ကိုဗစ္၁၉-မဂၤလာေတာင္ၫြန႔္က ကိုဗစ္လူနာရဲ႕ ယာဥ္ေမာင္းကို သာေကတေနအိမ္မွာ ေစာင့္ၾကပ္ၾကည့္ရႈ

၁၀၁ လမ္းကို ပိုးသတ္ေဆးေတြသုံးႀကိမ္ျဖန္းထားပါတယ္။
(Zawgyi)⤵⤵⤵
အစိုးရက မတ္လ ၂၇ ရက္အေစာပိုင္းမွာ ထုတ္ျပန္ခဲ့တဲ့ ကိုဗစ္၁၉ ကူးစက္ခံရသူ အမ်ိဳးသားလူနာ ေနထိုင္ရာ ရန္ကုန္ၿမိဳ႕၊ မဂၤလာေတာင္ၫြန႔္က ရွစ္ထပ္တိုက္မွာေနသူေတြအားလုံးကိုအဝင္အထြက္ ကန႔္သတ္ထားပါတယ္။

လမ္းထဲက တျခားေနအိမ္ေတြကိုေတာ့ ျပင္ပကို ဝင္ထြက္သြားလာခြင့္ ျပဳထားပါတယ္။

ဒါေပမဲ့ ၁၀၁ လမ္းထဲကို လမ္းမိသားစုဝင္မဟုတ္တဲ့ ျပင္ပက လူ၊ ယာဥ္ ဘာတစ္ခုမွ ေပးမဝင္ေတာ့ဘဲ ပိတ္ထားလိုက္ၿပီ ျဖစ္ပါတယ္။

လူနာမိသားစုရဲ႕ ယာဥ္ေမာင္းက သာေကတၿမိဳ႕နယ္၊အေနာ္မာရပ္ကြက္ထဲက ျဖစ္ၿပီး သူက ရန္ကုန္ေဆး႐ုံႀကီးမွာ ဒီကေန႔ မတ္လ ၂၇ ရက္မွာ ေဆးစစ္မႈခံယူခဲ့တယ္လို႔ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ဖို႔ေျမရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ဝင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။
၁၀၁ လမ္းနဲ႔ကပ္ေနတဲ့ လမ္း ၁၃၀ ကိုပါ စိတ္ခ်ရေအာင္လို႔ ပိုးသတ္ေဆးျဖန္းခဲ့ၾကတာပါ။
"သူ႔ေဆးစစ္ခ်က္ေတာ့ clear ျဖစ္တယ္လို႔ သိရပါတယ္။ သာေကတၿမိဳ႕နယ္က်န္းမာေရးဌာနကလည္း သူ႔ေနအိမ္ကို သြားၿပီးပါၿပီ။ သူ႔ကိုအိမ္ကေန အိမ္ျပင္မထြက္ဖို႔မွာထားတယ္။ သူလည္း အိမ္မွာပဲ တာဝန္ရွိသူေတြကို ေစာင့္ေနတာပါ"လို႔ သူက ေျပာပါတယ္။

ကိုဗစ္၁၉ လူနာကိုေတာ့ ဒီကေန႔မနက္ ၁ နာရီ ၄၅ မိနစ္မွာ ေဝဘာဂီအထူးကုေဆး႐ုံရဲ႕ အထူးၾကပ္မတ္ကုသေဆာင္ကို ပို႔ေဆာင္ထားတယ္လို႔ ဦးေဇာ္ဝင္းထြန္းက ေျပာပါတယ္။ ဒီလူနာနဲ႔အနီးကပ္ထိေတြ႕ခဲ့သူထဲက သမီးျဖစ္သူအပါအဝင္ မိသားစုဝင္တခ်ိဳ႕ကိုလည္း ေဝဘာဂီေဆး႐ုံမွာ ေစာင့္ၾကပ္ၾကည့္ရႈဖို႔ ေခၚေဆာင္သြားတယ္လို႔ဆိုပါတယ္။

"သူက ေရာဂါအခံေတာ့ရွိတာေပါ့ေနာ္။ လက္ရွိမွာေတာ့ ေအးေဆးပါပဲ"လို႔လူနာအေျခအေနနဲ႔ပတ္သက္ၿပီး သူက ေျပာပါတယ္။

လူနာေနထိုင္တဲ့ ၁၀၁ လမ္းကို ပိုးသတ္ေဆးသုံးခါျဖန္းၿပီးတဲ့အျပင္ အဲဒီလမ္းနဲ႔ကပ္ရက္ လမ္း ၁၃၀ ကိုပါ စိတ္ခ်ရေအာင္ တစ္ႀကိမ္ ေဆးျဖန္း ေပးထားပါတယ္လို႔ ဦးေဇာ္ဝင္းထြန္းက ေျပာပါတယ္။

