ကုိရီးယားျပန္ ထုိင္းႏုိင္ငံသားေတြေၾကာင့္ ကုိ႐ုိနာဗုိင္းရပ္စ္ကူးမွာ စုိးရိမ္

ခ်င္းမိုင္ၿမိဳ႕အတြင္း mask တပ္ထားသည့္ ေဒသခံတေယာက္ကို ေတြ႔ရစဥ္

(Zawgyi/Unicode)

ေတာင္ကုိရီးယားႏို္င္ငံကေန ထုိင္းႏုိ္င္ငံကုိ ဗီဇာရက္လြန္ၿပီး ဒီရက္ပုိင္းအတြင္းျပန္လာခြင့္ရိွတဲ့ သူေတြထဲကတခ်ိဳ ့ဟာ ကိုရိုနာဗိုင္းရပ္စ္ေစာင္ၾကည့္စစ္ေဆးတဲ့ ကာလ ၁၄ရက္ အတြင္းအိမ္မွာ မေနပဲ ခ်င္းမိုင္၊ ခ်င္းရိုင္ခရိုင္ေတြကုိ သြားလည္ပတ္ခဲ့တာေၾကာင့္ သူတို႕ သြားလာခဲ့တဲ့ေနရာေတြက ေစ်းဆိုင္ေတြ ပိတ္ရသလို သူတို႔ လည္ပတ္ခဲ့တဲ့ ခ်င္းရိုင္ခရိုင္ ထိုင္း- ျမန္မာနယ္စပ္ေတြအထိ ပိုးသတ္ေဆးဖ်န္းတာေတြကုိ ထိုင္းအာဏာပိုင္ေတြက အေရးတႀကီးလုပ္ေဆာင္ေနရပါတယ္။

ခ်င္းမိုင္၊ ခ်င္းရိုင္ေတြမွာ ေရႊ႕ေျပာင္းအလုပ္သမားေတြ သိန္းနဲ႔ ခ်ီရွိတာေၾကာင့္ ဒီခရိုင္ေတြမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏို္င္ငံသားမ်ားလည္း ဒီသတင္းေၾကာင့္ စုိးရိမ္မူေတြ တိုးလာေနပါတယ္။ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထားပါတယ္။

ကမၻာတ၀ွမ္းလံုးမွာ ကုိရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံပြားမူေတြ တုိးလာေနတာေၾကာင့္ ေတာင္ကုိရီးယားမွာ ခိုး၀င္ေနထုိင္ေနတဲ့ ထိုင္းႏို္င္ငံသား၅ေထာင္ေက်ာ္ ေလာက္ဟာ ဒီဇင္ဘာလက စတင္ျပီး မတ္လအတြင္း ေနရပ္ျပန္လာေနတာပါ။ ကူးစက္ျပန္ပြားႏွံဳးျမင့္လာေနတဲ့ ေတာင္ကိုရီးယား နိုင္ငံမွာ ဗီဇာ သက္တမ္းေက်ာ္ေပမယ့္ ေနရပ္မျပန္ပဲ အလုပ္ခိုးလုပ္ေနသူေတြဟာ အဖမ္းဆီး မလုပ္ဘူးဆိုတာေၾကာင့္ ေဖေဖၚ၀ါရီလထဲမွာ အမ်ားဆံုးျပန္လာေနၾကပါတယ္။

မတ္လအတြင္း မွာပဲထိုင္းနိုင္ငံ သံရံုး အလုပ္သမားတာ၀န္ခံ Yuda Chaem chansri က အသက္ ၂၇ ႏွစ္အရြယ္ ဗီဇာသက္တမ္းကုန္ေနတဲ့ ထိုင္းနိုင္ငံသူ တစ္ဦးဟာ ေရာဂါပိုးရွိေနေၾကာင္း သတင္းပို ့ ခဲ့ျပီးတဲ့ေနာက္ ထိုင္းနိုင္ငံကို ျပန္ေရာက္ရွိလာသူေတြထဲမွာ ေရာဂါကူးစက္သူေတြပါလာမွာ စိုရိမ္မႈေတြ တိုးလာတာေၾကာင့္စစ္ေဆးမူေတြ ပုိလုပ္လာပါတယ္။

