စပိန္မွာ ေသသူ တ႐ုတ္ထက္မ်ား၊ ပိတ္ထားတဲ့ အိႏၵိယက လူတန္းရွည္

စပိန္ သက္ႀကီးေဂဟာကသူေတြ ေ႐ႊ႕ေပး

စပိန္မွာ ဗိုင္းရပ္စ္ ေၾကာင့္ ေသသူအေရအတြက္ဟာ မူလ စတင္ခဲ့တဲ့ တ႐ုတ္ျပည္ထက္ ပိုမ်ားသြားခဲ့ၿပီ ျဖစ္ပါတယ္။

မေန႔က တရက္ထဲမွာ စပိန္မွာ ေသသူက ၇၃၈ ေယာက္ ရွိခဲ့တဲ့အတြက္ စုစုေပါင္း ေသသူ ၃၄ဝဝ ေက်ာ္သြားခဲ့ပါတယ္။

တ႐ုတ္ျပည္မွာ ေသသူစုစုေပါင္းထက္ ၁၅ဝ ေက်ာ္ ပိုမ်ားသလို အီတလီၿပီးရင္ ဒုတိယ လိုက္ေနတာ ပါ။

စပိန္မွာ ကူးစက္မႈက အထြတ္အထိပ္ကို ေရာက္ေနၿပီလို႔လည္း ႏိုင္ငံရဲ႕ အေရးေပၚ စီမံကြပ္ကဲေရးမႉးက ေျပာပါတယ္။

မဒရစ္ၿမိဳ႕ေတာ္က ျပပြဲ ခန္းမႀကီးတခုကို စစ္သားေတြက အေရးေပၚေဆး႐ုံအျဖစ္ ျပင္ဆင္ေနၿပီး လူနာ ၅၅ဝဝ ေလာက္ ထားႏိုင္မယ္လို႔လည္း သိရပါတယ္။

ဟူေဘမွာ ရထားေတြ ျပန္ထြက္
ရထားေတြ ျပန္ေျပးၿပီ

ကို႐ိုနာ ဗိုင္းရပ္စ္ စတင္ျပန္႔ႏွံ႔ခဲ့တဲ့ တ႐ုတ္ႏိုင္ငံ ဟူေဘျပည္နယ္မွာ လနဲ႔ခ်ီၿပီး တႏိုင္ငံလုံးနဲ႔ ဆက္သြယ္ေရးေတြ ျဖတ္ေတာက္ထားခဲ့ၿပီးေနာက္ အခု ျပန္လည္ စတင္ေနပါၿပီ။

လမ္းေပၚက အတားအဆီးေတြ ဖယ္ရွားလိုက္ၿပီးေနာက္ ေဒသခံေတြက ေကာင္းခ်ီးၾသဘာေပးေနၾကတဲ့ ပုံေတြကို တ႐ုတ္ ႐ုပ္သံကေန ျပသခဲ့ပါတယ္။

ရထားနဲ႔ ေလယာဥ္ေတြလည္း စတင္ေျပးဆြဲ ေနၿပီ ျဖစ္ပါတယ္။

ဝူဟန္ၿမိဳ႕နဲ႔ ဆက္သြယ္ေရး လမ္းေၾကာင္းေတြကိုေတာ့ ဧၿပီလ ၈ ရက္မွ ျပန္လည္ ေျပးဆြဲမွာ ျဖစ္ၿပီးက်န္းမာေရး ကင္းရွင္းေၾကာင္း ျပႏိုင္တဲ့ သူေတြမွ ခရီးသြားခြင့္ရမွာ ျဖစ္ပါတယ္။