ကိုဗစ္၁၉ လူနာနဲ႔အတူေနထိုင္တဲ့ မိသားစုဝင္က ၂၀ ဦးရွိၿပီး က်န္တဲ့ တိုက္ခန္းေတြမွာလည္း ေဆြမ်ိဳးေတြပဲ ေနထိုင္ၾကတာျဖစ္တယ္လို႔ သိရပါတယ္။ ေလာေလာဆယ္ တစ္တိုက္လုံးကို စားေရးေသာက္ေရး စီစဥ္ေပးဖို႔ ကမ္းလွမ္းတဲ့အခါ လတ္တေလာ ျပည့္စုံေနေၾကာင္း တုံ႔ျပန္တယ္လို႔ ဦးေဇာ္ဝင္းထြန္းကေျပာပါတယ္။

အခု ကိုဗစ္၁၉ လူနာဟာ အသက္ ၆၉ ႏွစ္အ႐ြယ္ အသက္ႀကီးပိုင္းအမ်ိဳးသားႀကီးျဖစ္ၿပီး ႏွာေခါင္းကင္ဆာေရာဂါေၾကာင့္ ႏိုင္ငံျခားမွာ ေဆးကုသမႈ မၾကာခဏ ခံယူေနရတာ ႏွစ္ႏွစ္ရွိၿပီျဖစ္ပါတယ္။

သူဟာ ၾသစေၾတးလ်မွာ တစ္လ ေဆးကုခဲ့ၿပီးေနာက္ စင္ကာပူမွာ ေလးရက္ၾကာေနခဲ့ပါတယ္။ အဲဒီေနာက္ ျမန္မာႏိုင္ငံကို မတ္လ ၁၄ ရက္မွာ ျပန္လည္ေရာက္ရွိခဲ့ပါတယ္။

မတ္လ ၁၈ ရက္ေန႔မွာ ဖ်ားနာ၊ ေခ်ာင္းဆိုး၊ လည္ေခ်ာင္းနာလကၡဏာေတြခံစားခဲ့ရလို႔ ရန္ကုန္ေဆး႐ုံႀကီးရဲ႕ အထူးၾကပ္မတ္ကုသခန္းမွာ မတ္လ ၂၅ ရက္စၿပီး ေစာင့္ၾကည့္လူနာအျဖစ္ ကုသေပးခဲ့တာျဖစ္ပါတယ္။

လူနာဆီက ဓာတ္ခြဲနမူနာယူၿပီး အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(ရန္ကုန္) ကိုေပးပို႔စစ္ေဆးခဲ့တဲ့အခါ မတ္လ ၂၆ ရက္မွာ ေရာဂါပိုး ေတြ႕ရွိခဲ့တယ္လို႔ အစိုးရရဲ႕ သတင္းထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ဒီလူနာအပါအဝင္ ျမန္မာမွာ ကိုဗစ္၁၉ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ငါးဦးရွိၿပီး က်န္းေလးဦးဟာ အသက္ ၂၀ ေက်ာ္နဲ႔ ၃၀ ေက်ာ္အ႐ြယ္ လူလတ္ပိုင္း အမ်ိဳးသားေတြ ျဖစ္ၾကပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52061460

--------------------------------------------------------

ကိုဗစ်၁၉-မင်္ဂလာတောင်ညွန့်က ကိုဗစ်လူနာရဲ့ ယာဉ်မောင်းကို သာကေတနေအိမ်မှာ စောင့်ကြပ်ကြည့်ရှု
၁၀၁ လမ်းကို ပိုးသတ်ဆေးတွေသုံးကြိမ်ဖြန်းထားပါတယ်။
(Unicode)⤵⤵⤵
အစိုးရက မတ်လ ၂၇ ရက်အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်၁၉ ကူးစက်ခံရသူ အမျိုးသားလူနာ နေထိုင်ရာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်က ရှစ်ထပ်တိုက်မှာနေသူတွေအားလုံးကိုအဝင်အထွက် ကန့်သတ်ထားပါတယ်။

လမ်းထဲက တခြားနေအိမ်တွေကိုတော့ ပြင်ပကို ဝင်ထွက်သွားလာခွင့် ပြုထားပါတယ်။

ဒါပေမဲ့ ၁၀၁ လမ်းထဲကို လမ်းမိသားစုဝင်မဟုတ်တဲ့ ပြင်ပက လူ၊ ယာဉ် ဘာတစ်ခုမှ ပေးမဝင်တော့ဘဲ ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