ထိုင္္း-ျမန္မာနယ္စပ္မွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရး အရွိန္ျမွင့္လုပ္ေဆာင္ေနတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ကိုရီးယားက ျပန္လာတဲ့သူေတြထဲက ဖ်ားနာေနသူေတြကို ေရာဂါတိုက္ဖ်က္ေရးေဆးရံုေတြမွာ ေဆးစစ္ဖို ့ ေခၚေဆာင္ျပီး အဖ်ားမရွိတဲ့သူေတြကိုေတာ့ ၁၄ရက္ အိမ္ထဲမွာ ေနထိုင္ျပီး ေရာဂါပိုး လကၡဏာ ေစာင့္ၾကည့္ဖို ့ ထိုင္းအစိုးရက ထုတ္ျပန္ထားတာပါ။

ခုလို ထုတ္ျပန္ထားတာကို ဖီႏီြဳင့္ လို႕ ေခၚတဲ့ ဗီဇာသက္တမ္းေက်ာ္ျပီး ျပန္လာသူေတြက မလိုက္နာပဲ တစ္နိုင္ငံလံုး ေလွ်ာက္လည္တာ ကာရာအိုေကသြားတာ ကုန္တိုက္ေတြသြားတာ၊ ပင္လယ္ အေပ်ာ္ခရီးထြက္တဲ့ ဆဲလ္ဖီ ပံုေတြကုိ သူတို ့ ေဖ့ဘုတ္ေတြမွာတင္ ေနၾကပါတယ္။အခုလိုမ်ိဳး လႊတ္ေပးထားရင္ အစုိးရအေနနဲ႔ ေရာဂါပိုး ထိန္းခ်ဳပ္ရမွာ ပိုခက္လာလိမ့္လို ့ လူမူကြန္ယက္ေတြက ေနသတိေပးခဲ့ပါတယ္။ ဒီရက္ပုိင္းအတြင္းမွာ ခ်င္းမို္င္၊ ခ်င္းရိုင္ခရိုင္ သြားေရာက္လည္ပတ္တဲ့ ကုိရီးယား ျပန္အုပ္စုရွိတာေၾကာင့္ သူတို႔ လိုက္လံရွာေဖြ စစ္ေဆးေနပါျပီ။

ဒီအတြက္ ခ်င္းမိုင္၊ ခ်င္းရိုင္ေတြမွာ ေနထုိင္တဲ့အလုပ္လုပ္ေနတဲ့ ရွမ္းႏြယ္ဖြား ျမန္မာျပည္သားေတြ မွာလည္း စုိးရိမ္မူေတြရွိေနတယ္လို ့အိမ္အလုပ္လုပ္ကိုင္ေနတဲ့ နမ္းခမ္းက ေျပာျပပါတယ္။

“ ခ်င္းမုိင္မွာ သူတို႕ အဖဲြနဲ႕လာျပီး မူကထ လာစားတာ။ အဲဒီဆိုင္က မသိလို႔ ။ အဲဒီ မူကထဆိုင္ (အသားကင္စားတဲ့ဆိုင္)ကလည္း တရက္ပိတ္ၿပီး သန္႔ရွင္းေရးလုပ္တယ္။ အဲဒီတေယာက္ကိုလည္း ဖမ္းေနတယ္။ အဲဒီတေယာက္က လာၿပီးေတာ့မွ သူဘာမွမျဖစ္ပါဘူး သူကုိယ္သူယံုႀကည္တယ္ေပါ့ ။ အမွန္က ႏိုင္ငံျခားက ျပန္လာျပီး အိမ္ထဲအိမ္ျပင္မထြက္ရဘူး၁၄ရက္ေန့ရမယ္ဆုိတာသူက ဂရုမစိုက္ဘူးသူဘာမွ မျဖစ္ဘူးလုပ္ေနတာ ။ သူလိုက္စားတဲ့ဆိုင္တိုုင္း အခု အားလံုး လိုက္ပိတ္ေနရတယ္ သူလုပ္ပံုနဲ႔ အကုန္လံုးေၾကာက္ေနရတယ္ ခ်င္းမိုင္မွာ။”

