ထိုင္း-ျမန္မာနယ္စပ္ ျမဝတီဂိတ္ အဝင္အထြက္ ပိတ္ေတာ့မယ္

ေနရပ္ျပန္လာသူမ်ားကို ထိုင္း-ျမန္မာနယ္စပ္ ျမ၀တီဂိတ္တြင္ ေတြ႔ရ (သတင္းဓာတ္ပံု - မတ္ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင္း-ျမန္မာနယ္စပ္ ျမ၀တီဘက္ျခမ္းက ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္၀င္ေရာက္တဲ့အေျခအေနကို တင္ဆက္ေပးပါမယ္။

ထိုင္းႏိုင္ငံတြင္း ကိုရိုနာဗိုုင္းရပ္ကူးစက္မႈႏႈန္း ေန႔စဥ္လိုလိုျမင့္တက္လာတာေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္ ျမ၀တီဂိတ္ဘက္မွာေတာ့ ျမန္မာအလုပ္သမားေတြ ၀င္ေရာက္မႈကို မနက္ျဖန္ကစၿပီး ပိတ္ပင္မယ္လိ္ု႔ သိရပါတယ္။ ဒီေန႔ ေနာက္ဆံုးရက္မွာေတာ့ ေနရပ္ျပန္သူ ျမန္မာလူမ်ိဳး ၂,၀၀၀ေက်ာ္ ျမ၀တီဘက္ျခမ္းကို ေရာက္ရိွတယ္လို႔ သိရပါတယ္။ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာသတင္းေပးပို႔ထားတာပါ။

ထိုင္းႏို္င္ငံကေန ေနရပ္ျပန္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြဟာ နယ္စပ္အမွတ္ (၁) တံတားပိတ္လုိက္ျပီးကတည္းက ေန႔စဥ္ ျမန္မာႏိုင္ငံကုိျပန္ေနတာဟာ လူဦးေရ ၁၆,၀၀၀ ေက်ာ္ရွိေနပါျပီ။ မတ္လ၂၅ ရက္ေန႔မွာ ျမန္မာလူမ်ိဳး ၂,၀၀၀ ေက်ာ္ ေနရပ္ျပန္ခဲ့ၾကတာပါ။ မတ္လ၂၆ ရက္ေန႔မွာ ျမန္မာဘက္ကလည္း ၀င္ခြင့္ပိတ္လိုက္ေတာ့မွာျဖစ္သလို ထုိင္းဘက္ကလည္း ညမထြက္ရ နယ္ေျမျဖတ္သန္းမျပဳတာေတြ ထုတ္ျပန္ေတာ့မွာမို ့ႏွစ္ဘက္လံုးက ပိတ္ပစ္ေတာ့မွာျဖစ္တဲ့အေၾကာင္း ကရင္ျပည္နယ္ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာျပပါတယ္။

"ေနာက္ေန႔ က်ေနာ္တို႔ဘက္က ပိတ္ျပီ၊ ရပ္ျပီ။ ဒီေန႔ ေနာက္ဆံုးပဲ။ သူတို႔ဘက္ကလည္း ရပ္ျပီ။ သူတို႔ ထုိင္းဘက္ကလည္း ပိတ္ျပီ။ မာရွယ္ေလာေတာင္ ထုတ္ထားျပီ။ ဧရီယာအလုိက္ ျဖတ္သန္းခြင့္ မလုပ္ရေတာ့ဘူးလို႔ ေျပာထားတာ အရင္ကေတာ့ ဗီဇာသက္တမ္းကုန္မွာစိုးရိမ္လို႔ ထပ္မံတိုးဖို႔ လာၾကတာ အခုေတာ့ အဲဒီလိုမဟုတ္ေတာ့ဘူး။ ဗီဇာသက္တမ္းကင္းလႊတ္ခြင့္ ၃ လ ထပ္တုိးရေအာင္ ျမန္မာသံရံုးက ခ်ိတ္ဆက္စီစဥ္ေနပါတယ္။"

