တုပ္ေကြးမိစျပဳေနတဲ့ ျမန္မာ့စီးပြားေရး

 တစ္လစာကုန္ၾကမ္းေတြကို တ႐ုတ္က ေလယာဥ္နဲ႔ ပို႔လာတာရွိေပမယ့္ ေရရွည္အတြက္ေတာ့ စက္႐ုံေတြလည္ပတ္ဖို႔ မေသခ်ာေသး
(Zawgyi)⤵⤵⤵
တ႐ုတ္က ကုန္ၾကမ္းအဝင္ျပတ္လို႔ ျမန္မာက အထည္ခ်ဳပ္စက္႐ုံ ၂၀ ေက်ာ္ ပိတ္ခဲ့ရၿပီး အလုပ္လက္မဲ့ တစ္ေသာင္းေက်ာ္ ရွိလာမယ္လို႔ အစိုးရက ခန႔္မွန္းပါတယ္။

ဗိုင္းရပ္စ္ မေတြ႕ေသးေပမယ့္ လတ္တေလာ ျမန္မာမွာ ဒီဂယက္ေၾကာင့္ အလုပ္သမားေတြ အလုပ္ျပဳတ္၊ ခရီးသြားလုပ္ငန္းေတြအထိနာ၊ ေလေၾကာင္းလိုင္းေတြ ေလွ်ာ့ခ်ပ်ံသန္းရနဲ႔ ကမာၻ႔ႏိုင္ငံေတြနည္းတူ ႀကဳံေနရပါတယ္။

သၾကၤန္အပါအဝင္ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြ၊ ႐ုပ္ရွင္႐ုံေတြ၊ အႏွိပ္ခန္း၊ ကာရာအိုေကဆိုင္ စတာေတြကို ပိတ္ပင္ထားတာေၾကာင့္ ဒီလုပ္ငန္းေတြကိုမွီခိုလုပ္ကိုင္ေနသူေတြအေပၚလည္း သက္ေရာက္လာမွာမလြဲပါဘူး။

ျပည္ပကိုအလုပ္သမားေစလႊတ္တာကိုလည္း ရပ္ဆိုင္းထားလိုက္ရပါၿပီ။ အခုဆို ႏိုင္ငံေပါင္း ၂၀ နီးပါးကို ျမန္မာက ျပည္ဝင္ခြင့္ေတြကန႔္သတ္လိုက္သလို တျခားႏိုင္ငံေတြကလည္း အသီးသီးကန႔္သတ္တာေတြရွိတဲ့အတြက္ ဒီကာလကို ရင္ဆိုင္ဖို႔ အေတာ္ေလး႐ုန္းကန္ၾကရဦးမွာပါ။

အထိခိုက္ဆုံးက ဟိုတယ္ခရီးေလေၾကာင္းလိုင္းလုပ္ငန္း၊ CMP လို႔ေခၚတဲ့ လက္ခစားအထည္ခ်ဳပ္လုပ္ငန္းနဲ႔ အေသးစားအလတ္စားစီးပြားေရး လုပ္ငန္းေတြလို႔ အစိုးရက သတ္မွတ္ၿပီး ဒီလုပ္ငန္းသုံးခုအတြက္ အတိုး ႏႈန္း ၁ ရာခိုင္ႏႈန္းနဲ႔ တစ္ႏွစ္ကာလ ေခ်းေငြေတြထုတ္ေခ်းဖို႔ က်ပ္ ၁၀၀ ဘီလ်ံထုတ္သုံးဖို႔ ျပင္ထားပါတယ္။

ဒီဗိုင္းရပ္စ္ဟာ အနည္းဆုံး ေနာက္ထပ္တစ္ႏွစ္ေက်ာ္ေလာက္ေတာ့ ဂယက္႐ိုက္ေနဦးမယ္လို႔ ပညာရွင္ ေတြက ခန႔္မွန္းထားပါတယ္။ ဒီအေျခအေန ခပ္ၾကာၾကာျဖစ္လာရင္ ဘာေတြ သုံးသပ္ျပင္ ဆင္ထားသင့္ လဲဆိုတာနဲ႔ပတ္သက္လို႔ စီးပြားေရးကြၽမ္းက်င္သူ ေဆာင္းပါးရွင္ ဦးေဇယ်သူက ခုလိုအႀကံျပဳပါတယ္။

"က်ပ္ ၁၀၀ ဘီလ်ံဆိုေတာ့ ေဒၚလာ သန္း ၇၀ ေလာက္ ျဖစ္သြားတာေပါ့။ ဒီလိုျမန္ျမန္ဆန္ဆန္ေၾကညာ လိုက္တာေကာင္းတယ္။ ႀကိဳက္တဲ့သူေတြလည္း ရွိတယ္။ အစိုးရက ဒီအတြက္ ျပင္ထားတယ္ဆိုတဲ့ သေဘာေပၚလြင္သြားတာေပါ့။ ဒါေပမဲ့ အခုဟာ က်ယ္ေတာ့က်ယ္သြားတယ္ဗ်ာ။ SME တို႔ဘာတို႔ထည့္ေျပာလိုက္ေတာ့ အေသးစားအလတ္စားဆိုေတာ့ ျမန္မာျပည္မွာအမ်ားႀကီးျဖစ္သြားတာေပါ့" လို႔ သူကေျပာပါတယ္။

