ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻတဝန္းေသဆုံးသူ ၃၀ဝ၀ ေက်ာ္ၿပီ

ကို႐ိုနာဗိုင္းရပ္စ္ လက္ရွိ တ႐ုတ္ျပည္တြင္း ျပန္႔ပြားႏႈန္းထက္ တျခားႏိုင္ငံေတြမွာ ျပန္႔ပြားႏႈန္းကလည္း ပိုမ်ားလာ
(Zawgyi)⤵⤵⤵
မတ္လ ၂ ရက္ေန႔ တ႐ုတ္အစိုးရထုတ္ျပန္ခ်က္အရ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆုံးသူ ေနာက္ထပ္ ၄၂ ဦး ရွိလာတဲ့အတြက္ ဒီဗိုင္းရပ္စ္ေၾကာင့္ ကမာၻတဝန္းေသဆုံးသူ ၃၀ဝ၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

အဲဒီ ေသဆုံးသူေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းေက်ာ္ဟာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းမွာ ဒီဗိုင္းရပ္စ္ စတင္ ေတြ႕ရွိခဲ့တဲ့ ေနရာျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ ဟူေဘျပည္နယ္က ျဖစ္ပါတယ္။

ေနာက္ထပ္ ၁၀ရာခိုင္ႏႈန္းနီးပါးကေတာ့ တျခား ၁၀ ႏိုင္ငံေလာက္ကျဖစ္ၿပီး အာရွဘက္က အီရန္၊ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္တို႔အျပင္ ဥေရာပဘက္မွာလည္း အီတလီနဲ႔ ျပင္သစ္မွာ ေသဆုံးသူေတြ ရွိလာၿပီး အေမရိကန္မွာလည္း ေသဆုံးသူေတြ ရွိေနပါတယ္။

ဒီဗိုင္းရပ္စ္ကူးစက္ေၾကာင္း ေတြ႕ရွိမႈကေတာ့ ကမာၻတဝန္း ၉၀ဝ၀ဝ နီးပါးရွိၿပီး လက္ရွိ တ႐ုတ္ျပည္တြင္း ျပန္႔ပြားႏႈန္းထက္ တျခားႏိုင္ငံေတြမွာ ျပန္႔ပြားႏႈန္းကလည္း ပိုမ်ားလာတာကို ေတြ႕ရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ အမ်ားစုဟာ သိပ္မျပင္းထန္တဲ့ ေရာဂါလကၡဏာေတြသာ ခံစားရၿပီး ပိုးရွိသူေတြအားလုံးထဲက ၂% ကေန ၅%သာ ေသဆုံးမႈ ရွိတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က မတ္လ ၁ ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။

WHOရဲ႕ ထုတ္ျပန္ခ်က္အရ အဓိကအားျဖင့္ အသက္ ၆၀ ေက်ာ္သူ ဒါမွမဟုတ္ တျခား ေရာဂါအခံရွိသူေတြကို ကို႐ိုနာဗိုင္းရပ္စ္က က်န္းမာေရးအေျခအေန ဆိုးဝါးေစၿပီး ေရာဂါျပင္းထန္သူေတြကို ေအာက္စီဂ်င္ေပးၿပီး ကုသတဲ့နည္းက အဓိကနည္းလမ္းျဖစ္တဲ့အတြက္ အဲဒီ ေအာက္စီဂ်င္ေပးတဲ့ အသက္ရႉစက္ေတြကို ႏိုင္ငံအသီးသီးက စုေဆာင္းထားၾကဖို႔ တိုက္တြန္းထားပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆုံးသူ ၄၄၀ဝ၀ ေက်ာ္ကို ေလ့လာခ်က္အရ သက္ႀကီး႐ြယ္အို ေသဆုံးႏႈန္းက သက္လတ္ပိုင္း ေသဆုံးႏႈန္းထက္ ၁၀ ဆ မ်ားေနတယ္လို႔လည္း ဆိုပါတယ္။
ရွင္ခြၽန္ဂ်ီအဖြဲ႕ေခါင္းေဆာင္ အသက္ ၈၈ ႏွစ္ အ႐ြယ္ လီမန္ဟီးက အစိုးရနဲ႔ ျပည္သူကို သတင္းစာရွင္လင္းပြဲတခုမွာ ဒူးေထာက္ ေတာင္းပန္

