ကို႐ိုနာ ျဖစ္ပြားတဲ့ႏိုင္ငံကျပန္သူေတြ ေစာင့္ၾကပ္ၾကည့္ရႈတာ မလိုက္နာရင္ ေထာင္၆ လ က်ႏိုင္

ထိုင္း မေလးရွား ကျပန္လာသူေတြ ကို သူတို႔ အိမ္ေတြမွာ ထားရွိၿပီး အသြားအလာကန႔္သတ္တာ ဆိုၿပီး သတ္မွတ္
(Zawgyi)⤵⤵⤵
အစိုးရ ကထုတ္ျပန္ထားတဲ့ ကို႐ိုနာ သံသယရွိတဲ့ ႏိုင္ငံေတြ က ျပန္လာတဲ့ ျမန္မာႏိုင္ငံသားေတြဟာ အစိုးရ ရဲ႕ ေစာင့္ၾကပ္ၾကည့္ရႈ ကန္႔သတ္တာေတြကို မလိုက္နာရင္ အစိုးရထုတ္ျပန္ထားတဲ့ ကူးစက္ဥပေဒ အရ ေထာင္၆ လနဲ႔ ေငြ ၅ ေသာင္းျပစ္ဒဏ္ က်ခံရႏိုင္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန က ေျပာခြင့္ရသူ ေဒါက္တာခင္ခင္ႀကီး ကဘီဘီစီကိုေျပာပါတယ္။

ထိုင္း မေလးရွားအပါအဝင္ အစိုးရ က ေစာင့္ၾကည့္ဖို႔ သတ္မွတ္ႏိုင္ငံေတြ ကျပန္လာသူေတြကို ေစာင့္ၾကည့္မႈေတြလုပ္မယ္လို႔ အစိုးရ က ထုတ္ျပန္ထားပါတယ္။

အခုရက္ပိုင္း ထိုင္းႏိုင္ငံ ကေန ျမန္မာႏိုင္ငံျပန္လာသူ တစ္ေသာင္းေက်ာ္ရွိၿပီးေတာ့ COVID-19 ေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္ ျမဝတီမွာရွိတဲ့ ခ်စ္ၾကည္ေရးတံတားအမွတ္ ၂ ကေန ျပန္ဝင္လာသူဦးေရဟာ ၃ ရက္တာကာလအတြင္း တစ္ေသာင္းေက်ာ္ အထိျမန္မာႏိုင္ငံထဲ ကိုျပန္ဝင္လာၾကတာ ျဖစ္ပါတယ္။

ျပည္သူ႔ကို ဗဟိုျပဳတဲ့ အစိုးရျဖစ္လို အခုေစာင့္ၾကပ္ၾကည့္ရႈသူေတြပ်က္ကြက္တာ ကို ဥပေဒအရ အေရးယူတာထက္ ႏိုင္ငံသားေတြက အသိစိတ္နဲ႔ ပါဝင္မႈ ကိုပိုလို လားပါတယ္လို႔ သူကေျပာပါတယ္။
ထိုင္းနယ္စပ္ကေန ၃ ရက္တာကာလအတြင္း တစ္ေသာင္းေက်ာ္ အထိျမန္မာႏိုင္ငံထဲ ကိုျပန္ဝင္လာၾကတာ ျဖစ္

အစိုးရက အသြားအလာကန႔္သတ္ ေစာင့္ၾကပ္ၾကည့္ရႈျခင္း (quarantine) ေဆာင္႐ြက္ရာ မွာ (၁၄) ရက္တာကာလ (facility quarantine) သတ္မွတ္ေနရာအေဆာက္အအုံ မ်ားမွာ ထားၿပီး အသြားအလာကန႔္သတ္တာနဲ႔ (home quarantine) ေနအိမ္မွာထားရွိၿပီး အသြားအလာကန႔္သတ္တာ ဆိုၿပီး သတ္မွတ္ေဆာင္႐ြက္လ်က္ရွိ တယ္လို႔လည္း အစိုးရဘက္က ေျပာပါတယ္။

