ဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္နဲ႔ က်န္းမာေရးဝန္ႀကီးတို႔ အိမ္ကေန အလုပ္လုပ္ေနရၿပီ

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရလို႔ သီးျခား ခြဲေနထိုင္လ်က္ ရွိတယ္လို႔ ေဘာရစ္ေျပာ
ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ဟာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ စစ္ေဆးေတြ႕ရွိရေၾကာင္း ၿဗိတိန္ အစိုးရက ေျပာပါတယ္။

အမ်ိဳးသား က်န္းမာေရး ဝန္ေဆာင္မႈ ဌာန NHS ၀န္ထမ္းေတြက ဝန္ႀကီးခ်ဳပ္ ေနအိမ္မွာ လာေရာက္ စစ္ေဆးေပးခဲ့ၿပီးေနာက္ အခုအခါ သူဟာ ေဒါင္းနင္းလမ္း ေနအိမ္မွာ သီးျခား ခြဲေနထိုင္ကာ သူ႔ဆီမွာ ဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ လကၡဏာ အနည္းငယ္သာ ေတြ႕ရတယ္လို႔ ဆိုပါတယ္။

အဂၤလန္ က်န္းမာေရး ဆိုင္ရာ ထိပ္တန္း အရာရွိ ပါေမာကၡ ခရစ္စ္ ဝစ္တီ ရဲ႕ အႀကံေပးခ်က္ အရ စစ္ေဆးၾကည့္တဲ့ အခါ သူ႔မွာ ဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆး ေတြ႕ရွိတာ ျဖစ္ၿပီး အခုေတာ့ သူဟာ အစိုးရ အဖြဲ႕နဲ႔ အတူ လက္ရွိ ျဖစ္ေပၚ ေနတဲ့ အေရးကိစၥေတြကို ကိုင္တြယ္ ေျဖရွင္း ေပးလ်က္ ရွိတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီ အတြင္း ေရာဂါ လကၡဏာ အနည္းငယ္ျပလို႔ စမ္းသပ္ စစ္ေဆး ၾကည့္တဲ့ အခါ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရတယ္ ဆိုတာ သိခဲ့ရပါတယ္ ၊ အခုေတာ့ တေယာက္တည္း သီးျခား ခြဲေနထိုင္လ်က္ ရွိေပမယ့္ ဗီဒီယို ကြန္ဖရန္႔ ကတဆင့္ အစိုးရ အဖြဲ႕ကို ဦးေဆာင္ကာ ဗိုင္းရပ္စ္ တိုက္ဖ်က္ေရး လုပ္ေဆာင္လ်က္ ရွိတယ္လို႔ မစၥတာ ဂြၽန္ဆင္က သူ႔ရဲ႕ တြတ္တာ စာမ်က္ႏွာကေန သတင္းစကား ပါးထားပါတယ္။

ကြၽန္ေတာ္တို႔ အတူတကြ ပူးေပါင္း လုပ္ေဆာင္ၾကရင္ ေအာင္ျမင္မွာပါလို႔ သူက ဆိုပါတယ္။

ကိုယ္အပူခ်ိန္ ပုံမွန္ထက္ျမင့္ကာ ဆက္တိုက္ ေခ်ာင္းဆိုး တာဘဲ ရွိတယ္လို႔ မစၥတာ ဂြၽန္ဆင္က တြတ္တာ လူမႈကြန္ယက္ ေပၚကေန ေျပာၾကား ထားပါတယ္။

မတ္လ ၂၆ရက္ေန႔ ညတုန္းကေတာ့ NHS ၀န္ထမ္းေတြကို ေက်းဇူးတင္တဲ့ အေနနဲ႔ မစၥတာ ဂြၽန္ဆင္ဟာ သူေနထိုင္ရာ အမွတ္ ၁၀ ဝန္ႀကီးခ်ဳပ္ ေနအိမ္အျပင္ထြက္ကာ လက္ခုပ္တီး ဂုဏ္ျပဳခဲ့ပါတယ္။
က်န္းမာေရး ၀န္ထမ္းေတြကို လက္ခုပ္တီး ဂုဏ္ျပဳခဲ့အၿပီး ေဘာရစ္ကို ျမင္ေတြ႕ရစဥ္
အလားတူ က်န္းမာေရး ဝန္ႀကီး မက္ထ္ ဟန္းေကာ့ခ္ လည္း ကို႐ိုနာ ဗိုင္းရပ္စ္ လကၡဏာ အနည္းငယ္ ျပလာတာေၾကာင့္ ၿပီးခဲ့တဲ့ရက္ အနည္းငယ္ ကတည္းက စလို႔ လာမယ့္ ၾကာသပေတး ေန႔အထိ အိမ္ကေန အလုပ္လုပ္ ေနပါတယ္လို႔ မတ္လ ၂၇ ရက္ ေသာၾကာေန႔မွာ သူက ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ၿဗိတိသွ် ဝန္ႀကီးခ်ဳပ္ ရဲ႕ ဘရစ္ဇစ္ ညႇိႏႈိင္းေရးမႉး ေဒးဗစ္ ဖေရာ့စ္ လည္း ႐ုံးတက္တာ မေတြ႕ရဘဲ ဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီလား ဆိုတဲ့ သံသယေတြ ရွိေနပါတယ္။

