ျပင္သစ္မွာလည္း လက္ဆြဲႏႈတ္ဆက္တာမလုပ္ဖို႔ က်န္းမာေရး ဝန္ႀကီးေျပာ

ကို႐ိုနာဗိုင္းရပ္စ္ကာလအတြင္း ဆင္ႏႊဲခဲ့တဲ့ ဖိလစ္ပိုင္က မဂၤလာပြဲ
(Zawgyi)⤵⤵⤵
ကို႐ိုနာ ဗိုင္းရပ္စ္ ျပန္႔ပြားမႈေၾကာင့္ ဆြစ္ဇာလန္မွာ လူ တေယာက္နဲ႔ တေယာက္ နမ္းရႈပ္မႈကို ေရွာင္ၾကဥ္ခိုင္းထားပါတယ္။

လူမႈေရးအရ ေတြ႕ဆုံတဲ့အခါ လူတေယာက္နဲ႔ တေယာက္ ခပ္ခြာခြာအေနအထားမွာ ေျပာဆို ဆက္ဆံျခင္းဟာ ေရာဂါပိုး ျပန္႔ပြားမႈ ေႏွးေကြးသြားေစဖို႔ အေကာင္းဆုံး နည္းလမ္း တရပ္ လို႔ ဆြစ္ သတင္းစာ တေစာင္ကို ဆြစ္ဇာလန္ က်န္းမာေရး ဝန္ႀကီး Alain Berset က ေျပာပါတယ္။

ဆြစ္ဇာလန္ ႏိုင္ငံမွာ ေယာက္်ား မိန္းမ မေ႐ြး တေယာက္နဲ႔ တေယာက္ ေတြ႕ဆုံတဲ့အခါ ပါးတစ္ဖက္တခ်က္စီကို သုံးႀကိမ္နမ္း ႏႈတ္ဆက္ေလ့ ရွိၾကတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔ကလည္း ျပင္သစ္ က်န္းမာေရး ဝန္ႀကီး အိုလီဗာ ဗာရန္ က လက္ဆြဲႏႈတ္ဆက္မႈေတြကို ေရွာင္ရွားဖို႔ ေျပာၾကားခဲ့ပါတယ္။

ဝါရွင္တန္ ျပည္နယ္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ တေယာက္ေသၿပီ

တခ်ိန္တည္းမွာ အေမရိကန္ ျပည္ေထာင္စု ဝါရွင္တန္ျပည္နယ္မွာေတာ့ လြန္ခဲ့တဲ့ သီတင္းေျခာက္ပတ္ အတြင္း Covid-19 ဗိုင္းရပ္စ္ ျပန္႔ႏွံ႔ၿပီး လူ ၁၅၀၀ ေလာက္ ကူးစက္ ခံေနရတယ္လို႔ အေမရိကန္ ေဆးသုေတသီေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ စေန တနဂၤေႏြမွာ အေနာက္ေျမာက္ဖက္ ျပည္နယ္က အသက္ ၅၀ ဝန္းက်င္ရွိ အမ်ိဳးသား တေယာက္ ေသဆုံးမႈဟာ ကို႐ိုနာ ဗိုင္းရပ္စ္နဲ႔ ပထမဆုံး ေသဆုံးသူ အျဖစ္ အတည္ျပဳခဲ့ၾကပါတယ္။

လတ္တေလာ စုေဆာင္းရရွိတဲ့ နမူနာေတြကို ၾကည့္ရင္ လြန္ခဲ့တဲ့ သီတင္းေျခာက္ပတ္တုန္းက ေဆး႐ုံေရာက္လာတဲ့ လူနာမွာ ေတြ႕ရွိရတဲ့ ေရာဂါပိုးနဲ႔ အတူတူ ျဖစ္တဲ့အတြက္ အဲဒီေဒသက လူမႈအသိုင္းအဝိုင္းထဲမွာ ဒီေရာဂါပိုးဟာ အဲဒီအခ်ိန္ကတည္းက ရွိေနတာ ျဖစ္ေၾကာင္း ျပသေနတယ္လို႔ က်န္းမာေရး အရာရွိေတြက ေျပာပါတယ္။

