေတြထဲက အသက္ ၆၀ ဧည့္လမ္းၫႊန္ အမ်ိဳးသမီးတစ္ဦးဟာ ျပည္ပႏိုင္ငံေတြကို သြားေရာက္ခဲ့တာမရွိဘဲ ျပည္တြင္းမွာပဲေနထိုင္ၿပီး ေရာဂါကူးစပ္ခံထားရေၾကာင္း ေတြ႕ရွိတဲ့ ပထမဆုံးလူနာ ျဖစ္လာပါတယ္။

အဲဒီဧည္လမ္းၫႊန္ အမ်ိဳးသမီးေနထိုင္တဲ့ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္ ဆရာစံေျမာက္အေရွ႕ရပ္ကြက္ ေက်ာက္ေရတြင္းလမ္းရွိ ေနအိမ္ကို အသြားအလာပိတ္လိုက္ၿပီလို႔ ျပည့္သူလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းျမင့္က ေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ သူအိမ္ကို Lock down လုပ္ထားပါတယ္၊ သူနဲ႔ ထိေတြ႕ဆက္ဆံခဲ့တဲ့လူေတြ၊ သူသြားခဲ့တဲ့ေနရာေတြကို သက္ဆိုင္ရာက ေစာင့္ၾကည္ဖို႔လုပ္ေနပါတယ္”

ေရာဂါကူးစက္ခံထားရတဲ့ ဧည္လမ္းၫႊန္ အမ်ိဳးသမီးဟာ ျပင္သစ္ႏိုင္ငံသား ခရီးသြားဧည့္သည္ေတြနဲ႔အတူ ဒီလထဲမွာ မႏၲေလး၊ မုံ႐ြာနဲ႔ ပုဂံေဒသေတြကို ခရီးသြားခဲ့ပါတယ္။

ဒါေၾကာင့္ အဲဒီဧည့္သည္ေတြဆီက ကူးစက္ခံရတာ ျဖစ္ႏိုင္တယ္လို႔လည္း ဦးထြန္းျမင့္က ေျပာပါတယ္။

ႏိုင္ငံျခားကို ခရီးမသြားဘဲ ျပည္တြင္းမွာကူးစက္ခံရတဲ့ ပထမဆုံးလူနာ ေတြ႕ရွိတာေၾကာင့္ ကို႐ိုနာအႏၲရာယ္ဟာ စိုးရိမ္စရာျဖစ္လာၿပီလို႔ ေဒါက္တာ ဥကၠာၾကည္ဝင္းက ေျပာပါတယ္။

“တာဝန္ရွိသူေတြ ေျပာတာေတာ့ ျပည္တြင္းကူးစက္မႈ စေတ့ြၿပီ၊ စေတြ႕ၿပီဆိုေတာ့ ပိုၿပီးသတိထားရမယ့္ အေျခအေနေပါ့ေလ၊ တဖက္က စဥ္းစားၾကည္ေတာ့လည္း စလို႔ေတြ႕တာေလ၊ မစစ္ဘဲနဲ႔ အျခားပ်ံ႕ႏွံ႔ေန တာလည္း ရွိႏိုင္တာပဲ၊ ဒီထက္ပိုၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ စစ္ႏိုင္ရင္ေတာ့ positive ျဖစ္တဲ့လူနာ ဒီထက္ ပိုမ်ားမ်ား ေတြ႕ႏိုင္တယ္၊ positive ျဖစ္တဲ့လူနာ စေတြ႕ၿပီဆိုကတည္းက စိုးရိမ္ရတဲ့ အေျခအေနကစၿပီ၊ အားလုံးရဲ႕ သတိထားမႈ၊ သတိျပဳမႈက ဒီထက္မေလ်ာ့သြားေစခ်င္ဘူး”

လက္ရွိမွာ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲခန္းကပဲ ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိ၊ မရွိ စစ္ေဆးႏိုင္တာေၾကာင့္ အနည္းငယ္ပဲစစ္ေဆးႏိုင္ၿပီး ဒီထက္ပိုစစ္ႏိုင္မယ္ဆိုရင္ ေရာဂါပိုးေတြ႕တဲ့ အေရအတြက္လည္း ပိုမ်ားႏိုင္တယ္လို႔ ေဒါက္တာ ဥကၠာၾကည္ဝင္းက ဆိုပါတယ္။

