ကို႐ုိနာဗိုင္းရပ္စ္ကာလ အခြန္ထမ္းျပည္သူေတြကို ေငြေၾကးေထာက္ပံ့ဖို႔ အေမရိကန္အစိုးရ ျပင္ဆင္

သမၼတ Trump ႐ုပ္သံမိန္႔ခြန္း ေျပာၾကားေနသည္ကုိ နယူးေယာက္အိတ္ခ်ိန္းတြင္ နားေထာင္ေနၾကသူမ်ား။ (မတ္ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ အႏၱရာယ္ေၾကာင့္ လူေတြ ခရီးသြားလာမႈ လုံးဝေလ်ာ့က်သြားၿပီး ေလေၾကာင္းလိုင္းေတြ ထိခိုက္လာတာ၊ စားေသာက္ဆိုင္ေတြနဲ႔ ဘားဆိုင္ေတြ ေဖ်ာ္ေျဖေရးပြဲေတြပါ ရပ္နားထားရလို႔ ဒီလုပ္ငန္းေတြနဲ႔ ဆက္ႏႊယ္ၿပီး လူေတြ အလုပ္လက္မဲ့ျဖစ္လာတာ၊ စီးပြားေရး ထိခိုက္က်ဆင္းလာတာေတြေၾကာင့္ သမၼတ Trump အစိုးရက ေဒၚလာ ၁ ထရီလ်ံတန္ စီးပြားေရး က်ားကန္ေပးမယ့္ အစီအစဥ္ကို မၾကာခင္မွာ စတင္က်င့္သုံးဖို႔ ရွိေနပါတယ္။ ဒီအေၾကာင္းကို ေလ့လာထားတဲ့ လုံၿခဳံေရးဌာနဆိုင္ရာ အစိုးရဝန္ထမ္းတဦးျဖစ္တဲ့ ဗာဂ်ီးနီးယားျပည္နယ္က ဦးေဇာ္ဝင္းကို ဗြီအုိေအ ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလို စတင္ရွင္းျပပါတယ္။

ဦးေဇာ္ဝင္း - “အခု အေမရိကန္လႊတ္ေတာ္က ေဆြးေႏြးေနတာကေတာ့ ကူညီေထာက္ပံ့ဖို႔ေပါ့၊ ၁ ထရီလ်ံတန္တဲ့ ကူညီေထာက္ပံ့ေပးမယ့္ Package ကုိ သူတုိ႔ ေဆြးေႏြးေနပါတယ္။ အဲဒါက အၾကမ္းအားျဖင့္ အလႊာေတြခြဲၿပီးေတာ့ သူတုိ႔ ေဆြးေႏြးတယ္။ ပထမတလႊာကေတာ့ စီးပြားေရး အႀကီးစားျဖစ္ၾကတဲ့ ေလေၾကာင္းဆုိင္ရာ လုပ္ငန္းေတြကုိ ကူညီမယ္။ ကူညီမယ္ဆုိတာက အခုဗုိင္းရပ္စ္ျဖစ္ေတာ့ လူေတြက ေၾကာက္ၿပီးေတာ့ သြားလာမႈ နည္းသြားတာ အခုဆုိ ေလယာဥ္ပ်ံသြားႏႈန္းက အရမ္းနည္းသြားတယ္။ အဲဒီရဲ႕ အက်ဳိးဆက္က ေလေၾကာင္းေတြ ထိခုိက္တယ္။ အဲဒါကို ေငြေခ်းၿပီးေတာ့ စီးပြားေရး ဆက္လည္ပတ္ႏုိင္ေအာင္ လုပ္ေပးမယ္ဆုိတဲ့ သေဘာ။

“ဒုတိယအလႊာကေတာ့ အလတ္တန္းစားနဲ႔ အငယ္တန္းစား စီးပြားေရးလုပ္ငန္းရွင္ေပါ့၊ ဆူရွီသမားပဲျဖစ္ျဖစ္၊ ေကာေဇာခင္းတဲ့လုပ္ငန္းလုိဟာမ်ဳိး၊ အဲဒါမ်ဳိးေတြကုိ သူက ေငြေခ်းၿပီးေတာ့ စီးပြားေရးလုပ္ငန္းေတြ ဆက္ၿပီးလည္ပတ္ႏုိင္ေအာင္ သူတုိ႔ကူညီမယ္။ ေနာက္ဆုံးအလႊာကေတာ့ အေမရိကန္မွာ ႏွစ္စဥ္ အခြန္ေဆာင္တဲ့လူေတြကို တုိက္႐ိုက္ Check ပုိ႔ေပးၿပီးေတာ့ ေရာ့ယူဆိုၿပီးေတာ့၊ နံပါတ္အားျဖင့္ေတာ့ ႏွစ္ခုထြက္ေနတယ္၊ တခ်ဳိ႕ကေျပာေတာ့ လူတေယာက္ကုိ တေထာင္လုိ႔ေျပာတယ္၊ တခ်ဳိ႕ကေတာ့ တေထာင့္ႏွစ္ရာလို႔ ေျပာၾကတယ္။”

