နယ္ျခားေစာင့္ရဲကားတန္းကိုေအေအတိုက္၊ အရာရွိႀကီးတစ္ဦးအပါအဝင္ ၃ ဦးက်ဆုံး

 ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းတြင္ မတ္လ ၂၄ ရက္ မနက္ ၇ နာရီခန႔္က နယ္ျခားေစာင့္ရဲကားတန္းတစ္ခု မိုင္းခြဲတိုက္ခိုက္ခံ
(Zawgyi)⤵⤵⤵
ရခိုင္လက္နက္ကိုင္ အဖြဲ႕(AA) ကို အၾကမ္းဖက္အုပ္ စုနဲ႔ မတရားအသင္းအျဖစ္ အစိုး ရက မတ္လ ၂၃ရက္ေန႔ညက ထုတ္ျပန္ ေၾကညာလိုက္ၿပီး ေနာက္တစ္ရက္မွာပဲ ရခိုင္ျပည္နယ္ ၊ အေနာက္ဘက္နယ္စပ္၊ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းမွာ ဒီေန႔ မတ္လ ၂၄ ရက္ မနက္ ၇ နာရီခန႔္က နယ္ျခားေစာင့္ရဲကားတန္းတစ္ခု မိုင္းခြဲတိုက္ခိုက္ခံခဲ့ရပါတယ္။

ရဲအရာရွိႀကီး တစ္ဦးအပါအဝင္၊ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးက်ဆုံးခဲ့ၿပီး ၊၄ ဦးခန႔္ ဒဏ္ရာရရွိတယ္လို႔ ဘီဘီစီ သတင္းေထာက္ ကေျပာပါတယ္ ။

ရဲကားတန္း မိုင္းဆြဲတိုက္ခိုက္ခံရတဲ့ အတြက္ နခက (၆) တပ္ရင္းမႉး ဒုရဲမႉးႀကီးေက်ာ္သူရ၊ ဒုရဲအုပ္မ်ိဳးေဇာ္ဦးႏွင့္ တပ္သားၿဖိဳးမင္းသူ (ကားေမာင္း)တို႔ က်ဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

သူတို႔ဟာ ေတာင္ၿပိဳကေန က်ီးကန္းျပင္ဌာနခ်ဳပ္ကို အစည္းအေဝး တက္ဖို႔ ကားႏွစ္စီးနဲ႔လာစဥ္ လိပ္ရေက်း႐ြာအနီးမွာ ဒီကေန႔ နံနက္ ၇ နာရီက မိုင္းခြဲ တိုက္ခိုက္ခံခဲ့ရတာ ျဖစ္ပါတယ္ ။

ဒီတိုက္ခိုက္ခံရမႈ နဲ႔ပတ္သက္လို႔ေဒသ အာဏာပိုင္ေတြကို ဆက္သြယ္လို႔ မရေသးပါဘူး။

၂၀၁၈ စစ္ေတြအစိုးရအဖြဲ႕႐ုံးကို မိုင္းေထာင္ေဖာက္ခြဲမႈ

မတ္လ ၂၃ ရက္ ည ၈ နာရီ တြင္ ႏိုင္ငံပိုင္သတင္းဌာနက AA ႏွင့္ပတ္သက္ၿပီး ရခိုင္လက္နက္ကိုင္ အဖြဲ႕ (AA) ကို အၾကမ္းဖက္အုပ္ စုႏွင့္ မတရားအသင္းအျဖစ္ အစိုး ရက ေၾကညာလိုက္ပါတယ္ ။ ။အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕ေၾကညာ ခ်က္နဲ႔ ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ကို သတင္းေဖာ္ျပ ခဲ့တာျဖစ္ပါတယ္။

