ဆီဆိုင္မွာ ဓာတ္ေျမၾသဇာလာေရာက္ခိုးထည့္ထားတဲ့ႏြားစာခြက္ထဲကေရကို ေသာက္မိရာမွ ႏြား၁၅ ေကာင္ေသဆုံး

ဓါတ္ပုံ- ခြန္ေအာင္ေက်ာ္ဦး
(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ မတ္ ၂

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဆီဆိုင္ၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့မတ္လ ၁ရက္၊ မနက္ပိုင္းအခ်ိန္က လူတစ္ဦး၊ အဖြဲ႕(အမည္/ေနရပ္-စုံစမ္းဆဲ)မွ ဓါတ္ေျမၾသဇာလာေရာက္ခိုးထည့္ထားတဲ့ ႏြားစာခြက္ထဲကေရကို ေသာက္မိရာမွ ႏြား၁၅ေကာင္ ေသဆုံးမႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ဆီဆိုင္ၿမိဳ႕နယ္၊ လြယ္ပြတ္ေက်း႐ြာအုပ္စု၊ ေကာင္ေကေက်း႐ြာရွိ ဦးဘေ႐ႊရဲ႕ေနအိမ္အနီးရွိ ေရေလွာင္ကန္နဲ႔ ႏြားစာခြက္ထဲကို ပုလဲကြန္ေပါင္းဓါတ္ေျမၾသဇာေတြ လာေရာက္ထည့္ထားတာျဖစ္ၿပီး ႏြားစာခြက္ထဲရွိေရကိုေသာက္မိတဲ့ ႏြား၁၅ ေကာင္ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

ဓါတ္ပုံ- ခြန္ေအာင္ေက်ာ္ဦး

“ခုေလာေလာဆယ္ေတာ့ ရဲစခန္းကိုအေၾကာင္းမၾကားရေသးဘူး။ ေက်း႐ြာအုပ္ခ်ဳပ္ေရးကိုေတာ့ အေၾကာင္းၾကားထားတယ္။ ဘယ္လိုလူက ဒီလိုလုပ္တာလဲဆိုတာေတာ့မသိရဘူး။ ႏြားတစ္ေကာင္ကို ၈ သိန္းႏႈန္းနဲ႔ပ်မ္းမွ်တြက္အုံး ဆုံးရႈံးမႈကမနည္းပါဘူး။ ႏြားေသသြားလို႔ ေငြဆုံးတာထက္ မေသခင္ႏြားေတြေဝဒနာခံစားေနတာကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္ရတယ္။ ဆီဆိုင္က တိရိစာၦန္ဆရာ၀န္ကို အေၾကာင္းၾကားေပမဲ့ မမွီေတာ့ဘူး။ ႏြားစာခြက္ထဲမွာ ပုလဲေတြေတြ႕ေတာ့ ေလွာင္ကန္ကိုသြားၾကည့္တဲ့အခါ ကန္ထဲမွာလည္း ပုလဲေတြရွိေနေသးတာကိုေတြ႕ရတယ္”လို႔ ဦးဘေ႐ႊက ေျပာပါတယ္။

ဦးဘေ႐ႊရဲ႕ ႏြား၁၃ေကာင္က ႏြားစားခြက္ထဲရွိ ေရကို ကနဦးေသာက္မိခဲ့တာျဖစ္ၿပီး မြိဳးျဖားဝြိဳင္ရဲ႕ ႏြားတစ္ေကာင္၊ ေမာင္ထြန္းရဲ႕ႏြားတစ္ေကာင္တို႔ကလည္း ေသာက္သုံးမိခဲ့ရာမွ ႏြား၁၅ေကာင္လုံး ပါးစပ္မွ အျမႇပ္ထြက္ကာ လဲက်ေနတာကို ဦးဘေ႐ႊကေတြ႕ရွိခဲ့တဲ့အတြက္ တိရစာၦန္ဆရာဝန္ကို သြားေခၚလာခဲ့ေပမယ့္ တိရစာၦန္ဆရာဝန္ေရာက္လာတဲ့အခ်ိန္မွာ ႏြား၁၅ေကာင္လုံး ေသဆုံး‌ေနခဲ့တာ ျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပါတ္သက္ၿပီး ရဲစခန္းမွာအမႈဖြင့္တိုင္းၾကားျခင္းမရွိေပမယ့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ကို အေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္းနဲ႔ ကြန္ေပါင္းဓါတ္ေျမၾသဇာေတြ လာေရာက္ထည့္ထားသူကို စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္လ်က္ရွိတယ္လို႔လည္း ဦးဘေ႐ႊရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------
(Unicode)⤵⤵⤵
ဆီဆိုင်မှာ ဓာတ်မြေသြဇာလာရောက်ခိုးထည့်ထားတဲ့နွားစာခွက်ထဲကရေကို သောက်မိရာမှ နွား၁၅ ကောင်သေဆုံး