တ႐ုတ္ျပည္ျပင္ပ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အေျခအေန
ေတာင္ကိုရီးယား

တ႐ုတ္ျပည္ျပင္ပ ကူးစက္မႈေတြထဲမွာ ေတာင္ကိုရီးယားႏိုင္ငံက အမ်ားဆုံးျဖစ္ၿပီး မတ္လ ၂ ရက္ေန႔မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၄၇၆ ေယာက္ ထပ္ေတြ႕တဲ့အတြက္ ေတာင္ကိုရီးယားမွာ စုစုေပါင္း ဒီပိုးကူးေနေၾကာင္း ေတြ႕ရွိရသူ ၄၂၁၂ ေယာက္နဲ႔ ေသဆုံးသူ ၂၆ေယာက္ ရွိသြားၿပီ ျဖစ္ပါတယ္။

အဲဒီ ေတာင္ကိုရီးယားမွာ ေတြ႕ရွိမႈေတြထဲက ၃၀၈၁ ဦးဟာ ေဒဂူးၿမိဳ႕ကျဖစ္ၿပီး ၇၃%က ရွင္ခြၽန္ဂ်ီ ခရစ္ယာန္အုပ္စုနဲ႔ ဆက္စပ္ေနတယ္လို႔ ဆိုပါတယ္။

အဲဒီ ခရစ္ယာန္အုပ္စုရဲ႕ အဖြဲ႕ဝင္တခ်ိဳ႕ဟာ ကို႐ိုနာဗိုင္းရပ္စ္ စတင္ျပန္႔ပြားတဲ့ တ႐ုတ္ႏိုင္ငံ ဟူေဘျပည္နယ္ ဝူဟန္ၿမိဳ႕ကို သြားေရာက္ခဲ့ၿပီး အဲဒီကတဆင့္ ေနာက္ပိုင္းမွာ ေတာင္ကိုရီးယားႏိုင္ငံတဝန္း ဒီပိုးကူးစက္မႈေတြ ပ်ံ႕ႏွံ႔သြားပုံရတယ္လို႔ သုံးသပ္ထားတာ ျဖစ္ပါတယ္။

အဲဒီ ရွင္ခြၽန္ဂ်ီအဖြဲ႕ဟာ အဖြဲ႕ဝင္ လူစာရင္းကို လွ်ိဳ႕ဝွက္ထားတဲ့အတြက္ ကို႐ိုနာဗိုင္းရပ္စ္ ျပန္ႏွံ႔မႈကို လမ္းစရွာဖို႔ ခက္ခဲေစခဲ့တယ္ ဆိုၿပီး စြပ္စြဲခံခဲ့ရပါတယ္။

ဒါေပမယ့္ အဲဒီ အဖြဲ႕ဝင္တဦးျဖစ္တဲ့ ကင္ရွင္ခ်န္ကေတာ့ အဖြဲ႕ဝင္စာရင္းသာမက ေက်ာင္းသားေတြနဲ႔ အေဆာက္အအုံ စာရင္းကိုပါ အာဏာပိုင္ေတြကို ေပးခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

သူတို႔ အဖြဲ႕ဝင္ေတြ ခြဲျခားဆက္ဆံခံရတာ ရွိတဲ့အတြက္ သူတို႔လုံၿခဳံေရးေၾကာင့္ လူစာရင္းထုတ္ေပးရမွာ စိုးရိမ္ခဲ့တယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