AA လက္နက္ကိုင္အဖြဲ႕ ဟာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ျပည္သူမ်ားကို စည္း႐ုံး၍လည္း ေကာင္း၊ ႐ြာသားမ်ားကိုအကာ အကြယ္ ရယူ၍လည္းေကာင္း၊ တပ္မေတာ္စစ္ေၾကာင္းမ်ားနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ လုံ ၿခဳံေရးစခန္းမ်ားကို တိုက္ခိုက္ ျခင္း၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး မ်ား၊ အစိုးရဝန္ထမ္းမ်ား၊ အရပ္ သားျပည္သူမ်ားကို ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္း၊ ႏွိပ္စက္ျခင္း၊ ေက်း႐ြာမ်ားအတြင္း ပစ္ခတ္ျခင္း နဲ႔ မိုင္းေထာင္ေဖာက္ခြဲတာေတြ ကို ျပဳလုပ္တဲ့အတြက္အၾကမ္းဖက္အဖြဲ႕အျဖစ္သတ္မွတ္တာလို႔ အၾကမ္းဖက္ မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕ ရဲ႕ ေၾက ညာခ်က္မွာေဖာ္ျပထားပါတယ္။

ႏိုင္ငံေတာ္ အတြင္း အေျချပဳၿပီး ႏိုင္ငံေတာ္ကို အၾကမ္း ဖက္မႈေတြ က်ဴးလြန္ေနေၾကာင္းနဲ႔ အထက္ပါ အၾကမ္းဖက္မႈေတြ ကို က်ဴးလြန္တဲ့ AA လက္နက္ကိုင္ အဖြဲ႕ကို အၾကမ္းဖက္အုပ္စုအျဖစ္ ျပည္ေထာင္အစိုးရအဖြဲ႕၏ သ ေဘာတူညီခ်က္နဲ႔ ေၾကညာတယ္လို႔ လည္း ေဖာ္ျပထားပါတယ္။

မင္းျပား စစ္သင္တန္းေက်ာင္းကို ေအေအ က ဝင္တိုက္

ၿပီးခဲ့တဲ့မတ္လ ၂၃ ရက္ေန႔ကလည္း မင္းျပား စစ္သင္တန္းေက်ာင္းကို ေအေအ က ဝင္တိုက္ခဲ့ပါတယ္။

တပ္မေတာ္ ဘက္က ထုတ္ျပန္တာက ေတာ့ ေအေအ အင္အား ၃၀၀ခန္႔က ဝင္တိုက္ခဲ့တာလို႔ေျပာပါတယ္။

ႏွစ္ဘက္အက်အဆုံးေတြရွိတယ္လို႔ သိရေပမယ့္ျမန္မာတပ္မေတာ္ဘက္ ကေရာ ေအေအ ဘက္ ကပါ အတည္ျပဳ သတင္းထုတ္ျပန္တာ မေတြ႕ရေသးပါဘူး ။

မတ္လ ၂၃ ရက္ေန႔ မနက္ ၆ နာရီေလာက္ ကစတင္ခဲ့တဲ့ အဲဒီတိုက္ပြဲဟာ ညေန၄ နာရီ ေလာက္အထိ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနေၾကာင္းနဲ႔ ဂ်က္တိုက္ေလယဥ္ေတြ သုံးတာေတြ႕ရေၾကာင္း ေဒသခံေတြက ဘီဘီစီကိုေျပာပါတယ္။

ဒီတိုက္ပြဲနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္း ထုတ္ျပန္ရာမွာေတာ့ ေက်ာင္းဌာနခ်ဳပ္ တပ္ပတ္လည္ ကေန ခံစစ္စနစ္တက် ပစ္ကူ၊ ပစ္အားသုံး တန္ျပန္တိုက္ခိုက္ခဲ့တဲ့ အတြက္ ထိခိုက္က်ဆုံးမ်ားစြာနဲ႔ နံနက္၁၁နာရီအခ်ိန္ခန႔္မွာေအေအတပ္ဖြဲ႕ဝင္ေတြ ဖ႐ိုဖရဲ ဆုတ္ခြာထြက္ေျပးသြားခဲ့ၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီလို တပ္မေတာ္ဘက္က သတင္းထုတ္ျပန္တဲ့အေပၚ ေအေအ ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခ ကေတာ့ တိုက္ပြဲနဲ႔ ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို မ်ားမၾကာမီ ထုတ္ျပန္ေပးမွာျဖစ္တဲ့ အတြက္ ေလာေလာဆယ္ မေျပာႏိုင္ေသးဘူးလို႔ ေျပာဆိုသြားပါတယ္။

