ရခိုင္ေဒသ သတင္းစာမ်က္ႏွာႏွစ္ခု ပိတ္ဖို႔ အစိုးရၫႊန္ၾကား

Development Media Group ရဲ႕ ႐ုံးခန္းကို ေတြ႕ရစဥ္ / Photo: RFA
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္က သတင္းေတြကို ဦးစားေပးတင္ျပေနတဲ့ နိရၪၨရာ နဲ႔ Development Media Group (DMG) သတင္းဌာနေတြရဲ႕ ဝက္ဆိုဒ္ စာမ်က္ႏွာေတြကို ဆက္သြယ္ေရးဝန္ႀကီးဌာနက ၾကည့္ရႈခြင့္ ပိတ္လိုက္ပါတယ္။

မတ္လ ၂၄ ရက္ေန႔ မနက္ပိုင္းထဲက Development Media Group (DMG) ဝက္ဆိုဒ္ကို ၾကည့္ခြင့္ ပိတ္လိုက္တာ Mytel မိုင္တဲလ္ နဲ႔ MPT ေအာ္ပေရတာေတြကေန တစ္ဆင့္ အင္တာနက္ေတြနဲ႔ ၾကည့္လို႔မရေတာ့ဘူးလို႔ ပရိတ္သတ္ေတြက ေျပာလာတယ္လို႔ DMG သတင္းဌာန ဝက္ဆိုဒ္တာဝန္ခံ ကိုညိဳထြန္းက RFA ကိုေျပာပါတယ္။

“ကြၽန္ေတာ္တို႔ သတင္းဌာန DMG ရယ္ နိရၪၹရာ  ရယ္ အဲဒီႏွစ္ခု ပါသြားတဲ့အေပၚ  စိတ္မေကာင္းဘူး။ မွားၿပီးေတာ့ ပါသြားတယ္ဆိုရင္ေတာင္ တစ္ခုပဲေပါ့။ အခုက ႏွစ္ခုစလုံး  ပါသြားတယ္ဆိုေတာ့ တမင္သက္သက္ လုပ္သလို ျဖစ္ေနတာေပါ့။ ဒီအေပၚမွာ MPC ရယ္ ဆက္သြယ္ေရး ဝန္ႀကီးဌာနရယ္ကို စာတင္ဖို႔ေတာ့ ရွိတယ္။”

ျပာကားဆိုဒ္ေတြ၊ သတင္းတု၊ သတင္းမွား၊ အမုန္းစကားျဖန႔္တဲ့ သတင္းဆိုဒ္ေတြကိုပိတ္ဖို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနက မတ္လ ၂၃ ရက္ေန႔ ကစၿပီး ၫႊန္ၾကားထားတာျဖစ္ပါ တယ္။

ဆက္သြယ္ေရး ေအာ္ပေရတာေတြ အားလုံးနဲ႔ အင္တာနက္ ဝန္ေဆာင္မႈလုပ္ငန္းေတြ အားလုံးကို ပိတ္ဖို႔ ၫႊန္ၾကားထားတာလို႔ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးမ်ိဳးေဆြက ေျပာပါတယ္။

“ေအာ္ပေရတာ တစ္ခုထဲမဟုတ္ဘူး ေအာ္ပေရတာ ေတာ္ေတာ္မ်ားမ်ားကို ပြန္းဆိုဒ္ေတြ၊ ကေလးသူငယ္ အဓမၼျပဳက်င့္မႈေတြလည္း မ်ားလာတဲ့အတြက္ လိင္မႈဆိုင္ရာ ဝက္ဆိုဒ္ေတြ တစ္ျခား သတင္းတုသတင္းေယာင္ေတြနဲ႔ ျပည္သူေတြ ေၾကာက္လန႔္ေအာင္ လုပ္တဲ့သူေတြကို ပိတ္ဖို႔ေျပာတာပါ။ ရခိုင္ျပည္နယ္မွာတင္မဟုတ္ပါဘူး တစ္ႏိုင္ငံလုံး အင္တာနက္ ရတဲ့ေနရာေတြမွာ ပိတ္ဖို႔ အကုန္လုံးကို စာထြက္ထားပါတယ္။”