ထိုင္းနဲ႔ မေလးရွားကျပန္လာသူေတြကို ေနအိမ္တြင္ထားရွိၿပီး အသြားအလာကန႔္သတ္ တာျဖစ္ၿပီးေတာ့ ကူးစက္မႈျမင့္မားတဲ့ ႏိုင္ငံေတြလို႔ သတ္မွတ္ထားႏိုင္ငံ ၁၆ ႏိုင္ငံ က လာတဲ့သူေတြကို ေတာ့ အစိုးရကသတ္မွတ္တဲ့ ေနရာေတြမွာ ေစာင့္ၾကည့္ ဖို႔က်န္းမာေရးဝန္ႀကီးဌာန ကထုတ္ျပန္ထားပါတယ္။

က်န္းမာေရးဝန္ႀကီးဌာန က ေဝဘာဂီ၊ ေတာင္ဥကၠလာပ ၊ လွည္းကူးတို႔မွာျပင္ဆင္ထားၿပီး အစိုးရ ဘက္က ေတာ့ ေမွာ္ဘီက ဆရာေတာ္ အရွင္ေဆကိႏၵရဲ႕ ေဆကိႏၵာရာမကေက်ာင္းအျပင္ ဧရာဝတီဘဏ္ေဖာင္ေဒးရွင္းနဲ႔ ေဘာလုံးအကယ္ဒမီ သင္တန္းေက်ာင္း၊ ေလဆိပ္ဟိုတယ္ ၇ မိုင္ဟိုတယ္ မွာလည္း ေနရာေတြျပင္ဆင္ထားတယ္လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

လူဘယ္ႏွစ္ေယာက္ေယာက္အတြက္ ျပင္ဆင္ထားသလဲ ဆိုတာနဲ႔ ပတ္သက္လို႔ ေဒါက္တာခင္ခင္ႀကီးက အလုံ အေလာက္ျပင္ဆင္ထားတယ္လို႔လည္း ဘီဘီစီကိုေျပာပါတယ္။
 ရန္ကုန္ၿမိဳ႕၊ တာေမြၿမိဳ႕နယ္ ဧရာဝတီဘဏ္ပိုင္ အေဆာက္အအုံတြင္ Covid19 ေစာင့္ၾကည့္လူနာအျဖစ္ စစ္ေဆးရန္ ေနရာခ်ထား

ဒါအျပင္ အခန္းက်ယ္ေတြမွာ လူေတြဆယ္ဂဏန္းပမာဏေနရာခ်ထားတာနဲ႔ ပတ္သက္လို႔ "ဒါက အသြားလာ ကန္သတ္တာ quarantine ပါ၊ isolation သီးျခားခြဲထားတာ မဟုတ္ပါဘူး ၊ ဒီေတာ့ သူတို က်န္းမာေရးေကာင္းလို႔ အတူထားတာပါ ဘယ္ႏိုင္ငံ ကတစ္ေယာက္တစ္ခန္း ထားတာရွိလဲ"လို႔ လည္းသူကေျပာပါတယ္။

ထိုင္းနဲ႔ မေလးရွားကေန ျမန္မာႏိုင္ငံကို အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ျပန္လာသူေတြကို အစိုးရက အိမ္တိုင္ရာေရာက္ လိုက္လံ ပို႔ေဆာင္ေပးမွာျဖစ္ၿပီး ျဖစ္ၿပီး ေနအိမ္ေတြမွာ ၁၄ ရက္တိတိ ေစာင့္ၾကည့္ခံရမယ္လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

နယ္စပ္ကို ျဖတ္ၿပီး ျပန္လည္ ဝင္ေရာက္လာသူေတြ ကို သက္ဆိုင္ရာ တိုင္းႏွင့္ ျပည္နယ္ အစိုးရအဖြဲ႕ မ်ားႏွင့္ ပူးေပါင္းၿပီး ၎တို႔ကို ေစာင့္ၾကည့္မမွာျဖစ္တယ္လို႔ သူကရွင္းျပပါတယ္။