မတ္လ ၂ ရက္ေန႔မွာေတာ့ အဲဒီ ရွင္ခြၽန္ဂ်ီအဖြဲ႕ေခါင္းေဆာင္ အသက္ ၈၈ ႏွစ္ အ႐ြယ္ လီမန္ဟီးက အစိုးရနဲ႔ ျပည္သူကို သတင္းစာရွင္လင္းပြဲတခုမွာ ဒူးေထာက္ ေတာင္းပန္ခဲ့ၿပီး တမင္လုပ္တာ မဟုတ္ရေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ေလာေလာဆယ္မွာ ေတာင္ကိုရီးယားၿမိဳ႕ေတာ္ ဆိုးလ္မွာ ေနထိုင္သူ ၁၀သန္း အေနနဲ႔ အိမ္ကေနပဲ အလုပ္လုပ္ၾကၿပီး လူထူထပ္တဲ့ ေနရာေတြကို ေရွာင္ၾကဖို႔ ၿမိဳ႕ေတာ္ဝန္က တိုက္တြန္းထားပါတယ္။
 ေတာင္ကိုရီးယားၿပီးရင္ အီတလီႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေတြ႕ရွိမႈ အမ်ားဆုံး ျဖစ္လာ

အီတလီ

ေတာင္ကိုရီးယားၿပီးရင္ အီတလီႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေတြ႕ရွိမႈ အမ်ားဆုံး ျဖစ္လာၿပီး ၄၈ နာရီအတြင္းမွာ ကူးစက္ေၾကာင္း ေတြ႕ရွိရမႈ ၂ ဆ တိုးလာခဲ့တယ္လို႔ မတ္လ ၁ ရက္ေန႔မွာ အီတလီအစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

မတ္လ ၁ ရက္ေန႔ စာရင္းဇယားအရ အီတလီမွာ ကူးစက္ခံရေၾကာင္း အတည္ျပဳႏိုင္သူ ၁၆၉၄ ေယာက္ရွိၿပီး ေသဆုံးသူ ၃၄ ေယာက္ ရွိတယ္လို႔ ဆိုပါတယ္။

အီတလီႏိုင္ငံက အေမဇြန္ကုမၸဏီ အလုပ္သမား ၂ ဦး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ေတြ႕ရွိရတဲ့အတြက္ သီးျခားခြဲထား ကုသေနတယ္လို႔လည္း အေမဇြန္ကုမၸဏီက ေျပာပါတယ္။
အျခားႏိုင္ငံေတြမွာ လတ္တေလာ ကို႐ိုနာဗိုင္းရပ္စ္ကူးသူ ေတြ႕ရွိမႈ

အီရန္ႏိုင္ငံကလည္း ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိမႈ တ႐ုတ္ျပည္ျပင္ပမွာ စတုတၳအမ်ားဆုံး ျဖစ္လာၿပီး ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အစိုးရထုတ္ျပန္ခ်က္အရ ဒီပိုးကူးစက္သူ ၉၇၈ ေယာက္နဲ႔ ေသဆုံးသူ ၅၄ ေယာက္ရွိတယ္လို႔ ဆိုပါတယ္။

အဲဒီ မတ္လ ၁ ရက္ေန႔မွာပဲ ကာတာ၊ အက္ေကြေဒါ၊ လတ္ဇင္ဘတ္ဂ္နဲ႔ အိုင္ယာလန္ႏိုင္ငံတို႔မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေတြ ပထမဆုံး ေတြ႕ရွိခဲ့ရၿပီး မတ္လ ၂ ရက္ေန႔မွာေတာ့ အင္ဒိုနီးရွား၊ အိုက္စလန္နဲ႔ အင္ဒိုရာႏိုင္ငံေတြမွာ ပထမဆုံး စတင္ေတြ႕ရွိခဲ့ပါတယ္။

အေမရိကန္ျပည္တြင္းမွာေတာ့ ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံး ေသဆုံးသူ ရွိလာၿပီး ဝါရွင္တန္က တျခားေရာဂါေတြ အခံရွိတဲ့ အသက္ ၅၀ ပတ္ဝန္းက်င္ အမ်ိဳးသားတဦးျဖစ္တယ္လို႔ ဆိုပါတယ္။

မတ္လ ၁ ရက္ေန႔မွာေတာ့ နယူေယာက္မွာ အီရန္က လတ္တေလာ ျပန္လာသူ အသက္ ၃၀ ပတ္ဝန္းက်င္ အေမရိကန္ အမ်ိဳးသမီးတဦး ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံေနရေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

