မႏၲေလးမွာ ကို႐ိုနာအႏၲရာယ္ကာကြယ္ေရး ကန႔္သတ္တားဆီးမႈေတြ ရွိလာ


(Zawgyi)⤵⤵⤵
ခ်င္းျပည္နယ္နဲ႔ ရန္ကုန္တိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြ ေတြ႕ရၿပီးေနာက္မွာ မႏၲေလးၿမိဳ႕မွာလည္း လူစည္ကားတဲ့ ေနရာတခ်ိဳ႕ကို ကန႔္သတ္တားဆီးတာေတြ ရွိလာပါတယ္။

တ႐ုတ္ႏိုင္ငံကေန စတင္ပ်ံႏွံ႔ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ျမန္မာႏိုင္ငံမွာ မေန႔က ႏွစ္ဦး ေတြ႕ရွိခဲ့တဲ့ေနာက္ မႏၲေလးၿမိဳ႕မွာလည္း တင္းၾကပ္တဲ့ စစ္ေဆးမႈေတြနဲ႔ လူမ်ားရာ ေနရာအခ်ိဳ႕ကို ပိတ္တာေတြ လုပ္ေဆာင္ ေနပါတယ္။

"မႏၲေလးနန္းတြင္းကို ဒီကေန႔စၿပီး ဝင္ခြင့္ထြက္ခြင့္ ပိတ္လိုက္ပါၿပီ၊ တပ္မိသားစုေတြလည္း အေရးမႀကီးရင္ အျပင္မထြက္ၾကဖို႔နဲ႔ အျပင္ကေန နန္းတြင္းကို လာေရာက္လည္ပတ္တဲ့သူေတြကို လာခြင့္မေပးေတာ့ပါဘူး၊ နန္းတြင္းကို ဝင္မယ္ဆိုရင္လည္း လက္ေဆးတာ၊ ကိုယ္ပူအခ်ိန္တိုင္းတာေတြကို စစ္တပ္ကေန ဦးစီးၿပီး လုပ္ေဆာင္ေနတာေတြ႕ရပါတယ္။"

႐ုံးကိစၥလာတဲ့သူေတြကေတာ့ ဝင္လို႔ရတယ္လို႔ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဗိုလ္မႉးႀကီး စိုးၾကည္ခင္က ေျပာပါတယ္။

“ျမနန္းစံေက်ာ္လာတဲ့အဖြဲ႕ေတြေပါ့၊ ကန႔္သတ္ထားတယ္။ လူစုံတယ္၊ ေဒသေပါင္းစုံက လာတယ္၊ ကိုဗစ္ ေတြ႕တယ္ဆိုေတာ့ နည္းနည္းထိန္းတဲ့သေဘာပါ၊ အားလုံး ပိတ္တာမဟုတ္ပါဘူး၊ နည္းနည္းေလ်ာ့သြားရင္ ျပန္ဖြင့္မွာပါ"

မႏၲေလးနန္းတြင္းမွာ ျမန္မာ့တပ္မေတာ္ အေျခစိုက္ထားၿပီး အထင္ကရ သမိုင္းအေမြအႏွစ္ျဖစ္တဲ့ ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္ရွိတဲ့အတြက္ ေန႔စဥ္ လူေထာင္ခ်ီ လာေရာက္ေလ့ရွိတဲ့ေနရာျဖစ္ပါတယ္။

နန္းတြင္းကို ဝင္ထြက္သြားလာခြင့္ ပိတ္တာအျပင္ မႏၲေလးၿမိဳ႕တြင္းမွာလည္း စားေသာက္ဆိုင္ေတြ၊ လက္ဖက္ရည္ ဆိုင္ေတြအေနနဲ႔ ဆိုင္မွာထိုင္စားတာေတြကိုခြင့္မျပဳဘဲ ပါဆယ္သာ ေရာင္းခ်ဖို႔ မႏၲေလးခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

ေရာဂါရွိသူေတြ႕လာတဲ့အတြက္ စည္းကမ္းခ်က္တခ်ိဳ႕ ထုတ္ျပန္ရတာျဖစ္တယ္လို႔ မႏၲေလးခ႐ိုင္အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္မြန္လတ္ကေျပာပါတယ္။