လူနာမိသားစုရဲ့ ယာဉ်မောင်းက သာကေတမြို့နယ်၊အနော်မာရပ်ကွက်ထဲက ဖြစ်ပြီး သူက ရန်ကုန်ဆေးရုံကြီးမှာ ဒီကနေ့ မတ်လ ၂၇ ရက်မှာ ဆေးစစ်မှုခံယူခဲ့တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
၁၀၁ လမ်းနဲ့ကပ်နေတဲ့ လမ်း ၁၃၀ ကိုပါ စိတ်ချရအောင်လို့ ပိုးသတ်ဆေးဖြန်းခဲ့ကြတာပါ။
"သူ့ဆေးစစ်ချက်တော့ clear ဖြစ်တယ်လို့ သိရပါတယ်။ သာကေတမြို့နယ်ကျန်းမာရေးဌာနကလည်း သူ့နေအိမ်ကို သွားပြီးပါပြီ။ သူ့ကိုအိမ်ကနေ အိမ်ပြင်မထွက်ဖို့မှာထားတယ်။ သူလည်း အိမ်မှာပဲ တာဝန်ရှိသူတွေကို စောင့်နေတာပါ"လို့ သူက ပြောပါတယ်။

ကိုဗစ်၁၉ လူနာကိုတော့ ဒီကနေ့မနက် ၁ နာရီ ၄၅ မိနစ်မှာ ဝေဘာဂီအထူးကုဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်ကို ပို့ဆောင်ထားတယ်လို့ ဦးဇော်ဝင်းထွန်းက ပြောပါတယ်။ ဒီလူနာနဲ့အနီးကပ်ထိတွေ့ခဲ့သူထဲက သမီးဖြစ်သူအပါအဝင် မိသားစုဝင်တချို့ကိုလည်း ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုဖို့ ခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။

"သူက ရောဂါအခံတော့ရှိတာပေါ့နော်။ လက်ရှိမှာတော့ အေးဆေးပါပဲ"လို့လူနာအခြေအနေနဲ့ပတ်သက်ပြီး သူက ပြောပါတယ်။

လူနာနေထိုင်တဲ့ ၁၀၁ လမ်းကို ပိုးသတ်ဆေးသုံးခါဖြန်းပြီးတဲ့အပြင် အဲဒီလမ်းနဲ့ကပ်ရက် လမ်း ၁၃၀ ကိုပါ စိတ်ချရအောင် တစ်ကြိမ် ဆေးဖြန်း ပေးထားပါတယ်လို့ ဦးဇော်ဝင်းထွန်းက ပြောပါတယ်။

ကိုဗစ်၁၉ လူနာနဲ့အတူနေထိုင်တဲ့ မိသားစုဝင်က ၂၀ ဦးရှိပြီး ကျန်တဲ့ တိုက်ခန်းတွေမှာလည်း ဆွေမျိုးတွေပဲ နေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ် တစ်တိုက်လုံးကို စားရေးသောက်ရေး စီစဉ်ပေးဖို့ ကမ်းလှမ်းတဲ့အခါ လတ်တလော ပြည့်စုံနေကြောင်း တုံ့ပြန်တယ်လို့ ဦးဇော်ဝင်းထွန်းကပြောပါတယ်။

အခု ကိုဗစ်၁၉ လူနာဟာ အသက် ၆၉ နှစ်အရွယ် အသက်ကြီးပိုင်းအမျိုးသားကြီးဖြစ်ပြီး နှာခေါင်းကင်ဆာရောဂါကြောင့် နိုင်ငံခြားမှာ ဆေးကုသမှု မကြာခဏ ခံယူနေရတာ နှစ်နှစ်ရှိပြီဖြစ်ပါတယ်။

သူဟာ သြစတြေးလျမှာ တစ်လ ဆေးကုခဲ့ပြီးနောက် စင်ကာပူမှာ လေးရက်ကြာနေခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံကို မတ်လ ၁၄ ရက်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

မတ်လ ၁၈ ရက်နေ့မှာ ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာလက္ခဏာတွေခံစားခဲ့ရလို့ ရန်ကုန်ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသခန်းမှာ မတ်လ ၂၅ ရက်စပြီး စောင့်ကြည့်လူနာအဖြစ် ကုသပေးခဲ့တာဖြစ်ပါတယ်။

လူနာဆီက ဓာတ်ခွဲနမူနာယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) ကိုပေးပို့စစ်ဆေးခဲ့တဲ့အခါ မတ်လ ၂၆ ရက်မှာ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလူနာအပါအဝင် မြန်မာမှာ ကိုဗစ်၁၉ ဗိုင်းရပ်စ် ကူးစက်ခံရသူ ငါးဦးရှိပြီး ကျန်းလေးဦးဟာ အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်အရွယ် လူလတ်ပိုင်း အမျိုးသားတွေ ဖြစ်ကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52061460
ကိုဗစ္၁၉-မဂၤလာေတာင္ၫြန႔္က ကိုဗစ္လူနာရဲ႕ ယာဥ္ေမာင္းကို သာေကတေနအိမ္မွာ ေစာင့္ၾကပ္ၾကည့္ရႈ ကိုဗစ္၁၉-မဂၤလာေတာင္ၫြန႔္က ကိုဗစ္လူနာရဲ႕ ယာဥ္ေမာင္းကို သာေကတေနအိမ္မွာ ေစာင့္ၾကပ္ၾကည့္ရႈ Reviewed by THITHTOOLWIN on 00:44 Rating: 5
Powered by Blogger.