တိုက္ပြဲျဖစ္ပြားတဲ့ေနရာဟာ ရန္ကုန္-စစ္ေတြ အေဝးေျပးလမ္းမႀကီး နဲ႔ မလွမ္းမကမ္းမွာရွိၿပီးေတာ့ ေဒသခံေတြကေတာ့ အမွတ္ ၉ တိုင္းဗဟို ေလ့က်င့္ေရးေက်ာင္းအျဖစ္ လူသိမ်ားပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ နဲ႔ ေျမပုံၿမိဳ႕နယ္ အၾကား ရခိုင္ျပည္နယ္ အတြင္းပိုင္းက်တဲ့ ေနရာမွာ တည္ရွိတဲ့ စစ္ဘက္ဆိုင္ရာ အေရးႀကီးတဲ့ ေက်ာင္းတစ္ေက်ာင္း လို႔ေဒသခံေတြကေျပာပါတယ္။

ေက်ာက္ေတာ္က တင္းမႀကီး႐ြာမွာ လက္နက္ႀကီးက်လို႔ လူေနအိမ္တခ်ိဳ႕မီးေလာင္၊ ႐ြာလုံးကြၽတ္ထြက္ေျပး
 ေက်ာက္ေတာ္ ကိုေရာက္ေနတဲ့ ကုလားတန္ျမစ္နားက ႐ြာသားေတြ

ေက်ာက္ေတာ္ၿမိဳ႕နယ္ ကုလားတန္ျမစ္ေၾကာင္းအတြင္းက တင္းမႀကီးေက်း႐ြာမွာ မတ္လ ၂၂ ရက္ေန႔မနက္ ၁၁ နာရီေလာက္မွာ လက္နက္ႀကီးက်ည္ ေတြက်ေရာက္ခဲ့လို႔ လူေနအိမ္တခ်ိဳ႕မီးေလာင္မႈျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

တင္းမႀကီးေက်း႐ြာမွာ အိမ္ေျခ ၇၀၀ ေက်ာ္ရွိၿပီး လူဦးေရ ၄၀၀၀ ေက်ာ္ေနထိုင္ေနပါတယ္။ ၿပီးခဲ့တဲ့ မတ္လ ၁၅ ရက္ေန႔ကလည္း လက္နက္ႀကီးေတြက်လို႔ လူေနအိမ္ ၁၄ ေဆာင္ မီးေလာင္ကြၽမ္းခဲ့တယ္လို႔ တင္းမႀကီးေက်း႐ြာနားက ေဒသခံေတြေျပာပါတယ္။

၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ ပထမအပတ္ကေန မတ္လ ၂၂ ရက္ေန႔အထိ ျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြေၾကာင့္ ကုလားတန္ျမစ္ေၾကာင္းအတြင္းမွာရွိတဲ့ ေက်း႐ြာေပါင္း ၁၀ ေက်ာ္က ေက်း႐ြာသား ၄၀၀၀ ေက်ာ္က ေက်ာက္ေတာ္ၿမိဳ႕ေပၚကို လာေရာက္ခိုလႈံေနၾကရၿပီး အနည္းဆုံး႐ြာေပါင္း ၇ ႐ြာေလာက္က မီးေလာင္ကြၽမ္းခဲ့ပါတယ္။

ေအေအကို အၾကမ္းဖက္အဖြဲ႕ေၾကညာ အၿပီးမွာ ႏွစ္ဖက္တိုက္ခိုက္မႈ ေတြအခုထက္အရွိန္ျမင့္လာမွာကိုေတာ့ေဒသခံေတြကစိုးရိမ္ေနၾကပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
နယ်ခြားစောင့်ရဲကားတန်းကိုအေအေတိုက်၊ အရာရှိကြီးတစ်ဦးအပါအဝင် ၃ ဦးကျဆုံး

ဓာတ်ပုံ မူပိုင် Getty Images
Image caption မောင်တောမြို့နယ် မြောက်ပိုင်းတွင် မတ်လ ၂၄ ရက် မနက် ၇ နာရီခန့်က နယ်ခြားစောင့်ရဲကားတန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံ

ရခိုင်လက်နက်ကိုင် အဖွဲ့(AA) ကို အကြမ်းဖက်အုပ် စုနဲ့ မတရားအသင်းအဖြစ် အစိုး ရက မတ်လ ၂၃ရက်နေ့ညက ထုတ်ပြန် ကြေညာလိုက်ပြီး နောက်တစ်ရက်မှာပဲ ရခိုင်ပြည်နယ် ၊ အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဒီနေ့ မတ်လ ၂၄ ရက် မနက် ၇ နာရီခန့်က နယ်ခြားစောင့်ရဲကားတန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ရဲအရာရှိကြီး တစ်ဦးအပါအဝင်၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ပြီး ၊၄ ဦးခန့် ဒဏ်ရာရရှိတယ်လို့ ဘီဘီစီ သတင်းထောက် ကပြောပါတယ် ။

ရဲကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အတွက် နခက (၆) တပ်ရင်းမှူး ဒုရဲမှူးကြီးကျော်သူရ၊ ဒုရဲအုပ်မျိုးဇော်ဦးနှင့် တပ်သားဖြိုးမင်းသူ (ကားမောင်း)တို့ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သူတို့ဟာ တောင်ပြိုကနေ ကျီးကန်းပြင်ဌာနချုပ်ကို အစည်းအဝေး တက်ဖို့ ကားနှစ်စီးနဲ့လာစဉ် လိပ်ရကျေးရွာအနီးမှာ ဒီကနေ့ နံနက် ၇ နာရီက မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ် ။

ဒီတိုက်ခိုက်ခံရမှု နဲ့ပတ်သက်လို့ဒေသ အာဏာပိုင်တွေကို ဆက်သွယ်လို့ မရသေးပါဘူး။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၈ စစ်တွေအစိုးရအဖွဲ့ရုံးကို မိုင်းထောင်ဖောက်ခွဲမှု

မတ်လ ၂၃ ရက် ည ၈ နာရီ တွင် နိုင်ငံပိုင်သတင်းဌာနက AA နှင့်ပတ်သက်ပြီး ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) ကို အကြမ်းဖက်အုပ် စုနှင့် မတရားအသင်းအဖြစ် အစိုး ရက ကြေညာလိုက်ပါတယ် ။ ။အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကြေညာ ချက်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို သတင်းဖော်ပြ ခဲ့တာဖြစ်ပါတယ်။

AA လက်နက်ကိုင်အဖွဲ့ ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြည်သူများကို စည်းရုံး၍လည်း ကောင်း၊ ရွာသားများကိုအကာ အကွယ် ရယူ၍လည်းကောင်း၊ တပ်မတော်စစ်ကြောင်းများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံ ခြုံရေးစခန်းများကို တိုက်ခိုက် ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ အစိုးရဝန်ထမ်းများ၊ အရပ် သားပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ကျေးရွာများအတွင်း ပစ်ခတ်ခြင်း နဲ့ မိုင်းထောင်ဖောက်ခွဲတာတွေ ကို ပြုလုပ်တဲ့အတွက်အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်တာလို့ အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ရဲ့ ကြေ ညာချက်မှာဖော်ပြထားပါတယ်။

နိုင်ငံတော် အတွင်း အခြေပြုပြီး နိုင်ငံတော်ကို အကြမ်း ဖက်မှုတွေ ကျူးလွန်နေကြောင်းနဲ့ အထက်ပါ အကြမ်းဖက်မှုတွေ ကို ကျူးလွန်တဲ့ AA လက်နက်ကိုင် အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ပြည်ထောင်အစိုးရအဖွဲ့၏ သ ဘောတူညီချက်နဲ့ ကြေညာတယ်လို့ လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မင်းပြား စစ်သင်တန်းကျောင်းကို အေအေ က ဝင်တိုက်

ပြီးခဲ့တဲ့မတ်လ ၂၃ ရက်နေ့ကလည်း မင်းပြား စစ်သင်တန်းကျောင်းကို အေအေ က ဝင်တိုက်ခဲ့ပါတယ်။

တပ်မတော် ဘက်က ထုတ်ပြန်တာက တော့ အေအေ အင်အား ၃၀၀ခန့်က ဝင်တိုက်ခဲ့တာလို့ပြောပါတယ်။

နှစ်ဘက်အကျအဆုံးတွေရှိတယ်လို့ သိရပေမယ့်မြန်မာတပ်မတော်ဘက် ကရော အေအေ ဘက် ကပါ အတည်ပြု သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး ။

