COVID-19 ေၾကာင့္ ျမန္မာစက္ရုံေတြ ပိတ္ေပးေရး ေဆြးေႏြးမႈေတြ မေအာင္ျမင္


(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္ Covid-19 ကို တကမာၻလုံးအတိုင္းအတာနဲ႔ စိုးရိမ္ေနရတဲ့အခ်ိန္ စက္႐ုံအလုပ္သမားေတြ‘အိမ္မွာေနခြင့္’ကို အေရးႀကီးကိစၥအျဖစ္ သတ္မွတ္ေပးဖို႔ အလုပ္သမားသမဂၢေတြက အစိုးရကို ေတာင္းဆိုခဲ့တာ မေအာင္ျမင္ခဲ့ပါဘူး။ ကပ္ေရာဂါရင္ဆိုင္ရခ်ိန္ အလုပ္သမားေတြ ရပိုင္ခြင့္အတြက္ အလုပ္သမား အလုပ္ရွင္ အစိုးရ သုံးပြင့္ဆိုင္ ေဆြးေႏြးမႈေတြက ၿပီးျပတ္တဲ့ရလဒ္ထြက္မလာပါဘူး။ ဒီအေၾကာင္း ကိုေဇာ္ထက္ သတင္းေပးပို႔ထားပါတယ္။

ေနျပည္ေတာ္မွာ မေန႔က မတ္လ ၂၅ ရက္ကလုပ္တဲ့ အလုပ္ရွင္၊ အလုပ္သမား၊ အစိုးရ သုံးပြင့္ဆိုင္အစည္းအေဝးမွာ စက္႐ုံေတြပိတ္သိမ္းၿပီး အလုပ္သမားေတြအတြက္ အစိုးရ လူမႈဖူလုံေရးရပိုင္ခြင့္ေတြရဖို႔ အလုပ္သမားေရာ အလုပ္ရွင္ေတြဘက္ကပါ ေမွ်ာ္လင့္ခဲ့ၾကတာပါ။

ထိုင္းနဲ႔ မေလးရွားက ျပန္လာသူေတြက စက္႐ုံေတြရွိတဲ့ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ပဲခူးတိုင္းလို ေနရာမ်ိဳးေတြကို ေရာက္သြားၿပီး ေရာဂါပိုး ျမန္ျမန္ဆန္ဆန္ ပ်ံ႕ႏွံ႔သြားမွာလည္း စိုးရိမ္ေၾကာင္း အလုပ္သမား သမဂၢေတြက အစည္းအေဝးမွာ တင္ျပခဲ့ပါတယ္

“က်မတို႔ အဓိက အလုပ္သမားေတြအတြက္ stays home leave လို႔ေျပာတဲ့အခါမွာ မေအာင္ျမင္ပါဘူး။ က်န္းမာေရးဌာနက လိုအပ္ရင္ ဘယ္က႑ေတြကို ဘာလုပ္ပါဆိုတာ ၫႊန္ၾကားခ်က္ေတြ၊ ေၾကညာခ်က္ေတြ ထြက္ေနတယ္၊ အဲဒါေတြက မထြက္လာေသးဘဲနဲ႔ ဒီလိုမ်ိဳးလုပ္ဖို႔ အစီအစဥ္မရွိဘူးဆိုတာကို အစိုးရက ျပန္ေျပာပါတယ္။ စက္႐ုံေတြမွာ အလုပ္သမားေတြ တေယာက္ကူးသြားၿပီ ဆိုတာနဲ႔ က်မတို႔ အမ်ားႀကီး ကူးစက္ႏႈန္းေတြ အမ်ားႀကီးျမင့္လာ ႏိုင္တယ္။ ဒါေၾကာင့္မို႔ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ဧၿပီလ ၁ရက္ေန႔ ကေနၿပီးေတာ့ ၃၀ရက္ေန႔အထိ ပိတ္ေပးဖို႔ က်မတို႔ ေတာင္းဆိုတာ ျဖစ္ပါတယ္။”

ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM ဗဟိုအလုပ္အမႈေဆာင္နဲ႔ ျမန္မာႏိုင္ငံ ကုန္ထုတ္ႏွင့္ စက္မႈလက္မႈ အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ ဥကၠ႒လည္းျဖစ္တဲ့ ေဒၚခိုင္ဇာေအာင္ ေျပာသြားတာပါ။တကယ္လို႔ စက္႐ုံေတြကို ပိတ္ေပးမယ္ဆိုရင္ အလုပ္သမားေတြကို ဘယ္လိုပံ့ပိုးၾကမလဲ ဆိုတာ လည္း သူတို႔ေဆြးေႏြးခဲ့ၾကတာပါ။

ဒီ သုံးပြင့္ဆိုင္ေတြ႕ဆုံပြဲကို အလုပ္သမားလူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ တက္ေရာက္ခဲ့ပါတယ္။

အလုပ္ရွင္ အလုပ္သမား ေက်ာခ်င္းကပ္ၿပီး အခက္အခဲေတြကို ေဆြးေႏြၾကဖို႔နဲ႔ လိုအပ္ရင္ အစိုးရက အထည္ခ်ဳပ္လုပ္ငန္းေတြအပါအဝင္၊ ဟိုတယ္ခရီးနဲ႔ အေသးစား စက္မႈလက္မႈ လုပ္ငန္းရွင္ေတြနဲ႔ အလုပ္သမားေတြအတြက္ က်ပ္ေငြ ဘီလီယံ ၁၀၀ ထုတ္ေပးသြားမယ္လို႔ ျပည္ေထာင္စုဝန္ႀကီးက ေျပာပါတယ္။ ဒါကို မေန႔က ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားမွာ ေဖာ္ျပသြားတာပါ။

COVID-19 ေၾကာင့္ျဖစ္ေပၚလာႏိုင္တဲ့ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားႏိုင္ေရး လုပ္ငန္းေကာ္မတီကို ႏိုင္ငံေတာ္သမၼတ႐ုံးက မတ္လ ၁၃ရက္မွာ ဖြဲ႕စည္းခဲ့ပါတာပါ၊ ျပည္ေထာင္စုအစိုးရခြင့္ျပဳခ်က္နဲ႔ ႏိုင္ငံေတာ္ရံပုံေငြထဲက က်ပ္ေငြ ဘီလီယံ ၅၀၊ လူမႈဖူလုံေရးရံပုံေငြထဲက ဘီလီယံ ၅၀၊ စုစုေပါင္း ဘီလီယံ ၁၀၀ နဲ႔ Covid-19 ရန္ပုံေငြထူေထာင္ဖို႔ ဒီေကာ္မတီရဲ႕ မတ္လ ၁၈ရက္ အစည္းအေဝးမွာ ဆုံးျဖတ္ခဲ့ပါတယ္.

“အလုပ္ပိတ္လိုက္တာမ်ိဳးကို ဝန္ႀကီးဌာနက မလုပ္ေပးႏိုင္ေပမဲ့ အကယ္၍မ်ား စက္႐ုံမွာ ေရာဂါပိုးရွိတဲ့သူတေယာက္ေတြ႕လို႔ အိမ္မွာေနၿပီး စက္႐ုံအလုပ္သမားေတြကို ေစာင့္ၾကည့္ခိုင္းလိုက္ၿပီဆိုရင္ လုပ္သားေတြကို လူမႈဖူလုံေၾကးကေန က်န္းမာေရးခြင့္ထဲကေန ၆၀% ေပးရမယ္ဆိုတာ ဥပေဒအရ ရွိတဲ့အတြက္ေၾကာင့္မို႔လို႔ အဲဒါကို အစိုးရက ပံ့ပိုးမယ္ဆိုတာကို သိရပါတယ္။ က်န္တဲ့ ၄၀% က ဘယ္လိုျဖစ္မလဲဆိုတာ က်မတို႔ သေဘာတူညီခ်က္ မရွိပါဘူး။”