အိႏၵိယမွာ ပစၥည္းေတြျပတ္
အျပင္မထြက္ရ အမိန္႔ ခ်ိဳးေဖာက္သူဖမ္း

လူဦးေရ သန္းရာနဲ႔ခ်ီတဲ့ အိႏၵိယမွာ ႏိုင္ငံကို သုံးပတ္ ပိတ္ခ်လိုက္ၿပီးေနာက္ ပစၥည္းျပတ္ေတာက္တာေတြနဲ႔ ဆိုင္ေတြမွာ လူတန္းရွည္ႀကီးေတြကို ေတြ႕ေနရတယ္ ဆိုတဲ့ သတင္းေတြ ထြက္လာပါတယ္။

မေန႔ညက ဝန္ႀကီးခ်ဳပ္ ေၾကညာခ်က္ထြက္လာၿပီး နာရီပိုင္းအတြင္းမွာပဲ ေဒလီအပါအဝင္ အိႏၵိယၿမိဳ႕ႀကီး ေတာ္ေတာ္မ်ားမ်ားမွာ လူေတြ အထိတ္တလန္႔နဲ႔ ေစ်းေတြ ဝယ္ခဲ့ၾကပါတယ္။

ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ နယ္စပ္ေတြ ပိတ္လိုက္ၿပီးေနာက္ ေဆးဝါး၊ ႏို႔၊ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ စတာေတြ တင္လာတဲ့ ကုန္ကားတန္းႀကီးေတြကို အေဝးေျပး လမ္းမႀကီးေတြမွာ ေတြ႕ရတယ္လို႔လည္း အိႏၵိယ သတင္းဌာနေတြက ေရးပါတယ္။

ေရာဂါကူးမွာ စိုးလို႔ ဆရာဝန္ေတြ ႏွင္ခ်ခံေနရတယ္လို႔လည္း အိႏၵိယ ေဆးပညာ အဖြဲ႕က ေဒါက္တာ ဆရီနီဗတ္စ္ ရဂ်္ ကူးမားက ဘီဘီစီကိုေျပာပါတယ္။

လူေတြကို ကယ္မယ့္ ဆရာဝန္ေတြကို ဒီလို မဆက္ဆံဖို႔ က်န္းမာေရး ဌာနအတြင္းဝန္က ေၾကညာခ်က္ ထုတ္ထားတယ္လို႔လည္း ေဒါက္တာ ကူးမားက ေျပာပါတယ္။

ေနာက္ ျပည္နယ္ အစိုးရတခ်ိဳ႕က ရထားလမ္းေတြကို မရွိမျဖစ္ လည္ပတ္ရမယ့္ လုပ္ငန္းအျဖစ္ မေၾကညာခဲ့တဲ့ အတြက္ ကုန္တင္ရထားေတြ ေျပးလို႔မရ ျဖစ္ေနတယ္ ဆိုတဲ့ သတင္းေတြလည္း ထြက္ခဲ့ပါတယ္။

ေတာင္ကိုရီးယား မိန္းကေလးေတြကို ေငြညႇစ္သူ တရားစြဲ
၂၄ ႏွစ္အ႐ြယ္ လူငယ္ကို လူထုထဲ ထုတ္ျပ

ေတာင္ကိုရီးယားမွာ ဒါဇင္နဲ႔ခ်ီတဲ့ မိန္းကေလးေတြကို လိင္ပိုင္းဆိုင္ရာ အရ ကြက္ကြက္ကြင္းကြင္း ေဖာ္ျပတဲ့ ဗီဒီယိုေတြနဲ႔ ၿခိမ္းေျခာက္တယ္လို႔ စြပ္စြဲခံရတဲ့ အမ်ိဳးသား တေယာက္ကို ရဲက အစိုးရ ေရွ႕ေနေတြဆီ လႊဲအပ္ခဲ့ပါတယ္။

အဲဒီ အေခြေတြကို သူက အင္တာနက္မွာ ေရာင္းခ်ခဲ့တယ္လို႔လည္း ဆိုပါတယ္။

သူ႔ရဲ႕ သားေကာင္ျဖစ္ခဲ့တဲ့ မိန္းကေလးေတြကို အလုပ္ေပးမယ္ဆိုၿပီး လိမ္ညာၿပီး ဒီလို ဗီဒီယိုေတြ ပို႔ခိုင္းခဲ့တယ္လို႔ စြပ္စြဲထားတာ ျဖစ္ပါတယ္။

