အိႏိၵယမွာ တားျမစ္ခ်က္မလိုက္နာသူေတြ ရဲက ႐ိုက္ႏွက္အျပစ္ေပး

အိႏၵိယႏုိင္ငံ Jammu ၿမိဳ႕မွာ တုတ္ျဖင့္ ရပ္ေစာင့္ေနတဲ့ ရဲ၀န္ထမ္းမ်ား (သတင္းဓာတ္ပံု - မတ္ ၂၆၊ ၂၀၂၀)

(Zawgyi/Unicode)

အိႏၵိယႏုိင္ငံမွာ ကိုိရုိနာဗုိင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ တႏုိင္ငံလုံးအတုိင္းအတာနဲ႔ အျပင္မထြက္ဘဲ ေနၾကဖို႔ ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို မလိုက္နာဘဲ ခ်ိဳးေဖာက္တဲ့သူေတြကို အိႏၵိယရဲတပ္ဖဲြ႔က မေန႔က နံပါတ္တုတ္ေတြနဲ႔ ရုိက္ႏွက္တာေတြ တျခားအျပစ္ေပးတာေတြ လုပ္ခဲ့ပါတယ္။

အိႏၵိယႏုိင္ငံ ကိုရုိနာဗုိင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္တဲ့ အေနနဲ႔ ၂၁ ရက္ၾကာ အျပင္မထြက္ၾကဖို႔ ၀န္ႀကီးခ်ဳပ္ နရင္ဒရာမိုဒီက မတ္လ ၂၄ ရက္ေန႔ အမိန္႔ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

မရွိမျဖစ္ အေရးေပၚ၀န္ေဆာင္မႈေပးေနတဲ့ သူေတြကလဲြရင္ က်န္တဲ့သူေတြကို တေနရာကေန တေနရာကို မသြားႏုိင္ေအာင္ တားဆီးတဲ့အေနနဲ႔ ရဲေတြက လမ္းေတြကို သံဆူးႀကိဳးေတြနဲ႔ ပိတ္ၿပီး ကားေတြကို ရပ္တန္႔စစ္ေဆးတာေတြ လုပ္ေနပါတယ္။ ဒါ့အျပင္ Mumbai, Nagpur နဲ႔ Mau ၿမိဳ႕ေတြမွာေတာ့ စည္းကမ္းခ်ိဳးေဖာက္တဲ့သူေတြကို ထုိင္ထလုပ္ခုိင္းတာ၊ ဒုိက္ထိုးခုိင္းတာေတြ လုပ္ၿပီး အျပစ္ေပးေနပါတယ္။


အိႏၵိယႏုိင္ငံမွာ အခုလို အျပင္မထြက္ရဘူးလို႔ အမိန္႔ထုတ္လိုက္တာေၾကာင့္ လူေတြဟာလည္း ေစ်းဆုိင္ေတြမွာ အလုအယက္စုၿပဳံတုိးၿပီးေတာ့ ၀ယ္ခဲ့ၾကပါတယ္။

ၿမိဳ႕ေတာ္ေဒလီမွာေတာ့ အစိုးရက ဆင္းရဲႏြမ္းပါးၿပီး အစားအစာ မရွိတဲ့သူေတြနဲ႔ ေန႔စားအလုပ္သမားေတြကို အစားအေသာက္ေတြ ေ၀ေပးေနပါတယ္။ အိႏၵိယႏုိင္ငံမွာ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၅၂၆ ေယာက္ေတြ႕ရွိၿပီး ေသဆုံးတဲ့သူ ၁၁ ေယာက္ရွိခဲ့တာေၾကာင့္ အိႏၵိယအစိုးရက မတ္လ ၂၅ ရက္ မေန႔ကစၿပီး တႏုိင္ငံလုံးအတုိင္းအတာနဲ႔ ၃ ပတ္ၾကာ အျပင္မထြက္ဖို႔ အမိန္႔ထုတ္လိုက္တာျဖစ္ပါတယ္။