ျပည္တြင္းမွာ ေရာဂါပိုး ကူးစက္ခံရသူ ေတြ႕ရွိတဲ့အေပၚ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ခင္ခင္ႀကီးက ေျပာပါတယ္။

“အဓိက စိုးရိမ္တာကို လက္ခံပါတယ္၊ ဘယ္သူမဆို ဒီေရာဂါက အသစ္ဆိုေတာ့ ဘယ္သူမွ ကိုယ္ခံအား မရွိေသးဘူး၊ တျခားကမာၻ႔ႏိုင္ငံေတြမွာ ကူးစက္မႈႏႈန္းမ်ားေနေတာ့ စိုးရိမ္တာ လက္ခံပါတယ္၊ သို႔ေသာ္ စိုးရိမ္ေန႐ုံနဲ႔ မၿပီးဘဲနဲ႔ လုပ္သင့္လုပ္ထိုက္တာကို လုပ္မွသာ ေရာဂါကို ကာကြယ္ႏိုင္မွာျဖစ္ပါတယ္”

ဥေရာပႏိုင္ငံေတြက ခရီးသြားဧည္သည္ေတြဟာ ဒီလပိုင္းအတြင္း ဝင္ေရာက္မႈနည္းသြားသလို တခ်ိဳ႕ခရီးသြား ကုမၸဏီေတြကလည္း ခရီးစဥ္ေတြကို ရပ္တန႔္လိုက္တာေတြရွိပါတယ္။

လက္ရွိအခ်ိန္မွာလည္း ျမန္မာအစိုးရ ဥေရာပႏိုင္ငံ တခ်ိဳ႕ကခရီးသြားေတြကို ကန႔္သတ္လိုက္ပါတယ္။

ဒါေပမဲ့ ျမန္မာအစိုးရက ကန႔္သတ္မႈေတြ မလုပ္ခင္အတြင္း ဝင္ေရာက္ေနတဲ့ ဧည္သည္တခ်ိဳ႕ရွိေနၿပီး ဧည္လမ္းၫႊန္မပါဘဲ သြားလာေနတာေတြရွိတယ္လို႔ ခရီးသြားဧည္လမ္းၫႊန္ေတြက ဆိုပါတယ္။

ဥေရာပႏိုင္ငံသား ခရီးသြားတခ်ိဳ႕ဟာ ဒီလကုန္အထိ ျပည္တြင္းမွာရွိေနႏိုင္ၿပီး ဧည္လမ္းၫႊန္မပါဘဲ သြားလာေနတာေၾကာင့္ သူတို႔ဆီကေန ကူးစက္မွာလည္း စိုးရိမ္တယ္လို႔ စပိန္ဧည့္လမ္းၫႊန္ တစ္ဦးျဖစ္တဲ့ မခ်ိဳတာက ေျပာပါတယ္။

“ေနာက္ဆုံး ဒီလကုန္အထိ စာရင္းေပးထားရတယ္ဆိုေတာ့ လကုန္ေတာ့ ျပန္ၾကရမွာပဲေလ၊ တခ်ိဳ႕ႏိုင္ငံသားေတြက ျပန္ရေတာ့မယ္ဆိုေတာ့ ဂိုက္မပါလည္း သြားေနလာေနတာေတြ ေတြ႕ေနတဲ့အခါက်ေတာ့ အစ္မတို႔က နည္းနည္းေတာ့ စိုးရိမ္တယ္”

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြထဲမွာ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕ကေန ျပန္လာတဲ့ ကုလသမဂၢ႐ုံးဝန္ထမ္း အမ်ိဳးသမီးတစ္ဦးလည္း ပါဝင္ပါတယ္။