တောင်ကြီး၊ မတ် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ ပြီးခဲ့တဲ့မတ်လ ၁ရက်၊ မနက်ပိုင်းအချိန်က လူတစ်ဦး၊ အဖွဲ့(အမည်/နေရပ်-စုံစမ်းဆဲ)မှ ဓါတ်မြေသြဇာလာရောက်ခိုးထည့်ထားတဲ့ နွားစာခွက်ထဲကရေကို သောက်မိရာမှ နွား၁၅ကောင် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ကေကျေးရွာရှိ ဦးဘရွှေရဲ့နေအိမ်အနီးရှိ ရေလှောင်ကန်နဲ့ နွားစာခွက်ထဲကို ပုလဲကွန်ပေါင်းဓါတ်မြေသြဇာတွေ လာရောက်ထည့်ထားတာဖြစ်ပြီး နွားစာခွက်ထဲရှိရေကိုသောက်မိတဲ့ နွား၁၅ ကောင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ခုလောလောဆယ်တော့ ရဲစခန်းကိုအကြောင်းမကြားရသေးဘူး။ ကျေးရွာအုပ်ချုပ်ရေးကိုတော့ အကြောင်းကြားထားတယ်။ ဘယ်လိုလူက ဒီလိုလုပ်တာလဲဆိုတာတော့မသိရဘူး။ နွားတစ်ကောင်ကို ၈ သိန်းနှုန်းနဲ့ပျမ်းမျှတွက်အုံး ဆုံးရှုံးမှုကမနည်းပါဘူး။ နွားသေသွားလို့ ငွေဆုံးတာထက် မသေခင်နွားတွေဝေဒနာခံစားနေတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ဆီဆိုင်က တိရိစ္ဆာန်ဆရာဝန်ကို အကြောင်းကြားပေမဲ့ မမှီတော့ဘူး။ နွားစာခွက်ထဲမှာ ပုလဲတွေတွေ့တော့ လှောင်ကန်ကိုသွားကြည့်တဲ့အခါ ကန်ထဲမှာလည်း ပုလဲတွေရှိနေသေးတာကိုတွေ့ရတယ်”လို့ ဦးဘရွှေက ပြောပါတယ်။

ဦးဘရွှေရဲ့ နွား၁၃ကောင်က နွားစားခွက်ထဲရှိ ရေကို ကနဦးသောက်မိခဲ့တာဖြစ်ပြီး မွိုးဖြားဝွိုင်ရဲ့ နွားတစ်ကောင်၊ မောင်ထွန်းရဲ့နွားတစ်ကောင်တို့ကလည်း သောက်သုံးမိခဲ့ရာမှ နွား၁၅ကောင်လုံး ပါးစပ်မှ အမြှပ်ထွက်ကာ လဲကျနေတာကို ဦးဘရွှေကတွေ့ရှိခဲ့တဲ့အတွက် တိရစ္ဆာန်ဆရာဝန်ကို သွားခေါ်လာခဲ့ပေမယ့် တိရစ္ဆာန်ဆရာဝန်ရောက်လာတဲ့အချိန်မှာ နွား၁၅ကောင်လုံး သေဆုံး‌နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပါတ်သက်ပြီး ရဲစခန်းမှာအမှုဖွင့်တိုင်းကြားခြင်းမရှိပေမယ့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားထားပြီးဖြစ်ကြောင်းနဲ့ ကွန်ပေါင်းဓါတ်မြေသြဇာတွေ လာရောက်ထည့်ထားသူကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့လည်း ဦးဘရွှေရဲ့ပြောပြချက်အရ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ- ခွန်အောင်ကျော်ဦး
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဆီဆိုင္မွာ ဓာတ္ေျမၾသဇာလာေရာက္ခိုးထည့္ထားတဲ့ႏြားစာခြက္ထဲကေရကို ေသာက္မိရာမွ ႏြား၁၅ ေကာင္ေသဆုံး ဆီဆိုင္မွာ ဓာတ္ေျမၾသဇာလာေရာက္ခိုးထည့္ထားတဲ့ႏြားစာခြက္ထဲကေရကို ေသာက္မိရာမွ ႏြား၁၅ ေကာင္ေသဆုံး Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.