ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းမွ ဒုတပ္ၾကပ္တစ္ဦးေသနတ္ပစ္ခံရ၍ ဒဏ္ရာရ

(Zawgyi)⤵⤵⤵
နိရဥၥရာ၊မတ္ ၂၆/၂၀၂၀

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းမွ ဒုတပ္ၾကပ္တစ္ဦး မိမိရြာသုိ႕ ဆိုင္ကယ္ျဖင့္ ျပန္စဥ္ ေသနတ္ပစ္ခံရ၍ ဒဏ္ရာရရွိသြားခဲ့ျပီး ေက်ာက္ေတာ္ေဆး႐ုံသို႔ အေရးေပၚပို႔ေဆာင္လိုက္ရေၾကာင္း သတင္း ရရွိသည္။

ေသနတ္က်ည္ထိမွန္ခဲ့သူမွာ ေက်ာက္ေတာ္၊ ျမိဳ႕မရဲစန္း မွ ရဲဒုတပ္ၾကပ္ ဦးေက်ာ္ထြန္းလွ (၄၅)ႏွစ္ျဖစ္သည္။

၎သည္ ယေန႕ မတ္လ ၂၆ရက္ ညေနပိုင္းတြင္ အရပ္ဝတ္ျဖင့္ေက်ာက္ေတာ္ၿမိဳ႕မွ မိသားစုရွိရာ သရက္တပင္ရြာသို႔ ဆိုင္ကယ္ျဖင့္ သြားေရာက္စဥ္ ဂစၦပနဒီ တံတား အလြန္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲရျခင္းျဖစ္ေၾကာင္း မိသားစု၀င္မ်ားက ေျပာသည္။

ေဆး႐ုံတြင္ လူနာေစာင့္ေပးေနသူ ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းမွ ဒုတပ္ၾကပ္တစ္ဦးလည္းျဖစ္၊ ဦးေက်ာ္ထြန္းလွႏွင့္ မယားညီအစ္ကိုေတာ္စပ္သူလည္းျဖစ္သည့္ ဦးေက်ာ္သာထြန္းက " သူ႔ညာဖက္လက္ လက္ေမာင္း အရိုးႏွစ္ေခ်ာင္းက်ိဳးသြားပါတယ္။ က်ည္ေဖာက္ထြက္သြားတာ။ မနက္ျဖန္ စစ္ေတြယူ သြားဖို႔လိုအပ္ရင္ ယူသြားရမယ္။ ဘယ္သူ ပစ္တာလဲဆိုတာ လူနာကိုေမးၾကည့္ရမယ္။ သူေျပာတာက ဂစၦပနဒီ တံတားအလြန္ ေလာက္မွာ ပစ္ခံရတယ္လို႕ ေျပာပါတယ္။ အဲဒီနားမွာ ၃၇၄၊ ၃၇၅၊ တပ္မလည္း ရွိပါတယ္။ အခုက သူက စကား မေျပာႏိုင္ေသးဘူး။ ကၽြန္ေတာ္တို႔လည္း အတိအက် မသိဘူး။ မနက္ျဖန္ေလာက္မွ ဘယ္သူပစ္တယ္ဆိုတာ သူေျပာပါလိမ့္မယ္"ဟုေျပာသည္။

ရဲဒုတပ္ၾကပ္ျဖစ္သူ ဦးေက်ာ္ထြန္းလွမွာ သရက္တပင္မွေနျပီး ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းတြင္ တာ၀န္ ထမ္းေဆာင္ေနသည္မွာ တစ္ႏွစ္နီးပါးခန္႕ ရွိေနျပီး မိသားစုရွိရာသရက္တပင္ရြာသို႔ ရံဖန္ ရံခါ ျပန္ေၾကာင္း သိရသည္။ ယေန႕တြင္ သမီးျဖစ္သူအား ေအာက္ေမ့၍ သရက္တစ္ပင္ရြာသို႕ အျပန္တြင္ ယခုကဲ့သို႔ ေသနတ္ပစ္ခံရျခင္း ျဖစ္ေၾကာင္း သရက္တစ္ပင္ရြာတြင္ ေနထိုင္သည့္ ဇနီးျဖစ္သူ မခိုင္ဆန္းက ေျပာသည္။

"ကၽြန္မအမ်ိဳးသားဆိုင္ကယ္ေမွာက္တယ္လို႔လည္းၾကားတယ္။ ေသနတ္ပစ္ခံရတယ္လို႔လည္းၾကားတယ္။ အတိက်မသိဘူး။ တပ္မမွာျဖစ္တာ။ တပ္မအနားက ၃၇၄ တပ္ရင္း ဂိတ္ေရွ႕ နားမွာ ျဖစ္တယ္။ အခု ေဆး႐ုံမွာလို႔ သိရတယ္။ ကၽြန္မတုိ႕က မိုးခ်ဳပ္ေနျပီဆိုေတာ့ ေဆးရံုကို သြားၾကည့္လို႕ မရဘူး။ ကၽြန္မ ေယာက်္ားနဲ႔အတူ ကၽြန္မခဲအိုလည္းရွိေနပါတယ္ ေဆး႐ုံမွာ။ လက္က်ိဳးသြားတယ္လို႔ ေျပာတယ္။ သမီးေလးေတြ ငိုေနၾကၿပီ။ စိတ္ပူမိပါတယ္။အခုေျပးလိုက္သြားခ်င္ပါတယ္။ ေက်ာက္ေတာ္ကို" ဟု သူမက ေျပာသည္။

ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းအား အေသးစိတ္သိရွိရန္ဆက္သြယ္ေသာ္လည္း ဆက္သြယ္မႈမရရွိခဲ့ပါ။