 သားငါးတရိစာၦန္ေတြနဲ႔ ထိေတြ႕ရတဲ့အတြက္ ေဈးေတြဟာ ေရာဂါကူးစက္ဖို႔ အခြင့္အလမ္းအမ်ားဆုံးပါ။

ဒါေၾကာင့္ အခုအစိုးရ ေထာက္ပံ့မယ့္ေငြကို တကယ္လိုအပ္တဲ့သူေတြဆီ ေရာက္ဖို႔နဲ႔ ျမန္ျမန္စိစစ္ဖို႔လိုတယ္လို႔ သူက ဆိုပါတယ္။

"ရသင့္ရထိုက္တဲ့သူရဖို႔ အေရးႀကီးတယ္။ ၿပီးတဲ့အခါက်ေတာ့ ျမန္ျမန္ရဖို႔အေရးႀကီးတယ္။ ျမန္ျမန္ေရာက္ရင္ ျမန္ျမန္သက္သာမယ္။ ျမန္ျမန္ဒဏ္ခံႏိုင္မယ္။ တခ်ိဳ႕လုပ္ငန္းေတြက်ေတာ့ ဒီဗိုင္းရပ္စ္မျဖစ္ခင္တည္းက ထိေနတာေတြဘာေတြရွိတယ္။ ဒါေတြေရာ ထည့္စဥ္းစားမွာလားမစဥ္းစားဘူးလား။ အဲဒါေတြေတာ့ စိစစ္ဖို႔လိုတယ္" လို႔ ဦးေဇယ်သူကေျပာပါတယ္။

ဒါေပမဲ့ ဒီ က်ပ္ ၁၀၀ ဘီလ်ံဆိုတာကလည္း အစပဲျဖစ္သင့္ၿပီး ေရရွည္အတြက္ဆို ေနာက္ထပ္ အရန္ ေငြေၾကးေတြမ်ားမ်ားျပင္ထားဖို႔လိုတယ္လို႔ သူက ဆက္ေျပာပါတယ္။ ဒါမွမဟုတ္ ထိုင္းႏိုင္ငံလို ေရဖိုး၊ မီးဖိုးေတြ ေလွ်ာ့ေပးဖို႔၊ လက္ရွိစီးပြားေရးမူဝါဒမွာ ပိုက္ဆံအမ်ားႀကီးခ်မသုံးဘူးလို႔ စဥ္းစားထားရင္ အခု ဒါကို ျပန္သုံးသပ္ဖို႔ စတာေတြကို စဥ္းစားထားဖို႔လိုတယ္လို႔ သူက ဆက္ေျပာပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
တုပ်ကွေးမိစပြုနေတဲ့ မြန်မာ့စီးပွားရေး

တရုတ်က ကုန်ကြမ်းအဝင်ပြတ်လို့ မြန်မာက အထည်ချုပ်စက်ရုံ ၂၀ ကျော် ပိတ်ခဲ့ရပြီး အလုပ်လက်မဲ့ တစ်သောင်းကျော် ရှိလာမယ်လို့ အစိုးရက ခန့်မှန်းပါတယ်။

ဗိုင်းရပ်စ် မတွေ့သေးပေမယ့် လတ်တလော မြန်မာမှာ ဒီဂယက်ကြောင့် အလုပ်သမားတွေ အလုပ်ပြုတ်၊ ခရီးသွားလုပ်ငန်းတွေအထိနာ၊ လေကြောင်းလိုင်းတွေ လျှော့ချပျံသန်းရနဲ့ ကမ္ဘာ့နိုင်ငံတွေနည်းတူ ကြုံနေရပါတယ်။

သင်္ကြန်အပါအဝင် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ၊ ရုပ်ရှင်ရုံတွေ၊ အနှိပ်ခန်း၊ ကာရာအိုကေဆိုင် စတာတွေကို ပိတ်ပင်ထားတာကြောင့် ဒီလုပ်ငန်းတွေကိုမှီခိုလုပ်ကိုင်နေသူတွေအပေါ်လည်း သက်ရောက်လာမှာမလွဲပါဘူး။
ဓာတ်ပုံ မူပိုင် Getty Images
Image caption တစ်လစာကုန်ကြမ်းတွေကို တရုတ်က လေယာဉ်နဲ့ ပို့လာတာရှိပေမယ့် ရေရှည်အတွက်တော့ စက်ရုံတွေလည်ပတ်ဖို့ မသေချာသေး

ပြည်ပကိုအလုပ်သမားစေလွှတ်တာကိုလည်း ရပ်ဆိုင်းထားလိုက်ရပါပြီ။ အခုဆို နိုင်ငံပေါင်း ၂၀ နီးပါးကို မြန်မာက ပြည်ဝင်ခွင့်တွေကန့်သတ်လိုက်သလို တခြားနိုင်ငံတွေကလည်း အသီးသီးကန့်သတ်တာတွေရှိတဲ့အတွက် ဒီကာလကို ရင်ဆိုင်ဖို့ အတော်လေးရုန်းကန်ကြရဦးမှာပါ။