ကိုဉာဏ္ဝင္းေအာင္ - ဒီလို ႏွစ္စဥ္ အခြန္ေဆာင္တဲ့လူေတြကို ေပးမယ္ဆုိေတာ့ တေယာက္ကို ဘယ္ေလာက္ေပးမွာလဲ၊ ဝင္ေငြအလိုက္ ကန္႔သတ္မွာလား ဘယ္လိုရွိပါသလဲ။

ဦးေဇာ္ဝင္း - “က်ေနာ္ ဖတ္သေရြ႕ကေတာ့ ႏွစ္စဥ္ လူတေယာက္ခ်င္း တင္တယ္ဆုိပါဆုိ႔၊ ႏွစ္စဥ္ လစာဝင္ေငြ ၇၅၀၀၀ ေအာက္ဆုိရင္ ေသခ်ာတယ္ အျပည့္ရမယ္။ လင္မယားတင္တယ္ဆုိရင္ တသိန္းခြဲေအာက္ ရတယ္ဆုိရင္ေတာ့ ေသခ်ာတယ္ လုံးဝ အျပည့္အဝရမယ္။ တေထာင္ သို႔မဟုတ္ တေထာင့္ႏွစ္ရာလို႔ေတာ့ သတင္းမွာ ေျပာေနၾကတယ္။ ၿပီးေတာ့ ႏွစ္စဥ္ဝင္ေငြ တသိန္းငါးေသာင္း ေက်ာ္သြားရင္ေတာ့ တျဖည္းျဖည္း ေလွခါးထစ္လို ေလွ်ာ့သြားမယ္ဆုိတဲ့သေဘာ ရွိတယ္။”

ကိုဉာဏ္ဝင္းေအာင္ - အေမရိကန္မွာ အခြန္ေဆာင္တဲ့သူေတြကို ေပးမယ္ဆိုေတာ့ ဒီႏိုင္ငံသားေတြပဲ ရမွာလား၊ ဒါမွမဟုတ္ရင္ ႏိုင္ငံသားမဟုတ္တဲ့ Green Card ကုိင္ထားသူေတြ (အၿမဲတမ္းေနထိုင္ခြင့္ ရထားသူေတြ) ပဲ ရမွာလား၊ ဒါမွမဟုတ္ Social Security Number ေခၚတဲ့ မွတ္ပုံတင္လို နံပါတ္မ်ဳိး တခုခုရွိထားရင္ေရာ သမၼတ Trump ရဲ႕ ေထာက္ပံ့တဲ့ အစီအစဥ္ကေန ပိုက္ဆံရမွာလား။

ဦးေဇာ္ဝင္း - “သတင္းေတြရဲ႕ ေရးခ်က္အရေတာ့ အခြန္ေဆာင္ထားတဲ့ လူတုိင္းလို႔ေတာ့ ဆုိတာပဲ။ ႏုိင္ငံသားေသာ္လည္းေကာင္း၊ Green Card Holder ေသာ္လည္းေကာင္း အဲဒါေတြ ခြဲျခားထားတာေတာ့ က်ေနာ္ မဖတ္ရေသးဘူး။ သူ႔ရဲ႕ အဓိက ေဇာင္းေပးၿပီး စဥ္းစားတာ Tax ေပးတဲ့သူ၊ အခြန္ေဆာင္တဲ့လူကုိေျပာတာ။”

ကိုဉာဏ္ဝင္းေအာင္ - အဲဒီေတာ့ လူတဦးခ်င္းစီကို ေငြေၾကးေထာက္ပံ့မယ့္ ဒီ ေဒၚလာ ၁,၀၀၀ သို႔မဟုတ္ ၁,၂၀၀ က Check လက္မွတ္ေတြက ဘယ္ေတာ့စေပးမွာလဲ၊ ဘယ္လိုေပးသြားမွာပါလဲ။

