မိုးကုတ္ေက်ာက္တြင္းမွာ ပိတ္မိသူႏွစ္ဦးကို ကယ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနဆဲ

 မိုးကုတ္ေက်ာက္တြင္းမွာ ပိတ္မိေနသူႏွစ္ဦးကို ကယ္တင္ဖို႔ ႀကိဳးစားတာ ၂၄ နာရီနီးပါးရွိေနပါၿပီ။
(Zawgyi)⤵⤵⤵
မိုးကုတ္ၿမိဳ႕မွာ မေန႔က မနက္ပိုင္းက ေက်ာက္တြင္းၿပိဳက်လို႔ အထဲမွာ ပိတ္မိေနသူ ႏွစ္ဦးကို ဒီကေန႔ မတ္လ ၈ ရက္ေန႔ မနက္ထိ ကယ္ဆယ္ေရးတပ္ဖြဲ႕ေတြ ႀကိဳးစားရွာေဖြေနတယ္လို႔ ေဒသခံလႊတ္ေတာ္အမတ္က ဘီဘီစီကို ေျပာပါတယ္။

မေန႔က မနက္ပိုင္းက စစ္ကိုင္းတိုင္းထဲက သပိတ္က်င္းမွာငလ်င္လႈပ္ခတ္ခဲ့ၿပီး အဲဒီငလ်င္ဒဏ္ကို မိုးကုတ္ၿမိဳ႕မွာလည္း ခံစားခဲ့ၾကရပါတယ္။ အဲဒီငလ်င္ေၾကာင့္ ဒီေက်ာက္တြင္းၿပိဳက်တယ္လို႔ သုံးသပ္တာေတြရွိေနပါတယ္။ ေက်ာက္တြင္းၿပိဳက်မႈေၾကာင့္ လူငါးဦးအနက္ သုံးဦး ကို ကယ္ထုတ္ႏိုငၿပီး ႏွစ္ဦးကေတာ့ အထဲမွာ ပိတ္မိေနလို႔ ဆက္လက္ရွာေဖြေနတယ္လို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

အင္အား ရစ္ခ်္တာစေကး ၄ ေက်ာ္ေက်ာ္ရွိေပမယ့္ အခုၿပိဳက်တဲ့တြင္းဟာ တြင္းေဟာင္းျဖစ္သလို ေက်ာက္ေတာင္အမ်ိဳးအစားနဲ႔ ေက်ာက္လိုဏ္ဂူ ေတြျဖစ္တာေၾကာင့္ ပိတ္မိေနသူေတြကို ကယ္ထုတ္ဖို႔ ခက္ခဲတယ္လို႔ မိုးကုတ္ၿမိဳ႕နယ္တိုင္းအမတ္ ဦးေစာေသာင္းတင္က ေျပာပါတယ္။

"ႀကိဳးစားေနၾကတုန္းပါ။ တြင္းက ေပ ၄၀၀ ေလာက္နက္တယ္။ ေက်ာက္ႀကိဳေက်ာက္ၾကားမွာ ေက်ာက္လိုက္ရွာတဲ့လုပ္ငန္းေပါ့။ အဲဒီေတာ့ အဲဒီတြင္း ကအနက္ႀကီးပါ။ ၿပီးေတာ့ ဒီတြင္းက ကတၱရာလမ္းေဖာက္ထားတဲ့ေအာက္မွာျဖစ္တယ္လို႔ ခန႔္မွန္းရတယ္။ ဒီေတာ့ အေပၚက ေက်ာက္ေတြၿပိဳေတာ့ အေလာင္းထုတ္ဖို႔ေတာင္ေတာ္ေတာ္ ခက္ၿပီးေတာ့ သူတို႔ေနရာကိုေရာက္ဖို႔ေတာင္ေတာ္ေတာ္ခက္ေနပါတယ္" လို႔ သူကေျပာပါတယ္။

ၿပိဳက်တဲ့ေက်ာက္တြင္းဟာ တြင္းေဟာင္းျဖစ္သလို အႏၲရာယ္မ်ားတဲ့ တြင္းမ်ိဳးျဖစ္တယ္လို႔ ဆိုပါတယ္။

အထဲမွာ ပိတ္မိေနတဲ့ ႏွစ္ဦးကို မီးသတ္တပ္ဖြဲ႕၊ ကယ္ဆယ္ေရးအဖြဲ႕ေတြ ႀကိဳးစားရွာေဖြေနၾကတယ္လို႔ သူက ဆက္ေျပာပါတယ္။