အထိခိုက်ဆုံးက ဟိုတယ်ခရီးလေကြောင်းလိုင်းလုပ်ငန်း၊ CMP လို့ခေါ်တဲ့ လက်ခစားအထည်ချုပ်လုပ်ငန်းနဲ့ အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းတွေလို့ အစိုးရက သတ်မှတ်ပြီး ဒီလုပ်ငန်းသုံးခုအတွက် အတိုး နှုန်း ၁ ရာခိုင်နှုန်းနဲ့ တစ်နှစ်ကာလ ချေးငွေတွေထုတ်ချေးဖို့ ကျပ် ၁၀၀ ဘီလျံထုတ်သုံးဖို့ ပြင်ထားပါတယ်။

ဒီဗိုင်းရပ်စ်ဟာ အနည်းဆုံး နောက်ထပ်တစ်နှစ်ကျော်လောက်တော့ ဂယက်ရိုက်နေဦးမယ်လို့ ပညာရှင် တွေက ခန့်မှန်းထားပါတယ်။ ဒီအခြေအနေ ခပ်ကြာကြာဖြစ်လာရင် ဘာတွေ သုံးသပ်ပြင် ဆင်ထားသင့် လဲဆိုတာနဲ့ပတ်သက်လို့ စီးပွားရေးကျွမ်းကျင်သူ ဆောင်းပါးရှင် ဦးဇေယျသူက ခုလိုအကြံပြုပါတယ်။

"ကျပ် ၁၀၀ ဘီလျံဆိုတော့ ဒေါ်လာ သန်း ၇၀ လောက် ဖြစ်သွားတာပေါ့။ ဒီလိုမြန်မြန်ဆန်ဆန်ကြေညာ လိုက်တာကောင်းတယ်။ ကြိုက်တဲ့သူတွေလည်း ရှိတယ်။ အစိုးရက ဒီအတွက် ပြင်ထားတယ်ဆိုတဲ့ သဘောပေါ်လွင်သွားတာပေါ့။ ဒါပေမဲ့ အခုဟာ ကျယ်တော့ကျယ်သွားတယ်ဗျာ။ SME တို့ဘာတို့ထည့်ပြောလိုက်တော့ အသေးစားအလတ်စားဆိုတော့ မြန်မာပြည်မှာအများကြီးဖြစ်သွားတာပေါ့" လို့ သူကပြောပါတယ်။
ဓာတ်ပုံ မူပိုင် NurPhoto
Image caption သားငါးတရိစ္ဆာန်တွေနဲ့ ထိတွေ့ရတဲ့အတွက် ဈေးတွေဟာ ရောဂါကူးစက်ဖို့ အခွင့်အလမ်းအများဆုံးပါ။

ဒါကြောင့် အခုအစိုးရ ထောက်ပံ့မယ့်ငွေကို တကယ်လိုအပ်တဲ့သူတွေဆီ ရောက်ဖို့နဲ့ မြန်မြန်စိစစ်ဖို့လိုတယ်လို့ သူက ဆိုပါတယ်။

"ရသင့်ရထိုက်တဲ့သူရဖို့ အရေးကြီးတယ်။ ပြီးတဲ့အခါကျတော့ မြန်မြန်ရဖို့အရေးကြီးတယ်။ မြန်မြန်ရောက်ရင် မြန်မြန်သက်သာမယ်။ မြန်မြန်ဒဏ်ခံနိုင်မယ်။ တချို့လုပ်ငန်းတွေကျတော့ ဒီဗိုင်းရပ်စ်မဖြစ်ခင်တည်းက ထိနေတာတွေဘာတွေရှိတယ်။ ဒါတွေရော ထည့်စဉ်းစားမှာလားမစဉ်းစားဘူးလား။ အဲဒါတွေတော့ စိစစ်ဖို့လိုတယ်" လို့ ဦးဇေယျသူကပြောပါတယ်။

ဒါပေမဲ့ ဒီ ကျပ် ၁၀၀ ဘီလျံဆိုတာကလည်း အစပဲဖြစ်သင့်ပြီး ရေရှည်အတွက်ဆို နောက်ထပ် အရန် ငွေကြေးတွေများများပြင်ထားဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါမှမဟုတ် ထိုင်းနိုင်ငံလို ရေဖိုး၊ မီးဖိုးတွေ လျှော့ပေးဖို့၊ လက်ရှိစီးပွားရေးမူဝါဒမှာ ပိုက်ဆံအများကြီးချမသုံးဘူးလို့ စဉ်းစားထားရင် အခု ဒါကို ပြန်သုံးသပ်ဖို့ စတာတွေကို စဉ်းစားထားဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

BBC Burmese
https://www.bbc.com
တုပ္ေကြးမိစျပဳေနတဲ့ ျမန္မာ့စီးပြားေရး တုပ္ေကြးမိစျပဳေနတဲ့ ျမန္မာ့စီးပြားေရး Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.