မတ်လ ၂၃ ရက်နေ့ မနက် ၆ နာရီလောက် ကစတင်ခဲ့တဲ့ အဲဒီတိုက်ပွဲဟာ ညနေ၄ နာရီ လောက်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်းနဲ့ ဂျက်တိုက်လေယဉ်တွေ သုံးတာတွေ့ရကြောင်း ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ရာမှာတော့ ကျောင်းဌာနချုပ် တပ်ပတ်လည် ကနေ ခံစစ်စနစ်တကျ ပစ်ကူ၊ ပစ်အားသုံး တန်ပြန်တိုက်ခိုက်ခဲ့တဲ့ အတွက် ထိခိုက်ကျဆုံးများစွာနဲ့ နံနက်၁၁နာရီအချိန်ခန့်မှာအေအေတပ်ဖွဲ့ဝင်တွေ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒီလို တပ်မတော်ဘက်က သတင်းထုတ်ပြန်တဲ့အပေါ် အေအေ ရဲ့ ပြောခွင့်ရသူ ခိုင်သုခ ကတော့ တိုက်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို များမကြာမီ ထုတ်ပြန်ပေးမှာဖြစ်တဲ့ အတွက် လောလောဆယ် မပြောနိုင်သေးဘူးလို့ ပြောဆိုသွားပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမကြီး နဲ့ မလှမ်းမကမ်းမှာရှိပြီးတော့ ဒေသခံတွေကတော့ အမှတ် ၉ တိုင်းဗဟို လေ့ကျင့်ရေးကျောင်းအဖြစ် လူသိများပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် နဲ့ မြေပုံမြို့နယ် အကြား ရခိုင်ပြည်နယ် အတွင်းပိုင်းကျတဲ့ နေရာမှာ တည်ရှိတဲ့ စစ်ဘက်ဆိုင်ရာ အရေးကြီးတဲ့ ကျောင်းတစ်ကျောင်း လို့ဒေသခံတွေကပြောပါတယ်။

ကျောက်တော်က တင်းမကြီးရွာမှာ လက်နက်ကြီးကျလို့ လူနေအိမ်တချို့မီးလောင်၊ ရွာလုံးကျွတ်ထွက်ပြေး
ဓာတ်ပုံ မူပိုင် မဇိတ်ကေ
Image caption ကျောက်တော် ကိုရောက်နေတဲ့ ကုလားတန်မြစ်နားက ရွာသားတွေ

ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းအတွင်းက တင်းမကြီးကျေးရွာမှာ မတ်လ ၂၂ ရက်နေ့မနက် ၁၁ နာရီလောက်မှာ လက်နက်ကြီးကျည် တွေကျရောက်ခဲ့လို့ လူနေအိမ်တချို့မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တင်းမကြီးကျေးရွာမှာ အိမ်ခြေ ၇၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀၀ ကျော်နေထိုင်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကလည်း လက်နက်ကြီးတွေကျလို့ လူနေအိမ် ၁၄ ဆောင် မီးလောင်ကျွမ်းခဲ့တယ်လို့ တင်းမကြီးကျေးရွာနားက ဒေသခံတွေပြောပါတယ်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်ကနေ မတ်လ ၂၂ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကုလားတန်မြစ်ကြောင်းအတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ကျော်က ကျေးရွာသား ၄၀၀၀ ကျော်က ကျောက်တော်မြို့ပေါ်ကို လာရောက်ခိုလှုံနေကြရပြီး အနည်းဆုံးရွာပေါင်း ၇ ရွာလောက်က မီးလောင်ကျွမ်းခဲ့ပါတယ်။

အေအေကို အကြမ်းဖက်အဖွဲ့ကြေညာ အပြီးမှာ နှစ်ဖက်တိုက်ခိုက်မှု တွေအခုထက်အရှိန်မြင့်လာမှာကိုတော့ဒေသခံတွေကစိုးရိမ်နေကြပါတယ်။

BBC Burmese
https://www.bbc.com
နယ္ျခားေစာင့္ရဲကားတန္းကိုေအေအတိုက္၊ အရာရွိႀကီးတစ္ဦးအပါအဝင္ ၃ ဦးက်ဆုံး နယ္ျခားေစာင့္ရဲကားတန္းကိုေအေအတိုက္၊ အရာရွိႀကီးတစ္ဦးအပါအဝင္ ၃ ဦးက်ဆုံး Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.