ဦးေဇာ္ဝင္း - “ပထမရက္ကေတာ့ ဧၿပီလ ၆ ရက္လို႔ေတာ့ သတင္းထြက္ေနပါတယ္။ ေနာက္ Check တခုကိုေတာ့ ေမလဝက္ေလာက္လို႔ေတာ့ သတင္းၾကားတယ္။”

ကိုဉာဏ္ဝင္းေအာင္ - ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ေပါ့ေနာ္၊ တခ်ဳိ႕ျပည္နယ္ေတြမွာဆိုရင္ စက္႐ုံအလုပ္႐ုံေတြ ရပ္နားထားလုိက္တာ ရွိလာပါတယ္။ အလုပ္ရပ္နားလုိက္တဲ့ အတြက္ေၾကာင့္မို႔ အဲဒီက နာရီစား ေန႔စား အလုပ္သမားေတြက ဒီ အေမရိကန္ႏိုင္ငံမွာ Unemployment Benefit လို႔ေခၚတဲ့ အလုပ္လက္မဲ့ခံစားခြင့္ ေလွ်ာက္ထားတဲ့ ကိစၥေတြကေရာ အေျပာင္းအလဲ ရွိလာႏိုင္သလား၊ အရင္အတိုင္းပဲလားခင္ဗ်။

ဦးေဇာ္ဝင္း - “အဲဒါေတာ့ အစီအစဥ္ မတူဘူးလို႔ထင္တယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ အလုပ္လက္မဲ့ဟာက နဂိုက ဘတ္ဂ်က္ခ်ၿပီးသား။ အလုပ္လက္မဲ့လူေတြ ဘယ္လို ေစာင့္ေရွာက္ရမလဲဆုိတာ၊ ေနာက္ သက္ႀကီးရြယ္အုိေတြ ဘယ္လိုေစာင့္ေရွာက္ရမယ္ဆုိတာ အဲဒါ နဂုိကတည္းက ဘတ္ဂ်က္က ခ်ၿပီးသား။ အခုက အဓိကထားၿပီးလုပ္တာ အလုပ္လုပ္ေနတဲ့လူေတြ။ ပထမ အလုပ္သြားရမယ္၊ အခုလို မသြားရေတာ့ ထိခုိက္တယ္ ဘာညာ အဲဒါေတြကို သက္သာေခ်ာင္ခ်ိေအာင္ လုပ္မယ္ဆုိၿပီးေတာ့ သူက ရည္ရြယ္ခ်က္ထားတာျခင္း မတူဘူးဗ်။”

ဦးေဇာ္ဝင္း ေျပာျပသြားတာ ျဖစ္ပါတယ္။

-----------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကာလ အခွန်ထမ်းပြည်သူတွေကို ငွေကြေးထောက်ပံ့ဖို့ အမေရိကန်အစိုးရ ပြင်ဆင်

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူတွေ ခရီးသွားလာမှု လုံးဝလျော့ကျသွားပြီး လေကြောင်းလိုင်းတွေ ထိခိုက်လာတာ၊ စားသောက်ဆိုင်တွေနဲ့ ဘားဆိုင်တွေ ဖျော်ဖြေရေးပွဲတွေပါ ရပ်နားထားရလို့ ဒီလုပ်ငန်းတွေနဲ့ ဆက်နွှယ်ပြီး လူတွေ အလုပ်လက်မဲ့ဖြစ်လာတာ၊ စီးပွားရေး ထိခိုက်ကျဆင်းလာတာတွေကြောင့် သမ္မတ Trump အစိုးရက ဒေါ်လာ ၁ ထရီလျံတန် စီးပွားရေး ကျားကန်ပေးမယ့် အစီအစဉ်ကို မကြာခင်မှာ စတင်ကျင့်သုံးဖို့ ရှိနေပါတယ်။ ဒီအကြောင်းကို လေ့လာထားတဲ့ လုံခြုံရေးဌာနဆိုင်ရာ အစိုးရဝန်ထမ်းတဦးဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ်က ဦးဇော်ဝင်းကို ဗွီအိုအေ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စတင်ရှင်းပြပါတယ်။

    ကမ္ဘာမှာ COVID-19 ရောဂါကူးစက်မှုအမြင့်ဆုံး စတုတ္ထမြောက်နိုင်ငံအဖြစ် အမေရိကန်ရှိနေ သတင်း ဖတ်ရှုနိုင်ပါတယ်။