စစ္ကိုင္းငလ်င္ေၾကာက အႏၲရာယ္ရွိတဲ့ငလ်င္ေၾကာတစ္ခုလို႔ ပညာရွင္ေတြက တစ္ေလွ်ာက္လုံးေျပာၾကားထားၿပီး အဲဒီေဒသတြင္းျမႇ ေ႐ႊနဲ႔ ေက်ာက္ တူးေဖာ္တဲ့တြင္းေတြရွိတဲ့ သပိတ္က်င္းနဲ႔ မိုးကုတ္ၿမိဳ႕ေတြနဲ႔ လည္း ဆက္စပ္ေနပါတယ္။

ဒါ့အျပင္မိုးကုတ္မွာ အခုၿပိဳက်တဲ့တြင္းလို တြင္းေဟာင္းေတြမ်ားစြာရွိၿပီး ဝမ္းေရးအတြက္ အသက္အႏၲရာယ္ကို အေလးမထားႏိုင္ဘဲ ခုလို တြင္းေဟာင္းေတြဝင္တူးေနၾကတာေတြအမ်ားႀကီးရွိတယ္လို႔ ဦးေစာေသာင္းတင္ကေျပာပါတယ္။

"ကြၽန္ေတာ္တို႔ကေတာ့ပညာေပးေဟာေျပာတိုက္တြန္း႐ုံေလာက္ပဲ တက္ႏိုင္ပါတယ္။ မိုးကုတ္တစ္ၿမိဳ႕လုံးကလည္း ေက်ာက္တူးတဲ့အခါက်ေတာ့ ၿမိဳ႕နဲ႔ အလွမ္းေဝးတဲ့ေတာထဲေတာင္ထဲေတြမွာလည္း တစ္ဦးခ်င္း တူးေနတာေတြ ရွိပါတယ္။ အခုၿပိဳက်တဲ့တြင္းမ်ိဳးဆို အလြန္အႏၲရာယ္မ်ားတဲ့ တြင္းအမ်ိဳးအစားပါ။ ေလျပတ္ၿပီး ဒုကၡေရာက္ႏိုင္တာပါ။ ခိုးတူးတဲ့တြင္းေတြဆိုလည္း ကြၽန္ေတာ္တို႔သိတာနဲ႔ ခ်က္ခ်င္း အာဏာပိုင္ကို အေၾကာင္းၾကားၿပီး လိုက္ပိတ္တာဆို႔တာေတြလုပ္ပါတယ္။ အဓိကကေတာ့ အသက္ကို ဉာဏ္ေစာင့္ဖို႔ ေျပာခ်င္ပါတယ္" လို႔ သူကဆိုပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
(၂) မိုးကုတ်ကျောက်တွင်းမှာ ပိတ်မိသူနှစ်ဦးကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေဆဲ
ဓာတ်ပုံ မူပိုင် MFSD
Image caption မိုးကုတ်ကျောက်တွင်းမှာ ပိတ်မိနေသူနှစ်ဦးကို ကယ်တင်ဖို့ ကြိုးစားတာ ၂၄ နာရီနီးပါးရှိနေပါပြီ။

မိုးကုတ်မြို့မှာ မနေ့က မနက်ပိုင်းက ကျောက်တွင်းပြိုကျလို့ အထဲမှာ ပိတ်မိနေသူ နှစ်ဦးကို ဒီကနေ့ မတ်လ ၈ ရက်နေ့ မနက်ထိ ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ကြိုးစားရှာဖွေနေတယ်လို့ ဒေသခံလွှတ်တော်အမတ်က ဘီဘီစီကို ပြောပါတယ်။

မနေ့က မနက်ပိုင်းက စစ်ကိုင်းတိုင်းထဲက သပိတ်ကျင်းမှာငလျင်လှုပ်ခတ်ခဲ့ပြီး အဲဒီငလျင်ဒဏ်ကို မိုးကုတ်မြို့မှာလည်း ခံစားခဲ့ကြရပါတယ်။ အဲဒီငလျင်ကြောင့် ဒီကျောက်တွင်းပြိုကျတယ်လို့ သုံးသပ်တာတွေရှိနေပါတယ်။ ကျောက်တွင်းပြိုကျမှုကြောင့် လူငါးဦးအနက် သုံးဦး ကို ကယ်ထုတ်နိုငပြီး နှစ်ဦးကတော့ အထဲမှာ ပိတ်မိနေလို့ ဆက်လက်ရှာဖွေနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အင်အား ရစ်ချ်တာစကေး ၄ ကျော်ကျော်ရှိပေမယ့် အခုပြိုကျတဲ့တွင်းဟာ တွင်းဟောင်းဖြစ်သလို ကျောက်တောင်အမျိုးအစားနဲ့ ကျောက်လိုဏ်ဂူ တွေဖြစ်တာကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ခက်ခဲတယ်လို့ မိုးကုတ်မြို့နယ်တိုင်းအမတ် ဦးစောသောင်းတင်က ပြောပါတယ်။

