COVID-19 ေၾကာင့္ ကန္ အစုရွယ္ယာေစ်းေတြ ၁၂ ႏွစ္အတြင္း အနိမ့္ဆုံးက်


(Zawgyi/Unicode)

အေမရိကန္ စေတာ့ရွယ္ယာေစ်းေတြ ေသာၾကာေန႔ ေစ်းကြက္ ပိတ္ခ်ိန္မွာ ဒီတစ္ပတ္ တနလၤာေန႔ ေစ်းဖြင့္လွစ္တဲ့ အခ်ိန္က ေစ်းႏွဳန္းထက္ ၁၂ ရာခိုင္ႏွဳန္း ထိုးက်သြားပါတယ္။ ဒီ သီတင္းပတ္ဟာ Wall Street အတြက္ ၂၀၀၈ ခုႏွစ္ စီးပြားေရး အက်ပ္ အတည္းျဖစ္ခဲ့ၿပီးေနာက္ပိုင္း အဆုိးဆုံး သီတင္းပတ္ျဖစ္သြားခဲ့ပါတယ္။

ကိုရိုနာ ဗိုင္းရပ္ေၾကာင့္ အေမရိကန္ စီးပြားေရး နက္နက္ရွိဳင္းရွိဳင္း က်ဆင္းသြားေစလိမ့္မယ္ဆိုၿပီး ရင္းႏွီးရင္ျမွဳပ္ႏွံသူေတြအၾကား စိုးရိမ္ပူပန္မွဳေတြ ႀကီးထြားလာတာေၾကာင့္လည္း အခုလို က်ဆင္းသြားတာပါ။

ေသာၾကာေန႔က Dow Jones Industrial Average က အမွတ္ ၉၀၀ အထိ က်ဆင္းသြားလို႔ တန္ဖိုး ၁၇ ရာခိုင္ႏွဳန္း ဆုံးရွဳံးရတာ ျဖစ္သလို S&P ကလည္း ၁၅ ရာခိုင္းက်ဆင္းခဲ့ျပီး NASDAQ က ၁၂.၆ ရာခိုင္ႏွဳန္း ဆုံးရွဳံးခဲ့ပါတယ္။

ဒီ ႏွစ္ထဲ အစုရွယ္ယာေစ်းကြက္မွာ ေစ်း အျမင့္ဆုံးျဖစ္ခဲ့တဲ့အခ်ိန္ကထက္ ၂၀ ရာခုိင္ႏွဳန္း က်ဆင္းခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာ ေတာက္ေလွ်ာက္ က်ဆင္းေနတာလည္း ျဖစ္ပါတယ္။

စီးပြားေရး ျပန္လည္ နာလံထူေရး အစုိးရရဲ႕ ေၾကညာခ်က္ေတြေၾကာင့္ အေကာင္းဘက္ကို ရွဳျမင္ၾကျပီး ေသာၾကာေန႔ ကနဦး ေစ်းဖြင့္ခ်ိန္မွာ တက္ေစ်းနဲ႔ စခဲ့ေပမဲ့လည္း ေန႔လည္ပိုင္းမွာေတာ့ အက်ဘက္ကိုသာ ဦးတည္သြားခဲ့တာပါ။

ၾကာသပေတးေန႔က အေမရိကန္ အထက္လႊတ္ေတာ္က တန္ဖိုး အေမရိကန္ ေဒၚလာ ၁ ထရီလီယံ ရွိတဲ့ စီးပြားေရး ျပန္လည္ နာလံထူေရး ဥပေဒတစ္ရပ္ကို အတည္ျပဳခဲ့ပါတယ္။

တျခား အာရွနဲ႔ ဥေရာပ ေစ်းကြက္ေတြမွာ အစုရွယ္ယာေစ်း အနည္းငယ္ ျမင့္တက္ခဲ့ေပမဲ့ လြန္ခဲ့တဲ့ အပတ္ေတြက တလုံးတခဲနဲ႕ ဆုံးရွဳံးခဲ့ရတာေတြ ျပန္ကာမိဖို႔အေရးကေတာ့ အေတာ္ အလွမ္းေ၀းေနဆဲျဖစ္ပါတယ္။

...................

