ကြတ္ခိုင္အေျခစိုက္ ေကာင္းခါးျပည္သူ႔စစ္တပ္ဖြဲ႕ကို တပ္မေတာ္က ထိန္းခ်ဳပ္ထား

(Zawgyi)⤵⤵⤵

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ လူသိမ်ားတဲ့ ကြတ္ခိုင္ၿမိဳ႕နယ္အေျခစိုက္ တပ္ဖြဲ႕ဝင္အင္အား တစ္ေထာင္နီးပါးရွိတဲ့  ေကာင္းခါးျပည္သူ႔စစ္တပ္ဖြဲ႕ကို တပ္မေတာ္က ဝင္ေရာက္စီးနင္းသိမ္းပိုက္လိုက္ၿပီး ေခါင္းေဆာင္တခ်ိဳ႕လည္း ထိန္းသိမ္းစစ္ေဆးေနပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္က ေကာင္းခါးျပည္သူ႔စစ္ဌာနခ်ဳပ္ေနရာကို တပ္မ ၉၉ တပ္ဖြဲ႕ဝင္ေတြက မတ္လ ၂၄ ရက္ေန႔မွာ ဝင္ေရာက္စီးနင္းၿပီးေတာ့ လက္နက္အပ္ဖို႔ၫႊန္ၾကားတယ္လို႔ ထိန္းခ်ဳပ္ခံလိုက္ရတဲ့ ေကာင္းခါးအဖြဲ႕က အရာရွိ ငယ္တစ္ဦးက RFA ကို ဒီေန႔ မတ္လ ၂၆ ရက္ေန႔မွာ အတည္ျပဳပါတယ္။

ျပည္သူ႔စစ္အဖြဲ႕ ေခါင္းေဆာင္အခ်ိဳ႕ကို တပ္မေတာ္က ထိန္းသိမ္းၿပီး စစ္ေဆးေမးျမန္းခံေနရတယ္လို႔ အမည္ မေဖာ္လိုတဲ့ ေကာင္းခါးအရာရွိက ဆက္ေျပာပါတယ္။

KDA အဖြဲ႕ ဒုဥကၠ႒ ၁ ဦးေဇာ္ရင္ ကေတာ့ ေကာင္းခါးဌာနခ်ဳပ္မွာပဲရွိေနၿပီး အေထြေထြအတြင္းေရးမႉး ဦးဒီးခြန္နဲ႔ ေခါင္းေဆာင္ေနာက္တစ္ဦးျဖစ္တဲ့ ဦးဇုန္မ္ေခါ ကိုေတာ့ ေဆြးေႏြးစရာရွိလို႔ဆိုၿပီး အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ မွာ စစ္ေဆးခံေနရတယ္လို႔ ဆိုပါတယ္။ လတ္တေလာမွာ ထိန္းသိမ္းခံထားရတဲ့ေခါင္းေဆာင္ပိုင္းနဲ႔ တပ္ဖြဲ႕ဝင္ ဆယ္ဦးေက်ာ္တယ္လို႔ ခန႔္မွန္းထားၿပီး၊ တပ္ဖြဲ႕ ဖ႐ိုဖရဲျဖစ္ေနလို႔ အေရအတြက္တိတိက်က်မသိႏိုင္ဘူးလို႔ ေကာင္းခါးအရာရွိငယ္ကေျပာပါတယ္။

ေကာင္းခါးအဖြဲ႕ကို လက္နက္အပ္ခိုင္းၿပီး ေခါင္းေဆာင္ပိုင္းေတြကို စစ္ေဆးေနတဲ့ကိစၥကို  မသိေရေသးေၾကာင္းနဲ႔ အဲဒီေဒသမွာ မူးယစ္ေဆးနဲ႔ပတ္သက္ၿပီး သတင္းေပးဖို႔ ပ်က္ကြက္သူေတြကို အေရးယူဖို႔လုပ္ေနတာေတာ့ ရွိေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က RFA ကို ေျပာပါတယ္။

ယိမ္း ေမာ၊ ဟိုဖ်က္႐ြာက ေခါင္းေဆာင္နဲ႔ တပ္ဖြဲ႕ဝင္ေတြ မူးယစ္ေဆးေတြ အမ်ားမ်ားအျပားမိခဲ့တဲ့ လြယ္ခမ္႐ြာက ေခါင္းေဆာင္ပိုင္းနဲ႔ တပ္ဖြဲ႕ဝင္ေတြကို မူးယစ္ေဆးသတင္းေပးဖို႔ ပ်က္ကြက္တာ၊ မူးယစ္ေဆးထုတ္လုပ္ရာမွာ ပါဝင္တာ စတဲ့စြပ္စြဲခ်က္ေတြနဲ႔ ဖမ္းဆီးစစ္ေဆးခံေနရတယ္လို႔ စုံစမ္းသိရွိရပါတယ္။ လြယ္ေတာက္႐ြာက တပ္ဖြဲ႕ဝင္ေတြကိုေတာ့ မေန႔ကတည္းက လက္နက္ေတြအပ္ဖို႔ဆိုၿပီး လားရႈိးက ခလရ ၄၁ တပ္မွာ ေခၚယူ စစ္ေဆးေနတယ္လို႔လည္းေျပာပါတယ္။