သူဟာ ရွမ္းျပည္နယ္ေတာင္ပိုင္းကို သြားေရာက္ခဲ့တယ္ဆိုၿပီး လူမႈစာမ်က္ႏွာေတြမွာ ပ်ံ႕ႏွံ႔ေနပါတယ္။

ကုလသမဂၢ႐ုံး ျမန္မာျပည္ေျပာေရးဆိုခြင့္ရွိသူ ဦးေအးဝင္းကေတာ့ သူတို႔ဝန္ထမ္းဟာ ျမန္မာႏိုင္ငံကို ျပန္ေရာက္ခ်ိန္ကတည္းက အျပင္ကိုမထြက္ဘဲ ၁၄ ရက္ ကိုယ္ဟာကို ေစာင့္ၾကည္လူနာအျဖစ္ ေနထိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

“သူျပန္လာတဲ့အခ်ိန္မွာ Self-quarantine လုပ္တယ္ ေျပာတယ္၊ က်ေနာ္တို႔ ဝန္ထမ္းေတြ အားလုံးဟာ UN ရဲ႕ စည္းမ်ဥ္းအရ ဝန္ထမ္းေတြဟာ ျပန္လာရင္ Self-quarantine လုပ္ရတာခ်ည္းပဲ၊ ေလာေလာဆယ္ ဝန္ထမ္းနဲ႔ ပတ္သက္လို႔ကေတာ့ က်န္းမာေရး အေျခအေန ေကာင္းတယ္ပဲ ဆိုရမွာေပါေနာ္”

က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ရွစ္ဦးရွိၿပီး ေစာင့္ၾကည္လူနာ ၆၈ ဦးရွိပါတယ္။

မေန႔ညက ထုတ္ျပန္ခ်က္အရ မတ္လ ၂၆ ရက္ေန႔အထိ ေရာဂါပိုးကူးစက္ခံရသူ ငါးဦးထဲက ေလးဦးဟာ က်န္းမာေရး တိုးတက္ေကာင္းမြန္ေနၿပီး ရန္ကုန္ေဆး႐ုံႀကီးမွာ တက္ေရာက္ကုသေနတဲ့ လူနာကို ေဝဘာဂီအထူးကုေဆး႐ုံကို ေျပာင္းေ႐ႊ႕ၿပီး အထူးၾကပ္မတ္ကုသေဆာင္မွာ ကုသေပးေနတယ္လို႔ ဆိုပါတယ္။

ဗိုင္းရပ္စ္ကူးစက္ခံထားရသူေတြရဲ႕ အေျခအေနကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ခင္ခင္ႀကီးက ေျပာပါတယ္။

“လူနာ ရွစ္ဦးမွာ နံပါတ္ငါး လူနာကလြဲၿပီး က်န္တဲ့လူေတြက အေျခအေနေကာင္းပါတယ္၊ စိုးရိမ္ရတဲ့ အေျခ အေန မရွိပါဘူး၊ သာမန္လကၡဏာေတြပါပဲ၊ နံပါတ္ငါး လူနာကေတာ့ နဂိုကတည္းက ႏွာေခါင္းကင္ဆာ ျဖစ္တယ္၊ ၾသစေၾတးလ်မွာေတာ့ တစ္လ ေဆးသြားကုတယ္၊ ဓာတ္ေရာင္ျခည္ကုတာေတြပါ ခံယူထားတယ္၊ လာကတည္းက သူက အေျခအေန မေကာင္းဘူး၊ ဒါေပမဲ့ လက္ရွိမွာ အသက္ရွင္လ်က္ရွိေနေသးတယ္”

လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိထားေတြဟာ ခ်င္းျပည္နယ္ တီးတိန္ေဆး႐ုံမွာ တစ္ဦး၊ ရန္ကုန္ၿမိဳ႕ ေဝဘာဂီ ေဆး႐ုံမွာ ငါးဦး၊ မႏၲေလး ကန္ေတာ္နဒီေဆး႐ုံမွာ တစ္ဦးနဲ႔ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံမွာ တစ္ဦး စုစုေပါင္း ရွစ္ဦးရွိေနတာပါ။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိသူေတြ ေနထိုင္ခဲ့တဲ့ ရန္ကုန္တိုင္းမွာ ေမွာ္ဘီၿမိဳ႕နယ္က ရွင္ေဆကိႏၵေက်ာင္း၊ အင္းစိန္၊ မဂၤလာေတာင္ၫႊန္နဲ႔ ဗဟန္းၿမိဳ႕နယ္ေတြက ေနအိမ္ေတြနဲ႔ လမ္းေတြကို ဝင္ထြက္သြားလာခြင့္ေတြ ပိတ္ပင္ထား ပါတယ္။