ပိတ္လိုက္တဲ့အထဲမွာ သတင္းဌာနေတြ ပါသြားတယ္ဆိုရင္ အမုန္းစကားနဲ႔ သတင္းမွားေတြ မျဖန႔္ေဝခဲ့ ဖူးဘူးဆိုတာမ်ိဳးနဲ႔ တင္ျပႏိုင္တယ္လို႔ ဦးမ်ိဳးေဆြက ဆိုပါတယ္။

နိရၪၨရာ သတင္းဌာနဟာ ျပန္ၾကားေရးဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳခ်က္နဲ႔ လုပ္ကိုင္ေနတဲ့ လုပ္ငန္းျဖစ္တဲ့ အတြက္ အခုလို ပိတ္လိုက္တာကို ျမန္မာႏိုင္ငံ သတင္းမီဒီယာ ေကာင္စီကေနတစ္ဆင့္ လုပ္ေဆာင္ သြားမယ္လို႔ နိရၪၨရာ သတင္းဌာန အယ္ဒီတာ ဦးခိုင္ျမတ္ေက်ာ္က ဆိုပါတယ္။

“သူတို႔ နားလည္မႈလြဲတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔က ျပန္ၾကားေရးက တရားဝင္ ရီဂ်က္စတာနဲ႔ လုပ္ေနတာပါ ဝက္ဆိုဒ္ဆို သန္းနဲ႔ခ်ီလာၾကည့္တာရွိတယ္။ သူတို႔က ကြၽန္ေတာ္တို႔အေၾကာင္းကို ေသခ်ာမသိပဲ နားလည္မႈလြဲတာပါ။ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ လူႀကီးေတြနဲ႔ ဥပေဒပညာရွင္၊ အိုင္တီေတြနဲ႔ ေဆြးေႏြးၿပီး ဘယ္လိုလုပ္မလဲဆိုတာ ေဆာင္႐ြက္မွာပါ။”

ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက အြန္လိုင္းစာမ်က္ႏွာ ၂ဝဝ ေက်ာ္ကို အင္တာနက္သုံးသူေတြ ဝင္ေရာက္ၾကည့္ရႈလို႔မရေအာင္ ပိတ္ပင္ဖို႔ ၫႊန္ၾကားခဲ့တယ္လို႔ Telenor ေျပာေရးဆိုခြင့္ရွိသူက ရန္ကုန္အေျခစိုက္ Frontier Myanmar သတင္းဌာနကို ေျပာပါတယ္။

ၫႊန္ၾကားတဲ့အတိုင္း ဝက္ဆိုက္ ၁၅၄  ခုကို တယ္လီေနာက ပိတ္လိုက္ေပမယ့္ သတင္းအတု ျဖန႔္တယ္လို႔ အစိုးရကဆိုတဲ့ ဝက္ဆိုက္ ၅၃ ခုကိုေတာ့ ပိတ္ဖို႔ ျငင္းပယ္ထားတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ တယ္လီေနာ သုံးစြဲသူေတြဟာ ရခိုင္ျပည္နယ္အေျခစိုက္ ထင္ရွားတဲ့ ေဒသတြင္း သတင္းဌာနႏွစ္ခု နိရၪၨရာ နဲ႔DMG တို႔ရဲ႕ စာမ်က္ႏွာေတြကို ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။ ‌‌‌‌ေအာ္ရီဒူး သုံးစြဲသူေတြလဲ ဝင္‌ေရာက္ၾကည့္ရႈ လို႔ရပါတယ္။

နိရၪၨရာသတင္းဌာန နဲ႔ Development Media Group (DMG) သတင္းဌာနေတြဟာ ရခိုင္ျပည္နယ္က စစ္ေရးပဋိပကၡ သတင္းေတြကို အဓိက တင္ျပေနတဲ့ သတင္းဌာနေတြ ျဖစ္ပါတယ္။

နိရၪၨရာသတင္းဌာနကို ၂၀၀၁ ခုႏွစ္ ဘဂၤလာေဒ့ရွ္ႏိုင္ငံ ဒကၠားၿမိဳ႕မွာ စတင္ထူေထာင္ခဲ့တာျဖစ္ၿပီး ျမန္မာႏိုင္ငံကို ၂၀၁၄ ခုႏွစ္မွာ ဝင္ေရာက္ခဲ့ၿပီး လက္ရွိမွာ စစ္ေတြအေျခစိုက္ သတင္းဌာနအျဖစ္ ရပ္တည္ေနပါတယ္။