အေမရိကန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ အေရအတြက္ကေတာ့ ၂ ဦး ျဖစ္ပါတယ္။

ယူေကႏိုင္ငံမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း အတည္ျပဳႏိုင္သူ အေရအတြက္ ၃၆ ဦးရွိထားၿပီး ဒီေရာဂါတိုက္ဖ်က္ေရးအတြက္ ယူေကဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆင္က မတ္လ ၂ ရက္ေန႔မွာ ေကာ္ဘရာလို႔ေခၚတဲ့ အေရးေပၚ အစိုးရအဖြဲ႕အစည္းအေဝး လုပ္မယ္လို႔ ဆိုပါတယ္။

မတ္လ ၂ ရက္ေန႔မွာ တ႐ုတ္ျပည္တြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၀၂ ဦး ထပ္ေတြ႕ခဲ့ၿပီး ၆ ဦးကသာ စတင္ျပန္႔ပြားတဲ့ ဟူေဘျပည္နယ္ အျပင္ဘက္ကျဖစ္
တ႐ုတ္ျပည္တြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အေျခအေန

မတ္လ ၂ ရက္ေန႔မွာ တ႐ုတ္ျပည္တြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေနာက္ထပ္ ၂၀၂ ဦး ေတြ႕ခဲ့ၿပီး ၆ ဦးကသာ ဒီဗိုင္းရပ္စ္ စတင္ျပန္႔ပြားတဲ့ ဟူေဘျပည္နယ္ အျပင္ဘက္က ျဖစ္တယ္လို႔ ဆိုပါတယ္။

တ႐ုတ္ျပည္တြင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စုစုေပါင္း ေသဆုံးသူ ၂၉၁၂ ေယာက္ရွိၿပီး ကူးစက္ခံရေၾကာင္း အတည္ျပဳႏိုင္သူ ၈၀ဝ၀ဝ ေက်ာ္ ရွိခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရး ေနာက္တဆင့္ကေတာ့ လူေတြ အလုပ္ျပန္လာလုပ္တဲ့အခ်ိန္မွာ ေနာက္ထပ္ကူးစက္ခံရသူေတြ ေပၚလာႏိုင္တဲ့ ျပႆနာကို ေျဖရွင္းဖို႔ ျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံေတာ္ က်န္းမာေရးေကာ္မရွင္ ေျပာခြင့္ရ ပုဂၢိဳလ္က ေျပာဆိုထားပါတယ္။

တ႐ုတ္ျပည္တြင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူေတြထဲမွာ အသက္ ၈၀ ေက်ာ္သူ အေရအတြက္က အမ်ားဆုံးျဖစ္ၿပီး အသက္ ၅၀ မျပည့္ခင္ ကူးစက္ခံရသူေတြရဲ႕ ေသဆုံးမႈႏႈန္းကေတာ့ အနည္းဆုံးျဖစ္တာကို တ႐ုတ္ကူးစက္ေရာဂါ တိုက္ဖ်က္ထိန္းခ်ဳပ္ေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုလို ေသဆုံးသူေတြထဲမွာ ေရာဂါအခံမရွိပဲ ေသဆုံးသူအေရအတြက္နဲ႔ ႏႈိင္းယွဥ္ရင္ ႏွလုံးနဲ႔ ဆက္စပ္ေရာဂါ အခံရွိလို႔ ေသဆုံးသူ အေရအတြက္က အမ်ားဆုံးျဖစ္ေနၿပီး ဆီးခ်ိဳ၊ အသက္ရႉလမ္းေၾကာင္းေရာဂါနဲ႔ ေသြတိုးေရာဂါ အခံရွိသူေတြလည္း ေသဆုံးမႈမ်ားတာကို ေတြ႕ရပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၃၀ဝ၀ ကျော်ပြီ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုရိုနာဗိုင်းရပ်စ် လက်ရှိ တရုတ်ပြည်တွင်း ပြန့်ပွားနှုန်းထက် တခြားနိုင်ငံတွေမှာ ပြန့်ပွားနှုန်းကလည်း ပိုများလာ