ေကာင္းခါး႐ြာ အဝင္အထြက္လမ္းေတြကို တပ္မေတာ္က ဒီေန႔အထိ ပိတ္ထားလိုက္ၿပီးေတာ့ သြားလာမႈေတြကို တင္းတင္းၾကပ္ၾကပ္စစ္ေဆးမႈေတြလုပ္ေနတယ္လို႔ ကြတ္ခိုင္ေဒသခံေတြကေျပာပါတယ္။

ေကာင္းခါးေက်း႐ြာအုပ္စုနဲ႔ လြယ္ခမ္ေက်း႐ြာအုပ္စုသြားတဲ့လမ္းေတြကို တပ္ကပိတ္ထားလို႔ သြားလာေရးခက္ခဲ ေနတယ္လို႔ ေဒသခံတခ်ိဳ႕ကေျပာပါတယ္။ ကခ်င္တိုင္းရင္းသားေတြရဲ႕ ခရစ္ယာန္ဘာသာ ဆုေတာင္းေတာင္ကုန္း ေပၚမွာ တပ္ကစခန္းခ်ဖို႔လုပ္ေနတာေတြ႕ရတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ေကာင္းခါးအဖြဲ႕အရာရွိကေတာ့ လက္ရွိတပ္မေတာ္က သိမ္းဆည္းရမိတဲ့ ေကာင္းခါအဖြဲ႕ပိုင္လက္နက္အသစ္ေတြ ဟာ ႏိုင္ငံေတာ္ကိုပုန္ကန္ဖို႔မဟုတ္ဘဲ မိမိေဒသလုံၿခဳံေရးအတြက္ ဝယ္ယူထားတာျဖစ္တယ္လို႔ ေျပာပါတယ္။ မူးယစ္ေဆးကိစၥနဲ႔ ဆက္စပ္သူေတြကို အေရးယူတာသေဘာတူေပမယ့္ လက္နက္ျဖဳတ္သိမ္းတဲ့အထိ မလုပ္ေစ ခ်င္ဘူးလို႔ သူကဆိုပါတယ္။

ေဒသခံတခ်ိဳ႕ကေတာ့ မူးယစ္ေဆးနဲ႔ လက္နက္ေတြမိတဲ့ လြယ္ခမ္ေက်း႐ြာဟာ ကိုးကန႔္တိုင္းရင္းသားေတြ အမ်ားစုေနထိုင္တာျဖစ္ၿပီး ကိုးကန႔္တပ္ဖြဲ႕ေတြနဲ႔ ျပည္သူ႔စစ္ဆက္စပ္မႈကို တပ္ကသတင္းရလို႔ အေရးယူတာ ျဖစ္ႏိုင္တယ္လို႔ယူဆၾကပါတယ္။

လက္ရွိျပည္သူ႔စစ္ေတြ ထိန္းခ်ဳပ္ထားတဲ့ လြယ္ေတာင္ေက်း႐ြာတဝိုက္မွာေတာ့ တအာင္းအမ်ိဳးသားလြတ္ေျမာက္ ေရးအဖြဲ႕ TNLA နဲ႔ ကိုးကန႔္အဖြဲ႕ေတြ လႈပ္ရွားေလ့ရွိပါတယ္။ ဒီႏွစ္ဖြဲ႕နဲ႔ ေဒသခံျပည္သူ႔စစ္က တိုက္ပြဲေတာ့ မျဖစ္ၾကပါဘူး။ တပ္က အခုလိုဝင္သိမ္းလို႔ ျပည္သူ႔စစ္ေတြမရွိေတာ့ရင္ တပ္နဲ႔ TNLA/ ကိုးကန႔္အဖြဲ႕ေတြ တိုက္ပြဲ ျဖစ္လာႏိုင္တယ္လို႔ သုံးသပ္ၾကပါတယ္။

KDA အသြင္ေျပာင္း ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ဟာ ရွမ္းေျမာက္ေဒက လားရႈိး၊ ကြမ္လုံ၊ သိႏၷီ၊ မူဆယ္၊ ကြတ္ခိုင္ စတဲ့ငါးၿမိဳ႕နယ္မွာ ဆက္ဆံေရး႐ုံးေတြ ဖြင့္ထားပါတယ္။ ဒီအဖြဲ႕ဟာ တပ္မေတာ္အစိုးရလက္ထက္ ၁၉၉၁ တုန္းက ၿငိမ္းခ်မ္းေရးယူထားတဲ့အဖြဲ႕ပါ။ မွတ္ပုံတင္ျပည္သူ႔စစ္စာရင္းမွာ ေကာင္းခါးအဖြဲ႕က အင္အား ၈၅၀ ရွိတယ္လို႔ ေဖာ္ျပၿပီး အရန္အင္အားနဲ႔ဆိုရင္ ႏွစ္ေထာင္ေက်ာ္ပါတယ္။

