ကို႐ိုနာဗိုင္းရပ္စ္ - ခ်ားလ္စ္ မင္းသား ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံထားရ

 ဇနီးသည္နဲ႔ သီးျခားစီခြဲေနရၿပီ။
(Zawgyi)⤵⤵⤵
အသက္ ၇၁ ႏွစ္ ရွိၿပီ ျဖစ္တဲ့ ခ်ားလ္စ္ မင္းသား ဆီမွာ မျပင္းထန္လွတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ လကၡဏာ ေတြ႕ရၿပီး လက္ရွိ သူဟာ က်န္းမာေရးေကာင္းမြန္လ်က္ ရွိတယ္လို႔ နန္းတြင္း ေျပာခြင့္ ရသူ က ဆိုပါတယ္။

ခ်ားလ္စ္ မင္းသားရဲ႕ ၾကင္ယာေတာ္ အသက္ ၇၂ ႏွစ္ ရွိၿပီ ျဖစ္တဲ့ ကြန္းေဝါၿမိဳ႕စားကေတာ္ ကယ္မီလာ ကိုလည္း ကို႐ိုနာ ဗိုင္းရပ္ ကူးစက္မႈ ရွိမရွိ စမ္းသပ္ခဲ့ေပမယ့္ ကူးစက္ခံရတဲ့ လကၡဏာ မေတြ႕ရဘူးလို႔ ေျပာပါတယ္။အခုအခါ ခ်ားလ္စ္ မင္းသားနဲ႔ ကယ္မီလာ တို႔ဟာ စေကာ့တလန္က ဘုရင္မႀကီးပိုင္ စံနန္းေတာ္ရွိရာ ဘယ္မိုရဲလ္ မွာ သီးျခားစီ ခြဲေနထိုင္လ်က္ရွိပါတယ္။

သားေတာ္ျဖစ္သူ ခ်ားလ္စ္မင္းသားနဲ႔ မတ္လ၁၂ ရက္ေန႔တုန္းက ေတြ႕ဆုံခဲ့တဲ့ ၿဗိတိန္ ဘုရင္မႀကီးလည္း က်န္းက်န္းမာမာဘဲလို႔ ဘာကင္ဟမ္ နန္းေတာ္ကေျပာပါတယ္။ အဲဒီ ေတြ႕ဆုံစဥ္မွာ ဘုရင္မႀကီးရဲ႕ ၾကင္ယာေတာ္ အီဒင္ဘာရာ ၿမိဳ႕စားမင္းသားႀကီး ဖိလစ္ တက္ေရာက္ခဲ့ျခင္း မရွိဘူးလို႔ နန္းေတာ္က ထုတ္ျပန္ၿပီး အခုအခါ ဘုရင္မႀကီးဟာ သူ႔က်န္းမာေရး အတြက္ လိုအပ္တဲ့အႀကံျပဳခ်က္ေတြ အားလုံးကို လိုက္နာလ်က္ ရွိတယ္လို႔ ဆိုပါတယ္။

ၿဗိတိသွ် အစိုးရရဲ႕ အႀကံေပးခ်က္ေတြနဲ႔ က်န္းမာေရး ဆိုင္ရာ စည္းမ်ဥ္းေတြအားလုံးကို ခ်ားလ္စ္ မင္းသားနဲ႔ ၾကင္ယာေတာ္တို႔ လိုက္နာၿပီး စေကာ့တလန္က စံနန္းေတာ္မွာ သီးျခားစီ ခြဲကာ ေနထိုင္လ်က္ ရွိပါတယ္လို႔ နန္းေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ထားပါတယ္။

စေကာ့တလန္ မွာရွိတဲ့ Aberdeenshire အရပ္မွာရွိတဲ့ အမ်ိဳးသား က်န္းမာေရး၀န္ေဆာင္မႈဌာန NHS က လိုအပ္တဲ့ က်န္းမာေရး စစ္ေဆးမႈေတြကို လုပ္ေဆာင္ေပးခဲ့ပါတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ဒါ့အျပင္ ခ်ားလ္စ္ မင္းသား အေနနဲ႔ လတ္တေလာ သီတင္းပတ္ေတြအတြင္း တာဝန္အရ အခမ္းအနား ေတာ္ေတာ္မ်ားမ်ားကို တက္ေရာက္ခဲ့ရတာေၾကာင့္ ဘယ္သူ႔ဆီက ဗိုင္းရပ္စ္ပိုး ကူးခဲ့ သလဲ ဆိုတာ တိတိက်က် မေျပာႏိုင္ဘူးလို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ထားပါတယ္။