"ထုတ္ျပန္ထားတာ ဆိုင္ေတြအားလုံး အက်ဳံးဝင္တယ္၊ ေလာေလာဆယ္ေတာ့ လူထုကိုအသိေပးတာ၊ လုပ္သင့္လုပ္ထိုက္တာေတြ လုပ္ေနပါတယ္”

ကို႐ိုနာဗိုင္းရပ္စ္ လကၡဏာရွိသူႏွစ္ေယာက္ စတင္ေတြ႕ရွိခဲ့ၿပီးေနာက္ မႏၲေလးေဆး႐ုံႀကီးမွာဆိုရင္လည္း အေရးမႀကီးတဲ့ လူနာေတြကို ဆင္းခြင့္ျပဳလိုက္ပါတယ္။

ေဆး႐ုံတိုင္းက ကူးစက္ေရာဂါေတြျဖစ္လာရင္ ေဆး႐ုံရဲ႕ ဝန္အားကို ေလ်ာ့ခ်ရပါတယ္လို႔ မႏၲေလး အေထြေထြ ေရာဂါကု ေဆး႐ုံက ေဆး႐ုံအုပ္ႀကီး ေဒါက္တာ စုစုေဒြးကေျပာပါတယ္။

“ဘယ္သူက positive၊ ဘယ္သူက negative ဆိုတာၾကည့္႐ုံနဲ႔ မသိႏိုင္ဘူး၊ ကုသေရးေကာ္မတီက အစည္းအေဝးလုပ္တယ္။ ေဆး႐ုံတိုင္းလုပ္တာပါ၊ အေရးေပၚလူနာေတြကို အဓိကထားတာပါ၊ အခုကပိုၿပီး ေခတ္မွီလာေတာ့ ဗိုက္ဘာစနစ္နဲ႔ သူတို႔လူနာေတြနဲ႔သူတို႔ ေျပာလို႔ရတယ္။ တယ္လီစနစ္နဲ႔ဆိုေတာ့ လူနာေတြလည္း သက္သာတယ္”

ဗိုင္းရပ္ အႏၲရာယ္ကို စိုးရိမ္ၿပီး မႏၲေလးၿမိဳ႕က နာမည္ႀကီး ေဆးဆိုင္ႀကီးအခ်ိဳ႕ လူတန္းစီဝယ္ၾကရတဲ့အထိ ျဖစ္ပြားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံသားေတြ အဝင္အထြက္မ်ားတဲ့ ေက်ာက္မ်က္ရတနာ ေရာင္းခ်တဲ့ ေရာင္းဝယ္ေရးစခန္းကိုလည္း ဒီေန႔ကစၿပီး ပိတ္လိုက္တာေတြ႕ ရပါတယ္။

တ႐ုတ္အမ်ားစုနဲ႔ ႏိုင္ငံျခားသား အမ်ားျပားလာေရာက္တဲ့ ေက်ာက္မ်က္ရတနာစခန္း ပိတ္ထားလိုက္ပါၿပီ၊ ဘယ္အခ်ိန္မွ ျပန္ဖြင့္မယ္ဆိုတာကေတာ့ တိုင္းအစိုးရရဲ႕သေဘာထားအေပၚ မူတည္တယ္လို႔ ေက်ာက္ဝိုင္း တာဝန္ရွိသူေတြက ေျပာပါတယ္။

“မႏၲေလးတိုင္းအစိုးရက ၂၆ ရက္ေန႔မွာပိတ္ဖို႔ စာထြက္ထားတယ္။ ဒါေပမဲ့ ၂၆ မေရာက္ခင္ ပိတ္ဖို႔ စီစဥ္ထားတယ္။ ေလာေလာဆယ္ လူစုလူေဝးမျဖစ္ေအာင္ ထိန္းေပးထားပါတယ္"

မႏၲေလးၿမိဳ႕မွာေတာ့ ဒီကေန႔မွာဆိုရင္ ဆန္ဆိုင္၊ ဆီဆိုင္နဲ႔ ေဆးဆိုင္တခ်ိဳ႕မွာ လူေတြႀကိတ္ႀကိတ္တိုး ေရာင္းဝယ္ ေနၾကတာေတြ႕ရေပမယ့္ တခ်ိဳ႕ကေတာ့ စိုးရိမ္မႈသိပ္မရွိဘူးလို႔ ဆိုပါတယ္။

