ကမာၻအႏွ႔ံ ကို႐ိုနာပိုးကူးစက္မႈ ပိုဆိုး

အီတလီႏုိင္ငံ Brescia ၿမိဳ႕ ေဆး႐ုံတခုရွိ အေရးေပၚခန္းတြင္းမွ က်န္းမာေရးဝန္ထမ္းမ်ား။ (မတ္ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 လို႔ေခၚတဲ့ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဆက္လက္ျဖစ္ပြားေနတာမွာ ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ဒီကေန႔မွာ ကို႐ိုနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၁၄၇ ေယာက္ရွိတယ္လို႔ ေတာင္ကိုရီးယားႏုိင္ငံရဲ႕ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးဌာနက ေျပာလိုက္ပါတယ္။ ဒါေၾကာင့္ ေတာင္ကိုရီးယားႏုိင္ငံမွာ အခုဆုိရင္ေတာ့ ေရာဂါကူးစက္ခံရသူ စုစုေပါင္းဟာ ၈၇၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ေသဆုံးသူ ၁၀၂ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ဥေရာပတုိက္မွာလည္း ေသာၾကာေန႔က ေရာဂါကူးစက္သူ ေနာက္ထပ္ ၁၀၂၀၀ ေက်ာ္ ရွိခဲ့ပါတယ္။

စပိန္ႏုိင္ငံမွာေတာ့ ေသာၾကာေန႔က ေသဆုံးတဲ့သူ ေနာက္ထပ္ ၂၃၅ ေယာက္ ရွိခဲ့တာေၾကာင့္ စပိန္ႏုိင္ငံဟာ အီတလီၿပီးရင္ ဥေရာပမွာ ဒုတိယအမ်ားဆုံး ျဖစ္တဲ့ႏုိင္ငံ ျဖစ္ပါတယ္။ စပိန္ႏုိင္ငံမွာ ေရာဂါကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ အေျခအေနေတြက သိပ္မၾကာခင္မွာ ေဆး႐ုံေဆးခန္းေတြက ကုသေပးႏုိင္တာထက္ကို ေက်ာ္လြန္လာႏုိင္တယ္လို႔ စပိန္အာဏာပိုင္ေတြက ေျပာလိုက္ပါတယ္။

ဥေရာပမွာ ေရာဂါကူးစက္မႈ အဆုိးဆုံးျဖစ္ေနတဲ့ အီတလီမွာေတာ့ ေသာၾကာေန႔က အထိ ေသဆုံးသူ အေရအတြက္ဟာ ၄ ေထာင္ေက်ာ္ ရွိသြားခဲ့ၿပီး ဂ်ာမနီႏုိင္ငံမွာေတာ့ ေရာဂါကူးစက္ခံရသူ အေရအတြက္ဟာ ၂ ေသာင္းေလာက္ရွိသြားၿပီ ျဖစ္ပါတယ္။

ၿဗိတိန္ႏုိင္ငံမွာေတာ့ စားေသာက္ဆုိင္ေတြ၊ ဘားေတြနဲ႔ တျခား အပန္းေျဖ ေဖ်ာ္ေျဖေရး လုပ္ငန္းေတြကို ေသာၾကာေန႔ညက ပိတ္ပစ္ဖို႔ ၀န္ႀကီးခ်ဳပ္ Boris Johnson က ေျပာလိုက္ပါတယ္။

တခ်ိန္တည္းမွာပဲ ခရီးသြားလုပ္ငန္းအေပၚမွာ အဓိကမီွခိုေနတဲ့ က်ဴးဘားႏုိင္ငံကလည္း ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈေတြကို ကာကြယ္တဲ့အေနနဲ႔ လာမယ့္ အဂၤါေန႔ကစတင္ၿပီး ကမာၻလွည့္ခရီးသြားေတြကို ႏုိင္ငံတြင္းကို ၀င္ခြင့္ ၁ လၾကာ ပိတ္သြားမွာျဖစ္တယ္လို႔ က်ဴးဘားသမၼတ Miguel Diaz-Canel က အစိုးရပိုင္ မီဒီယာကေန မေန႔က ေၾကညာလိုက္ပါတယ္။

ကမာၻတ၀ွမ္းမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူ ၂ သိန္း ၆ ေသာင္းေက်ာ္ ရွိသြားၿပီျဖစ္ၿပီး ေသဆုံးသူအေရအတြက္ဟာ ၁၁၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။


---------------------------------

(Unicode)

ကမ္ဘာအနှံ့ ကိုရိုနာပိုးကူးစက်မှု ပိုဆိုး

COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာမှာ တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီကနေ့မှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၁၄၇ ယောက်ရှိတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက ပြောလိုက်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံမှာ အခုဆိုရင်တော့ ရောဂါကူးစက်ခံရသူ စုစုပေါင်းဟာ ၈၇၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူ ၁၀၂ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဥရောပတိုက်မှာလည်း သောကြာနေ့က ရောဂါကူးစက်သူ နောက်ထပ် ၁၀၂၀၀ ကျော် ရှိခဲ့ပါတယ်။

စပိန်နိုင်ငံမှာတော့ သောကြာနေ့က သေဆုံးတဲ့သူ နောက်ထပ် ၂၃၅ ယောက် ရှိခဲ့တာကြောင့် စပိန်နိုင်ငံဟာ အီတလီပြီးရင် ဥရောပမှာ ဒုတိယအများဆုံး ဖြစ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ စပိန်နိုင်ငံမှာ ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် အခြေအနေတွေက သိပ်မကြာခင်မှာ ဆေးရုံဆေးခန်းတွေက ကုသပေးနိုင်တာထက်ကို ကျော်လွန်လာနိုင်တယ်လို့ စပိန်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ဥရောပမှာ ရောဂါကူးစက်မှု အဆိုးဆုံးဖြစ်နေတဲ့ အီတလီမှာတော့ သောကြာနေ့က အထိ သေဆုံးသူ အရေအတွက်ဟာ ၄ ထောင်ကျော် ရှိသွားခဲ့ပြီး ဂျာမနီနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၂ သောင်းလောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ တခြား အပန်းဖြေ ဖျော်ဖြေရေး လုပ်ငန်းတွေကို သောကြာနေ့ညက ပိတ်ပစ်ဖို့ ဝန်ကြီးချုပ် Boris Johnson က ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ ခရီးသွားလုပ်ငန်းအပေါ်မှာ အဓိကမှီခိုနေတဲ့ ကျူးဘားနိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ကာကွယ်တဲ့အနေနဲ့လာမယ့် အင်္ဂါနေ့ကစတင်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို နိုင်ငံတွင်းကို ဝင်ခွင့် ၁ လကြာ ပိတ်သွားမှာဖြစ်တယ်လို့ ကျူးဘားသမ္မတ Miguel Diaz-Canel က အစိုးရပိုင် မီဒီယာကနေ မနေ့က ကြေညာလိုက်ပါတယ်။

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂ သိန်း ၆ သောင်းကျော် ရှိသွားပြီဖြစ်ပြီး သေဆုံးသူအရေအတွက်ဟာ ၁၁၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကမာၻအႏွ႔ံ ကို႐ိုနာပိုးကူးစက္မႈ ပိုဆိုး ကမာၻအႏွ႔ံ ကို႐ိုနာပိုးကူးစက္မႈ ပိုဆိုး Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.