ေက်ာ္လြင္ဦး
RFA Burmese
https://www.rfa.org/burmese/news/myanmar-tourguide-was-infected-with-coronavirus-03282020025934.html
-------------------------------
ဧည့်လမ်းညွှန် အမျိုးသမီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာ ရှစ်ဦးကို မြန်မာနိုင်ငံအတွင်းမှာ မနေ့ညကအထိ တွေ့ရှိထားပြီး ပထမဆုံး ပြည်တွင်းကူးစပ်တဲ့လူနာ တစ်ဦးကိုလည်း မနေ့က စတင်တွေ့ရှိခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ညကထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူ သုံးဦး ထပ်တိုးခဲ့ပြီး ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ရှစ်ဦးအထိ ရှိလာပါတယ်။

မနေ့က တွေ့ရှိသူတွေထဲက အသက် ၆၀ ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးဟာ ပြည်ပနိုင်ငံတွေကို သွားရောက်ခဲ့တာမရှိဘဲ ပြည်တွင်းမှာပဲနေထိုင်ပြီး ရောဂါကူးစပ်ခံထားရကြောင်း တွေ့ရှိတဲ့ ပထမဆုံးလူနာ ဖြစ်လာပါတယ်။

အဲဒီဧည်လမ်းညွှန် အမျိုးသမီးနေထိုင်တဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံမြောက်အရှေ့ရပ်ကွက် ကျောက်ရေတွင်းလမ်းရှိ နေအိမ်ကို အသွားအလာပိတ်လိုက်ပြီလို့ ပြည့်သူလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။

“လောလောဆယ်တော့ သူအိမ်ကို Lock down လုပ်ထားပါတယ်၊ သူနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့လူတွေ၊ သူသွားခဲ့တဲ့နေရာတွေကို သက်ဆိုင်ရာက စောင့်ကြည်ဖို့လုပ်နေပါတယ်”

ရောဂါကူးစက်ခံထားရတဲ့ ဧည်လမ်းညွှန် အမျိုးသမီးဟာ ပြင်သစ်နိုင်ငံသား ခရီးသွားဧည့်သည်တွေနဲ့အတူ ဒီလထဲမှာ မန္တလေး၊ မုံရွာနဲ့ ပုဂံဒေသတွေကို ခရီးသွားခဲ့ပါတယ်။

ဒါကြောင့် အဲဒီဧည့်သည်တွေဆီက ကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့လည်း ဦးထွန်းမြင့်က ပြောပါတယ်။

နိုင်ငံခြားကို ခရီးမသွားဘဲ ပြည်တွင်းမှာကူးစက်ခံရတဲ့ ပထမဆုံးလူနာ တွေ့ရှိတာကြောင့် ကိုရိုနာအန္တရာယ်ဟာ စိုးရိမ်စရာဖြစ်လာပြီလို့ ဒေါက်တာ ဥက္ကာကြည်ဝင်းက ပြောပါတယ်။

“တာဝန်ရှိသူတွေ ပြောတာတော့ ပြည်တွင်းကူးစက်မှု စတေ့ွပြီ၊ စတွေ့ပြီဆိုတော့ ပိုပြီးသတိထားရမယ့် အခြေအနေပေါ့လေ၊ တဖက်က စဉ်းစားကြည်တော့လည်း စလို့တွေ့တာလေ၊ မစစ်ဘဲနဲ့ အခြားပျံ့နှံ့နေ တာလည်း ရှိနိုင်တာပဲ၊ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စစ်နိုင်ရင်တော့ positive ဖြစ်တဲ့လူနာ ဒီထက် ပိုများများ တွေ့နိုင်တယ်၊ positive ဖြစ်တဲ့လူနာ စတွေ့ပြီဆိုကတည်းက စိုးရိမ်ရတဲ့ အခြေအနေကစပြီ၊ အားလုံးရဲ့ သတိထားမှု၊ သတိပြုမှုက ဒီထက်မလျော့သွားစေချင်ဘူး”