" ထိုင္းတို႔ မေလးရွားတို႔ ေအာက္လမ္းကေန ဝင္လာတာ ရွိတယ္။ ဝင္လာတဲ့သူေတြကို သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးက အစိုးရအဖြဲ႕ ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ သူတို႔ သြားမယ့္ ေနရာေတြကို သီးျခား ကားေတြနဲ႔ ပို႔ေဆာင္မွာ ျဖစ္ပါတယ္"လို႔ေဒါက္တာ ခင္ခင္ႀကီးကေျပာပါတယ္။
ထိုင္းႏိုင္ငံမွ ျပန္လာသည့္ ျမန္မာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား

သက္ဆိုင္ရာ ရပ္ကြက္၊ေက်း႐ြာ ၊အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ၁၄ ရက္ အိမ္မွာပဲ လုံးဝ မထြက္ဘဲနဲ႔ ေနရမွာ ျဖစ္ပါတယ္။ တားျမစ္ခ်က္ေတြ ေဖာက္ဖ်က္ရင္ေတာ့ ဥပေဒအရ အေရးယူခံရမွာ ျဖစ္ပါတယ္။

ဥေရာပ အပါအဝင္ ၁၆ ႏိုင္ငံ က ျပန္လာသူေတြလည္း သတ္မွတ္တဲ့ေနရာေတြမွာေနရ မွာျဖစ္ၿပီးေတာ့ သတ္မွတ္စည္းကမ္းေတြလိုက္နာရမွာ ျဖစ္တယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီး ကေျပာပါတယ္။

"ဟိုတယ္မွာ ေနရလို႔လည္း သတ္မွတ္စည္းကမ္းအတိုင္းဘဲေနရ မွာပါ ဘယ္သူနဲ႔မွ ေတြ႕လို႔မရ ပါဘူး"လို႔ သူကရွင္းျပပါတယ္။

တ႐ုတ္၊ ကိုးရီးယား၊ အီတလီ၊ အီရန္၊ ျပင္သစ္၊ စပိန္နဲ႔ ဂ်ာမနီ စတဲ့ ေရာဂါျဖစ္ပြားမႈႏႈန္းျမင့္တက္ေနတဲ့ ၇ ႏိုင္ငံကို ျမန္မာႏိုင္ငံ ကမတ္လ ၁၅ ရက္ေန႔မွာ စတင္ကန္႔သတ္ခဲ့ၿပီး အေမရိကန္ျပည္ေထာင္စု၊ ဆြစ္ဇာလန္၊ ၿဗိတိန္၊ နယ္သာလန္၊ ၾသစတီးယား၊ ဘယ္လ္ဂ်ီယံ၊ ေနာ္ေဝ၊ ဆြီဒင္နဲ႔ ဒိန္းမ တို႔ကို မတ္လ ၂၀ ရက္ေန႔ ကျပန္လာတဲ့သူေတြကို ႏွစ္ပတ္ၾကာ ေစာင့္ၾကည့္မယ္လို႔ အစိုးရက စတင္သတ္မွတ္ခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာ ဖြစ်ပွားတဲ့နိုင်ငံကပြန်သူတွေ စောင့်ကြပ်ကြည့်ရှုတာ မလိုက်နာရင် ထောင်၆ လ ကျနိုင်

Image caption ထိုင်း မလေးရှား ကပြန်လာသူတွေ ကို သူတို့ အိမ်တွေမှာ ထားရှိပြီး အသွားအလာကန့်သတ်တာ ဆိုပြီး သတ်မှတ်

အစိုးရ ကထုတ်ပြန်ထားတဲ့ ကိုရိုနာ သံသယရှိတဲ့ နိုင်ငံတွေ က ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ အစိုးရ ရဲ့ စောင့်ကြပ်ကြည့်ရှု ကန့်သတ်တာတွေကို မလိုက်နာရင် အစိုးရထုတ်ပြန်ထားတဲ့ ကူးစက်ဥပဒေ အရ ထောင်၆ လနဲ့ ငွေ ၅ သောင်းပြစ်ဒဏ် ကျခံရနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန က ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီး ကဘီဘီစီကိုပြောပါတယ်။