ကရင္ျပည္နယ္အစိုးရနဲ႔ သက္ဆုိင္ရာျမ၀တီခရိုင္က တာ၀န္ရွိသူေတြဟာ ေနရပ္ျပန္ေတြအတြက္ကားေတြကို တိုင္းနဲျပည္နယ္အလိုက္ စီစဥ္ေဆာင္ရြက္ထားတာေတြ လုပ္ေပးေပမဲ့ ေနရပ္ျပန္ေတြအေနနဲ႔ သူတုိ႔မွာထားတဲ့ကားေတြကိုသာ စီးျပီးသြားၾကတာမ်ိဳးေတြ ရွိေနတယ္လုိ႔လည္း ဆုိပါတယ္။ ေနရပ္ျပန္လို႔သူေတြမွာလည္း နယ္စပ္ဂိတ္မွာ ေစာင့္ရတာေတြကို စိတ္မရွည္တာမ်ိဳးေတြျဖစ္တာေၾကာင့္ မေန႔ကေတာ့ ရုန္းရင္းဆန္ခတ္မႈေတြ အနည္းငယ္ရွိပမဲ့ မတ္လ ၂၅ ရက္ေနမွာေတာ့ ေန႔လည္ ၁ နာရီိေက်ာ္ကတည္းက လူေတြအ၀င္အထြက္သိပ္ မရွိေတာ့ဘူးလို႔ ဆုိပါတယ္။

"စီစဥ္ေပးရတဲ့ ရည္ရြယ္ခ်က္က စီစဥ္ေပးတာ တခုတည္း မဟုတ္ဘူး။ ခရီးသြားဖို႔ပဲ မဟုတ္ဘူး။ တဲြသြားလို ့မရဘူး။ သီးသန္႔၊ သီးသန္႔ျဖစ္ေအာင္စီစဥ္ေနတာပါ။ စနစ္တက်မွ ရတယ္။ က်န္းမာေရးလမ္းညႊန္ခ်က္ေတြ ဖတ္ျပရတယ္။ ဘယ္လုိ ေနထုိင္ရမယ္၊ ဘယ္လို သြားရမယ္။ တိုင္းေဒသႀကီး ျပည္နယ္မွာ ခ်ိတ္ဆက္ျပီး လိုအပ္တဲ့ Home Quarantine ပဲျဖစ္ျဖစ္၊ Facilities Quarantine ျဖစ္ျဖစ္ စီစဥ္ႏိုင္ေအာင္ေစလႊတ္ရတာေပါ့။"

ကုိရိုနာဗိုင္းရပ္စ္ကူးစက္မႈ ျမန္ဆန္ေနတာေၾကာင့္ ထိုင္းႏို္္င္ငံက ခရိုင္အာဏာပုိင္ေတြ အမိန္႔နဲ႔ နယ္ေျမျဖတ္သန္းခြင့္ေတြကို ပိတ္ပစ္လိုက္ျပီး မတ္လ ၂၆ ရက္ေန႔မွာေတာ့ ထိုင္းတႏိုင္ငံလံုးမွာ ညမထြက္ရ အမိန္႔ နယ္ေျမျဖတ္သန္းခြင့္မရွိတဲ့ မာရွယ္ေလာအမိန္႔ဟာ အတည္ျဖစ္ေတာ့မယ္လို႔ ထုိင္းအာဏာပိုင္ေတြက ဆုိပါတယ္။

[Unicode Version]

ထိုင်း-မြန်မာနယ်စပ် မြဝတီဂိတ် အဝင်အထွက် ပိတ်တော့မယ်

ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ခြမ်းက မြန်မာအလုပ်သမားတွေ နေရပ်ပြန်ဝင်ရောက်တဲ့အခြေအနေကို တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်ကူးစက်မှုနှုန်း နေ့စဉ်လိုလိုမြင့်တက်လာတာကြောင့် ထိုင်း-မြန်မာနယ်စပ် မြဝတီဂိတ်ဘက်မှာတော့ မြန်မာအလုပ်သမားတွေ ဝင်ရောက်မှုကို မနက်ဖြန်ကစပြီး ပိတ်ပင်မယ်လို့ သိရပါတယ်။ ဒီနေ့ နောက်ဆုံးရက်မှာတော့ နေရပ်ပြန်သူ မြန်မာလူမျိုး ၂,၀၀၀ကျော် မြဝတီဘက်ခြမ်းကို ရောက်ရှိတယ်လို့ သိရပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာသတင်းပေးပို့ထားတာပါ။

ထိုင်းနိုင်ငံကနေ နေရပ်ပြန်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ နယ်စပ်အမှတ် (၁) တံတားပိတ်လိုက်ပြီးကတည်းက နေ့စဉ် မြန်မာနိုင်ငံကိုပြန်နေတာဟာ လူဦးရေ ၁၆,၀၀၀ ကျော်ရှိနေပါပြီ။ မတ်လ၂၅ ရက်နေ့မှာ မြန်မာလူမျိုး ၂,၀၀၀ ကျော် နေရပ်ပြန်ခဲ့ကြတာပါ။ မတ်လ၂၆ ရက်နေ့မှာ မြန်မာဘက်ကလည်း ဝင်ခွင့်ပိတ်လိုက်တော့မှာဖြစ်သလို ထိုင်းဘက်ကလည်း ညမထွက်ရ နယ်မြေဖြတ်သန်းမပြုတာတွေ ထုတ်ပြန်တော့မှာမို့နှစ်ဘက်လုံးက ပိတ်ပစ်တော့မှာဖြစ်တဲ့အကြောင်း ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပြပါတယ်။

