ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဧည့္ခံပြဲ လုပ္ခဲ့တဲ့႐ြာကို ဆက္သြယ္မႈ ျဖတ္ေတာက္


(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံေနရသူ ခ်င္းအမ်ိဳးသား ဧည့္ခံပြဲလုပ္ခဲ့တဲ့ တီးတိန္ၿမိဳ႕နယ္ထဲက ႐ြာတစ္႐ြာကို ျပင္ပနဲ႔ ကူးလူးဆက္သြယ္မႈ ျဖတ္ေတာက္လိုက္ၿပီး သူနဲ႔ထိေတြ႕ခဲ့တဲ့သူေတြ အားလုံးကို ေစာင့္ၾကည့္လူနာအေနနဲ႔ သတ္မွတ္ထားတယ္လို႔ ခ်င္းျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ဦးဇိုဘြဲက RFA ကို ဒီေန႔ မတ္လ ၂၄ ရက္ေန႔ မနက္ပိုင္းမွာ ေျပာပါတယ္။

ကေလး - တီးတိန္၊ တီးတိန္ - ကပ္တိလ္ ကားလိုင္းေတြကို ဒီေန႔က စပိတ္လိုက္ၿပီး ကားဂိတ္တာဝန္ရွိသူေတြနဲ႔ ယာဥ္ေမာင္းေတြကိုလည္း ေစာင့္ၾကည့္စစ္ေဆးေနတယ္လို႔ သူက ေျပာပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ႏိုင္ငံေတာ္ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကလည္း တီးတိန္နဲ႔ စစ္ကိုင္းဘက္က စိုးရိမ္တႀကီးနဲ႔ ဆင္းလာၾကသူေတြ ကို ကန႔္သတ္ထားၿပီလို႔ သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ႏွစ္ဦး စတင္ေတြ႕ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက မတ္လ ၂၃ ရက္ေန႔ ညသန္းေခါင္ယံမွာ ထုတ္ျပန္ခဲ့ပါတယ္။

ခရီးသြားမွတ္တမ္းေတြအရ ကူးစက္ခံရသူ ႏွစ္ဦးဟာ ေလေၾကာင္းလိုင္းနဲ႔ အေမရိကန္နဲ႔ အဂၤလန္ႏိုင္ငံေတြကေန ျပန္လာၾကသူေတြပါ။

ျပည္ပကေန ျပန္လာသူတိုင္း မိမိေနအိမ္မွာ ၁၄ ရက္ၾကာ သီးျခားေနထိုင္ၾကမယ့္ အစီအစဥ္ကိုလည္း ဆက္ၿပီး ေဆာင္႐ြက္မယ္လို႔ ဦးေဇာ္ေဌးက ေရးသားထားပါတယ္။

ကူးစက္ခံရသူ ခ်င္းအမ်ိဳးသားကို တီးတိန္ျပည္သူ႔ေဆး႐ုံမွာ သီးျခားထားရွိၿပီး ေစာင့္ေရွာက္ထားပါတယ္။

အဂၤလန္က ျပန္လာတဲ့သူကိုေတာ့ ရန္ကုန္တိုင္း ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေဝဘာဂီေဆး႐ုံမွာ ေစာင့္ၾကပ္ ကုသ ေပးေနပါတယ္။

ျမန္မာႏိုင္ငံမွာ ေစာင့္ၾကည့္လူနာ ၂၁၂ ေယာက္၊ သံသယလူနာ ႏွစ္ေယာက္၊ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕သူ ႏွစ္ေယာက္နဲ႔ ဗိုင္းရပ္စ္မေတြ႕ဘဲ အျခားေရာဂါျဖင့္ ေသဆုံးသူ ၁၃ ေယာက္ ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ မတ္လ ၂၄ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဧည့်ခံပွဲ လုပ်ခဲ့တဲ့ရွာကို ဆက်သွယ်မှု ဖြတ်တောက်

ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်အစပ် ပူးပေါင်းစစ်ဆေးဂိတ် အဝင်အထွက်များကို ၂၀၂၀ မတ် ၂၄ ရက်နေ့က စစ်ဆေး‌‌‌‌နေစဉ်
Photo: Iprd Kalay

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ချင်းအမျိုးသား ဧည့်ခံပွဲလုပ်ခဲ့တဲ့ တီးတိန်မြို့နယ်ထဲက ရွာတစ်ရွာကို ပြင်ပနဲ့ ကူးလူးဆက်သွယ်မှု ဖြတ်တောက်လိုက်ပြီး သူနဲ့ထိတွေ့ခဲ့တဲ့သူတွေ အားလုံးကို စောင့်ကြည့်လူနာအနေနဲ့ သတ်မှတ်ထားတယ်လို့ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲက RFA ကို ဒီနေ့ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ပြောပါတယ်။

ကလေး - တီးတိန်၊ တီးတိန် - ကပ်တိလ် ကားလိုင်းတွေကို ဒီနေ့က စပိတ်လိုက်ပြီး ကားဂိတ်တာဝန်ရှိသူတွေနဲ့ ယာဉ်မောင်းတွေကိုလည်း စောင့်ကြည့်စစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း တီးတိန်နဲ့ စစ်ကိုင်းဘက်က စိုးရိမ်တကြီးနဲ့ ဆင်းလာကြသူတွေ ကို ကန့်သတ်ထားပြီလို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦး စတင်တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့ ညသန်းခေါင်ယံမှာ ထုတ်ပြန်ခဲ့ပါတယ်။

ခရီးသွားမှတ်တမ်းတွေအရ ကူးစက်ခံရသူ နှစ်ဦးဟာ လေကြောင်းလိုင်းနဲ့ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတွေကနေ ပြန်လာကြသူတွေပါ။

ပြည်ပကနေ ပြန်လာသူတိုင်း မိမိနေအိမ်မှာ ၁၄ ရက်ကြာ သီးခြားနေထိုင်ကြမယ့် အစီအစဉ်ကိုလည်း ဆက်ပြီး ဆောင်ရွက်မယ်လို့ ဦးဇော်ဌေးက ရေးသားထားပါတယ်။

ကူးစက်ခံရသူ ချင်းအမျိုးသားကို တီးတိန်ပြည်သူ့ဆေးရုံမှာ သီးခြားထားရှိပြီး စောင့်ရှောက်ထားပါတယ်။

အင်္ဂလန်က ပြန်လာတဲ့သူကိုတော့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံမှာ စောင့်ကြပ် ကုသ ပေးနေပါတယ်။

မြန်မာနိုင်ငံမှာ စောင့်ကြည့်လူနာ ၂၁၂ ယောက်၊ သံသယလူနာ နှစ်ယောက်၊ ကိုရိုနာဗိုင်းရပ်စ်တွေ့သူ နှစ်ယောက်နဲ့ ဗိုင်းရပ်စ်မတွေ့ဘဲ အခြားရောဂါဖြင့် သေဆုံးသူ ၁၃ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဧည့္ခံပြဲ လုပ္ခဲ့တဲ့႐ြာကို ဆက္သြယ္မႈ ျဖတ္ေတာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဧည့္ခံပြဲ လုပ္ခဲ့တဲ့႐ြာကို ဆက္သြယ္မႈ ျဖတ္ေတာက္ Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.