ကိုဗစ္၁၉- သက္ႀကီး႐ြယ္အိုေတြနဲ႔ နာတာရွည္ေရာဂါသည္ေတြ အျပင္မထြက္ဖို႔ ျမန္မာ အစိုးရ ပန္ၾကား

 ျမန္မာႏိုင္ငံကိုလည္း ေရာဂါအခ်ိန္မေ႐ြး ဝင္ေရာက္ျဖစ္ပြားႏိုင္ေျခရွိတယ္လို႔ ဆို

(Zawgyi)⤵⤵⤵
အသက္အ႐ြယ္ ႀကီးသူေတြနဲ႔ နာတာရွည္ ေရာဂါသည္ေတြ အခုအခ်ိန္မွာ အျပင္ကို သြားတာ ေရွာင္ၾကဥ္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ မတ္လ ၂၁ ရက္ေန႔စြဲနဲ႔ ပန္ၾကားခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

အသက္ ၆၀ နဲ႔အထက္ သက္ႀကီး႐ြယ္အိုေတြနဲ႔ ဆီးခ်ိဳ၊ ႏွလုံး၊ ေသြးတိုး၊ ကင္ဆာ၊ ေက်ာက္ကပ္၊ အသည္းတို႔လို နာတာရွည္ေရာဂါသည္ေတြ အျပင္သြားတာကိုေရွာင္ဖို႔ အစိုးရက တိုက္တြန္းထားတာပါ။

လူထူထပ္တဲ့ေနရာေတြ၊ ပြဲလမ္းသဘင္အခမ္းအနားေတြကိုလည္း မသြားေရာက္ၾကဖို႔ အဲဒီပန္ၾကားခ်က္မွာ ပါရွိပါတယ္။

ကမာၻ႔ႏိုင္ငံေပါင္း ၁၇၇ ႏိုင္ငံမွာ ကိုဗစ္၁၉ ေရာဂါ ျဖစ္ပြားေနၿပီး ျမန္မာႏိုင္ငံကိုလည္း ေရာဂါအခ်ိန္မေ႐ြး ဝင္ေရာက္ျဖစ္ပြားႏိုင္ေျခရွိတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံသားတစ္ဦးတစ္ေယာက္ကိုမွ ေရာဂါမျဖစ္ေစလို၊ အသက္မဆုံးရႈံးေစလိုတာေၾကာင့္ ထုတ္ျပန္ခ်က္ေတြကို အတိက်လိုက္နာၾကဖို႔နဲ႔ အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ေပးဖို႔လည္း ေမတၱာရပ္ခံထားပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ဒီဗိုင္းရပ္စ္ဟာ အသက္အ႐ြယ္ႀကီးသူေတြအထိခိုက္ခံစားရဆုံး ျဖစ္ေပမယ့္ ငယ္႐ြယ္သူေတြလည္း မေပါ့ဆသင့္ဘဲ လူစုလူေဝးကို ေရွာင္ၾကဥ္ၾကဖို႔ သတိေပးထားပါတယ္။

ေသဆုံးသူ ေလးေထာင္ေက်ာ္နဲ႔ အမ်ားဆုံးျဖစ္ေနတဲ့အီတလီမွာ ေသဆုံးတဲ့အသက္အ႐ြယ္ပွ်မ္းမွ်ႏႈန္းထားဟာ ၇၅ ႏွစ္ခြဲနဲ႔ အထက္ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ လူနာေတြၿပဳံက်ေနတဲ့အီတလီမွာ ဘယ္အသက္အ႐ြယ္အပိုင္းအျခားကို ဦးစားေပးၿပီး ကုသမလဲဆိုတာ ေဆး႐ုံေတြက ခက္ခက္ခဲခဲဆုံးျဖတ္ကုသေနရတယ္လို႔ ဆိုပါတယ္။

အမ်ားျပည္သူသြားလာရာ ရထား၊ ဘူတာ႐ုံ၊ ကားဂိတ္တခ်ိဳ႕မွာ အပူခ်ိန္တိုင္းတာတာေတြလုပ္လာၾက