အခုအခါမွာေတာ့ ရွမ္းေတြၾကားမွာ မ်က္ႏွားဖံုးတပ္ဖို႕ ပညာေပးလုပ္ငန္းေတြကို ဆက္တိုက္ လုပ္ေနေၾကာင္း ရွမ္းသတင္းစဥ္ရဲ႕ အယ္ဒီတာဦးစိုင္းမိန္းကလည္း ေျပာပါတယ္

“ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ MAP ေဖာင္ေဒးရွင္း ဆိုတာရွိတယ္ အဲဒီရဲ႕ အသံလြင့္ရံုမွာနဲ႔ က်ေနာ္တို႔ ရွမ္းသံေတာ္ဆင့္ အသံလြင့္ရံုေတြကေန က်ေနာ္တို႔ ပညာေပးတယ္ ။ အဓိက ေရာဂါပိုး ကာကြယ္တဲ့ ပါးစပ္ပိတ္တဲ့Mask ေတြတပ္ဖို႔ ပညာေပးတယ္။”

ေတာင္ကုိရီးယားက ျပန္လာတဲ့ ထုိင္းႏိုင္ငံသားေတြ လည္ပတ္ခဲ့တဲ့ ဘန္ေကာက္က Mall ကုန္တိုက္ႀကီး လည္းယာယီပိတ္ျပီး ပိုးသတ္ ေဆးဖ်န္းေနရသလို ခ်င္းမိုင္းက ရုပ္ရွင္ရံုေတြ မူကထ (အသားကင္)စားေသာက္ဆိုင္ေတြနဲ ့ ထိုင္း- ျမန္မာနယ္စပ္က မဲဆိုင္တၿမိဳ ႔လံုး ခ်စ္ၾကည္ေရးတံတား အထိ ပိုးသတ္ေဆးေတြဖ်န္းေနျပီျဖစ္ပါတယ္။

.....................

ကိုရီးယားပြန် ထိုင်းနိုင်ငံသားတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးမှာ စိုးရိမ်

(Unicode)

တောင်ကိုရီးယားနိုင်ငံကနေ ထိုင်းနိုင်ငံကို ဗီဇာရက်လွန်ပြီး ဒီရက်ပိုင်းအတွင်းပြန်လာခွင့်ရှိတဲ့ သူတွေထဲကတချို့ဟာ ကိုရိုနာဗိုင်းရပ်စ်စောင်ကြည့်စစ်ဆေးတဲ့ ကာလ ၁၄ရက် အတွင်းအိမ်မှာ မနေပဲ ချင်းမိုင်၊ ချင်းရိုင်ခရိုင်တွေကို သွားလည်ပတ်ခဲ့တာကြောင့် သူတို့ သွားလာခဲ့တဲ့နေရာတွေက ဈေးဆိုင်တွေ ပိတ်ရသလို သူတို့ လည်ပတ်ခဲ့တဲ့ ချင်းရိုင်ခရိုင် ထိုင်း- မြန်မာနယ်စပ်တွေအထိ ပိုးသတ်ဆေးဖျန်းတာတွေကို ထိုင်းအာဏာပိုင်တွေက အရေးတကြီးလုပ်ဆောင်နေရပါတယ်။ ချင်းမိုင်၊ ချင်းရိုင်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ သိန်းနဲ့ ချီရှိတာကြောင့် ဒီခရိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများလည်း ဒီသတင်းကြောင့် စိုးရိမ်မူတွေ တိုးလာနေပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကမ္ဘာတဝှမ်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံပွားမူတွေ တိုးလာနေတာကြောင့် တောင်ကိုရီးယားမှာ ခိုးဝင်နေထိုင်နေတဲ့ ထိုင်းနိုင်ငံသား၅ထောင်ကျော် လောက်ဟာ ဒီဇင်ဘာလက စတင်ပြီး မတ်လအတွင်း နေရပ်ပြန်လာနေတာပါ။ ကူးစက်ပြန်ပွားနှုံးမြင့်လာနေတဲ့ တောင်ကိုရီးယား နိုင်ငံမှာ ဗီဇာ သက်တမ်းကျော်ပေမယ့် နေရပ်မပြန်ပဲ အလုပ်ခိုးလုပ်နေသူတွေဟာ အဖမ်းဆီး မလုပ်ဘူးဆိုတာကြောင့် ဖေဖေါ်ဝါရီလထဲမှာ အများဆုံးပြန်လာနေကြပါတယ်။