ဝါရွင္တန္ ျပည္နယ္မွာ အခုအခါ အေရးေပၚ အေျခအေနထားေပမယ့္ က်န္းမာေရး ဝန္ႀကီး အဲလက္စ္ အက္ဇာ ကေတာ့ တုန္လႈပ္ေျခာက္ျခားစရာ မလိုဘူးလို႔ ေျပာပါတယ္။

 စျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ ျပင္ပမွာ ကူးစက္မႈ တိုးလာေန

အခုအခါ ကို႐ိုနာ ဗိုင္းရပ္စ္ ျဖစ္ပြားရာ တ႐ုတ္ႏိုင္ငံ ျပင္ပမွာ ဒီေရာဂါပိုး ေတြ႕ရွိရမႈ ပိုမ်ားလာေနပါတယ္။

ခ်က္ ၊ အာေမးနီးယား နဲ႔ ဒိုမီနီကန္ သမၼတ ႏိုင္ငံတို႔မွာ ေနာက္ဆုံး ေတြ႕ရွိမႈ အပါအဝင္ ကမာၻတလႊား ႏိုင္ငံေပါင္း ၆၆ ႏိုင္ငံမွာ လူေပါင္း ၉၀၀၀၀ ေလာက္မွာ ဒီေရာဂါပိုး ကူးစက္ျပန္႔ပြားလွ်က္ ရွိပါတယ္။

ဂ်ာမနီမွာ ဆိုရင္လည္း မတ္လ၁ ရက္ေန႔ တရက္တည္းတင္ ျဖစ္ပြားမႈ ႏွစ္ဆ တိုးခဲ့ၿပီး ၿဗိတိန္မွာ ေရာဂါပိုး ေတြ႕ရသူ ၅၀ ရာခိုင္ႏႈန္း ျမင့္တက္လာပါတယ္။

ႏိုင္ငံျခား ခရီးသြား အမ်ားဆုံး လာေရာက္လည္ပတ္ရာ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕က လု႔ဗ္ ျပတိုက္မွာ ဝန္ထမ္းေတြက ကူးစက္မွာ ေၾကာက္တဲ့ အတြက္ မေန႔ တနဂၤေႏြေန႔က ပိတ္ခဲ့ရပါတယ္။

အီတလီ ႏိုင္ငံ ဗင္းနစ္ၿမိဳ႕မွာလည္း ႏိုင္ငံျခား ခရီးသြား ကင္းမဲ့ကာ ေျခာက္ကပ္လ်က္ ရွိပါတယ္။

အခုအခါ ကိုဗစ္ ႏိုင္တင္း ေရာဂါေၾကာင့္ ေသဆုံးရသူ သုံးေထာင္နီးပါး ရွိၿပီ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
------------------
(Unicode)⤵⤵⤵
ပြင်သစ်မှာလည်း လက်ဆွဲနှုတ်ဆက်တာမလုပ်ဖို့ ကျန်းမာရေး ဝန်ကြီးပြော

Image caption ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဆင်နွှဲခဲ့တဲ့ ဖိလစ်ပိုင်က မင်္ဂလာပွဲ

ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ဆွစ်ဇာလန်မှာ လူ တယောက်နဲ့ တယောက် နမ်းရှုပ်မှုကို ရှောင်ကြဉ်ခိုင်းထားပါတယ်။

လူမှုရေးအရ တွေ့ဆုံတဲ့အခါ လူတယောက်နဲ့ တယောက် ခပ်ခွာခွာအနေအထားမှာ ပြောဆို ဆက်ဆံခြင်းဟာ ရောဂါပိုး ပြန့်ပွားမှု နှေးကွေးသွားစေဖို့ အကောင်းဆုံး နည်းလမ်း တရပ် လို့ ဆွစ် သတင်းစာ တစောင်ကို ဆွစ်ဇာလန် ကျန်းမာရေး ဝန်ကြီး Alain Berset က ပြောပါတယ်။

ဆွစ်ဇာလန် နိုင်ငံမှာ ယောက်ျား မိန်းမ မရွေး တယောက်နဲ့ တယောက် တွေ့ဆုံတဲ့အခါ ပါးတစ်ဖက်တချက်စီကို သုံးကြိမ်နမ်း နှုတ်ဆက်လေ့ ရှိကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ပြင်သစ် ကျန်းမာရေး ဝန်ကြီး အိုလီဗာ ဗာရန် က လက်ဆွဲနှုတ်ဆက်မှုတွေကို ရှောင်ရှားဖို့ ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဝါရှင်တန် ပြည်နယ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တယောက်သေပြီ