အိမ္ေရွ႕စံ မင္းသားနဲ႔ ၾကင္ယာေတာ္တို႔ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က စေကာ့တလန္ကို ေရာက္လာတာ ျဖစ္ၿပီး ခ်ားလ္စ္ မင္းသားဟာ လြန္ခဲ့တဲ့သီတင္းပတ္ အကုန္ေလာက္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ လကၡဏာ အေပ်ာ့စား ျပသလာတာေၾကာင့္ မတ္လ ၂၃ရက္ တနလၤာေန႔မွာ Aberdeenshire အရပ္က က်န္းမာေရး ၀န္ထမ္းေတြက စစ္ေဆးေပးခဲ့တာ ျဖစ္တယ္လို႔ နန္းတြင္းေရးဆိုင္ရာ ဘီဘီစီသတင္းေထာက္ နီကိုလပ္စ္ ဝစ္ခ်ဲလ္ က ေျပာပါတယ္။
ၿဗိတိသွ် ေတာ္ဝင္မ်ိဳးဆက္ေတြအေၾကာင္း

မတ္လ ၂၄ရက္ အဂၤါေန႔မွာ ေဆးစစ္ခ်က္ အေျဖရခဲ့ရာမွာ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့ရေပမယ့္ ခ်ားလ္စ္ မင္းသားဟာ ပုံမွန္ အတိုင္းလုပ္ငန္း ေဆာင္တာေတြကို လုပ္ေဆာင္ကာ လႈပ္ရွားသြားလာ လ်က္ ရွိတယ္လို႔ နီကိုလပ္စ္ ဝစ္ခ်ဲလ္ က ဆိုပါတယ္။ အသက္ ၇၁ ႏွစ္ရွိ အိမ္ေရွ႕စံ မင္းသားဟာ မတ္လ ၁၂ ရက္ေန႔တုန္းက မိခင္ဘုရင္မႀကီးနဲ႔ ခဏတျဖဳတ္ ေတြ႕ဆုံမႈ ရွိခဲ့သလို အဲဒီ မတိုင္ခင္သုံးရက္ေလာက္ကလည္း ဓနသဟာယ ႏိုင္ငံမ်ားေန႔ အခမ္းအနားမွာ မိခင္ဘုရင္မႀကီးနဲ႔ သားေတာ္ ခ်ားလ္စ္ မင္းသားတို႔ဟာ ဖက္လွဲတကင္း နီးနီးကပ္ကပ္ ေတြ႕ခဲ့ရတယ္လို႔ မစၥတာ ဝစ္ခ်ဲလ္ က ေျပာပါတယ္။
ဓာတ္ပုံ မူပိုင္ Reuters
Image caption ဘုရင္မႀကီးလည္း က်န္းမာပါတယ္လို႔ နန္းေတာ္က ထုတ္ျပန္

အခုအခါ ဘုရင္မႀကီးရဲ႕ က်န္းမာေရးကို အေလးထား အာ႐ုံစိုက္ၾကရမွာ ျဖစ္ၿပီး ၾကင္ယာေတာ္ အီဒင္ဘာရာ ၿမိဳ႕စားႀကီး အၿမဲေနထိုင္ရာ ေနာေဖာ့ခ္ အရပ္က ဆန္ဒရင္ဂမ္ မွာ လြန္ခဲ့တဲ့ သီတင္းပတ္ကတည္းက ဘုရင္မႀကီး ဟာေျပာင္းေ႐ြ႕ေနထိုင္လ်က္ ရွိတယ္လို႔ သူက ဆိုပါတယ္။