လက်ရှိမှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းကပဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးနိုင်တာကြောင့် အနည်းငယ်ပဲစစ်ဆေးနိုင်ပြီး ဒီထက်ပိုစစ်နိုင်မယ်ဆိုရင် ရောဂါပိုးတွေ့တဲ့ အရေအတွက်လည်း ပိုများနိုင်တယ်လို့ ဒေါက်တာ ဥက္ကာကြည်ဝင်းက ဆိုပါတယ်။

ပြည်တွင်းမှာ ရောဂါပိုး ကူးစက်ခံရသူ တွေ့ရှိတဲ့အပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

“အဓိက စိုးရိမ်တာကို လက်ခံပါတယ်၊ ဘယ်သူမဆို ဒီရောဂါက အသစ်ဆိုတော့ ဘယ်သူမှ ကိုယ်ခံအား မရှိသေးဘူး၊ တခြားကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်မှုနှုန်းများနေတော့ စိုးရိမ်တာ လက်ခံပါတယ်၊ သို့သော် စိုးရိမ်နေရုံနဲ့ မပြီးဘဲနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်မှသာ ရောဂါကို ကာကွယ်နိုင်မှာဖြစ်ပါတယ်”

ဥရောပနိုင်ငံတွေက ခရီးသွားဧည်သည်တွေဟာ ဒီလပိုင်းအတွင်း ဝင်ရောက်မှုနည်းသွားသလို တချို့ခရီးသွား ကုမ္ပဏီတွေကလည်း ခရီးစဉ်တွေကို ရပ်တန့်လိုက်တာတွေရှိပါတယ်။

လက်ရှိအချိန်မှာလည်း မြန်မာအစိုးရ ဥရောပနိုင်ငံ တချို့ကခရီးသွားတွေကို ကန့်သတ်လိုက်ပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရက ကန့်သတ်မှုတွေ မလုပ်ခင်အတွင်း ဝင်ရောက်နေတဲ့ ဧည်သည်တချို့ရှိနေပြီး ဧည်လမ်းညွှန်မပါဘဲ သွားလာနေတာတွေရှိတယ်လို့ ခရီးသွားဧည်လမ်းညွှန်တွေက ဆိုပါတယ်။

ဥရောပနိုင်ငံသား ခရီးသွားတချို့ဟာ ဒီလကုန်အထိ ပြည်တွင်းမှာရှိနေနိုင်ပြီး ဧည်လမ်းညွှန်မပါဘဲ သွားလာနေတာကြောင့် သူတို့ဆီကနေ ကူးစက်မှာလည်း စိုးရိမ်တယ်လို့ စပိန်ဧည့်လမ်းညွှန် တစ်ဦးဖြစ်တဲ့ မချိုတာက ပြောပါတယ်။

“နောက်ဆုံး ဒီလကုန်အထိ စာရင်းပေးထားရတယ်ဆိုတော့ လကုန်တော့ ပြန်ကြရမှာပဲလေ၊ တချို့နိုင်ငံသားတွေက ပြန်ရတော့မယ်ဆိုတော့ ဂိုက်မပါလည်း သွားနေလာနေတာတွေ တွေ့နေတဲ့အခါကျတော့ အစ်မတို့က နည်းနည်းတော့ စိုးရိမ်တယ်”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ ပြန်လာတဲ့ ကုလသမဂ္ဂရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။

သူဟာ ရှမ်းပြည်နယ်တောင်ပိုင်းကို သွားရောက်ခဲ့တယ်ဆိုပြီး လူမှုစာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