"ကြိုးစားနေကြတုန်းပါ။ တွင်းက ပေ ၄၀၀ လောက်နက်တယ်။ ကျောက်ကြိုကျောက်ကြားမှာ ကျောက်လိုက်ရှာတဲ့လုပ်ငန်းပေါ့။ အဲဒီတော့ အဲဒီတွင်း ကအနက်ကြီးပါ။ ပြီးတော့ ဒီတွင်းက ကတ္တရာလမ်းဖောက်ထားတဲ့အောက်မှာဖြစ်တယ်လို့ ခန့်မှန်းရတယ်။ ဒီတော့ အပေါ်က ကျောက်တွေပြိုတော့ အလောင်းထုတ်ဖို့တောင်တော်တော် ခက်ပြီးတော့ သူတို့နေရာကိုရောက်ဖို့တောင်တော်တော်ခက်နေပါတယ်" လို့ သူကပြောပါတယ်။
ဓာတ်ပုံ မူပိုင် MSFD
Image caption ပြိုကျတဲ့ကျောက်တွင်းဟာ တွင်းဟောင်းဖြစ်သလို အန္တရာယ်များတဲ့ တွင်းမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

အထဲမှာ ပိတ်မိနေတဲ့ နှစ်ဦးကို မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေ ကြိုးစားရှာဖွေနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကိုင်းငလျင်ကြောက အန္တရာယ်ရှိတဲ့ငလျင်ကြောတစ်ခုလို့ ပညာရှင်တွေက တစ်လျှောက်လုံးပြောကြားထားပြီး အဲဒီဒေသတွင်းမြှ ရွှေနဲ့ ကျောက် တူးဖော်တဲ့တွင်းတွေရှိတဲ့ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့တွေနဲ့ လည်း ဆက်စပ်နေပါတယ်။

ဒါ့အပြင်မိုးကုတ်မှာ အခုပြိုကျတဲ့တွင်းလို တွင်းဟောင်းတွေများစွာရှိပြီး ဝမ်းရေးအတွက် အသက်အန္တရာယ်ကို အလေးမထားနိုင်ဘဲ ခုလို တွင်းဟောင်းတွေဝင်တူးနေကြတာတွေအများကြီးရှိတယ်လို့ ဦးစောသောင်းတင်ကပြောပါတယ်။

"ကျွန်တော်တို့ကတော့ပညာပေးဟောပြောတိုက်တွန်းရုံလောက်ပဲ တက်နိုင်ပါတယ်။ မိုးကုတ်တစ်မြို့လုံးကလည်း ကျောက်တူးတဲ့အခါကျတော့ မြို့နဲ့ အလှမ်းဝေးတဲ့တောထဲတောင်ထဲတွေမှာလည်း တစ်ဦးချင်း တူးနေတာတွေ ရှိပါတယ်။ အခုပြိုကျတဲ့တွင်းမျိုးဆို အလွန်အန္တရာယ်များတဲ့ တွင်းအမျိုးအစားပါ။ လေပြတ်ပြီး ဒုက္ခရောက်နိုင်တာပါ။ ခိုးတူးတဲ့တွင်းတွေဆိုလည်း ကျွန်တော်တို့သိတာနဲ့ ချက်ချင်း အာဏာပိုင်ကို အကြောင်းကြားပြီး လိုက်ပိတ်တာဆို့တာတွေလုပ်ပါတယ်။ အဓိကကတော့ အသက်ကို ဉာဏ်စောင့်ဖို့ ပြောချင်ပါတယ်" လို့ သူကဆိုပါတယ်။

BBC Burmese
https://www.bbc.com
မိုးကုတ္ေက်ာက္တြင္းမွာ ပိတ္မိသူႏွစ္ဦးကို ကယ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနဆဲ မိုးကုတ္ေက်ာက္တြင္းမွာ ပိတ္မိသူႏွစ္ဦးကို ကယ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနဆဲ Reviewed by THITHTOOLWIN on 11:25 Rating: 5
Powered by Blogger.