သက္ေတာ္ ၉၀ ေက်ာ္လာၾကၿပီ ျဖစ္တဲ့ ဘုရင္မႀကီးနဲ႔ ၾကင္ယာေတာ္ ဖိလစ္မင္းသားႀကီး တို႔ကို ဗိုင္းရပ္စ္ ကူးစက္ခံရျခင္း မရွိေအာင္ က်န္းမာေရး အထူးၾကပ္မတ္ေဆာင္႐ြက္ေပးလ်က္ ရွိတယ္လို႔ ဘီဘီစီ နန္းတြင္းေရးရာ သတင္းေထာက္က ေျပာပါတယ္။

ခ်ားလ္စ္ နဲ႔ ကယ္မီလာ တို႔ဟာလည္း အစိုးရက ထုတ္ျပန္ထားတဲ့အႀကံေပးခ်က္ေတြကို လိုက္နာ လုပ္ေဆာင္လ်က္ သီးျခားစီ ခြဲေနထိုင္လ်က္ရွိၿပီး အဲဒီလိုခြဲေနလို႔ ရႏိုင္ေလာက္တဲ့ က်ယ္က်ယ္၀န္း၀န္း ေနရာမွာ ေနထိုင္ေနၾကရသူေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ သူတို႔ကို ကူညီ ေဆာင္႐ြက္ေပးမယ့္ ၀န္ထမ္းအနည္းအက်ဥ္းလည္းရွိၿပီး အခု အတိုင္းဆိုရင္ ခ်ားလ္စ္ မင္းသားဟာ ဗိုင္းရပ္စ္လကၡဏာ ကင္းစင္ သြားတဲ့အထိ သီတင္းႏွစ္ပတ္ေလာက္ စေကာ့တလန္မွာဆက္လက္ ေနထိုင္မယ့္ပုံ ရတယ္လို႔ နီကိုလပ္ ဝစ္ခ်ဲလ္ ကခန႔္မွန္းထားပါတယ္။ အခုအခါ အိမ္ေရွ႕စံ မင္းသား စံျမန္းရာ ဘယ္လ္မိုရဲလ္ မွာရွိတဲ့ သူ႔ကို အနီးကပ္ျပဳစု တာဝန္ထမ္းေဆာင္တဲ့ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ ေနထိုင္ရာ အိမ္ေဂဟာ အသီးသီးမွာ ခြဲျခားေစာင့္ၾကည့္မႈ ခံယူေနၾကရပါၿပီ။

ေဝလမင္းသားခ်ားလ္စ္ဟာ မိခင္ ဘုရင္မႀကီးနဲ႔ေရာ သားေတြ ျဖစ္ၾကတဲ့ ဝီလ်ံ၊ ဟယ္ရီ တို႔နဲ႔ စကားေျပာဆို ဆက္သြယ္မႈေတြရွိၿပီး က်န္းက်န္းမာမာပဲလို႔ နန္းေတာ္ထဲကလာတဲ့ သတင္းရင္းျမစ္ေတြကေျပာပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - ချားလ်စ် မင်းသား ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရ

Image caption ဇနီးသည်နဲ့ သီးခြားစီခွဲနေရပြီ။

အသက် ၇၁ နှစ် ရှိပြီ ဖြစ်တဲ့ ချားလ်စ် မင်းသား ဆီမှာ မပြင်းထန်လှတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာ တွေ့ရပြီး လက်ရှိ သူဟာ ကျန်းမာရေးကောင်းမွန်လျက် ရှိတယ်လို့ နန်းတွင်း ပြောခွင့် ရသူ က ဆိုပါတယ်။

ချားလ်စ် မင်းသားရဲ့ ကြင်ယာတော် အသက် ၇၂ နှစ် ရှိပြီ ဖြစ်တဲ့ ကွန်းဝေါမြို့စားကတော် ကယ်မီလာ ကိုလည်း ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု ရှိမရှိ စမ်းသပ်ခဲ့ပေမယ့် ကူးစက်ခံရတဲ့ လက္ခဏာ မတွေ့ရဘူးလို့ ပြောပါတယ်။အခုအခါ ချားလ်စ် မင်းသားနဲ့ ကယ်မီလာ တို့ဟာ စကော့တလန်က ဘုရင်မကြီးပိုင် စံနန်းတော်ရှိရာ ဘယ်မိုရဲလ် မှာ သီးခြားစီ ခွဲနေထိုင်လျက်ရှိပါတယ်။