ေဒၚခိုင္ဇာေအာင္ေျပာသြားတာ ျဖစ္ပါတယ္။

စက္႐ုံတခ်ိဳ႕က အလုပ္သမားေတြဟာ ေရာဂါကူးစက္မွာ စိုးရိမ္လို႔ ေနရပ္ျပန္ေနၾကပါတယ္။ CMPအထည္ခ်ဳပ္လုပ္ငန္းေတြကေန အစိုးရက လူမႈဖူလုံးေၾကး က်ပ္ေငြဘီလီယံခ်ီရရွိေနတာေၾကာင့္ တကယ္လို႔ စက္႐ုံေတြကို ယာယီပိတ္မယ္ဆိုရင္ အလုပ္သမားေတြနဲ႔ လုပ္ငန္းရွင္ေတြအတြက္ အစိုးရက အျပည့္အဝအာမခံတယ္ဆိုတာ ေၾကညာသင့္ေၾကာင္း လႈိင္သာယာ ေ႐ႊလင္ပန္း စက္မႈဇုံ ဥကၠ႒ ဦးေအးေသာင္းက ဗြီအိုေအကို ေျပာပါတယ္။

“လုပ္ငန္းရွင္က ဘာတာဝန္ယူေပးရမလဲ၊ ခင္ဗ်ားတို႔ တတ္ႏိုင္တာပဲ လုပ္ေပးပါ ဆိုတာမ်ိဳးႀကီးကေတာ့ တမ်ိဳးႀကီးမ်ား ျဖစ္ေနမလားလို႔ပါ။ တလကို လုပ္သားေတြရဲ႕ လူမႈဖူလုံေၾကး ဘီလီယံ ၈၀၀၊ ၉၀၀ ေလာက္ရွိတဲ့ ပိုက္ဆံေတြ ဘယ္ေရာက္ကုန္ၿပီလဲ။ ဒါေတြ ဒီအခ်ိန္မွာ သုံးဖို႔ မသင့္ဘူးလား။ ဒီပိုက္ဆံေတြကို ႏိုင္ငံေတာ္ ဘဏ္ေတြကေတာင္ လက္မခံႏိုင္ဘူး၊ အတိုးေပးရလို႔။ အခုႏိုင္ငံေတာ္အစိုးရ ဝန္ထမ္းေတြေလွ်ာ့ေနၿပီ၊ က်ေနာ္တို႔ ဘာဆက္လုပ္ရမလဲ မသိဘူး။ အခုကေလးေတြက အကုန္ျပန္ခ်င္ေနတယ္၊ စက္႐ုံမွာ။ ျပတ္ျပတ္သားသားတခု ေၾကညာေပးဖို႔ လိုၿပီေလ။ ျဖစ္လာရင္ က်ေနာ္တို႔ ထိန္းမႏိုင္ဘူးဗ်။”

ျပည္တြင္း စက္မႈဇုံကုန္ထုတ္လုပ္ငန္းမွာ CMP လက္ခစား အထည္ခ်ဳပ္လုပ္ငန္းေတြက ဦးေဆာင္ေနၿပီး အလုပ္သမား ၅သိန္းေလာက္ကို အလုပ္အကိုင္ ဖန္တီးေပးထားပါတယ္။

...............

COVID-19 ကြောင့် မြန်မာစက်ရုံတွေ ပိတ်ပေးရေး ဆွေးနွေးမှုတွေ မအောင်မြင်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် Covid-19 ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်နေရတဲ့အချိန် စက်ရုံအလုပ်သမားတွေ‘အိမ်မှာနေခွင့်’ကို အရေးကြီးကိစ္စအဖြစ် သတ်မှတ်ပေးဖို့ အလုပ်သမားသမဂ္ဂတွေက အစိုးရကို တောင်းဆိုခဲ့တာ မအောင်မြင်ခဲ့ပါဘူး။ ကပ်ရောဂါရင်ဆိုင်ရချိန် အလုပ်သမားတွေ ရပိုင်ခွင့်အတွက် အလုပ်သမား အလုပ်ရှင် အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေက ပြီးပြတ်တဲ့ရလဒ်ထွက်မလာပါဘူး။ ဒီအကြောင်း ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။