ေက်ာက္ေတာ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးအားဆက္သြယ္ေသာ္လည္းဆက္သြယ္၍မရရွိခဲ့ပါ။

ခ်စ္အိလွိုင္
Narinjara
https://www.facebook.com/narinjara.info/
--------------
(Unicode)⤵⤵⤵
ကျောက်တော်မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦးသေနတ်ပစ်ခံရ၍ ဒဏ်ရာရ

နိရဉ္စရာ၊မတ် ၂၆/၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး မိမိရွာသို့ ဆိုင်ကယ်ဖြင့် ပြန်စဉ် သေနတ်ပစ်ခံရ၍ ဒဏ်ရာရရှိသွားခဲ့ပြီး ကျောက်တော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သတင်း ရရှိသည်။

သေနတ်ကျည်ထိမှန်ခဲ့သူမှာ ကျောက်တော်၊ မြို့မရဲစန်း မှ ရဲဒုတပ်ကြပ် ဦးကျော်ထွန်းလှ (၄၅)နှစ်ဖြစ်သည်။

၎င်းသည် ယနေ့ မတ်လ ၂၆ရက် ညနေပိုင်းတွင် အရပ်ဝတ်ဖြင့်ကျောက်တော်မြို့မှ မိသားစုရှိရာ သရက်တပင်ရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဂစ္ဆပနဒီ တံတား အလွန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဆေးရုံတွင် လူနာစောင့်ပေးနေသူ ကျောက်တော်မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦးလည်းဖြစ်၊ ဦးကျော်ထွန်းလှနှင့် မယားညီအစ်ကိုတော်စပ်သူလည်းဖြစ်သည့် ဦးကျော်သာထွန်းက " သူ့ညာဖက်လက် လက်မောင်း အရိုးနှစ်ချောင်းကျိုးသွားပါတယ်။ ကျည်ဖောက်ထွက်သွားတာ။ မနက်ဖြန် စစ်တွေယူ သွားဖို့လိုအပ်ရင် ယူသွားရမယ်။ ဘယ်သူ ပစ်တာလဲဆိုတာ လူနာကိုမေးကြည့်ရမယ်။ သူပြောတာက ဂစ္ဆပနဒီ တံတားအလွန် လောက်မှာ ပစ်ခံရတယ်လို့ ပြောပါတယ်။ အဲဒီနားမှာ ၃၇၄၊ ၃၇၅၊ တပ်မလည်း ရှိပါတယ်။ အခုက သူက စကား မပြောနိုင်သေးဘူး။ ကျွန်တော်တို့လည်း အတိအကျ မသိဘူး။ မနက်ဖြန်လောက်မှ ဘယ်သူပစ်တယ်ဆိုတာ သူပြောပါလိမ့်မယ်"ဟုပြောသည်။

ရဲဒုတပ်ကြပ်ဖြစ်သူ ဦးကျော်ထွန်းလှမှာ သရက်တပင်မှနေပြီး ကျောက်တော်မြို့မရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသည်မှာ တစ်နှစ်နီးပါးခန့် ရှိနေပြီး မိသားစုရှိရာသရက်တပင်ရွာသို့ ရံဖန် ရံခါ ပြန်ကြောင်း သိရသည်။ ယနေ့တွင် သမီးဖြစ်သူအား အောက်မေ့၍ သရက်တစ်ပင်ရွာသို့ အပြန်တွင် ယခုကဲ့သို့ သေနတ်ပစ်ခံရခြင်း ဖြစ်ကြောင်း သရက်တစ်ပင်ရွာတွင် နေထိုင်သည့် ဇနီးဖြစ်သူ မခိုင်ဆန်းက ပြောသည်။

"ကျွန်မအမျိုးသားဆိုင်ကယ်မှောက်တယ်လို့လည်းကြားတယ်။ သေနတ်ပစ်ခံရတယ်လို့လည်းကြားတယ်။ အတိကျမသိဘူး။ တပ်မမှာဖြစ်တာ။ တပ်မအနားက ၃၇၄ တပ်ရင်း ဂိတ်ရှေ့ နားမှာ ဖြစ်တယ်။ အခု ဆေးရုံမှာလို့ သိရတယ်။ ကျွန်မတို့က မိုးချုပ်နေပြီဆိုတော့ ဆေးရုံကို သွားကြည့်လို့ မရဘူး။ ကျွန်မ ယောကျ်ားနဲ့အတူ ကျွန်မခဲအိုလည်းရှိနေပါတယ် ဆေးရုံမှာ။ လက်ကျိုးသွားတယ်လို့ ပြောတယ်။ သမီးလေးတွေ ငိုနေကြပြီ။ စိတ်ပူမိပါတယ်။အခုပြေးလိုက်သွားချင်ပါတယ်။ ကျောက်တော်ကို" ဟု သူမက ပြောသည်။

ကျောက်တော်မြို့မရဲစခန်းအား အသေးစိတ်သိရှိရန်ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးအားဆက်သွယ်သော်လည်းဆက်သွယ်၍မရရှိခဲ့ပါ။

ချစ်အိလှိုင်
Narinjara
https://www.facebook.com/narinjara.info/
ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းမွ ဒုတပ္ၾကပ္တစ္ဦးေသနတ္ပစ္ခံရ၍ ဒဏ္ရာရ ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းမွ ဒုတပ္ၾကပ္တစ္ဦးေသနတ္ပစ္ခံရ၍ ဒဏ္ရာရ Reviewed by THITHTOOLWIN on 00:20 Rating: 5
Powered by Blogger.