ဝန္ႀကီးခ်ဳပ္နဲ႔ အတူ လတ္တေလာ ေတြ႕ရတဲ့ ဝန္ႀကီးခ်ဳပ္ရဲ႕ ထိပ္တန္း အႀကံေပး ေဒါမနစ္ ကမ္နင္း နဲ႔ ဘ႑ာေရး ဝန္ႀကီး ရီရွီ ဆြန္ႏြတ္ခ္ တို႔မွာလည္း ေရာဂါ လကၡဏာေတြ႕ရၿပီး သူတို႔ကေတာ့ စမ္းသပ္ စစ္ေဆးမႈ မလုပ္ရေသးဘူးလို႔ သိရပါတယ္။

ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆင္ နဲ႔ မတ္လ ၁၁ ရက္ေန႔တုန္းက ေနာက္ဆုံး ေတြ႕ခဲ့တဲ့ အသက္ ၉၃ႏွစ္ အ႐ြယ္ရွိ ၿဗိတိသွ် ဘုရင္မႀကီးဟာ က်န္းမာေရး ေကာင္းမြန္လ်က္ ရွိပါတယ္လို႔ ဘာကင္ဟမ္ နန္းေတာ္ ေျပာခြင့္ရသူက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္နဲ႔ ဘုရင္မႀကီး တို႔ဟာ အပတ္စဥ္ ေတြ႕ေလ့ရွိေပမယ့္ အခု ေနာက္ဆုံး သီတင္းပတ္ တုန္းကေတာ့ ဖုန္းေပၚကေနဘဲ စကားေျပာ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။
က်န္းမာေရး ဝန္ႀကီး မတ္ထ္ ဟန္းေကာ့ခ္ လည္း ဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီ
ယူေကမွာ အခုအခါ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၁၁၆၀၀ ေက်ာ္ ရွိၿပီး ေသဆုံးသူ ၅၇၈ ေယာက္ ရွိပါတယ္။

အခု သီတင္းပတ္ အေစာပိုင္းတုန္းကလည္း ၿဗိတိသွ် အိမ္ေရွ႕စံ ခ်ားလ္စ္ မင္းသား ဟာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရတယ္လို႔ နန္းေတာ္က ထုတ္ျပန္ ထားပါတယ္။

အသက္ ၇၁ ႏွစ္ ရွိၿပီ ျဖစ္တဲ့ ေဝလမင္းသား ခ်ားလ္စ္ ဆီမွာ ေရာဂါ လကၡဏာ အနည္းငယ္ ေတြ႕ရတာကလြဲလို႔ က်န္းမာေရးေကာင္းမြန္လ်က္ ရွိတယ္လို႔ နန္းတြင္း အေရး ဆိုင္ရာ ေျပာခြင့္ရသူက ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52065278

---------------------------------------------------------------------------

ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဗြိတိန် ဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီးတို့ အိမ်ကနေ အလုပ်လုပ်နေရပြီ

 ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ သီးခြား ခွဲနေထိုင်လျက် ရှိတယ်လို့ ဘောရစ်ပြော

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိရကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု ဌာန NHS ၀န်ထမ်းတွေက ဝန်ကြီးချုပ် နေအိမ်မှာ လာရောက် စစ်ဆေးပေးခဲ့ပြီးနောက် အခုအခါ သူဟာ ဒေါင်းနင်းလမ်း နေအိမ်မှာ သီးခြား ခွဲနေထိုင်ကာ သူ့ဆီမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လက္ခဏာ အနည်းငယ်သာ တွေ့ရတယ်လို့ ဆိုပါတယ်။

အင်္ဂလန် ကျန်းမာရေး ဆိုင်ရာ ထိပ်တန်း အရာရှိ ပါမောက္ခ ခရစ်စ် ဝစ်တီ ရဲ့ အကြံပေးချက် အရ စစ်ဆေးကြည့်တဲ့ အခါ သူ့မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိတာ ဖြစ်ပြီး အခုတော့ သူဟာ အစိုးရ အဖွဲ့နဲ့ အတူ လက်ရှိ ဖြစ်ပေါ် နေတဲ့ အရေးကိစ္စတွေကို ကိုင်တွယ် ဖြေရှင်း ပေးလျက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ရောဂါ လက္ခဏာ အနည်းငယ်ပြလို့ စမ်းသပ် စစ်ဆေး ကြည့်တဲ့ အခါ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရတယ် ဆိုတာ သိခဲ့ရပါတယ် ၊ အခုတော့ တယောက်တည်း သီးခြား ခွဲနေထိုင်လျက် ရှိပေမယ့် ဗီဒီယို ကွန်ဖရန့် ကတဆင့် အစိုးရ အဖွဲ့ကို ဦးဆောင်ကာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ဆောင်လျက် ရှိတယ်လို့ မစ္စတာ ဂျွန်ဆင်က သူ့ရဲ့ တွတ်တာ စာမျက်နှာကနေ သတင်းစကား ပါးထားပါတယ်။