နေပြည်တော်မှာ မနေ့က မတ်လ ၂၅ ရက်ကလုပ်တဲ့ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်အစည်းအဝေးမှာ စက်ရုံတွေပိတ်သိမ်းပြီး အလုပ်သမားတွေအတွက် အစိုးရ လူမှုဖူလုံရေးရပိုင်ခွင့်တွေရဖို့ အလုပ်သမားရော အလုပ်ရှင်တွေဘက်ကပါ မျှော်လင့်ခဲ့ကြတာပါ။

ထိုင်းနဲ့ မလေးရှားက ပြန်လာသူတွေက စက်ရုံတွေရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ပဲခူးတိုင်းလို နေရာမျိုးတွေကို ရောက်သွားပြီး ရောဂါပိုး မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားမှာလည်း စိုးရိမ်ကြောင်း အလုပ်သမား သမဂ္ဂတွေက အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်

“ကျမတို့ အဓိက အလုပ်သမားတွေအတွက် stays home leave လို့ပြောတဲ့အခါမှာ မအောင်မြင်ပါဘူး။ ကျန်းမာရေးဌာနက လိုအပ်ရင် ဘယ်ကဏ္ဍတွေကို ဘာလုပ်ပါဆိုတာ ညွှန်ကြားချက်တွေ၊ ကြေညာချက်တွေ ထွက်နေတယ်၊ အဲဒါတွေက မထွက်လာသေးဘဲနဲ့ ဒီလိုမျိုးလုပ်ဖို့ အစီအစဉ်မရှိဘူးဆိုတာကို အစိုးရက ပြန်ပြောပါတယ်။ စက်ရုံတွေမှာ အလုပ်သမားတွေ တယောက်ကူးသွားပြီ ဆိုတာနဲ့ ကျမတို့ အများကြီး ကူးစက်နှုန်းတွေ အများကြီးမြင့်လာ နိုင်တယ်။ ဒါကြောင့်မို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဧပြီလ ၁ရက်နေ့ ကနေပြီးတော့ ၃၀ရက်နေ့အထိ ပိတ်ပေးဖို့ ကျမတို့ တောင်းဆိုတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်နဲ့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်ခိုင်ဇာအောင် ပြောသွားတာပါ။တကယ်လို့ စက်ရုံတွေကို ပိတ်ပေးမယ်ဆိုရင် အလုပ်သမားတွေကို ဘယ်လိုပံ့ပိုးကြမလဲ ဆိုတာ လည်း သူတို့ဆွေးနွေးခဲ့ကြတာပါ။

ဒီ သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်ခဲ့ပါတယ်။

အလုပ်ရှင် အလုပ်သမား ကျောချင်းကပ်ပြီး အခက်အခဲတွေကို ဆွေးနွေကြဖို့နဲ့ လိုအပ်ရင် အစိုးရက အထည်ချုပ်လုပ်ငန်းတွေအပါအဝင်၊ ဟိုတယ်ခရီးနဲ့ အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေအတွက် ကျပ်ငွေ ဘီလီယံ ၁၀၀ ထုတ်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒါကို မနေ့က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ ဖော်ပြသွားတာပါ။

COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေး လုပ်ငန်းကော်မတီကို နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ရက်မှာ ဖွဲ့စည်းခဲ့ပါတာပါ၊ ပြည်ထောင်စုအစိုးရခွင့်ပြုချက်နဲ့ နိုင်ငံတော်ရံပုံငွေထဲက ကျပ်ငွေ ဘီလီယံ ၅၀၊ လူမှုဖူလုံရေးရံပုံငွေထဲက ဘီလီယံ ၅၀၊ စုစုပေါင်း ဘီလီယံ ၁၀၀ နဲ့ Covid-19 ရန်ပုံငွေထူထောင်ဖို့ ဒီကော်မတီရဲ့ မတ်လ ၁၈ရက် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်.