မတ်လ ၂ ရက်နေ့ တရုတ်အစိုးရထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ နောက်ထပ် ၄၂ ဦး ရှိလာတဲ့အတွက် ဒီဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၃၀ဝ၀ ကျော်သွားပြီ ဖြစ်ပါတယ်။

အဲဒီ သေဆုံးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဒီဗိုင်းရပ်စ် စတင် တွေ့ရှိခဲ့တဲ့ နေရာဖြစ်တဲ့ တရုတ်နိုင်ငံ ဟူဘေပြည်နယ်က ဖြစ်ပါတယ်။

နောက်ထပ် ၁၀ရာခိုင်နှုန်းနီးပါးကတော့ တခြား ၁၀ နိုင်ငံလောက်ကဖြစ်ပြီး အာရှဘက်က အီရန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့အပြင် ဥရောပဘက်မှာလည်း အီတလီနဲ့ ပြင်သစ်မှာ သေဆုံးသူတွေ ရှိလာပြီး အမေရိကန်မှာလည်း သေဆုံးသူတွေ ရှိနေပါတယ်။

ဒီဗိုင်းရပ်စ်ကူးစက်ကြောင်း တွေ့ရှိမှုကတော့ ကမ္ဘာတဝန်း ၉၀ဝဝဝ နီးပါးရှိပြီး လက်ရှိ တရုတ်ပြည်တွင်း ပြန့်ပွားနှုန်းထက် တခြားနိုင်ငံတွေမှာ ပြန့်ပွားနှုန်းကလည်း ပိုများလာတာကို တွေ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများစုဟာ သိပ်မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေသာ ခံစားရပြီး ပိုးရှိသူတွေအားလုံးထဲက ၂% ကနေ ၅%သာ သေဆုံးမှု ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ်လ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

WHOရဲ့ ထုတ်ပြန်ချက်အရ အဓိကအားဖြင့် အသက် ၆၀ ကျော်သူ ဒါမှမဟုတ် တခြား ရောဂါအခံရှိသူတွေကို ကိုရိုနာဗိုင်းရပ်စ်က ကျန်းမာရေးအခြေအနေ ဆိုးဝါးစေပြီး ရောဂါပြင်းထန်သူတွေကို အောက်စီဂျင်ပေးပြီး ကုသတဲ့နည်းက အဓိကနည်းလမ်းဖြစ်တဲ့အတွက် အဲဒီ အောက်စီဂျင်ပေးတဲ့ အသက်ရှူစက်တွေကို နိုင်ငံအသီးသီးက စုဆောင်းထားကြဖို့ တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄၄၀ဝ၀ ကျော်ကို လေ့လာချက်အရ သက်ကြီးရွယ်အို သေဆုံးနှုန်းက သက်လတ်ပိုင်း သေဆုံးနှုန်းထက် ၁၀ ဆ များနေတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရှင်ချွန်ဂျီအဖွဲ့ခေါင်းဆောင် အသက် ၈၈ နှစ် အရွယ် လီမန်ဟီးက အစိုးရနဲ့ ပြည်သူကို သတင်းစာရှင်လင်းပွဲတခုမှာ ဒူးထောက် တောင်းပန်

တရုတ်ပြည်ပြင်ပ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ
တောင်ကိုရီးယား