တရုတ္၊ အီတလီ နဲ႔ စပိန္ႏုိင္ငံေတြထက္စာရင္ အိႏၵိယႏုိင္င့မွာ ကိုရုိနာဗုိင္္းရပ္စ္ကူးစက္ခံရမႈဟာ သိပ္မေျပာပေလာက္ေပမဲ့ ကမာၻေပၚမွာ လူဦးေရ ဒုတိယအမ်ားဆုံးႏုိင္ငံျဖစ္တဲ့ အိႏၵိယႏုိင္ငံအေနနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြကို တင္းတင္းၾကပ္ၾကပ္ မလုပ္ဘူးဆုိရင္ ေရာဂါကူးစက္ခံရတာေတြ အႀကီးအက်ယ္ ျဖစ္လာႏုိင္တယ္လို႔ ၀န္ႀကီးခ်ဳပ္မိုဒီနဲ႔ က်န္းမာေရးတာ၀န္ရွိသူေတြက သတိေပးလိုက္ပါတယ္။

[Unicode Version]

အိန္ဒိယမှာ တားမြစ်ချက်မလိုက်နာသူတွေ ရဲက ရိုက်နှက်အပြစ်ပေး

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်ဖို့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပြင်မထွက်ဘဲ နေကြဖို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘဲ ချိုးဖောက်တဲ့သူတွေကို အိန္ဒိယရဲတပ်ဖွဲ့က မနေ့က နံပါတ်တုတ်တွေနဲ့ ရိုက်နှက်တာတွေ တခြားအပြစ်ပေးတာတွေ လုပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်တဲ့ အနေနဲ့ ၂၁ ရက်ကြာ အပြင်မထွက်ကြဖို့ ဝန်ကြီးချုပ် နရင်ဒရာမိုဒီက မတ်လ ၂၄ ရက်နေ့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မရှိမဖြစ် အရေးပေါ်ဝန်ဆောင်မှုပေးနေတဲ့ သူတွေကလွဲရင် ကျန်တဲ့သူတွေကို တနေရာကနေ တနေရာကို မသွားနိုင်အောင် တားဆီးတဲ့အနေနဲ့ ရဲတွေက လမ်းတွေကို သံဆူးကြိုးတွေနဲ့ ပိတ်ပြီး ကားတွေကို ရပ်တန့်စစ်ဆေးတာတွေ လုပ်နေပါတယ်။ ဒါ့အပြင် Mumbai, Nagpur နဲ့ Mau မြို့တွေမှာတော့ စည်းကမ်းချိုးဖောက်တဲ့သူတွေကို ထိုင်ထလုပ်ခိုင်းတာ၊ ဒိုက်ထိုးခိုင်းတာတွေ လုပ်ပြီး အပြစ်ပေးနေပါတယ်။

အိန္ဒိယနိုင်ငံမှာ အခုလို အပြင်မထွက်ရဘူးလို့ အမိန့်ထုတ်လိုက်တာကြောင့် လူတွေဟာလည်း ဈေးဆိုင်တွေမှာ အလုအယက်စုပြုံတိုးပြီးတော့ ဝယ်ခဲ့ကြပါတယ်။

မြို့တော်ဒေလီမှာတော့ အစိုးရက ဆင်းရဲနွမ်းပါးပြီး အစားအစာ မရှိတဲ့သူတွေနဲ့ နေ့စားအလုပ်သမားတွေကို အစားအသောက်တွေ ဝေပေးနေပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၂၆ ယောက်တွေ့ရှိပြီး သေဆုံးတဲ့သူ ၁၁ ယောက်ရှိခဲ့တာကြောင့် အိန္ဒိယအစိုးရက မတ်လ ၂၅ ရက် မနေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ၃ ပတ်ကြာ အပြင်မထွက်ဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

တရုတ်၊ အီတလီ နဲ့ စပိန်နိုင်ငံတွေထက်စာရင် အိန္ဒိယနိုင်င့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ သိပ်မပြောပလောက်ပေမဲ့ ကမ္ဘာပေါ်မှာ လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် မလုပ်ဘူးဆိုရင် ရောဂါကူးစက်ခံရတာတွေ အကြီးအကျယ် ဖြစ်လာနိုင်တယ်လို့ ဝန်ကြီးချုပ်မိုဒီနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
အိႏိၵယမွာ တားျမစ္ခ်က္မလိုက္နာသူေတြ ရဲက ႐ိုက္ႏွက္အျပစ္ေပး အိႏိၵယမွာ တားျမစ္ခ်က္မလိုက္နာသူေတြ ရဲက ႐ိုက္ႏွက္အျပစ္ေပး Reviewed by THITHTOOLWIN on 00:15 Rating: 5
Powered by Blogger.