သားတော်ဖြစ်သူ ချားလ်စ်မင်းသားနဲ့ မတ်လ၁၂ ရက်နေ့တုန်းက တွေ့ဆုံခဲ့တဲ့ ဗြိတိန် ဘုရင်မကြီးလည်း ကျန်းကျန်းမာမာဘဲလို့ ဘာကင်ဟမ် နန်းတော်ကပြောပါတယ်။ အဲဒီ တွေ့ဆုံစဉ်မှာ ဘုရင်မကြီးရဲ့ ကြင်ယာတော် အီဒင်ဘာရာ မြို့စားမင်းသားကြီး ဖိလစ် တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ နန်းတော်က ထုတ်ပြန်ပြီး အခုအခါ ဘုရင်မကြီးဟာ သူ့ကျန်းမာရေး အတွက် လိုအပ်တဲ့အကြံပြုချက်တွေ အားလုံးကို လိုက်နာလျက် ရှိတယ်လို့ ဆိုပါတယ်။

ဗြိတိသျှ အစိုးရရဲ့ အကြံပေးချက်တွေနဲ့ ကျန်းမာရေး ဆိုင်ရာ စည်းမျဉ်းတွေအားလုံးကို ချားလ်စ် မင်းသားနဲ့ ကြင်ယာတော်တို့ လိုက်နာပြီး စကော့တလန်က စံနန်းတော်မှာ သီးခြားစီ ခွဲကာ နေထိုင်လျက် ရှိပါတယ်လို့ နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

စကော့တလန် မှာရှိတဲ့ Aberdeenshire အရပ်မှာရှိတဲ့ အမျိုးသား ကျန်းမာရေးဝန်ဆောင်မှုဌာန NHS က လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ဒါ့အပြင် ချားလ်စ် မင်းသား အနေနဲ့ လတ်တလော သီတင်းပတ်တွေအတွင်း တာဝန်အရ အခမ်းအနား တော်တော်များများကို တက်ရောက်ခဲ့ရတာကြောင့် ဘယ်သူ့ဆီက ဗိုင်းရပ်စ်ပိုး ကူးခဲ့ သလဲ ဆိုတာ တိတိကျကျ မပြောနိုင်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အိမ်ရှေ့စံ မင်းသားနဲ့ ကြင်ယာတော်တို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စကော့တလန်ကို ရောက်လာတာ ဖြစ်ပြီး ချားလ်စ် မင်းသားဟာ လွန်ခဲ့တဲ့သီတင်းပတ် အကုန်လောက်မှာ ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာ အပျော့စား ပြသလာတာကြောင့် မတ်လ ၂၃ရက် တနင်္လာနေ့မှာ Aberdeenshire အရပ်က ကျန်းမာရေး ဝန်ထမ်းတွေက စစ်ဆေးပေးခဲ့တာ ဖြစ်တယ်လို့ နန်းတွင်းရေးဆိုင်ရာ ဘီဘီစီသတင်းထောက် နီကိုလပ်စ် ဝစ်ချဲလ် က ပြောပါတယ်။
ဗြိတိသျှ တော်ဝင်မျိုးဆက်တွေအကြောင်း

မတ်လ ၂၄ရက် အင်္ဂါနေ့မှာ ဆေးစစ်ချက် အဖြေရခဲ့ရာမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရပေမယ့် ချားလ်စ် မင်းသားဟာ ပုံမှန် အတိုင်းလုပ်ငန်း ဆောင်တာတွေကို လုပ်ဆောင်ကာ လှုပ်ရှားသွားလာ လျက် ရှိတယ်လို့ နီကိုလပ်စ် ဝစ်ချဲလ် က ဆိုပါတယ်။ အသက် ၇၁ နှစ်ရှိ အိမ်ရှေ့စံ မင်းသားဟာ မတ်လ ၁၂ ရက်နေ့တုန်းက မိခင်ဘုရင်မကြီးနဲ့ ခဏတဖြုတ် တွေ့ဆုံမှု ရှိခဲ့သလို အဲဒီ မတိုင်ခင်သုံးရက်လောက်ကလည်း ဓနသဟာယ နိုင်ငံများနေ့ အခမ်းအနားမှာ မိခင်ဘုရင်မကြီးနဲ့ သားတော် ချားလ်စ် မင်းသားတို့ဟာ ဖက်လှဲတကင်း နီးနီးကပ်ကပ် တွေ့ခဲ့ရတယ်လို့ မစ္စတာ ဝစ်ချဲလ် က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘုရင်မကြီးလည်း ကျန်းမာပါတယ်လို့ နန်းတော်က ထုတ်ပြန်