ထိုင်း မလေးရှားအပါအဝင် အစိုးရ က စောင့်ကြည့်ဖို့ သတ်မှတ်နိုင်ငံတွေ ကပြန်လာသူတွေကို စောင့်ကြည့်မှုတွေလုပ်မယ်လို့ အစိုးရ က ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်း ထိုင်းနိုင်ငံ ကနေ မြန်မာနိုင်ငံပြန်လာသူ တစ်သောင်းကျော်ရှိပြီးတော့ COVID-19 ကြောင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမှာရှိတဲ့ ချစ်ကြည်ရေးတံတားအမှတ် ၂ ကနေ ပြန်ဝင်လာသူဦးရေဟာ ၃ ရက်တာကာလအတွင်း တစ်သောင်းကျော် အထိမြန်မာနိုင်ငံထဲ ကိုပြန်ဝင်လာကြတာ ဖြစ်ပါတယ်။

ပြည်သူ့ကို ဗဟိုပြုတဲ့ အစိုးရဖြစ်လို အခုစောင့်ကြပ်ကြည့်ရှုသူတွေပျက်ကွက်တာ ကို ဥပဒေအရ အရေးယူတာထက် နိုင်ငံသားတွေက အသိစိတ်နဲ့ ပါဝင်မှု ကိုပိုလို လားပါတယ်လို့ သူကပြောပါတယ်။
Image caption ထိုင်းနယ်စပ်ကနေ ၃ ရက်တာကာလအတွင်း တစ်သောင်းကျော် အထိမြန်မာနိုင်ငံထဲ ကိုပြန်ဝင်လာကြတာ ဖြစ်

အစိုးရက အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ဆောင်ရွက်ရာ မှာ (၁၄) ရက်တာကာလ (facility quarantine) သတ်မှတ်နေရာအဆောက်အအုံ များမှာ ထားပြီး အသွားအလာကန့်သတ်တာနဲ့ (home quarantine) နေအိမ်မှာထားရှိပြီး အသွားအလာကန့်သတ်တာ ဆိုပြီး သတ်မှတ်ဆောင်ရွက်လျက်ရှိ တယ်လို့လည်း အစိုးရဘက်က ပြောပါတယ်။

ထိုင်းနဲ့ မလေးရှားကပြန်လာသူတွေကို နေအိမ်တွင်ထားရှိပြီး အသွားအလာကန့်သတ် တာဖြစ်ပြီးတော့ ကူးစက်မှုမြင့်မားတဲ့ နိုင်ငံတွေလို့ သတ်မှတ်ထားနိုင်ငံ ၁၆ နိုင်ငံ က လာတဲ့သူတွေကို တော့ အစိုးရကသတ်မှတ်တဲ့ နေရာတွေမှာ စောင့်ကြည့် ဖို့ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန က ဝေဘာဂီ၊ တောင်ဥက္ကလာပ ၊ လှည်းကူးတို့မှာပြင်ဆင်ထားပြီး အစိုးရ ဘက်က တော့ မှော်ဘီက ဆရာတော် အရှင်ဆေကိန္ဒရဲ့ ဆေကိန္ဒာရာမကကျောင်းအပြင် ဧရာဝတီဘဏ်ဖောင်ဒေးရှင်းနဲ့ ဘောလုံးအကယ်ဒမီ သင်တန်းကျောင်း၊ လေဆိပ်ဟိုတယ် ၇ မိုင်ဟိုတယ် မှာလည်း နေရာတွေပြင်ဆင်ထားတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

လူဘယ်နှစ်ယောက်ယောက်အတွက် ပြင်ဆင်ထားသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒေါက်တာခင်ခင်ကြီးက အလုံ အလောက်ပြင်ဆင်ထားတယ်လို့လည်း ဘီဘီစီကိုပြောပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption ရန်ကုန်မြို့၊ တာမွေမြို့နယ် ဧရာဝတီဘဏ်ပိုင် အဆောက်အအုံတွင် Covid19 စောင့်ကြည့်လူနာအဖြစ် စစ်ဆေးရန် နေရာချထား

