က်န္းမာေရးဝန္ထမ္းေတြရဲ႕ ေသာက

 နယ္ကေဆး႐ုံေတြအမ်ားစုမွာ လူနာေဆာင္တစ္ေဆာင္မွာအမ်ားဆုံး ခုတင္ဆယ္လုံးေလာက္ပဲ ရွိေနတာပါ။
(Zawgyi)⤵⤵⤵
ကပ္ေရာဂါေၾကညာၿပီးေနာက္ပိုင္း သံသယနဲ႔ ေစာင့္ၾကည့္လူနာ တိုးလာတဲ့ေနာက္ ေဆး႐ုံေတြမွာ ကုသေရးနဲ႔ ေရာဂါကာကြယ္ေရးပစၥည္း မလုံေလာက္တဲ့ အေျခအေနေတြရွိလာပါတယ္။

ေဆး႐ုံအုပ္ႀကီးေတြ၊ ဆရာဝန္ႀကီးေတြကိုယ္တိုင္ ႏွာေခါင္းစည္း၊ ေရာဂါကာကြယ္ေရးဝတ္စုံ၊ အသက္ရႉစက္၊ ဓာတ္မွန္စက္ေတြ အရမ္းလိုအပ္ေနလို႔ လႉဒါန္းေပးၾကဖို႔ လူမႈကြန္ရက္မွာ ထုတ္ေဖာ္ေျပာၾကားလာပါတယ္။

တကယ္တမ္း လူနာေတြၿပဳံက်လာရင္ ကုသေပးႏိုင္တဲ့ အင္အားနဲ႔ ခုတင္ ေတြမလုံေလာက္မွာကိုလည္း စိတ္ပူေနၾကတာပါ။

ကိုဗစ္၁၉ လူနာေတြမ်ားလာရင္ လက္ရွိေဆး႐ုံခုတင္ေတြမေလာက္ေတာ့ဘူးဆိုရင္ စာသင္ေက်ာင္းေတြကို ပိုးသတ္ေဆးျဖန္းၿပီး ေဆး႐ုံ လုပ္သြားမယ္လို႔ ပုသိမ္ျပည္သူ႔ေဆး႐ုံႀကီးရဲ႕ ေဆး႐ုံအုပ္ႀကီး ေဒါက္တာသန္းမင္းထြဋ္က ေျပာပါတယ္။

ဒါ့အျပင္ လိုအပ္ေနတဲ့ ေရာဂါကုသေရးပစၥည္းေတြနဲ႔ပတ္သက္လို႔ သူက

"ေဆး႐ုံႀကီးေတြမွာ အသက္ရႉစက္ေတြလိုေနတယ္။ ကိုဗစ္၁၉ ရဲ႕ ျပႆနာက ကိုဗစ္လူနာကို သုံးၿပီးရင္ အျပင္ကိုထုတ္သုံးလို႔မရေတာ့ဘူး။ ကူးသြားမွာကိုး။ N95 mask ေတြ ေဈးကြက္ထဲမွာ ဝယ္လို႔မရေတာ့ဘူး။ ေနာက္ လူနာကိုေစာင့္ၾကည့္တဲ့ စက္ေတြ၊ ေဆးထိုးတဲ့စက္ေတြ၊ အေၾကာေဆးသြင္းတဲ့စက္ေတြ၊ ေအာက္ဆီဂ်င္စက္ေတြ၊ နဖူးကိုစမ္းတဲ့ သာမိုမီတာေတြ၊ ရင္ၾကပ္ရင္ရႉတဲ့စက္ေတြလိုတယ္။ ေနာက္ Portable X Ray စက္ေတြ၊ ECG စက္ေတြလိုတယ္" လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကျန်းမာရေးဝန်ထမ်းတွေရဲ့ သောက

ကပ်ရောဂါကြေညာပြီးနောက်ပိုင်း သံသယနဲ့ စောင့်ကြည့်လူနာ တိုးလာတဲ့နောက် ဆေးရုံတွေမှာ ကုသရေးနဲ့ ရောဂါကာကွယ်ရေးပစ္စည်း မလုံလောက်တဲ့ အခြေအနေတွေရှိလာပါတယ်။

ဆေးရုံအုပ်ကြီးတွေ၊ ဆရာဝန်ကြီးတွေကိုယ်တိုင် နှာခေါင်းစည်း၊ ရောဂါကာကွယ်ရေးဝတ်စုံ၊ အသက်ရှူစက်၊ ဓာတ်မှန်စက်တွေ အရမ်းလိုအပ်နေလို့ လှူဒါန်းပေးကြဖို့ လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောကြားလာပါတယ်။

တကယ်တမ်း လူနာတွေပြုံကျလာရင် ကုသပေးနိုင်တဲ့ အင်အားနဲ့ ခုတင် တွေမလုံလောက်မှာကိုလည်း စိတ်ပူနေကြတာပါ။
ဓာတ်ပုံ မူပိုင် MOHS
Image caption နယ်ကဆေးရုံတွေအများစုမှာ လူနာဆောင်တစ်ဆောင်မှာအများဆုံး ခုတင်ဆယ်လုံးလောက်ပဲ ရှိနေတာပါ။

ကိုဗစ်၁၉ လူနာတွေများလာရင် လက်ရှိဆေးရုံခုတင်တွေမလောက်တော့ဘူးဆိုရင် စာသင်ကျောင်းတွေကို ပိုးသတ်ဆေးဖြန်းပြီး ဆေးရုံ လုပ်သွားမယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

ဒါ့အပြင် လိုအပ်နေတဲ့ ရောဂါကုသရေးပစ္စည်းတွေနဲ့ပတ်သက်လို့ သူက

"ဆေးရုံကြီးတွေမှာ အသက်ရှူစက်တွေလိုနေတယ်။ ကိုဗစ်၁၉ ရဲ့ ပြဿနာက ကိုဗစ်လူနာကို သုံးပြီးရင် အပြင်ကိုထုတ်သုံးလို့မရတော့ဘူး။ ကူးသွားမှာကိုး။ N95 mask တွေ ဈေးကွက်ထဲမှာ ဝယ်လို့မရတော့ဘူး။ နောက် လူနာကိုစောင့်ကြည့်တဲ့ စက်တွေ၊ ဆေးထိုးတဲ့စက်တွေ၊ အကြောဆေးသွင်းတဲ့စက်တွေ၊ အောက်ဆီဂျင်စက်တွေ၊ နဖူးကိုစမ်းတဲ့ သာမိုမီတာတွေ၊ ရင်ကြပ်ရင်ရှူတဲ့စက်တွေလိုတယ်။ နောက် Portable X Ray စက်တွေ၊ ECG စက်တွေလိုတယ်" လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com
က်န္းမာေရးဝန္ထမ္းေတြရဲ႕ ေသာက က်န္းမာေရးဝန္ထမ္းေတြရဲ႕ ေသာက Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.