ကုလသမဂ္ဂရုံး မြန်မာပြည်ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းကတော့ သူတို့ဝန်ထမ်းဟာ မြန်မာနိုင်ငံကို ပြန်ရောက်ချိန်ကတည်းက အပြင်ကိုမထွက်ဘဲ ၁၄ ရက် ကိုယ်ဟာကို စောင့်ကြည်လူနာအဖြစ် နေထိုင်ခဲ့တယ်လို့ ပြောပါတယ်။

“သူပြန်လာတဲ့အချိန်မှာ Self-quarantine လုပ်တယ် ပြောတယ်၊ ကျနော်တို့ ဝန်ထမ်းတွေ အားလုံးဟာ UN ရဲ့ စည်းမျဉ်းအရ ဝန်ထမ်းတွေဟာ ပြန်လာရင် Self-quarantine လုပ်ရတာချည်းပဲ၊ လောလောဆယ် ဝန်ထမ်းနဲ့ ပတ်သက်လို့ကတော့ ကျန်းမာရေး အခြေအနေ ကောင်းတယ်ပဲ ဆိုရမှာပေါနော်”

ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ရှစ်ဦးရှိပြီး စောင့်ကြည်လူနာ ၆၈ ဦးရှိပါတယ်။

မနေ့ညက ထုတ်ပြန်ချက်အရ မတ်လ ၂၆ ရက်နေ့အထိ ရောဂါပိုးကူးစက်ခံရသူ ငါးဦးထဲက လေးဦးဟာ ကျန်းမာရေး တိုးတက်ကောင်းမွန်နေပြီး ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ လူနာကို ဝေဘာဂီအထူးကုဆေးရုံကို ပြောင်းရွှေ့ပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေရဲ့ အခြေအနေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

“လူနာ ရှစ်ဦးမှာ နံပါတ်ငါး လူနာကလွဲပြီး ကျန်တဲ့လူတွေက အခြေအနေကောင်းပါတယ်၊ စိုးရိမ်ရတဲ့ အခြေ အနေ မရှိပါဘူး၊ သာမန်လက္ခဏာတွေပါပဲ၊ နံပါတ်ငါး လူနာကတော့ နဂိုကတည်းက နှာခေါင်းကင်ဆာ ဖြစ်တယ်၊ သြစတြေးလျမှာတော့ တစ်လ ဆေးသွားကုတယ်၊ ဓာတ်ရောင်ခြည်ကုတာတွေပါ ခံယူထားတယ်၊ လာကတည်းက သူက အခြေအနေ မကောင်းဘူး၊ ဒါပေမဲ့ လက်ရှိမှာ အသက်ရှင်လျက်ရှိနေသေးတယ်”

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိထားတွေဟာ ချင်းပြည်နယ် တီးတိန်ဆေးရုံမှာ တစ်ဦး၊ ရန်ကုန်မြို့ ဝေဘာဂီ ဆေးရုံမှာ ငါးဦး၊ မန္တလေး ကန်တော်နဒီဆေးရုံမှာ တစ်ဦးနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ တစ်ဦး စုစုပေါင်း ရှစ်ဦးရှိနေတာပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေ နေထိုင်ခဲ့တဲ့ ရန်ကုန်တိုင်းမှာ မှော်ဘီမြို့နယ်က ရှင်ဆေကိန္ဒကျောင်း၊ အင်းစိန်၊ မင်္ဂလာတောင်ညွှန်နဲ့ ဗဟန်းမြို့နယ်တွေက နေအိမ်တွေနဲ့ လမ်းတွေကို ဝင်ထွက်သွားလာခွင့်တွေ ပိတ်ပင်ထား ပါတယ်။

ေက်ာ္လြင္ဦး
RFA Burmese
https://www.rfa.org/burmese/news/myanmar-tourguide-was-infected-with-coronavirus-03282020025934.html
ဧည့္လမ္းၫႊန္ အမ်ိဳးသမီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရ ဧည့္လမ္းၫႊန္ အမ်ိဳးသမီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရ Reviewed by THITHTOOLWIN on 00:23 Rating: 5
Powered by Blogger.