COVID-19 ကြောင့် ကန် အစုရှယ်ယာဈေးတွေ ၁၂ နှစ်အတွင်း အနိမ့်ဆုံးကျ

(Unicode)

အမေရိကန် စတော့ရှယ်ယာဈေးတွေ သောကြာနေ့ ဈေးကွက် ပိတ်ချိန်မှာ ဒီတစ်ပတ် တနင်္လာနေ့ ဈေးဖွင့်လှစ်တဲ့ အချိန်က ဈေးနှုန်းထက် ၁၂ ရာခိုင်နှုန်း ထိုးကျသွားပါတယ်။ ဒီ သီတင်းပတ်ဟာ Wall Street အတွက် ၂၀၀၈ ခုနှစ် စီးပွားရေး အကျပ် အတည်းဖြစ်ခဲ့ပြီးနောက်ပိုင်း အဆိုးဆုံး သီတင်းပတ်ဖြစ်သွားခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်ကြောင့် အမေရိကန် စီးပွားရေး နက်နက်ရှိုင်းရှိုင်း ကျဆင်းသွားစေလိမ့်မယ်ဆိုပြီး ရင်းနှီးရင်မြှုပ်နှံသူတွေအကြား စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာတာကြောင့်လည်း အခုလို ကျဆင်းသွားတာပါ။

သောကြာနေ့က Dow Jones Industrial Average က အမှတ် ၉၀၀ အထိ ကျဆင်းသွားလို့ တန်ဖိုး ၁၇ ရာခိုင်နှုန်း ဆုံးရှုံးရတာ ဖြစ်သလို S&P ကလည်း ၁၅ ရာခိုင်းကျဆင်းခဲ့ပြီး NASDAQ က ၁၂.၆ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်။

ဒီ နှစ်ထဲ အစုရှယ်ယာဈေးကွက်မှာ ဈေး အမြင့်ဆုံးဖြစ်ခဲ့တဲ့အချိန်ကထက် ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့တာဖြစ်ပြီး အခုအချိန်မှာ တောက်လျှောက် ကျဆင်းနေတာလည်း ဖြစ်ပါတယ်။

စီးပွားရေး ပြန်လည် နာလံထူရေး အစိုးရရဲ့ ကြေညာချက်တွေကြောင့် အကောင်းဘက်ကို ရှုမြင်ကြပြီး သောကြာနေ့ ကနဦး ဈေးဖွင့်ချိန်မှာ တက်ဈေးနဲ့ စခဲ့ပေမဲ့လည်း နေ့လည်ပိုင်းမှာတော့ အကျဘက်ကိုသာ ဦးတည်သွားခဲ့တာပါ။

ကြာသပတေးနေ့က အမေရိကန် အထက်လွှတ်တော်က တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ထရီလီယံ ရှိတဲ့ စီးပွားရေး ပြန်လည် နာလံထူရေး ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။

တခြား အာရှနဲ့ ဥရောပ ဈေးကွက်တွေမှာ အစုရှယ်ယာဈေး အနည်းငယ် မြင့်တက်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ အပတ်တွေက တလုံးတခဲနဲ့ ဆုံးရှုံးခဲ့ရတာတွေ ပြန်ကာမိဖို့အရေးကတော့ အတော် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
COVID-19 ေၾကာင့္ ကန္ အစုရွယ္ယာေစ်းေတြ ၁၂ ႏွစ္အတြင္း အနိမ့္ဆုံးက် COVID-19 ေၾကာင့္ ကန္ အစုရွယ္ယာေစ်းေတြ ၁၂ ႏွစ္အတြင္း အနိမ့္ဆုံးက် Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.