ဒီလူ ဘယ္သူလဲ ဆိုတာကို ထုတ္ျပန္ေပးဖို႔ လူသိန္းနဲ႔ခ်ီ လက္မွတ္ထိုးေတာင္းဆိုခဲ့ၿပီးေနာက္ ရဲစခန္းတခုေရွ႕မွာ ၂၄ ႏွစ္အ႐ြယ္ လူငယ္ကို လူထုထဲ ထုတ္ျပခဲ့တာ ျဖစ္ပါတယ္။

သရဲသဘက္လို ျဖစ္ခဲ့တဲ့ ဘဝ အဆုံးသတ္သြားတဲ့အတြက္ ေက်းဇူးတင္တယ္လို႔ အဲဒီ လူငယ္က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

မေလးရွား ကုမၸဏီကို အေမရိကန္ ပိတ္ဆို႔မႈ႐ုပ္
ဗိုင္းရပ္တိုက္ဖ်က္ေရးမွာ ရာဘာလက္အိတ္အေရးပါ

အဓမၼ လုပ္အားခိုင္းေစမႈ ရွိတယ္လို႔ စြပ္စြဲခံထားရတဲ့ မေလးရွား ကုမၸဏီတခုကေန ရာဘာလက္အိတ္ေတြ တင္ပို႔တာကို ပိတ္ထားတာကို အေမရိကန္ အစိုးရက ႐ုပ္သိမ္းေပးခဲ့ပါတယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ကို တိုက္ဖ်က္ဖို႔အတြက္ လက္အိတ္နဲ႔ တျခား အကာအကြယ္ ပစၥည္းေတြ အေရးတႀကီး လိုအပ္ေနလို႔ ခုလို ႐ုပ္သိမ္းေပးခဲ့တာပါ။

WRP ကုမၸဏီရဲ႕ လုပ္ငန္းခြင္ အေျခအေန တိုးတက္မႈ ရွိလာတဲ့အတြက္ ေက်နပ္မိေၾကာင္း အေမရိကန္ အေကာက္ခြန္ ဌာနက ေျပာၾကား ခဲ့ပါတယ္။

အဲဒီ ကုမၸဏီက တႏွစ္ကို လက္အိတ္ ၁၁ ဘီလ်ံ ထုတ္လုပ္ႏိုင္တယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Zawgyi)⤵⤵⤵
စပိန်မှာ သေသူ တရုတ်ထက်များ၊ ပိတ်ထားတဲ့ အိန္ဒိယက လူတန်းရှည်

ဓာတ်ပုံ မူပိုင် EPA
Image caption စပိန် သက်ကြီးဂေဟာကသူတွေ ရွှေ့ပေး

စပိန်မှာ ဗိုင်းရပ်စ် ကြောင့် သေသူအရေအတွက်ဟာ မူလ စတင်ခဲ့တဲ့ တရုတ်ပြည်ထက် ပိုများသွားခဲ့ပြီ ဖြစ်ပါတယ်။

မနေ့က တရက်ထဲမှာ စပိန်မှာ သေသူက ၇၃၈ ယောက် ရှိခဲ့တဲ့အတွက် စုစုပေါင်း သေသူ ၃၄ဝဝ ကျော်သွားခဲ့ပါတယ်။

တရုတ်ပြည်မှာ သေသူစုစုပေါင်းထက် ၁၅ဝ ကျော် ပိုများသလို အီတလီပြီးရင် ဒုတိယ လိုက်နေတာ ပါ။

စပိန်မှာ ကူးစက်မှုက အထွတ်အထိပ်ကို ရောက်နေပြီလို့လည်း နိုင်ငံရဲ့ အရေးပေါ် စီမံကွပ်ကဲရေးမှူးက ပြောပါတယ်။