“အလုပ်ပိတ်လိုက်တာမျိုးကို ဝန်ကြီးဌာနက မလုပ်ပေးနိုင်ပေမဲ့ အကယ်၍များ စက်ရုံမှာ ရောဂါပိုးရှိတဲ့သူတယောက်တွေ့လို့ အိမ်မှာနေပြီး စက်ရုံအလုပ်သမားတွေကို စောင့်ကြည့်ခိုင်းလိုက်ပြီဆိုရင် လုပ်သားတွေကို လူမှုဖူလုံကြေးကနေ ကျန်းမာရေးခွင့်ထဲကနေ ၆၀% ပေးရမယ်ဆိုတာ ဥပဒေအရ ရှိတဲ့အတွက်ကြောင့်မို့လို့ အဲဒါကို အစိုးရက ပံ့ပိုးမယ်ဆိုတာကို သိရပါတယ်။ ကျန်တဲ့ ၄၀% က ဘယ်လိုဖြစ်မလဲဆိုတာ ကျမတို့ သဘောတူညီချက် မရှိပါဘူး။”

ဒေါ်ခိုင်ဇာအောင်ပြောသွားတာ ဖြစ်ပါတယ်။

စက်ရုံတချို့က အလုပ်သမားတွေဟာ ရောဂါကူးစက်မှာ စိုးရိမ်လို့ နေရပ်ပြန်နေကြပါတယ်။ CMPအထည်ချုပ်လုပ်ငန်းတွေကနေ အစိုးရက လူမှုဖူလုံးကြေး ကျပ်ငွေဘီလီယံချီရရှိနေတာကြောင့် တကယ်လို့ စက်ရုံတွေကို ယာယီပိတ်မယ်ဆိုရင် အလုပ်သမားတွေနဲ့ လုပ်ငန်းရှင်တွေအတွက် အစိုးရက အပြည့်အဝအာမခံတယ်ဆိုတာ ကြေညာသင့်ကြောင်း လှိုင်သာယာ ရွှေလင်ပန်း စက်မှုဇုံ ဥက္ကဋ္ဌ ဦးအေးသောင်းက ဗွီအိုအေကို ပြောပါတယ်။

“လုပ်ငန်းရှင်က ဘာတာဝန်ယူပေးရမလဲ၊ ခင်ဗျားတို့ တတ်နိုင်တာပဲ လုပ်ပေးပါ ဆိုတာမျိုးကြီးကတော့ တမျိုးကြီးများ ဖြစ်နေမလားလို့ပါ။ တလကို လုပ်သားတွေရဲ့ လူမှုဖူလုံကြေး ဘီလီယံ ၈၀၀၊ ၉၀၀ လောက်ရှိတဲ့ ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဒါတွေ ဒီအချိန်မှာ သုံးဖို့ မသင့်ဘူးလား။ ဒီပိုက်ဆံတွေကို နိုင်ငံတော် ဘဏ်တွေကတောင် လက်မခံနိုင်ဘူး၊ အတိုးပေးရလို့။ အခုနိုင်ငံတော်အစိုးရ ဝန်ထမ်းတွေလျှော့နေပြီ၊ ကျနော်တို့ ဘာဆက်လုပ်ရမလဲ မသိဘူး။ အခုကလေးတွေက အကုန်ပြန်ချင်နေတယ်၊ စက်ရုံမှာ။ ပြတ်ပြတ်သားသားတခု ကြေညာပေးဖို့ လိုပြီလေ။ ဖြစ်လာရင် ကျနော်တို့ ထိန်းမနိုင်ဘူးဗျ။”

ပြည်တွင်း စက်မှုဇုံကုန်ထုတ်လုပ်ငန်းမှာ CMP လက်ခစား အထည်ချုပ်လုပ်ငန်းတွေက ဦးဆောင်နေပြီး အလုပ်သမား ၅သိန်းလောက်ကို အလုပ်အကိုင် ဖန်တီးပေးထားပါတယ်။

ေဇာ္ထက္/VOA (Burmese)
https://burmese.voanews.com
COVID-19 ေၾကာင့္ ျမန္မာစက္ရုံေတြ ပိတ္ေပးေရး ေဆြးေႏြးမႈေတြ မေအာင္ျမင္ COVID-19 ေၾကာင့္ ျမန္မာစက္ရုံေတြ ပိတ္ေပးေရး ေဆြးေႏြးမႈေတြ မေအာင္ျမင္ Reviewed by THITHTOOLWIN on 04:35 Rating: 5
Powered by Blogger.