မတ်လအတွင်း မှာပဲထိုင်းနိုင်ငံ သံရုံး အလုပ်သမားတာဝန်ခံ Yuda Chaem chansri က အသက် ၂၇ နှစ်အရွယ် ဗီဇာသက်တမ်းကုန်နေတဲ့ ထိုင်းနိုင်ငံသူ တစ်ဦးဟာ ရောဂါပိုးရှိနေကြောင်း သတင်းပို့ ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံကို ပြန်ရောက်ရှိလာသူတွေထဲမှာ ရောဂါကူးစက်သူတွေပါလာမှာ စိုရိမ်မှုတွေ တိုးလာတာကြောင့်စစ်ဆေးမူတွေ ပိုလုပ်လာပါတယ်။

ကိုရီးယားက ပြန်လာတဲ့သူတွေထဲက ဖျားနာနေသူတွေကို ရောဂါတိုက်ဖျက်ရေးဆေးရုံတွေမှာ ဆေးစစ်ဖို့ ခေါ်ဆောင်ပြီး အဖျားမရှိတဲ့သူတွေကိုတော့ ၁၄ရက် အိမ်ထဲမှာ နေထိုင်ပြီး ရောဂါပိုး လက္ခဏာ စောင့်ကြည့်ဖို့ ထိုင်းအစိုးရက ထုတ်ပြန်ထားတာပါ။

ထိုင်း-မြန်မာနယ်စပ်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အရှိန်မြှင့်လုပ်ဆောင်နေတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ခုလို ထုတ်ပြန်ထားတာကို ဖီနွီုင့် လို့ ခေါ်တဲ့ ဗီဇာသက်တမ်းကျော်ပြီး ပြန်လာသူတွေက မလိုက်နာပဲ တစ်နိုင်ငံလုံး လျှောက်လည်တာ ကာရာအိုကေသွားတာ ကုန်တိုက်တွေသွားတာ၊ ပင်လယ် အပျော်ခရီးထွက်တဲ့ ဆဲလ်ဖီ ပုံတွေကို သူတို့ ဖေ့ဘုတ်တွေမှာတင် နေကြပါတယ်။အခုလိုမျိုး လွှတ်ပေးထားရင် အစိုးရအနေနဲ့ ရောဂါပိုး ထိန်းချုပ်ရမှာ ပိုခက်လာလိမ့်လို့ လူမူကွန်ယက်တွေက နေသတိပေးခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ချင်းမိုင်၊ ချင်းရိုင်ခရိုင် သွားရောက်လည်ပတ်တဲ့ ကိုရီးယား ပြန်အုပ်စုရှိတာကြောင့် သူတို့ လိုက်လံရှာဖွေ စစ်ဆေးနေပါပြီ။