အခုအခါ ဘုရင်မကြီးရဲ့ ကျန်းမာရေးကို အလေးထား အာရုံစိုက်ကြရမှာ ဖြစ်ပြီး ကြင်ယာတော် အီဒင်ဘာရာ မြို့စားကြီး အမြဲနေထိုင်ရာ နောဖော့ခ် အရပ်က ဆန်ဒရင်ဂမ် မှာ လွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက ဘုရင်မကြီး ဟာပြောင်းရွေ့နေထိုင်လျက် ရှိတယ်လို့ သူက ဆိုပါတယ်။

သက်တော် ၉၀ ကျော်လာကြပြီ ဖြစ်တဲ့ ဘုရင်မကြီးနဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီး တို့ကို ဗိုင်းရပ်စ် ကူးစက်ခံရခြင်း မရှိအောင် ကျန်းမာရေး အထူးကြပ်မတ်ဆောင်ရွက်ပေးလျက် ရှိတယ်လို့ ဘီဘီစီ နန်းတွင်းရေးရာ သတင်းထောက်က ပြောပါတယ်။

ချားလ်စ် နဲ့ ကယ်မီလာ တို့ဟာလည်း အစိုးရက ထုတ်ပြန်ထားတဲ့အကြံပေးချက်တွေကို လိုက်နာ လုပ်ဆောင်လျက် သီးခြားစီ ခွဲနေထိုင်လျက်ရှိပြီး အဲဒီလိုခွဲနေလို့ ရနိုင်လောက်တဲ့ ကျယ်ကျယ်ဝန်းဝန်း နေရာမှာ နေထိုင်နေကြရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ကို ကူညီ ဆောင်ရွက်ပေးမယ့် ဝန်ထမ်းအနည်းအကျဉ်းလည်းရှိပြီး အခု အတိုင်းဆိုရင် ချားလ်စ် မင်းသားဟာ ဗိုင်းရပ်စ်လက္ခဏာ ကင်းစင် သွားတဲ့အထိ သီတင်းနှစ်ပတ်လောက် စကော့တလန်မှာဆက်လက် နေထိုင်မယ့်ပုံ ရတယ်လို့ နီကိုလပ် ဝစ်ချဲလ် ကခန့်မှန်းထားပါတယ်။ အခုအခါ အိမ်ရှေ့စံ မင်းသား စံမြန်းရာ ဘယ်လ်မိုရဲလ် မှာရှိတဲ့ သူ့ကို အနီးကပ်ပြုစု တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတော်တော်များများဟာ သူတို့ နေထိုင်ရာ အိမ်ဂေဟာ အသီးသီးမှာ ခွဲခြားစောင့်ကြည့်မှု ခံယူနေကြရပါပြီ။

ဝေလမင်းသားချားလ်စ်ဟာ မိခင် ဘုရင်မကြီးနဲ့ရော သားတွေ ဖြစ်ကြတဲ့ ဝီလျံ၊ ဟယ်ရီ တို့နဲ့ စကားပြောဆို ဆက်သွယ်မှုတွေရှိပြီး ကျန်းကျန်းမာမာပဲလို့ နန်းတော်ထဲကလာတဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - ခ်ားလ္စ္ မင္းသား ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံထားရ ကို႐ိုနာဗိုင္းရပ္စ္ - ခ်ားလ္စ္ မင္းသား ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံထားရ Reviewed by THITHTOOLWIN on 02:53 Rating: 5
Powered by Blogger.