“စိုးရိမ္ေပမယ့္ လြန္လြန္ကဲကဲေတာ့ မစိုးရိမ္ပါဘူး၊ တအားႀကီးစိုးရိမ္ေနရင္ အဲဒီေရာဂါနဲ႔ ဘာမွမျဖစ္ဘဲ စိတၱဇနဲ႔ ျဖစ္သြားမွာေပါ့"

ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သတ္ၿပီး မႏၲေလးၿမိဳ႕မွာဆိုရင္ ေစာင့္ၾကည့္လူနာ ၃၅ ဦးကို ေဆးကုသမႈေပးခဲ့ၿပီး လတ္တေလာမွာေတာ့ ေဆး႐ုံမွာ လူနာ ခုႏွစ္ဦးရွိတယ္လို႔ မႏၲေလးေဆး႐ုံႀကီးက သိရပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
မန္တလေးမှာ ကိုရိုနာအန္တရာယ်ကာကွယ်ရေး ကန့်သတ်တားဆီးမှုတွေ ရှိလာ

ချင်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တွေ့ရပြီးနောက်မှာ မန္တလေးမြို့မှာလည်း လူစည်ကားတဲ့ နေရာတချို့ကို ကန့်သတ်တားဆီးတာတွေ ရှိလာပါတယ်။

တရုတ်နိုင်ငံကနေ စတင်ပျံနှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ မနေ့က နှစ်ဦး တွေ့ရှိခဲ့တဲ့နောက် မန္တလေးမြို့မှာလည်း တင်းကြပ်တဲ့ စစ်ဆေးမှုတွေနဲ့ လူများရာ နေရာအချို့ကို ပိတ်တာတွေ လုပ်ဆောင် နေပါတယ်။

"မန္တလေးနန်းတွင်းကို ဒီကနေ့စပြီး ဝင်ခွင့်ထွက်ခွင့် ပိတ်လိုက်ပါပြီ၊ တပ်မိသားစုတွေလည်း အရေးမကြီးရင် အပြင်မထွက်ကြဖို့နဲ့ အပြင်ကနေ နန်းတွင်းကို လာရောက်လည်ပတ်တဲ့သူတွေကို လာခွင့်မပေးတော့ပါဘူး၊ နန်းတွင်းကို ဝင်မယ်ဆိုရင်လည်း လက်ဆေးတာ၊ ကိုယ်ပူအချိန်တိုင်းတာတွေကို စစ်တပ်ကနေ ဦးစီးပြီး လုပ်ဆောင်နေတာတွေ့ရပါတယ်။"

ရုံးကိစ္စလာတဲ့သူတွေကတော့ ဝင်လို့ရတယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး စိုးကြည်ခင်က ပြောပါတယ်။

“မြနန်းစံကျော်လာတဲ့အဖွဲ့တွေပေါ့၊ ကန့်သတ်ထားတယ်။ လူစုံတယ်၊ ဒေသပေါင်းစုံက လာတယ်၊ ကိုဗစ် တွေ့တယ်ဆိုတော့ နည်းနည်းထိန်းတဲ့သဘောပါ၊ အားလုံး ပိတ်တာမဟုတ်ပါဘူး၊ နည်းနည်းလျော့သွားရင် ပြန်ဖွင့်မှာပါ"

မန္တလေးနန်းတွင်းမှာ မြန်မာ့တပ်မတော် အခြေစိုက်ထားပြီး အထင်ကရ သမိုင်းအမွေအနှစ်ဖြစ်တဲ့ မြနန်းစံကျော် ရွှေနန်းတော်ရှိတဲ့အတွက် နေ့စဉ် လူထောင်ချီ လာရောက်လေ့ရှိတဲ့နေရာဖြစ်ပါတယ်။

နန်းတွင်းကို ဝင်ထွက်သွားလာခွင့် ပိတ်တာအပြင် မန္တလေးမြို့တွင်းမှာလည်း စားသောက်ဆိုင်တွေ၊ လက်ဖက်ရည် ဆိုင်တွေအနေနဲ့ ဆိုင်မှာထိုင်စားတာတွေကိုခွင့်မပြုဘဲ ပါဆယ်သာ ရောင်းချဖို့ မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ရောဂါရှိသူတွေ့လာတဲ့အတွက် စည်းကမ်းချက်တချို့ ထုတ်ပြန်ရတာဖြစ်တယ်လို့ မန္တလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်ကပြောပါတယ်။