တချိန်တည်းမှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်မှာတော့ လွန်ခဲ့တဲ့ သီတင်းခြောက်ပတ် အတွင်း Covid-19 ဗိုင်းရပ်စ် ပြန့်နှံ့ပြီး လူ ၁၅၀၀ လောက် ကူးစက် ခံနေရတယ်လို့ အမေရိကန် ဆေးသုတေသီတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေ တနင်္ဂနွေမှာ အနောက်မြောက်ဖက် ပြည်နယ်က အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသား တယောက် သေဆုံးမှုဟာ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပထမဆုံး သေဆုံးသူ အဖြစ် အတည်ပြုခဲ့ကြပါတယ်။

လတ်တလော စုဆောင်းရရှိတဲ့ နမူနာတွေကို ကြည့်ရင် လွန်ခဲ့တဲ့ သီတင်းခြောက်ပတ်တုန်းက ဆေးရုံရောက်လာတဲ့ လူနာမှာ တွေ့ရှိရတဲ့ ရောဂါပိုးနဲ့ အတူတူ ဖြစ်တဲ့အတွက် အဲဒီဒေသက လူမှုအသိုင်းအဝိုင်းထဲမှာ ဒီရောဂါပိုးဟာ အဲဒီအချိန်ကတည်းက ရှိနေတာ ဖြစ်ကြောင်း ပြသနေတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဝါရှင်တန် ပြည်နယ်မှာ အခုအခါ အရေးပေါ် အခြေအနေထားပေမယ့် ကျန်းမာရေး ဝန်ကြီး အဲလက်စ် အက်ဇာ ကတော့ တုန်လှုပ်ခြောက်ခြားစရာ မလိုဘူးလို့ ပြောပါတယ်။
Image caption စဖြစ်တဲ့ တရုတ်နိုင်ငံ ပြင်ပမှာ ကူးစက်မှု တိုးလာနေ

အခုအခါ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားရာ တရုတ်နိုင်ငံ ပြင်ပမှာ ဒီရောဂါပိုး တွေ့ရှိရမှု ပိုများလာနေပါတယ်။

ချက် ၊ အာမေးနီးယား နဲ့ ဒိုမီနီကန် သမ္မတ နိုင်ငံတို့မှာ နောက်ဆုံး တွေ့ရှိမှု အပါအဝင် ကမ္ဘာတလွှား နိုင်ငံပေါင်း ၆၆ နိုင်ငံမှာ လူပေါင်း ၉၀၀၀၀ လောက်မှာ ဒီရောဂါပိုး ကူးစက်ပြန့်ပွားလျှက် ရှိပါတယ်။

ဂျာမနီမှာ ဆိုရင်လည်း မတ်လ၁ ရက်နေ့ တရက်တည်းတင် ဖြစ်ပွားမှု နှစ်ဆ တိုးခဲ့ပြီး ဗြိတိန်မှာ ရောဂါပိုး တွေ့ရသူ ၅၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

နိုင်ငံခြား ခရီးသွား အများဆုံး လာရောက်လည်ပတ်ရာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က လု့ဗ် ပြတိုက်မှာ ဝန်ထမ်းတွေက ကူးစက်မှာ ကြောက်တဲ့ အတွက် မနေ့ တနင်္ဂနွေနေ့က ပိတ်ခဲ့ရပါတယ်။

အီတလီ နိုင်ငံ ဗင်းနစ်မြို့မှာလည်း နိုင်ငံခြား ခရီးသွား ကင်းမဲ့ကာ ခြောက်ကပ်လျက် ရှိပါတယ်။

အခုအခါ ကိုဗစ် နိုင်တင်း ရောဂါကြောင့် သေဆုံးရသူ သုံးထောင်နီးပါး ရှိပြီ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ျပင္သစ္မွာလည္း လက္ဆြဲႏႈတ္ဆက္တာမလုပ္ဖို႔ က်န္းမာေရး ဝန္ႀကီးေျပာ ျပင္သစ္မွာလည္း လက္ဆြဲႏႈတ္ဆက္တာမလုပ္ဖို႔ က်န္းမာေရး ဝန္ႀကီးေျပာ Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.