ဦးဇော်ဝင်း - “အခု အမေရိကန်လွှတ်တော်က ဆွေးနွေးနေတာကတော့ ကူညီထောက်ပံ့ဖို့ပေါ့၊ ၁ ထရီလျံတန်တဲ့ ကူညီထောက်ပံ့ပေးမယ့် Package ကို သူတို့ ဆွေးနွေးနေပါတယ်။ အဲဒါက အကြမ်းအားဖြင့် အလွှာတွေခွဲပြီးတော့ သူတို့ ဆွေးနွေးတယ်။ ပထမတလွှာကတော့ စီးပွားရေး အကြီးစားဖြစ်ကြတဲ့ လေကြောင်းဆိုင်ရာ လုပ်ငန်းတွေကို ကူညီမယ်။ ကူညီမယ်ဆိုတာက အခုဗိုင်းရပ်စ်ဖြစ်တော့ လူတွေက ကြောက်ပြီးတော့ သွားလာမှု နည်းသွားတာ အခုဆို လေယာဉ်ပျံသွားနှုန်းက အရမ်းနည်းသွားတယ်။ အဲဒီရဲ့ အကျိုးဆက်က လေကြောင်းတွေ ထိခိုက်တယ်။ အဲဒါကို ငွေချေးပြီးတော့ စီးပွားရေး ဆက်လည်ပတ်နိုင်အောင် လုပ်ပေးမယ်ဆိုတဲ့ သဘော။

“ဒုတိယအလွှာကတော့ အလတ်တန်းစားနဲ့ အငယ်တန်းစား စီးပွားရေးလုပ်ငန်းရှင်ပေါ့၊ ဆူရှီသမားပဲဖြစ်ဖြစ်၊ ကောဇောခင်းတဲ့လုပ်ငန်းလိုဟာမျိုး၊ အဲဒါမျိုးတွေကို သူက ငွေချေးပြီးတော့ စီးပွားရေးလုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နိုင်အောင် သူတို့ကူညီမယ်။ နောက်ဆုံးအလွှာကတော့ အမေရိကန်မှာ နှစ်စဉ် အခွန်ဆောင်တဲ့လူတွေကို တိုက်ရိုက် Check ပို့ပေးပြီးတော့ ရော့ယူဆိုပြီးတော့၊ နံပါတ်အားဖြင့်တော့ နှစ်ခုထွက်နေတယ်၊ တချို့ကပြောတော့ လူတယောက်ကို တထောင်လို့ပြောတယ်၊ တချို့ကတော့ တထောင့်နှစ်ရာလို့ ပြောကြတယ်။”

    Coronavirus ကြောင့် စီးပွားထိခိုက်မှုကို ကုစားမယ့် ဥပဒေကြမ်း ကန် လွှတ်တော်အတည်ပြု သတင်း ဖတ်ရှုနိုင်ပါတယ်။

ကိုဉာဏ်ဝင်းအောင် - ဒီလို နှစ်စဉ် အခွန်ဆောင်တဲ့လူတွေကို ပေးမယ်ဆိုတော့ တယောက်ကို ဘယ်လောက်ပေးမှာလဲ၊ ဝင်ငွေအလိုက် ကန့်သတ်မှာလား ဘယ်လိုရှိပါသလဲ။

ဦးဇော်ဝင်း - “ကျနော် ဖတ်သရွေ့ကတော့ နှစ်စဉ် လူတယောက်ချင်း တင်တယ်ဆိုပါဆို့၊ နှစ်စဉ် လစာဝင်ငွေ ၇၅၀၀၀ အောက်ဆိုရင် သေချာတယ် အပြည့်ရမယ်။ လင်မယားတင်တယ်ဆိုရင် တသိန်းခွဲအောက် ရတယ်ဆိုရင်တော့ သေချာတယ် လုံးဝ အပြည့်အဝရမယ်။ တထောင် သို့မဟုတ် တထောင့်နှစ်ရာလို့တော့ သတင်းမှာ ပြောနေကြတယ်။ ပြီးတော့ နှစ်စဉ်ဝင်ငွေ တသိန်းငါးသောင်း ကျော်သွားရင်တော့ တဖြည်းဖြည်း လှေခါးထစ်လို လျှော့သွားမယ်ဆိုတဲ့သဘော ရှိတယ်။”

ကိုဉာဏ်ဝင်းအောင် - အမေရိကန်မှာ အခွန်ဆောင်တဲ့သူတွေကို ပေးမယ်ဆိုတော့ ဒီနိုင်ငံသားတွေပဲ ရမှာလား၊ ဒါမှမဟုတ်ရင် နိုင်ငံသားမဟုတ်တဲ့ Green Card ကိုင်ထားသူတွေ (အမြဲတမ်းနေထိုင်ခွင့် ရထားသူတွေ) ပဲ ရမှာလား၊ ဒါမှမဟုတ် Social Security Number ခေါ်တဲ့ မှတ်ပုံတင်လို နံပါတ်မျိုး တခုခုရှိထားရင်ရော သမ္မတ Trump ရဲ့ ထောက်ပံ့တဲ့ အစီအစဉ်ကနေ ပိုက်ဆံရမှာလား။