ၿဗိတိန္မွာလည္း အဲဒီလိုအေျခအေနနဲ႔ ႀကဳံလာရရင္ ဘယ္အသက္အ႐ြယ္ကို ဦးစားေပးကုသမလဲဆိုတာ ေဆြးေႏြးေနၾကပါၿပီ ျဖစ္ပါတယ္။

မတ္လ ၂၀ ရက္အထိ ျမန္မာမွာ ဗိုင္းရပ္စ္ ကူးစက္သူမရွိေသးဘဲ ေစာင့္ၾကည့္နဲ႔ သံသယလူနာ စုစုေပါင္း ၁၈၆ ဦး ရွိတယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

အဲဒီထဲက နာတာရွည္ဆီးခ်ိဳနဲ႔ ႏွလုံး ေနာက္ဆက္တြဲဆိုးက်ိဳးေၾကာင့္ ေသဆုံးသူ ၃ ဦး၊ တီဘီ၊ ေက်ာက္ကပ္တို႔နဲ႔ ေသဆုံးသူ ၁ ဦး၊ နာတာရွည္ေက်ာက္ကပ္ေရာဂါနဲ႔ ေသဆုံးသူ ၁ ဦး၊ အဆုပ္ပြေရာဂါနဲ႔ ေသဆုံးသူ ၁ ဦး၊ ေသြးဆိပ္တက္ၿပီး ေနာက္ဆက္တြဲဆိုးက်ိဳးနဲ႔ ေသဆုံးသူ ၂ ဦး၊ လတ္တေလာအသက္ရႉလမ္းေၾကာင္း ပိုးဝင္ျခင္းနဲ႔ ဝမ္းပ်က္ဝမ္းေလွ်ာေၾကာင့္ ေသသူ ၁ ဦး စုစုေပါင္း ကိုးဦး ရွိေနပါတယ္။
ဗိုင္းရပ္စ္ကာကြယ္ဖို႔ ဒါေတြလုပ္ပါ

ဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ ထုတ္ျပန္ထားတဲ့အခ်က္ေတြကိုလည္း လိုက္နာၾကဖို႔ကို တိုက္တြန္းထားပါတယ္။

အဲဒါေတြကေတာ့ လက္ကို ဆပ္ျပာနဲ႔ မၾကာခဏေဆးဖို႔ ဒါမွမဟုတ္ အရက္ျပန္အနည္းဆုံး ၆၀ ရာခိုင္ႏႈန္းပါတဲ့ လက္ေဆးရည္နဲ႔ ေဆးဖို႔ျဖစ္ပါတယ္။

လက္ကိုမၾကာခဏ ဆပ္ျပာနဲ႔ စနစ္တက်ေဆးျခင္းဟာ ေရာဂါကို မကူးစက္ေအာင္ ကာကြယ္ႏိုင္
အထူးသျဖင့္ အျပင္က ျပန္လာၿပီးတိုင္း အမ်ားျပည္သူအသုံးျပဳရာေနရာေတြက ပစၥည္းေတြ ဥပမာ ေလွကားလက္ရမ္း၊ ဓာတ္ေလွကားခလုတ္၊ တံခါး လက္ကိုင္ေတြကို ကိုင္ၿပီးတိုင္း လက္ကိုေဆးေၾကာသန႔္စင္ရမွာ ျဖစ္ပါတယ္။ လက္ကိုမေဆးဘဲ ႏွာေခါင္း၊ ပါးစပ္နဲ႔ မ်က္ႏွာတို႔ကို မကိုင္တြယ္ဖို႔ လိုပါတယ္။

ႏွာေခ်ေခ်ာင္းဆိုးတိုင္း ႏွာေခါင္းနဲ႔ ပါးစပ္ကို လုံၿခဳံေအာင္ ဖုံးအုပ္ရပါမယ္။

ဖ်ားနာ၊ ႏွာေခ်ေခ်ာင္းဆိုးေနရင္ လူစုလူေဝး၊ ဘတ္စ္ကားစီးျခင္းနဲ႔ ခရီးသြားျခင္းကို ေရွာင္ရပါမယ္။ ကိုယ္ကေနတစ္ဆင့္ ကိုယ့္မိသားစု၊ မိတ္ေဆြအေပါင္းအသင္းနဲ႔ တျခားသူေတြကို ေရာဂါမကူးစက္ေအာင္ ေနရပါမယ္။