တပ္မေတာ္က ၿပီးခဲတဲ့ေဖေဖာ္ဝါရီလကကေနစတင္ၿပီး ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးေက်း႐ြာအုပ္စုနဲ႔ လြယ္ခမ္ ေက်း႐ြာေတြမွာ က်ပ္ေငြဘီလီယံတစ္ရာေက်ာ္ တန္ေၾကးရွိတဲ့မူးယစ္ေဆးေတြ ျပည္သူ႔စစ္တံဆိပ္ပါလက္နက္ေတြ ကို ဖမ္းဆီးရမိခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ကွတ်ခိုင်အခြေစိုက် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ကို တပ်မတော်က ထိန်းချုပ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူသိများတဲ့ ကွတ်ခိုင်မြို့နယ်အခြေစိုက် တပ်ဖွဲ့ဝင်အင်အား တစ်ထောင်နီးပါးရှိတဲ့  ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ကို တပ်မတော်က ဝင်ရောက်စီးနင်းသိမ်းပိုက်လိုက်ပြီး ခေါင်းဆောင်တချို့လည်း ထိန်းသိမ်းစစ်ဆေးနေပါတယ်။

ကွတ်ခိုင်မြို့နယ်က ကောင်းခါးပြည်သူ့စစ်ဌာနချုပ်နေရာကို တပ်မ ၉၉ တပ်ဖွဲ့ဝင်တွေက မတ်လ ၂၄ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီးတော့ လက်နက်အပ်ဖို့ညွှန်ကြားတယ်လို့ ထိန်းချုပ်ခံလိုက်ရတဲ့ ကောင်းခါးအဖွဲ့က အရာရှိ ငယ်တစ်ဦးက RFA ကို ဒီနေ့ မတ်လ ၂၆ ရက်နေ့မှာ အတည်ပြုပါတယ်။

ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်အချို့ကို တပ်မတော်က ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခံနေရတယ်လို့ အမည် မဖော်လိုတဲ့ ကောင်းခါးအရာရှိက ဆက်ပြောပါတယ်။

KDA အဖွဲ့ ဒုဥက္ကဋ္ဌ ၁ ဦးဇော်ရင် ကတော့ ကောင်းခါးဌာနချုပ်မှာပဲရှိနေပြီး အထွေထွေအတွင်းရေးမှူး ဦးဒီးခွန်နဲ့ ခေါင်းဆောင်နောက်တစ်ဦးဖြစ်တဲ့ ဦးဇုန်မ်ခေါ ကိုတော့ ဆွေးနွေးစရာရှိလို့ဆိုပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မှာ စစ်ဆေးခံနေရတယ်လို့ ဆိုပါတယ်။ လတ်တလောမှာ ထိန်းသိမ်းခံထားရတဲ့ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင် ဆယ်ဦးကျော်တယ်လို့ ခန့်မှန်းထားပြီး၊ တပ်ဖွဲ့ ဖရိုဖရဲဖြစ်နေလို့ အရေအတွက်တိတိကျကျမသိနိုင်ဘူးလို့ ကောင်းခါးအရာရှိငယ်ကပြောပါတယ်။

ကောင်းခါးအဖွဲ့ကို လက်နက်အပ်ခိုင်းပြီး ခေါင်းဆောင်ပိုင်းတွေကို စစ်ဆေးနေတဲ့ကိစ္စကို  မသိရေသေးကြောင်းနဲ့ အဲဒီဒေသမှာ မူးယစ်ဆေးနဲ့ပတ်သက်ပြီး သတင်းပေးဖို့ ပျက်ကွက်သူတွေကို အရေးယူဖို့လုပ်နေတာတော့ ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။

ယိမ်း မော၊ ဟိုဖျက်ရွာက ခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင်တွေ မူးယစ်ဆေးတွေ အများများအပြားမိခဲ့တဲ့ လွယ်ခမ်ရွာက ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးသတင်းပေးဖို့ ပျက်ကွက်တာ၊ မူးယစ်ဆေးထုတ်လုပ်ရာမှာ ပါဝင်တာ စတဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။ လွယ်တောက်ရွာက တပ်ဖွဲ့ဝင်တွေကိုတော့ မနေ့ကတည်းက လက်နက်တွေအပ်ဖို့ဆိုပြီး လားရှိုးက ခလရ ၄၁ တပ်မှာ ခေါ်ယူ စစ်ဆေးနေတယ်လို့လည်းပြောပါတယ်။