"နောက်နေ့ ကျနော်တို့ဘက်က ပိတ်ပြီ၊ ရပ်ပြီ။ ဒီနေ့ နောက်ဆုံးပဲ။ သူတို့ဘက်ကလည်း ရပ်ပြီ။ သူတို့ ထိုင်းဘက်ကလည်း ပိတ်ပြီ။ မာရှယ်လောတောင် ထုတ်ထားပြီ။ ဧရီယာအလိုက် ဖြတ်သန်းခွင့် မလုပ်ရတော့ဘူးလို့ ပြောထားတာ အရင်ကတော့ ဗီဇာသက်တမ်းကုန်မှာစိုးရိမ်လို့ ထပ်မံတိုးဖို့ လာကြတာ အခုတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဗီဇာသက်တမ်းကင်းလွှတ်ခွင့် ၃ လ ထပ်တိုးရအောင် မြန်မာသံရုံးက ချိတ်ဆက်စီစဉ်နေပါတယ်။"

ကရင်ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာမြဝတီခရိုင်က တာဝန်ရှိသူတွေဟာ နေရပ်ပြန်တွေအတွက်ကားတွေကို တိုင်းနဲပြည်နယ်အလိုက် စီစဉ်ဆောင်ရွက်ထားတာတွေ လုပ်ပေးပေမဲ့ နေရပ်ပြန်တွေအနေနဲ့ သူတို့မှာထားတဲ့ကားတွေကိုသာ စီးပြီးသွားကြတာမျိုးတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ နေရပ်ပြန်လို့သူတွေမှာလည်း နယ်စပ်ဂိတ်မှာ စောင့်ရတာတွေကို စိတ်မရှည်တာမျိုးတွေဖြစ်တာကြောင့် မနေ့ကတော့ ရုန်းရင်းဆန်ခတ်မှုတွေ အနည်းငယ်ရှိပမဲ့ မတ်လ ၂၅ ရက်နေမှာတော့ နေ့လည် ၁ နာရီကျော်ကတည်းက လူတွေအဝင်အထွက်သိပ် မရှိတော့ဘူးလို့ ဆိုပါတယ်။

"စီစဉ်ပေးရတဲ့ ရည်ရွယ်ချက်က စီစဉ်ပေးတာ တခုတည်း မဟုတ်ဘူး။ ခရီးသွားဖို့ပဲ မဟုတ်ဘူး။ တွဲသွားလို့မရဘူး။ သီးသန့်၊ သီးသန့်ဖြစ်အောင်စီစဉ်နေတာပါ။ စနစ်တကျမှ ရတယ်။ ကျန်းမာရေးလမ်းညွှန်ချက်တွေ ဖတ်ပြရတယ်။ ဘယ်လို နေထိုင်ရမယ်၊ ဘယ်လို သွားရမယ်။ တိုင်းဒေသကြီး ပြည်နယ်မှာ ချိတ်ဆက်ပြီး လိုအပ်တဲ့ Home Quarantine ပဲဖြစ်ဖြစ်၊ Facilities Quarantine ဖြစ်ဖြစ် စီစဉ်နိုင်အောင်စေလွှတ်ရတာပေါ့။"

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြန်ဆန်နေတာကြောင့် ထိုင်းနို်င်ငံက ခရိုင်အာဏာပိုင်တွေ အမိန့်နဲ့ နယ်မြေဖြတ်သန်းခွင့်တွေကို ပိတ်ပစ်လိုက်ပြီး မတ်လ ၂၆ ရက်နေ့မှာတော့ ထိုင်းတနိုင်ငံလုံးမှာ ညမထွက်ရ အမိန့် နယ်မြေဖြတ်သန်းခွင့်မရှိတဲ့ မာရှယ်လောအမိန့်ဟာ အတည်ဖြစ်တော့မယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
ထိုင္း-ျမန္မာနယ္စပ္ ျမဝတီဂိတ္ အဝင္အထြက္ ပိတ္ေတာ့မယ္ ထိုင္း-ျမန္မာနယ္စပ္ ျမဝတီဂိတ္ အဝင္အထြက္ ပိတ္ေတာ့မယ္ Reviewed by THITHTOOLWIN on 02:45 Rating: 5
Powered by Blogger.