"ထုတ်ပြန်ထားတာ ဆိုင်တွေအားလုံး အကျုံးဝင်တယ်၊ လောလောဆယ်တော့ လူထုကိုအသိပေးတာ၊ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေပါတယ်”

ကိုရိုနာဗိုင်းရပ်စ် လက္ခဏာရှိသူနှစ်ယောက် စတင်တွေ့ရှိခဲ့ပြီးနောက် မန္တလေးဆေးရုံကြီးမှာဆိုရင်လည်း အရေးမကြီးတဲ့ လူနာတွေကို ဆင်းခွင့်ပြုလိုက်ပါတယ်။

ဆေးရုံတိုင်းက ကူးစက်ရောဂါတွေဖြစ်လာရင် ဆေးရုံရဲ့ ဝန်အားကို လျော့ချရပါတယ်လို့ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးကပြောပါတယ်။

“ဘယ်သူက positive၊ ဘယ်သူက negative ဆိုတာကြည့်ရုံနဲ့ မသိနိုင်ဘူး၊ ကုသရေးကော်မတီက အစည်းအဝေးလုပ်တယ်။ ဆေးရုံတိုင်းလုပ်တာပါ၊ အရေးပေါ်လူနာတွေကို အဓိကထားတာပါ၊ အခုကပိုပြီး ခေတ်မှီလာတော့ ဗိုက်ဘာစနစ်နဲ့ သူတို့လူနာတွေနဲ့သူတို့ ပြောလို့ရတယ်။ တယ်လီစနစ်နဲ့ဆိုတော့ လူနာတွေလည်း သက်သာတယ်”

ဗိုင်းရပ် အန္တရာယ်ကို စိုးရိမ်ပြီး မန္တလေးမြို့က နာမည်ကြီး ဆေးဆိုင်ကြီးအချို့ လူတန်းစီဝယ်ကြရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေ အဝင်အထွက်များတဲ့ ကျောက်မျက်ရတနာ ရောင်းချတဲ့ ရောင်းဝယ်ရေးစခန်းကိုလည်း ဒီနေ့ကစပြီး ပိတ်လိုက်တာတွေ့ ရပါတယ်။

တရုတ်အများစုနဲ့ နိုင်ငံခြားသား အများပြားလာရောက်တဲ့ ကျောက်မျက်ရတနာစခန်း ပိတ်ထားလိုက်ပါပြီ၊ ဘယ်အချိန်မှ ပြန်ဖွင့်မယ်ဆိုတာကတော့ တိုင်းအစိုးရရဲ့သဘောထားအပေါ် မူတည်တယ်လို့ ကျောက်ဝိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

“မန္တလေးတိုင်းအစိုးရက ၂၆ ရက်နေ့မှာပိတ်ဖို့ စာထွက်ထားတယ်။ ဒါပေမဲ့ ၂၆ မရောက်ခင် ပိတ်ဖို့ စီစဉ်ထားတယ်။ လောလောဆယ် လူစုလူဝေးမဖြစ်အောင် ထိန်းပေးထားပါတယ်"

မန္တလေးမြို့မှာတော့ ဒီကနေ့မှာဆိုရင် ဆန်ဆိုင်၊ ဆီဆိုင်နဲ့ ဆေးဆိုင်တချို့မှာ လူတွေကြိတ်ကြိတ်တိုး ရောင်းဝယ် နေကြတာတွေ့ရပေမယ့် တချို့ကတော့ စိုးရိမ်မှုသိပ်မရှိဘူးလို့ ဆိုပါတယ်။

“စိုးရိမ်ပေမယ့် လွန်လွန်ကဲကဲတော့ မစိုးရိမ်ပါဘူး၊ တအားကြီးစိုးရိမ်နေရင် အဲဒီရောဂါနဲ့ ဘာမှမဖြစ်ဘဲ စိတ္တဇနဲ့ ဖြစ်သွားမှာပေါ့"

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီး မန္တလေးမြို့မှာဆိုရင် စောင့်ကြည့်လူနာ ၃၅ ဦးကို ဆေးကုသမှုပေးခဲ့ပြီး လတ်တလောမှာတော့ ဆေးရုံမှာ လူနာ ခုနှစ်ဦးရှိတယ်လို့ မန္တလေးဆေးရုံကြီးက သိရပါတယ်။

RFA Burmese
https://www.rfa.org

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