ေရာဂါ ကူးစက္ရာေဒသ၊ ႏိုင္ငံေတြက ျပန္လာသူေတြဟာ အနီးဆုံးက်န္းမာေရးဌာနကို သတင္းပို႔ရမွာ ျဖစ္ၿပီး အစိုးရက သတ္မွတ္ထားရွိမယ့္ quarantine လုပ္ငန္းမွာ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုဗစ်၁၉- သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါသည်တွေ အပြင်မထွက်ဖို့ မြန်မာ အစိုးရ ပန်ကြား

ဓာတ်ပုံ မူပိုင် NurPhoto
Image caption မြန်မာနိုင်ငံကိုလည်း ရောဂါအချိန်မရွေး ဝင်ရောက်ဖြစ်ပွားနိုင်ခြေရှိတယ်လို့ ဆို

အသက်အရွယ် ကြီးသူတွေနဲ့ နာတာရှည် ရောဂါသည်တွေ အခုအချိန်မှာ အပြင်ကို သွားတာ ရှောင်ကြဉ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မတ်လ ၂၁ ရက်နေ့စွဲနဲ့ ပန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေနဲ့ ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကင်ဆာ၊ ကျောက်ကပ်၊ အသည်းတို့လို နာတာရှည်ရောဂါသည်တွေ အပြင်သွားတာကိုရှောင်ဖို့ အစိုးရက တိုက်တွန်းထားတာပါ။

လူထူထပ်တဲ့နေရာတွေ၊ ပွဲလမ်းသဘင်အခမ်းအနားတွေကိုလည်း မသွားရောက်ကြဖို့ အဲဒီပန်ကြားချက်မှာ ပါရှိပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံမှာ ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားနေပြီး မြန်မာနိုင်ငံကိုလည်း ရောဂါအချိန်မရွေး ဝင်ရောက်ဖြစ်ပွားနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတစ်ဦးတစ်ယောက်ကိုမှ ရောဂါမဖြစ်စေလို၊ အသက်မဆုံးရှုံးစေလိုတာကြောင့် ထုတ်ပြန်ချက်တွေကို အတိကျလိုက်နာကြဖို့နဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီဗိုင်းရပ်စ်ဟာ အသက်အရွယ်ကြီးသူတွေအထိခိုက်ခံစားရဆုံး ဖြစ်ပေမယ့် ငယ်ရွယ်သူတွေလည်း မပေါ့ဆသင့်ဘဲ လူစုလူဝေးကို ရှောင်ကြဉ်ကြဖို့ သတိပေးထားပါတယ်။

သေဆုံးသူ လေးထောင်ကျော်နဲ့ အများဆုံးဖြစ်နေတဲ့အီတလီမှာ သေဆုံးတဲ့အသက်အရွယ်ပျှမ်းမျှနှုန်းထားဟာ ၇၅ နှစ်ခွဲနဲ့ အထက်ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လူနာတွေပြုံကျနေတဲ့အီတလီမှာ ဘယ်အသက်အရွယ်အပိုင်းအခြားကို ဦးစားပေးပြီး ကုသမလဲဆိုတာ ဆေးရုံတွေက ခက်ခက်ခဲခဲဆုံးဖြတ်ကုသနေရတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption အများပြည်သူသွားလာရာ ရထား၊ ဘူတာရုံ၊ ကားဂိတ်တချို့မှာ အပူချိန်တိုင်းတာတာတွေလုပ်လာကြ

ဗြိတိန်မှာလည်း အဲဒီလိုအခြေအနေနဲ့ ကြုံလာရရင် ဘယ်အသက်အရွယ်ကို ဦးစားပေးကုသမလဲဆိုတာ ဆွေးနွေးနေကြပါပြီ ဖြစ်ပါတယ်။