DMG သတင္းဌာနကို ၂၀၁၂ ခုႏွစ္က ျမန္မာ-ထိုင္းနယ္စပ္မွာ စတင္ထူေထာင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာ စစ္ေတြအေျခစိုက္ မီဒီယာအျဖစ္ ရပ္တည္ေနပါတယ္။

ျဖဴျဖဴခိုင္
RFA Burmese
https://www.rfa.org/burmese/news/two-rakhine-based-news-agency-banned-03272020065510.html
--------------------------------------------------------------------------
(Unicode)⤵⤵⤵
ရခိုင်ဒေသ သတင်းစာမျက်နှာနှစ်ခု ပိတ်ဖို့ အစိုးရညွှန်ကြား

Development Media Group ရဲ့ ရုံးခန်းကို တွေ့ရစဉ် / Photo: RFA
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်က သတင်းတွေကို ဦးစားပေးတင်ပြနေတဲ့ နိရဉ္ဇရာ နဲ့ Development Media Group (DMG) သတင်းဌာနတွေရဲ့ ဝက်ဆိုဒ် စာမျက်နှာတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနက ကြည့်ရှုခွင့် ပိတ်လိုက်ပါတယ်။

မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းထဲက Development Media Group (DMG) ဝက်ဆိုဒ်ကို ကြည့်ခွင့် ပိတ်လိုက်တာ Mytel မိုင်တဲလ် နဲ့ MPT အော်ပရေတာတွေကနေ တစ်ဆင့် အင်တာနက်တွေနဲ့ ကြည့်လို့မရတော့ဘူးလို့ ပရိတ်သတ်တွေက ပြောလာတယ်လို့ DMG သတင်းဌာန ဝက်ဆိုဒ်တာဝန်ခံ ကိုညိုထွန်းက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ သတင်းဌာန DMG ရယ် နိရဉ္ဖရာ  ရယ် အဲဒီနှစ်ခု ပါသွားတဲ့အပေါ်  စိတ်မကောင်းဘူး။ မှားပြီးတော့ ပါသွားတယ်ဆိုရင်တောင် တစ်ခုပဲပေါ့။ အခုက နှစ်ခုစလုံး  ပါသွားတယ်ဆိုတော့ တမင်သက်သက် လုပ်သလို ဖြစ်နေတာပေါ့။ ဒီအပေါ်မှာ MPC ရယ် ဆက်သွယ်ရေး ဝန်ကြီးဌာနရယ်ကို စာတင်ဖို့တော့ ရှိတယ်။”

ပြာကားဆိုဒ်တွေ၊ သတင်းတု၊ သတင်းမှား၊ အမုန်းစကားဖြန့်တဲ့ သတင်းဆိုဒ်တွေကိုပိတ်ဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့ ကစပြီး ညွှန်ကြားထားတာဖြစ်ပါ တယ်။

ဆက်သွယ်ရေး အော်ပရေတာတွေ အားလုံးနဲ့ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ အားလုံးကို ပိတ်ဖို့ ညွှန်ကြားထားတာလို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမျိုးဆွေက ပြောပါတယ်။

“အော်ပရေတာ တစ်ခုထဲမဟုတ်ဘူး အော်ပရေတာ တော်တော်များများကို ပွန်းဆိုဒ်တွေ၊ ကလေးသူငယ် အဓမ္မပြုကျင့်မှုတွေလည်း များလာတဲ့အတွက် လိင်မှုဆိုင်ရာ ဝက်ဆိုဒ်တွေ တစ်ခြား သတင်းတုသတင်းယောင်တွေနဲ့ ပြည်သူတွေ ကြောက်လန့်အောင် လုပ်တဲ့သူတွေကို ပိတ်ဖို့ပြောတာပါ။ ရခိုင်ပြည်နယ်မှာတင်မဟုတ်ပါဘူး တစ်နိုင်ငံလုံး အင်တာနက် ရတဲ့နေရာတွေမှာ ပိတ်ဖို့ အကုန်လုံးကို စာထွက်ထားပါတယ်။”