ဒါအပြင် အခန်းကျယ်တွေမှာ လူတွေဆယ်ဂဏန်းပမာဏနေရာချထားတာနဲ့ ပတ်သက်လို့ "ဒါက အသွားလာ ကန်သတ်တာ quarantine ပါ၊ isolation သီးခြားခွဲထားတာ မဟုတ်ပါဘူး ၊ ဒီတော့ သူတို ကျန်းမာရေးကောင်းလို့ အတူထားတာပါ ဘယ်နိုင်ငံ ကတစ်ယောက်တစ်ခန်း ထားတာရှိလဲ"လို့ လည်းသူကပြောပါတယ်။

ထိုင်းနဲ့ မလေးရှားကနေ မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ပြန်လာသူတွေကို အစိုးရက အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင်ပေးမှာဖြစ်ပြီး ဖြစ်ပြီး နေအိမ်တွေမှာ ၁၄ ရက်တိတိ စောင့်ကြည့်ခံရမယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

နယ်စပ်ကို ဖြတ်ပြီး ပြန်လည် ဝင်ရောက်လာသူတွေ ကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ များနှင့် ပူးပေါင်းပြီး ၎င်းတို့ကို စောင့်ကြည့်မမှာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

" ထိုင်းတို့ မလေးရှားတို့ အောက်လမ်းကနေ ဝင်လာတာ ရှိတယ်။ ဝင်လာတဲ့သူတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးက အစိုးရအဖွဲ့ တွေနဲ့ ပူးပေါင်းပြီးတော့ သူတို့ သွားမယ့် နေရာတွေကို သီးခြား ကားတွေနဲ့ ပို့ဆောင်မှာ ဖြစ်ပါတယ်"လို့ဒေါက်တာ ခင်ခင်ကြီးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Saw Kyaw San Oo
Image caption ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ

သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ ၊အုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ပြီးတော့ ၁၄ ရက် အိမ်မှာပဲ လုံးဝ မထွက်ဘဲနဲ့ နေရမှာ ဖြစ်ပါတယ်။ တားမြစ်ချက်တွေ ဖောက်ဖျက်ရင်တော့ ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။

ဥရောပ အပါအဝင် ၁၆ နိုင်ငံ က ပြန်လာသူတွေလည်း သတ်မှတ်တဲ့နေရာတွေမှာနေရ မှာဖြစ်ပြီးတော့ သတ်မှတ်စည်းကမ်းတွေလိုက်နာရမှာ ဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။

"ဟိုတယ်မှာ နေရလို့လည်း သတ်မှတ်စည်းကမ်းအတိုင်းဘဲနေရ မှာပါ ဘယ်သူနဲ့မှ တွေ့လို့မရ ပါဘူး"လို့ သူကရှင်းပြပါတယ်။

တရုတ်၊ ကိုးရီးယား၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီ စတဲ့ ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေတဲ့ ၇ နိုင်ငံကို မြန်မာနိုင်ငံ ကမတ်လ ၁၅ ရက်နေ့မှာ စတင်ကန့်သတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ သြစတီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နဲ့ ဒိန်းမ တို့ကို မတ်လ ၂၀ ရက်နေ့ ကပြန်လာတဲ့သူတွေကို နှစ်ပတ်ကြာ စောင့်ကြည့်မယ်လို့ အစိုးရက စတင်သတ်မှတ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာ ျဖစ္ပြားတဲ့ႏိုင္ငံကျပန္သူေတြ ေစာင့္ၾကပ္ၾကည့္ရႈတာ မလိုက္နာရင္ ေထာင္၆ လ က်ႏိုင္ ကို႐ိုနာ ျဖစ္ပြားတဲ့ႏိုင္ငံကျပန္သူေတြ ေစာင့္ၾကပ္ၾကည့္ရႈတာ မလိုက္နာရင္ ေထာင္၆ လ က်ႏိုင္ Reviewed by THITHTOOLWIN on 00:30 Rating: 5
Powered by Blogger.