ဦးဇော်ဝင်း - “သတင်းတွေရဲ့ ရေးချက်အရတော့ အခွန်ဆောင်ထားတဲ့ လူတိုင်းလို့တော့ ဆိုတာပဲ။ နိုင်ငံသားသော်လည်းကောင်း၊ Green Card Holder သော်လည်းကောင်း အဲဒါတွေ ခွဲခြားထားတာတော့ ကျနော် မဖတ်ရသေးဘူး။ သူ့ရဲ့ အဓိက ဇောင်းပေးပြီး စဉ်းစားတာ Tax ပေးတဲ့သူ၊ အခွန်ဆောင်တဲ့လူကိုပြောတာ။”

ကိုဉာဏ်ဝင်းအောင် - အဲဒီတော့ လူတဦးချင်းစီကို ငွေကြေးထောက်ပံ့မယ့် ဒီ ဒေါ်လာ ၁,၀၀၀ သို့မဟုတ် ၁,၂၀၀ က Check လက်မှတ်တွေက ဘယ်တော့စပေးမှာလဲ၊ ဘယ်လိုပေးသွားမှာပါလဲ။

ဦးဇော်ဝင်း - “ပထမရက်ကတော့ ဧပြီလ ၆ ရက်လို့တော့ သတင်းထွက်နေပါတယ်။ နောက် Check တခုကိုတော့ မေလဝက်လောက်လို့တော့ သတင်းကြားတယ်။”

    Covid-19 ကြောင့် အမေရိကန်မှာ အလုပ်လက်မဲ့ ဦးရေတိုး သတင်း ဖတ်ရှုနိုင်ပါတယ်။

ကိုဉာဏ်ဝင်းအောင် - ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပေါ့နော်၊ တချို့ပြည်နယ်တွေမှာဆိုရင် စက်ရုံအလုပ်ရုံတွေ ရပ်နားထားလိုက်တာ ရှိလာပါတယ်။ အလုပ်ရပ်နားလိုက်တဲ့ အတွက်ကြောင့်မို့ အဲဒီက နာရီစား နေ့စား အလုပ်သမားတွေက ဒီ အမေရိကန်နိုင်ငံမှာ Unemployment Benefit လို့ခေါ်တဲ့ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားတဲ့ ကိစ္စတွေကရော အပြောင်းအလဲ ရှိလာနိုင်သလား၊ အရင်အတိုင်းပဲလားခင်ဗျ။

ဦးဇော်ဝင်း - “အဲဒါတော့ အစီအစဉ် မတူဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်လက်မဲ့ဟာက နဂိုက ဘတ်ဂျက်ချပြီးသား။ အလုပ်လက်မဲ့လူတွေ ဘယ်လို စောင့်ရှောက်ရမလဲဆိုတာ၊ နောက် သက်ကြီးရွယ်အိုတွေ ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ အဲဒါ နဂိုကတည်းက ဘတ်ဂျက်က ချပြီးသား။ အခုက အဓိကထားပြီးလုပ်တာ အလုပ်လုပ်နေတဲ့လူတွေ။ ပထမ အလုပ်သွားရမယ်၊ အခုလို မသွားရတော့ ထိခိုက်တယ် ဘာညာ အဲဒါတွေကို သက်သာချောင်ချိအောင် လုပ်မယ်ဆိုပြီးတော့ သူက ရည်ရွယ်ချက်ထားတာခြင်း မတူဘူးဗျ။”

ဦးဇော်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ကိုဉာဏ္ဝင္းေအာင္/VOA (Burmese)
https://burmese.voanews.com
ကို႐ုိနာဗိုင္းရပ္စ္ကာလ အခြန္ထမ္းျပည္သူေတြကို ေငြေၾကးေထာက္ပံ့ဖို႔ အေမရိကန္အစိုးရ ျပင္ဆင္ ကို႐ုိနာဗိုင္းရပ္စ္ကာလ အခြန္ထမ္းျပည္သူေတြကို ေငြေၾကးေထာက္ပံ့ဖို႔ အေမရိကန္အစိုးရ ျပင္ဆင္ Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.