မတ်လ ၂၀ ရက်အထိ မြန်မာမှာ ဗိုင်းရပ်စ် ကူးစက်သူမရှိသေးဘဲ စောင့်ကြည့်နဲ့ သံသယလူနာ စုစုပေါင်း ၁၈၆ ဦး ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

အဲဒီထဲက နာတာရှည်ဆီးချိုနဲ့ နှလုံး နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးသူ ၃ ဦး၊ တီဘီ၊ ကျောက်ကပ်တို့နဲ့ သေဆုံးသူ ၁ ဦး၊ နာတာရှည်ကျောက်ကပ်ရောဂါနဲ့ သေဆုံးသူ ၁ ဦး၊ အဆုပ်ပွရောဂါနဲ့ သေဆုံးသူ ၁ ဦး၊ သွေးဆိပ်တက်ပြီး နောက်ဆက်တွဲဆိုးကျိုးနဲ့ သေဆုံးသူ ၂ ဦး၊ လတ်တလောအသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောကြောင့် သေသူ ၁ ဦး စုစုပေါင်း ကိုးဦး ရှိနေပါတယ်။
ဗိုင်းရပ်စ်ကာကွယ်ဖို့ ဒါတွေလုပ်ပါ

ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့အချက်တွေကိုလည်း လိုက်နာကြဖို့ကို တိုက်တွန်းထားပါတယ်။

အဲဒါတွေကတော့ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးဖို့ ဒါမှမဟုတ် အရက်ပြန်အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါတဲ့ လက်ဆေးရည်နဲ့ ဆေးဖို့ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Khin Mg Win
Image caption လက်ကိုမကြာခဏ ဆပ်ပြာနဲ့ စနစ်တကျဆေးခြင်းဟာ ရောဂါကို မကူးစက်အောင် ကာကွယ်နိုင်

အထူးသဖြင့် အပြင်က ပြန်လာပြီးတိုင်း အများပြည်သူအသုံးပြုရာနေရာတွေက ပစ္စည်းတွေ ဥပမာ လှေကားလက်ရမ်း၊ ဓာတ်လှေကားခလုတ်၊ တံခါး လက်ကိုင်တွေကို ကိုင်ပြီးတိုင်း လက်ကိုဆေးကြောသန့်စင်ရမှာ ဖြစ်ပါတယ်။ လက်ကိုမဆေးဘဲ နှာခေါင်း၊ ပါးစပ်နဲ့ မျက်နှာတို့ကို မကိုင်တွယ်ဖို့ လိုပါတယ်။

နှာချေချောင်းဆိုးတိုင်း နှာခေါင်းနဲ့ ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ရပါမယ်။

ဖျားနာ၊ နှာချေချောင်းဆိုးနေရင် လူစုလူဝေး၊ ဘတ်စ်ကားစီးခြင်းနဲ့ ခရီးသွားခြင်းကို ရှောင်ရပါမယ်။ ကိုယ်ကနေတစ်ဆင့် ကိုယ့်မိသားစု၊ မိတ်ဆွေအပေါင်းအသင်းနဲ့ တခြားသူတွေကို ရောဂါမကူးစက်အောင် နေရပါမယ်။

ရောဂါ ကူးစက်ရာဒေသ၊ နိုင်ငံတွေက ပြန်လာသူတွေဟာ အနီးဆုံးကျန်းမာရေးဌာနကို သတင်းပို့ရမှာ ဖြစ်ပြီး အစိုးရက သတ်မှတ်ထားရှိမယ့် quarantine လုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ကိုဗစ္၁၉- သက္ႀကီး႐ြယ္အိုေတြနဲ႔ နာတာရွည္ေရာဂါသည္ေတြ အျပင္မထြက္ဖို႔ ျမန္မာ အစိုးရ ပန္ၾကား ကိုဗစ္၁၉- သက္ႀကီး႐ြယ္အိုေတြနဲ႔ နာတာရွည္ေရာဂါသည္ေတြ အျပင္မထြက္ဖို႔ ျမန္မာ အစိုးရ ပန္ၾကား Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.