ကြတ္ခိုင္ၿမိဳ႕နယ္ က်ပ္သိန္း ၃၈ ဘီလီယံ မူးယစ္ေဆးဝါး ႏွင့္ ဆက္စပ္ပစၥည္း ပိုင္ရွင္မဲ့ သိမ္းဆည္းရ

(Zawgyi)⤵⤵⤵
မတ္ ၂၊၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ အတြင္း က်ပ္သိန္း ၃၈ ဘီလီယံ ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါး ဆက္စပ္ ပစၥည္းမ်ား ပိုင္ရွင္မဲ့ သိမ္းဆည္းရမိ ခဲ့ေၾကာင္း သတင္းရရွိသည္။

ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးေက်း႐ြာတြင္ ေဖေဖာ္ဝါရီ ၂၈ ရက္ ႏွင့္ ၂၉ ရက္ တြင္ က်ပ္သိန္း ၃၈ ဘီလီယံ ေက်ာ္ ရွိသည္မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ပစၥည္းမ်ားကို သိမ္းဆည္းရမိေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ မတ္ ၁ ရက္တြင္ ထုတ္ျပန္ထားသည္။

အဆိုပါ ပစၥည္းမ်ားမွာ ဂက္စ္ မီးဖို၊ ဓာတုေဆးရည္ဗူး၊ အက္ဆစ္မ်ား၊ ေဆးျပာ႐ိုက္စက္ မ်ားႏွင့္ စိတ္ႂကြေဆးမ်ားကို ပါ ဖမ္းဆီးရမိသည့္အျပင္ သယ္ယူပို႔ေဆာင္ရာတြင္ အသုံးျပဳသည့္ ယာဥ္မ်ားလည္း သိမ္းဆည္းရမိသည္။

ထို ဖမ္းဆီးရမိမ်ားကို သက္ဆိုင္ရာသို႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံသြားမည္ ျဖစ္ေၾကာင္း ႏွင့္ နယ္ေျမ လုံၿခဳံေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

ထို႔ျပင္ ေဖေဖာ္ဝါရီ ၂၉ ရက္တြင္လည္း သွ်မ္းျပ အေရွ႕ပိုင္း မိုင္းပန္ၿမိဳ႕နယ္ တာဆန္းတံတား ပူးေပါင္း စစ္ေဆးေရး ဂိတ္တြင္ လည္း စစ္ေဆးရာ က်ပ္သိန္း (၆၀၃၀)တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိေၾကာင္းသိရသည္။

Panglong(Burmese)
https://www.facebook.com/shannewsburmese
------------
(Unicode)⤵⤵⤵
ကွတ်ခိုင်မြို့နယ် ကျပ်သိန်း ၃၈ ဘီလီယံ မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်း ပိုင်ရှင်မဲ့ သိမ်းဆည်းရ

မတ် ၂၊၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ကျပ်သိန်း ၃၈ ဘီလီယံ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ဆက်စပ် ပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့ကြောင်း သတင်းရရှိသည်။

ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာတွင် ဖေဖော်ဝါရီ ၂၈ ရက် နှင့် ၂၉ ရက် တွင် ကျပ်သိန်း ၃၈ ဘီလီယံ ကျော် ရှိသည်မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မတ် ၁ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ပစ္စည်းများမှာ ဂက်စ် မီးဖို၊ ဓာတုဆေးရည်ဗူး၊ အက်ဆစ်များ၊ ဆေးပြာရိုက်စက် များနှင့် စိတ်ကြွဆေးများကို ပါ ဖမ်းဆီးရမိသည့်အပြင် သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်များလည်း သိမ်းဆည်းရမိသည်။

ထို ဖမ်းဆီးရမိများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း နှင့် နယ်မြေ လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၉ ရက်တွင်လည်း သျှမ်းပြ အရှေ့ပိုင်း မိုင်းပန်မြို့နယ် တာဆန်းတံတား ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် လည်း စစ်ဆေးရာ ကျပ်သိန်း (၆၀၃၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်းသိရသည်။

Panglong(Burmese)
https://www.facebook.com/shannewsburmese
ကြတ္ခိုင္ၿမိဳ႕နယ္ က်ပ္သိန္း ၃၈ ဘီလီယံ မူးယစ္ေဆးဝါး ႏွင့္ ဆက္စပ္ပစၥည္း ပိုင္ရွင္မဲ့ သိမ္းဆည္းရ ကြတ္ခိုင္ၿမိဳ႕နယ္ က်ပ္သိန္း ၃၈ ဘီလီယံ မူးယစ္ေဆးဝါး ႏွင့္ ဆက္စပ္ပစၥည္း ပိုင္ရွင္မဲ့ သိမ္းဆည္းရ Reviewed by THITHTOOLWIN on 18:40 Rating: 5
Powered by Blogger.