မဒရစ်မြို့တော်က ပြပွဲ ခန်းမကြီးတခုကို စစ်သားတွေက အရေးပေါ်ဆေးရုံအဖြစ် ပြင်ဆင်နေပြီး လူနာ ၅၅ဝဝ လောက် ထားနိုင်မယ်လို့လည်း သိရပါတယ်။
ဟူဘေမှာ ရထားတွေ ပြန်ထွက်
ဓာတ်ပုံ မူပိုင် STR
Image caption ရထားတွေ ပြန်ပြေးပြီ

ကိုရိုနာ ဗိုင်းရပ်စ် စတင်ပြန့်နှံ့ခဲ့တဲ့ တရုတ်နိုင်ငံ ဟူဘေပြည်နယ်မှာ လနဲ့ချီပြီး တနိုင်ငံလုံးနဲ့ ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားခဲ့ပြီးနောက် အခု ပြန်လည် စတင်နေပါပြီ။

လမ်းပေါ်က အတားအဆီးတွေ ဖယ်ရှားလိုက်ပြီးနောက် ဒေသခံတွေက ကောင်းချီးသြဘာပေးနေကြတဲ့ ပုံတွေကို တရုတ် ရုပ်သံကနေ ပြသခဲ့ပါတယ်။

ရထားနဲ့ လေယာဉ်တွေလည်း စတင်ပြေးဆွဲ နေပြီ ဖြစ်ပါတယ်။

ဝူဟန်မြို့နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကိုတော့ ဧပြီလ ၈ ရက်မှ ပြန်လည် ပြေးဆွဲမှာ ဖြစ်ပြီးကျန်းမာရေး ကင်းရှင်းကြောင်း ပြနိုင်တဲ့ သူတွေမှ ခရီးသွားခွင့်ရမှာ ဖြစ်ပါတယ်။
အိန္ဒိယမှာ ပစ္စည်းတွေပြတ်
ဓာတ်ပုံ မူပိုင် Reuters
Image caption အပြင်မထွက်ရ အမိန့် ချိုးဖောက်သူဖမ်း

လူဦးရေ သန်းရာနဲ့ချီတဲ့ အိန္ဒိယမှာ နိုင်ငံကို သုံးပတ် ပိတ်ချလိုက်ပြီးနောက် ပစ္စည်းပြတ်တောက်တာတွေနဲ့ ဆိုင်တွေမှာ လူတန်းရှည်ကြီးတွေကို တွေ့နေရတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

မနေ့ညက ဝန်ကြီးချုပ် ကြေညာချက်ထွက်လာပြီး နာရီပိုင်းအတွင်းမှာပဲ ဒေလီအပါအဝင် အိန္ဒိယမြို့ကြီး တော်တော်များများမှာ လူတွေ အထိတ်တလန့်နဲ့ ဈေးတွေ ဝယ်ခဲ့ကြပါတယ်။

ပြည်နယ်တော်တော်များများမှာ နယ်စပ်တွေ ပိတ်လိုက်ပြီးနောက် ဆေးဝါး၊ နို့၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စတာတွေ တင်လာတဲ့ ကုန်ကားတန်းကြီးတွေကို အဝေးပြေး လမ်းမကြီးတွေမှာ တွေ့ရတယ်လို့လည်း အိန္ဒိယ သတင်းဌာနတွေက ရေးပါတယ်။

ရောဂါကူးမှာ စိုးလို့ ဆရာဝန်တွေ နှင်ချခံနေရတယ်လို့လည်း အိန္ဒိယ ဆေးပညာ အဖွဲ့က ဒေါက်တာ ဆရီနီဗတ်စ် ရဂျ် ကူးမားက ဘီဘီစီကိုပြောပါတယ်။

လူတွေကို ကယ်မယ့် ဆရာဝန်တွေကို ဒီလို မဆက်ဆံဖို့ ကျန်းမာရေး ဌာနအတွင်းဝန်က ကြေညာချက် ထုတ်ထားတယ်လို့လည်း ဒေါက်တာ ကူးမားက ပြောပါတယ်။