ကောင်းခါးရွာ အဝင်အထွက်လမ်းတွေကို တပ်မတော်က ဒီနေ့အထိ ပိတ်ထားလိုက်ပြီးတော့ သွားလာမှုတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ကွတ်ခိုင်ဒေသခံတွေကပြောပါတယ်။

ကောင်းခါးကျေးရွာအုပ်စုနဲ့ လွယ်ခမ်ကျေးရွာအုပ်စုသွားတဲ့လမ်းတွေကို တပ်ကပိတ်ထားလို့ သွားလာရေးခက်ခဲ နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ကချင်တိုင်းရင်းသားတွေရဲ့ ခရစ်ယာန်ဘာသာ ဆုတောင်းတောင်ကုန်း ပေါ်မှာ တပ်ကစခန်းချဖို့လုပ်နေတာတွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကောင်းခါးအဖွဲ့အရာရှိကတော့ လက်ရှိတပ်မတော်က သိမ်းဆည်းရမိတဲ့ ကောင်းခါအဖွဲ့ပိုင်လက်နက်အသစ်တွေ ဟာ နိုင်ငံတော်ကိုပုန်ကန်ဖို့မဟုတ်ဘဲ မိမိဒေသလုံခြုံရေးအတွက် ဝယ်ယူထားတာဖြစ်တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးကိစ္စနဲ့ ဆက်စပ်သူတွေကို အရေးယူတာသဘောတူပေမယ့် လက်နက်ဖြုတ်သိမ်းတဲ့အထိ မလုပ်စေ ချင်ဘူးလို့ သူကဆိုပါတယ်။

ဒေသခံတချို့ကတော့ မူးယစ်ဆေးနဲ့ လက်နက်တွေမိတဲ့ လွယ်ခမ်ကျေးရွာဟာ ကိုးကန့်တိုင်းရင်းသားတွေ အများစုနေထိုင်တာဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်ဆက်စပ်မှုကို တပ်ကသတင်းရလို့ အရေးယူတာ ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။

လက်ရှိပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ လွယ်တောင်ကျေးရွာတဝိုက်မှာတော့ တအာင်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့တွေ လှုပ်ရှားလေ့ရှိပါတယ်။ ဒီနှစ်ဖွဲ့နဲ့ ဒေသခံပြည်သူ့စစ်က တိုက်ပွဲတော့ မဖြစ်ကြပါဘူး။ တပ်က အခုလိုဝင်သိမ်းလို့ ပြည်သူ့စစ်တွေမရှိတော့ရင် တပ်နဲ့ TNLA/ ကိုးကန့်အဖွဲ့တွေ တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

KDA အသွင်ပြောင်း ကောင်းခါးပြည်သူ့စစ်အဖွဲ့ဟာ ရှမ်းမြောက်ဒေက လားရှိုး၊ ကွမ်လုံ၊ သိန္နီ၊ မူဆယ်၊ ကွတ်ခိုင် စတဲ့ငါးမြို့နယ်မှာ ဆက်ဆံရေးရုံးတွေ ဖွင့်ထားပါတယ်။ ဒီအဖွဲ့ဟာ တပ်မတော်အစိုးရလက်ထက် ၁၉၉၁ တုန်းက ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ပါ။ မှတ်ပုံတင်ပြည်သူ့စစ်စာရင်းမှာ ကောင်းခါးအဖွဲ့က အင်အား ၈၅၀ ရှိတယ်လို့ ဖော်ပြပြီး အရန်အင်အားနဲ့ဆိုရင် နှစ်ထောင်ကျော်ပါတယ်။

တပ်မတော်က ပြီးခဲတဲ့ဖေဖော်ဝါရီလကကနေစတင်ပြီး ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအုပ်စုနဲ့ လွယ်ခမ် ကျေးရွာတွေမှာ ကျပ်ငွေဘီလီယံတစ်ရာကျော် တန်ကြေးရှိတဲ့မူးယစ်ဆေးတွေ ပြည်သူ့စစ်တံဆိပ်ပါလက်နက်တွေ ကို ဖမ်းဆီးရမိခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ကြတ္ခိုင္အေျခစိုက္ ေကာင္းခါးျပည္သူ႔စစ္တပ္ဖြဲ႕ကို တပ္မေတာ္က ထိန္းခ်ဳပ္ထား ကြတ္ခိုင္အေျခစိုက္ ေကာင္းခါးျပည္သူ႔စစ္တပ္ဖြဲ႕ကို တပ္မေတာ္က ထိန္းခ်ဳပ္ထား Reviewed by THITHTOOLWIN on 00:17 Rating: 5
Powered by Blogger.