ဒီအတွက် ချင်းမိုင်၊ ချင်းရိုင်တွေမှာ နေထိုင်တဲ့အလုပ်လုပ်နေတဲ့ ရှမ်းနွယ်ဖွား မြန်မာပြည်သားတွေ မှာလည်း စိုးရိမ်မူတွေရှိနေတယ်လို့အိမ်အလုပ်လုပ်ကိုင်နေတဲ့ နမ်းခမ်းက ပြောပြပါတယ်။

“ ချင်းမိုင်မှာ သူတို့ အဖွဲနဲ့လာပြီး မူကထ လာစားတာ။ အဲဒီဆိုင်က မသိလို့ ။ အဲဒီ မူကထဆိုင် (အသားကင်စားတဲ့ဆိုင်)ကလည်း တရက်ပိတ်ပြီး သန့်ရှင်းရေးလုပ်တယ်။ အဲဒီတယောက်ကိုလည်း ဖမ်းနေတယ်။ အဲဒီတယောက်က လာပြီးတော့မှ သူဘာမှမဖြစ်ပါဘူး သူကိုယ်သူယုံကြည်တယ်ပေါ့ ။ အမှန်က နိုင်ငံခြားက ပြန်လာပြီး အိမ်ထဲအိမ်ပြင်မထွက်ရဘူး၁၄ရက်နေ့ရမယ်ဆိုတာသူက ဂရုမစိုက်ဘူးသူဘာမှ မဖြစ်ဘူးလုပ်နေတာ ။ သူလိုက်စားတဲ့ဆိုင်တိုင်း အခု အားလုံး လိုက်ပိတ်နေရတယ် သူလုပ်ပုံနဲ့ အကုန်လုံးကြောက်နေရတယ် ချင်းမိုင်မှာ။”

အခုအခါမှာတော့ ရှမ်းတွေကြားမှာ မျက်နှားဖုံးတပ်ဖို့ ပညာပေးလုပ်ငန်းတွေကို ဆက်တိုက် လုပ်နေကြောင်း ရှမ်းသတင်းစဉ်ရဲ့ အယ်ဒီတာဦးစိုင်းမိန်းကလည်း ပြောပါတယ်

“ရွှေ့ပြောင်းအလုပ်သမားတွေအတွက် MAP ဖောင်ဒေးရှင်း ဆိုတာရှိတယ် အဲဒီရဲ့ အသံလွင့်ရုံမှာနဲ့ ကျနော်တို့ ရှမ်းသံတော်ဆင့် အသံလွင့်ရုံတွေကနေ ကျနော်တို့ ပညာပေးတယ် ။ အဓိက ရောဂါပိုး ကာကွယ်တဲ့ ပါးစပ်ပိတ်တဲ့Mask တွေတပ်ဖို့ ပညာပေးတယ်။”

တောင်ကိုရီးယားက ပြန်လာတဲ့ ထိုင်းနိုင်ငံသားတွေ လည်ပတ်ခဲ့တဲ့ ဘန်ကောက်က Mall ကုန်တိုက်ကြီး လည်းယာယီပိတ်ပြီး ပိုးသတ် ဆေးဖျန်းနေရသလို ချင်းမိုင်းက ရုပ်ရှင်ရုံတွေ မူကထ (အသားကင်)စားသောက်ဆိုင်တွေနဲ့ ထိုင်း- မြန်မာနယ်စပ်က မဲဆိုင်တမြို့လုံး ချစ်ကြည်ရေးတံတား အထိ ပိုးသတ်ဆေးတွေဖျန်းနေပြီဖြစ်ပါတယ်။

ေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
ကုိရီးယားျပန္ ထုိင္းႏုိင္ငံသားေတြေၾကာင့္ ကုိ႐ုိနာဗုိင္းရပ္စ္ကူးမွာ စုိးရိမ္ ကုိရီးယားျပန္ ထုိင္းႏုိင္ငံသားေတြေၾကာင့္ ကုိ႐ုိနာဗုိင္းရပ္စ္ကူးမွာ စုိးရိမ္ Reviewed by THITHTOOLWIN on 15:21 Rating: 5
Powered by Blogger.