နောက် ပြည်နယ် အစိုးရတချို့က ရထားလမ်းတွေကို မရှိမဖြစ် လည်ပတ်ရမယ့် လုပ်ငန်းအဖြစ် မကြေညာခဲ့တဲ့ အတွက် ကုန်တင်ရထားတွေ ပြေးလို့မရ ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

တောင်ကိုရီးယား မိန်းကလေးတွေကို ငွေညှစ်သူ တရားစွဲ
ဓာတ်ပုံ မူပိုင် AFP
Image caption ၂၄ နှစ်အရွယ် လူငယ်ကို လူထုထဲ ထုတ်ပြ

တောင်ကိုရီးယားမှာ ဒါဇင်နဲ့ချီတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အရ ကွက်ကွက်ကွင်းကွင်း ဖော်ပြတဲ့ ဗီဒီယိုတွေနဲ့ ခြိမ်းခြောက်တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသား တယောက်ကို ရဲက အစိုးရ ရှေ့နေတွေဆီ လွှဲအပ်ခဲ့ပါတယ်။

အဲဒီ အခွေတွေကို သူက အင်တာနက်မှာ ရောင်းချခဲ့တယ်လို့လည်း ဆိုပါတယ်။

သူ့ရဲ့ သားကောင်ဖြစ်ခဲ့တဲ့ မိန်းကလေးတွေကို အလုပ်ပေးမယ်ဆိုပြီး လိမ်ညာပြီး ဒီလို ဗီဒီယိုတွေ ပို့ခိုင်းခဲ့တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။

ဒီလူ ဘယ်သူလဲ ဆိုတာကို ထုတ်ပြန်ပေးဖို့ လူသိန်းနဲ့ချီ လက်မှတ်ထိုးတောင်းဆိုခဲ့ပြီးနောက် ရဲစခန်းတခုရှေ့မှာ ၂၄ နှစ်အရွယ် လူငယ်ကို လူထုထဲ ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။

သရဲသဘက်လို ဖြစ်ခဲ့တဲ့ ဘဝ အဆုံးသတ်သွားတဲ့အတွက် ကျေးဇူးတင်တယ်လို့ အဲဒီ လူငယ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မလေးရှား ကုမ္ပဏီကို အမေရိကန် ပိတ်ဆို့မှုရုပ်
ဓာတ်ပုံ မူပိုင် Sean Gallup
Image caption ဗိုင်းရပ်တိုက်ဖျက်ရေးမှာ ရာဘာလက်အိတ်အရေးပါ

အဓမ္မ လုပ်အားခိုင်းစေမှု ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ မလေးရှား ကုမ္ပဏီတခုကနေ ရာဘာလက်အိတ်တွေ တင်ပို့တာကို ပိတ်ထားတာကို အမေရိကန် အစိုးရက ရုပ်သိမ်းပေးခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် လက်အိတ်နဲ့ တခြား အကာအကွယ် ပစ္စည်းတွေ အရေးတကြီး လိုအပ်နေလို့ ခုလို ရုပ်သိမ်းပေးခဲ့တာပါ။

WRP ကုမ္ပဏီရဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်မှု ရှိလာတဲ့အတွက် ကျေနပ်မိကြောင်း အမေရိကန် အကောက်ခွန် ဌာနက ပြောကြား ခဲ့ပါတယ်။

အဲဒီ ကုမ္ပဏီက တနှစ်ကို လက်အိတ် ၁၁ ဘီလျံ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
စပိန္မွာ ေသသူ တ႐ုတ္ထက္မ်ား၊ ပိတ္ထားတဲ့ အိႏၵိယက လူတန္းရွည္ စပိန္မွာ ေသသူ တ႐ုတ္ထက္မ်ား၊ ပိတ္ထားတဲ့ အိႏၵိယက လူတန္းရွည္ Reviewed by THITHTOOLWIN on 02:50 Rating: 5
Powered by Blogger.