ပိတ်လိုက်တဲ့အထဲမှာ သတင်းဌာနတွေ ပါသွားတယ်ဆိုရင် အမုန်းစကားနဲ့ သတင်းမှားတွေ မဖြန့်ဝေခဲ့ ဖူးဘူးဆိုတာမျိုးနဲ့ တင်ပြနိုင်တယ်လို့ ဦးမျိုးဆွေက ဆိုပါတယ်။

နိရဉ္ဇရာ သတင်းဌာနဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းဖြစ်တဲ့ အတွက် အခုလို ပိတ်လိုက်တာကို မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကနေတစ်ဆင့် လုပ်ဆောင် သွားမယ်လို့ နိရဉ္ဇရာ သတင်းဌာန အယ်ဒီတာ ဦးခိုင်မြတ်ကျော်က ဆိုပါတယ်။

“သူတို့ နားလည်မှုလွဲတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ပြန်ကြားရေးက တရားဝင် ရီဂျက်စတာနဲ့ လုပ်နေတာပါ ဝက်ဆိုဒ်ဆို သန်းနဲ့ချီလာကြည့်တာရှိတယ်။ သူတို့က ကျွန်တော်တို့အကြောင်းကို သေချာမသိပဲ နားလည်မှုလွဲတာပါ။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ လူကြီးတွေနဲ့ ဥပဒေပညာရှင်၊ အိုင်တီတွေနဲ့ ဆွေးနွေးပြီး ဘယ်လိုလုပ်မလဲဆိုတာ ဆောင်ရွက်မှာပါ။”

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အွန်လိုင်းစာမျက်နှာ ၂ဝဝ ကျော်ကို အင်တာနက်သုံးသူတွေ ဝင်ရောက်ကြည့်ရှုလို့မရအောင် ပိတ်ပင်ဖို့ ညွှန်ကြားခဲ့တယ်လို့ Telenor ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်အခြေစိုက် Frontier Myanmar သတင်းဌာနကို ပြောပါတယ်။

ညွှန်ကြားတဲ့အတိုင်း ဝက်ဆိုက် ၁၅၄  ခုကို တယ်လီနောက ပိတ်လိုက်ပေမယ့် သတင်းအတု ဖြန့်တယ်လို့ အစိုးရကဆိုတဲ့ ဝက်ဆိုက် ၅၃ ခုကိုတော့ ပိတ်ဖို့ ငြင်းပယ်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တယ်လီနော သုံးစွဲသူတွေဟာ ရခိုင်ပြည်နယ်အခြေစိုက် ထင်ရှားတဲ့ ဒေသတွင်း သတင်းဌာနနှစ်ခု နိရဉ္ဇရာ နဲ့DMG တို့ရဲ့ စာမျက်နှာတွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ‌‌‌‌အော်ရီဒူး သုံးစွဲသူတွေလဲ ဝင်‌ရောက်ကြည့်ရှု လို့ရပါတယ်။

နိရဉ္ဇရာသတင်းဌာန နဲ့ Development Media Group (DMG) သတင်းဌာနတွေဟာ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခ သတင်းတွေကို အဓိက တင်ပြနေတဲ့ သတင်းဌာနတွေ ဖြစ်ပါတယ်။


နိရဉ္ဇရာသတင်းဌာနကို ၂၀၀၁ ခုနှစ် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး လက်ရှိမှာ စစ်တွေအခြေစိုက် သတင်းဌာနအဖြစ် ရပ်တည်နေပါတယ်။

DMG သတင်းဌာနကို ၂၀၁၂ ခုနှစ်က မြန်မာ-ထိုင်းနယ်စပ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်တွေအခြေစိုက် မီဒီယာအဖြစ် ရပ်တည်နေပါတယ်။

ဖြူဖြူခိုင်
RFA Burmese
https://www.rfa.org/burmese/news/two-rakhine-based-news-agency-banned-03272020065510.html

ရခိုင္ေဒသ သတင္းစာမ်က္ႏွာႏွစ္ခု ပိတ္ဖို႔ အစိုးရၫႊန္ၾကား ရခိုင္ေဒသ သတင္းစာမ်က္ႏွာႏွစ္ခု ပိတ္ဖို႔ အစိုးရၫႊန္ၾကား Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.