
(Zawgyi)⤵⤵⤵




မြတ်ထွဋ် (မြိတ်)
-------------
(Unicode)⤵⤵⤵
မြိတ်ခရိုင်အတွင်း ဆိုင်ကယ်ခိုးယူနေတဲ့ဂိုဏ်းအဖွဲ့ ခရိုင်မှုခင်းနှိမ်နင်းရေးဖွဲ့မှဖမ်းဆီး

မြိတ်ခရိုင်အတွင်း ဆိုင်ကယ်ခိုးယူနေတဲ့ဂိုဏ်းအဖွဲ့ ကို မတ်လ ၁ ရက်နေ့က ခရိုင်မှုခင်းနှိမ်နင်းရေးဖွဲ့မှဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။

တနင်္သာရီမြို့နယ်၊ချောင်းငယ်ရပ်မှာ ဒီနေ့နံနက်ပိုင်းက ဆိုင်ကယ်ခိုးယူထွက်ပြေးလာသူတွေကို မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်မျိုးမြင့်ရဲ့ညွှန်ကြားချက်နဲ့ ခရိုင်မှုခင်းနှိမ်နင်းရေးဖွဲ့က နယ်မြေရဲအဖွဲ့နဲ့ချိတ်ဆက်စုံစမ်းရာ စန္ဒဝတ်ကျေးရွာအုပ်စု ၊ ရွှေဒူးကျေးရွာ ၊ မြိတ်-တနင်္သာရီကားလမ်းဘေး ဆုတောင်းပြည့်စေတီအနီးမှာ ဆိုင်ကယ်စီးနင်းလာတဲ့ မသင်္ကာအမျိုးသား ၂ ဦးကိုရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်နဲ့ပတ်သက်တဲ့ ပိုင်ဆိုင်ကြောင်းအထောက်အထားမပြနိုင်တာကြောင့် ထပ်မံစစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူလာကြောင်းထွက်ဆိုခဲ့ပြီး ထပ်မံစစ်ဆေးချက်အရ နောက်ထပ်အဖွဲ့ဝင် ၂ ဦးကို ပုလောမြို့နယ်ရဲမှူးနှင့်ချိတ်ဆက်၍ ပုလောမြို့အဝင်မှာ ဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။

ဆိုင်ကယ်ခိုးယူတဲ့ ဂိုဏ်းအဖွဲ့တွင် ၄ ဦးရှိပြီး ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နေသူများဖြစ်ကြောင်းသိရပါတယ်။ ခိုးယူရရှိတဲ့ဆိုင်ကယ်တွေကို ရန်ကုန်သို့မောင်းနှင်ထွက်ပြေးကြောင်းသိရပါတယ်။

ဆိုင်ကယ်ခိုးယူသူများဖြစ်တဲ့ မင်းပိုင်ဦး(လှိုင်သာယာ)၊ မြတ်သူရ(လှိုင်သာယာ)၊ ထွန်းလင်းအောင်(လှိုင်သာယာ)၊ ငြိမ်းချမ်းထွေး(လှိုင်သာယာ)၊ တို့ကို မြိတ်မြို့မရဲစခန်းမှာ နောက်ဆက်တွဲပြစ်မှုရှိ/မရှိ စစ်ဆေးနေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294/?epa=SEARCH_BOX
မြိတ်ခရိုင်အတွင်း ဆိုင်ကယ်ခိုးယူနေတဲ့ဂိုဏ်းအဖွဲ့ ခရိုင်မှုခင်းနှိမ်နင်းရေးဖွဲ့မှဖမ်းဆီး မြိတ်ခရိုင်အတွင်း ဆိုင်ကယ်ခိုးယူနေတဲ့ဂိုဏ်းအဖွဲ့ ခရိုင်မှုခင်းနှိမ်နင်းရေးဖွဲ့မှဖမ်းဆီး Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.