ျမန္မာႏိုင္ငံ သားႏွစ္ဦးတြင္ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ပထမဆုံးေတြ႕

အတည္ျပဳ ၿပီ
(Zawgyi)⤵⤵⤵

အေမရိကန္ႏိုင္ငံကေန ျမန္မာႏိုင္ငံကို မတ္လ၁၃ ရက္ေန႔က ေလေၾကာင္းခရီး နဲ႔ဝင္လာတဲ့ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕က ျမန္မာႏိုင္ငံသား အေမရိကန္ႏိုင္ငံမွာ Green Card ရရွိထားသူ အသက္ (၃၆) ႏွစ္အ႐ြယ္ အမ်ိဳးသား နဲ႔အဂၤလန္ႏိုင္ငံက မတ္လ ၂၃ ရက္ေန႔မွာ ေလေၾကာင္းခရီးနဲ႔ ျမန္မာႏိုင္ငံ၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ဝင္ေရာက္လာခဲ့တဲ့ အသက္ (၂၆) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတို႔မွာ COVID-19 ေရာဂါပိုး ေတြ႕ရွိ ရတယ္ လို႔က်န္းမာေရးဝန္ႀကီးဌာန ကထုတ္ျပန္ပါတယ္။

အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ေပးပို႔စစ္ေဆးခဲ့ရာ ဓာတ္ခြဲအေျဖအရ အခုလို အတည္ျပဳလိုက္တာျဖစ္ၿပီး သူတို႔ကို ေဝဘာဂီနဲ႔ တီးတိန္ေဆး႐ုံတို႔မွာသီးသန္႔ခြဲထားတယ္လို႔ ထုတ္ျပန္ခ်က္မွာပါပါ တယ္။

အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ကိုေပးပို႔စစ္ေဆးခဲ့ရာ ဓာတ္ခြဲအေျဖအရ အခုလို အတည္ျပဳတာလို႔လည္း ဆက္လက္ေဖာ္ျပထားပါတယ္။

တီးတိန္က အမ်ိဳးသားရဲ႕ က်န္းမာေရးအေျခအေနကေတာ့ ကိုယ္ပူဖ်ားနာတာနဲ႔ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာေတြမရွိဘဲ သက္သာလ်က္ရွိၿပီးအဆိုပါ လူနာကို ခ်င္းျပည္နယ္၊ တီးတိန္ျပည္သူ႔ေဆး႐ုံတြင္ သီးျခားထားၿပီး (isolation) ၍ စနစ္တက်ေစာင့္ၾကပ္ကုသလ်က္ရွိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

အဂၤလန္ႏိုင္ငံက မတ္လ ၂၃ ရက္ေန႔မွာ ေလေၾကာင္းခရီးနဲ႔ ျမန္မာႏိုင္ငံ၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဝင္ေရာက္လာခဲ့တဲ့ အသက္ (၂၆) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားကေတာ့မတ္လ ၂၃ ရက္ညအထိ ကိုယ္ပူဖ်ားနာတာနဲ႔ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ားမရွိေၾကာင္းနဲ႔ ေဝဘာဂီအထူးကုေဆး႐ုံသို႔ လႊဲေျပာင္းကာ သီးျခားထားရွိ (isolation) ၍ စနစ္တက်ေစာင့္ၾကည့္ထားတယ္လို႔ထုတ္ျပန္ပါတယ္ ။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံ သားနှစ်ဦးတွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပထမဆုံးတွေ့


Image caption အတည်ပြု ပြီ

မြန်မာနိုင်ငံ သားနှစ်ဦးမှာကိုရိုနာ ဗိုင်းရပ်စ်ပိုး ပထမဆုံးတွေ့

အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို မတ်လ၁၃ ရက်နေ့က လေကြောင်းခရီး နဲ့ဝင်လာတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့က မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှာ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသား နဲ့အင်္ဂလန်နိုင်ငံက မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဝင်ရောက်လာခဲ့တဲ့ အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတို့မှာ COVID-19 ရောဂါပိုး တွေ့ရှိ ရတယ် လို့ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ အခုလို အတည်ပြုလိုက်တာဖြစ်ပြီး သူတို့ကို ဝေဘာဂီနဲ့ တီးတိန်ဆေးရုံတို့မှာသီးသန့်ခွဲထားတယ်လို့ ထုတ်ပြန်ချက်မှာပါပါ တယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကိုပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ အခုလို အတည်ပြုတာလို့လည်း ဆက်လက်ဖော်ပြထားပါတယ်။

တီးတိန်က အမျိုးသားရဲ့ ကျန်းမာရေးအခြေအနေကတော့ ကိုယ်ပူဖျားနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေမရှိဘဲ သက်သာလျက်ရှိပြီးအဆိုပါ လူနာကို ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားပြီး (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အင်္ဂလန်နိုင်ငံက မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာခဲ့တဲ့ အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားကတော့မတ်လ ၂၃ ရက်ညအထိ ကိုယ်ပူဖျားနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိကြောင်းနဲ့ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြည့်ထားတယ်လို့ထုတ်ပြန်ပါတယ် ။

BBC Burmese
https://www.bbc.com
ျမန္မာႏိုင္ငံ သားႏွစ္ဦးတြင္ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ပထမဆုံးေတြ႕ ျမန္မာႏိုင္ငံ သားႏွစ္ဦးတြင္ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ပထမဆုံးေတြ႕ Reviewed by THITHTOOLWIN on 00:26 Rating: 5
Powered by Blogger.