တရုတ်ပြည်ပြင်ပ ကူးစက်မှုတွေထဲမှာ တောင်ကိုရီးယားနိုင်ငံက အများဆုံးဖြစ်ပြီး မတ်လ ၂ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၇၆ ယောက် ထပ်တွေ့တဲ့အတွက် တောင်ကိုရီးယားမှာ စုစုပေါင်း ဒီပိုးကူးနေကြောင်း တွေ့ရှိရသူ ၄၂၁၂ ယောက်နဲ့ သေဆုံးသူ ၂၆ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီ တောင်ကိုရီးယားမှာ တွေ့ရှိမှုတွေထဲက ၃၀၈၁ ဦးဟာ ဒေဂူးမြို့ကဖြစ်ပြီး ၇၃%က ရှင်ချွန်ဂျီ ခရစ်ယာန်အုပ်စုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ ခရစ်ယာန်အုပ်စုရဲ့ အဖွဲ့ဝင်တချို့ဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားတဲ့ တရုတ်နိုင်ငံ ဟူဘေပြည်နယ် ဝူဟန်မြို့ကို သွားရောက်ခဲ့ပြီး အဲဒီကတဆင့် နောက်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံတဝန်း ဒီပိုးကူးစက်မှုတွေ ပျံ့နှံ့သွားပုံရတယ်လို့ သုံးသပ်ထားတာ ဖြစ်ပါတယ်။

အဲဒီ ရှင်ချွန်ဂျီအဖွဲ့ဟာ အဖွဲ့ဝင် လူစာရင်းကို လျှို့ဝှက်ထားတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ပြန်နှံ့မှုကို လမ်းစရှာဖို့ ခက်ခဲစေခဲ့တယ် ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

ဒါပေမယ့် အဲဒီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကင်ရှင်ချန်ကတော့ အဖွဲ့ဝင်စာရင်းသာမက ကျောင်းသားတွေနဲ့ အဆောက်အအုံ စာရင်းကိုပါ အာဏာပိုင်တွေကို ပေးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

သူတို့ အဖွဲ့ဝင်တွေ ခွဲခြားဆက်ဆံခံရတာ ရှိတဲ့အတွက် သူတို့လုံခြုံရေးကြောင့် လူစာရင်းထုတ်ပေးရမှာ စိုးရိမ်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မတ်လ ၂ ရက်နေ့မှာတော့ အဲဒီ ရှင်ချွန်ဂျီအဖွဲ့ခေါင်းဆောင် အသက် ၈၈ နှစ် အရွယ် လီမန်ဟီးက အစိုးရနဲ့ ပြည်သူကို သတင်းစာရှင်လင်းပွဲတခုမှာ ဒူးထောက် တောင်းပန်ခဲ့ပြီး တမင်လုပ်တာ မဟုတ်ရကြောင်း ပြောဆိုခဲ့ပါတယ်။

လောလောဆယ်မှာ တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ နေထိုင်သူ ၁၀သန်း အနေနဲ့ အိမ်ကနေပဲ အလုပ်လုပ်ကြပြီး လူထူထပ်တဲ့ နေရာတွေကို ရှောင်ကြဖို့ မြို့တော်ဝန်က တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယားပြီးရင် အီတလီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိမှု အများဆုံး ဖြစ်လာ
အီတလီ

တောင်ကိုရီးယားပြီးရင် အီတလီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိမှု အများဆုံး ဖြစ်လာပြီး ၄၈ နာရီအတွင်းမှာ ကူးစက်ကြောင်း တွေ့ရှိရမှု ၂ ဆ တိုးလာခဲ့တယ်လို့ မတ်လ ၁ ရက်နေ့မှာ အီတလီအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၁ ရက်နေ့ စာရင်းဇယားအရ အီတလီမှာ ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၁၆၉၄ ယောက်ရှိပြီး သေဆုံးသူ ၃၄ ယောက် ရှိတယ်လို့ ဆိုပါတယ်။

အီတလီနိုင်ငံက အမေဇွန်ကုမ္ပဏီ အလုပ်သမား ၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိရတဲ့အတွက် သီးခြားခွဲထား ကုသနေတယ်လို့လည်း အမေဇွန်ကုမ္ပဏီက ပြောပါတယ်။
အခြားနိုင်ငံတွေမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ်ကူးသူ တွေ့ရှိမှု