ကျွန်တော်တို့ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြရင် အောင်မြင်မှာပါလို့ သူက ဆိုပါတယ်။

ကိုယ်အပူချိန် ပုံမှန်ထက်မြင့်ကာ ဆက်တိုက် ချောင်းဆိုး တာဘဲ ရှိတယ်လို့ မစ္စတာ ဂျွန်ဆင်က တွတ်တာ လူမှုကွန်ယက် ပေါ်ကနေ ပြောကြား ထားပါတယ်။

မတ်လ ၂၆ရက်နေ့ ညတုန်းကတော့ NHS ၀န်ထမ်းတွေကို ကျေးဇူးတင်တဲ့ အနေနဲ့ မစ္စတာ ဂျွန်ဆင်ဟာ သူနေထိုင်ရာ အမှတ် ၁၀ ဝန်ကြီးချုပ် နေအိမ်အပြင်ထွက်ကာ လက်ခုပ်တီး ဂုဏ်ပြုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကျန်းမာရေး ၀န်ထမ်းတွေကို လက်ခုပ်တီး ဂုဏ်ပြုခဲ့အပြီး ဘောရစ်ကို မြင်တွေ့ရစဉ်

အလားတူ ကျန်းမာရေး ဝန်ကြီး မက်ထ် ဟန်းကော့ခ် လည်း ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာ အနည်းငယ် ပြလာတာကြောင့် ပြီးခဲ့တဲ့ရက် အနည်းငယ် ကတည်းက စလို့ လာမယ့် ကြာသပတေး နေ့အထိ အိမ်ကနေ အလုပ်လုပ် နေပါတယ်လို့ မတ်လ ၂၇ ရက် သောကြာနေ့မှာ သူက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဗြိတိသျှ ဝန်ကြီးချုပ် ရဲ့ ဘရစ်ဇစ် ညှိနှိုင်းရေးမှူး ဒေးဗစ် ဖရော့စ် လည်း ရုံးတက်တာ မတွေ့ရဘဲ ဗိုင်းရပ်စ် ကူးစက်ခံထားရပြီလား ဆိုတဲ့ သံသယတွေ ရှိနေပါတယ်။

ဝန်ကြီးချုပ်နဲ့ အတူ လတ်တလော တွေ့ရတဲ့ ဝန်ကြီးချုပ်ရဲ့ ထိပ်တန်း အကြံပေး ဒေါမနစ် ကမ်နင်း နဲ့ ဘဏ္ဍာရေး ဝန်ကြီး ရီရှီ ဆွန်နွတ်ခ် တို့မှာလည်း ရောဂါ လက္ခဏာတွေ့ရပြီး သူတို့ကတော့ စမ်းသပ် စစ်ဆေးမှု မလုပ်ရသေးဘူးလို့ သိရပါတယ်။

ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် နဲ့ မတ်လ ၁၁ ရက်နေ့တုန်းက နောက်ဆုံး တွေ့ခဲ့တဲ့ အသက် ၉၃နှစ် အရွယ်ရှိ ဗြိတိသျှ ဘုရင်မကြီးဟာ ကျန်းမာရေး ကောင်းမွန်လျက် ရှိပါတယ်လို့ ဘာကင်ဟမ် နန်းတော် ပြောခွင့်ရသူက အတည်ပြုပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ ဘုရင်မကြီး တို့ဟာ အပတ်စဉ် တွေ့လေ့ရှိပေမယ့် အခု နောက်ဆုံး သီတင်းပတ် တုန်းကတော့ ဖုန်းပေါ်ကနေဘဲ စကားပြော ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
Image caption ကျန်းမာရေး ဝန်ကြီး မတ်ထ် ဟန်းကော့ခ် လည်း ဗိုင်းရပ်စ် ကူးစက်ခံထားရပြီ

ယူကေမှာ အခုအခါ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၁၆၀၀ ကျော် ရှိပြီး သေဆုံးသူ ၅၇၈ ယောက် ရှိပါတယ်။

အခု သီတင်းပတ် အစောပိုင်းတုန်းကလည်း ဗြိတိသျှ အိမ်ရှေ့စံ ချားလ်စ် မင်းသား ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရတယ်လို့ နန်းတော်က ထုတ်ပြန် ထားပါတယ်။

အသက် ၇၁ နှစ် ရှိပြီ ဖြစ်တဲ့ ဝေလမင်းသား ချားလ်စ် ဆီမှာ ရောဂါ လက္ခဏာ အနည်းငယ် တွေ့ရတာကလွဲလို့ ကျန်းမာရေးကောင်းမွန်လျက် ရှိတယ်လို့ နန်းတွင်း အရေး ဆိုင်ရာ ပြောခွင့်ရသူက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52065278
ဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္နဲ႔ က်န္းမာေရးဝန္ႀကီးတို႔ အိမ္ကေန အလုပ္လုပ္ေနရၿပီ ဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္နဲ႔ က်န္းမာေရးဝန္ႀကီးတို႔ အိမ္ကေန အလုပ္လုပ္ေနရၿပီ Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.