အီရန်နိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှု တရုတ်ပြည်ပြင်ပမှာ စတုတ္ထအများဆုံး ဖြစ်လာပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ အစိုးရထုတ်ပြန်ချက်အရ ဒီပိုးကူးစက်သူ ၉၇၈ ယောက်နဲ့ သေဆုံးသူ ၅၄ ယောက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ မတ်လ ၁ ရက်နေ့မှာပဲ ကာတာ၊ အက်ကွေဒေါ၊ လတ်ဇင်ဘတ်ဂ်နဲ့ အိုင်ယာလန်နိုင်ငံတို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ ပထမဆုံး တွေ့ရှိခဲ့ရပြီး မတ်လ ၂ ရက်နေ့မှာတော့ အင်ဒိုနီးရှား၊ အိုက်စလန်နဲ့ အင်ဒိုရာနိုင်ငံတွေမှာ ပထမဆုံး စတင်တွေ့ရှိခဲ့ပါတယ်။

အမေရိကန်ပြည်တွင်းမှာတော့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးသူ ရှိလာပြီး ဝါရှင်တန်က တခြားရောဂါတွေ အခံရှိတဲ့ အသက် ၅၀ ပတ်ဝန်းကျင် အမျိုးသားတဦးဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၁ ရက်နေ့မှာတော့ နယူယောက်မှာ အီရန်က လတ်တလော ပြန်လာသူ အသက် ၃၀ ပတ်ဝန်းကျင် အမေရိကန် အမျိုးသမီးတဦး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့ပါတယ်။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ကတော့ ၂ ဦး ဖြစ်ပါတယ်။

ယူကေနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ အရေအတွက် ၃၆ ဦးရှိထားပြီး ဒီရောဂါတိုက်ဖျက်ရေးအတွက် ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က မတ်လ ၂ ရက်နေ့မှာ ကော်ဘရာလို့ခေါ်တဲ့ အရေးပေါ် အစိုးရအဖွဲ့အစည်းအဝေး လုပ်မယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မတ်လ ၂ ရက်နေ့မှာ တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၂ ဦး ထပ်တွေ့ခဲ့ပြီး ၆ ဦးကသာ စတင်ပြန့်ပွားတဲ့ ဟူဘေပြည်နယ် အပြင်ဘက်ကဖြစ်
တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ

မတ်လ ၂ ရက်နေ့မှာ တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၂၀၂ ဦး တွေ့ခဲ့ပြီး ၆ ဦးကသာ ဒီဗိုင်းရပ်စ် စတင်ပြန့်ပွားတဲ့ ဟူဘေပြည်နယ် အပြင်ဘက်က ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးသူ ၂၉၁၂ ယောက်ရှိပြီး ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၈၀ဝဝဝ ကျော် ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး နောက်တဆင့်ကတော့ လူတွေ အလုပ်ပြန်လာလုပ်တဲ့အချိန်မှာ နောက်ထပ်ကူးစက်ခံရသူတွေ ပေါ်လာနိုင်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ဖြစ်တယ်လို့ တရုတ်နိုင်ငံတော် ကျန်းမာရေးကော်မရှင် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုထားပါတယ်။
china economy

တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေထဲမှာ အသက် ၈၀ ကျော်သူ အရေအတွက်က အများဆုံးဖြစ်ပြီး အသက် ၅၀ မပြည့်ခင် ကူးစက်ခံရသူတွေရဲ့ သေဆုံးမှုနှုန်းကတော့ အနည်းဆုံးဖြစ်တာကို တရုတ်ကူးစက်ရောဂါ တိုက်ဖျက်ထိန်းချုပ်ရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို သေဆုံးသူတွေထဲမှာ ရောဂါအခံမရှိပဲ သေဆုံးသူအရေအတွက်နဲ့ နှိုင်းယှဉ်ရင် နှလုံးနဲ့ ဆက်စပ်ရောဂါ အခံရှိလို့ သေဆုံးသူ အရေအတွက်က အများဆုံးဖြစ်နေပြီး ဆီးချို၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ သွေတိုးရောဂါ အခံရှိသူတွေလည်း သေဆုံးမှုများတာကို တွေ့ရပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻတဝန္းေသဆုံးသူ ၃၀ဝ၀ ေက်ာ္ၿပီ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻတဝန္းေသဆုံးသူ ၃၀ဝ၀ ေက်ာ္ၿပီ Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.