အတိုင္ပင္ခံပုဂၢိဳလ္ ဒီပဲယင္း သြားဖို႔ စီစဥ္ေန

(Zawgyi)⤵⤵⤵
 ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ လာမယ့္အပတ္အတြင္း စစ္ကိုင္းတိုင္းက ေ႐ႊဘိုနဲ႔ ဒီပဲယင္းၿမိဳ႕နယ္ေတြကို သြားေရာက္ၿပီး လူထုနဲ႔ ေတြ႕ဆုံဖို႔ စီစဥ္ေနပါတယ္။

စစ္ကိုင္းတိုင္း၊ စီမံဘ႑ာဝန္ႀကီး ဦးစိုးဦးက အတိုင္ပင္ခံပုဂၢိဳလ္ ခရီးစဥ္ရွိတာမွန္ေပမယ့္ ရက္အနီးကပ္မွ ေျပာင္းလဲသြားတာေတြရွိတတ္လို႔ အေသးစိတ္ေျပာလို႔မရေသးဘူးလို႔ RFA ကို ဒီေန႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၀၃ ခုႏွစ္ ေမလ ၃၀ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ NLD ပါတီဝင္ေတြဟာ မႏၲေလး-မုံ႐ြာ ခရီးစဥ္မွာ ဒီပဲယင္းၿမိဳ႕နယ္၊ က်ည္႐ြာအေရာက္မွာ ေထာင္နဲ႔ခ်ီတဲ့ လူအုပ္စုတစ္စုရဲ႕ တိုက္ခိုက္မႈကို ခံခဲ့ရပါတယ္။

အဲဒီျဖစ္စဥ္မွာ NLD ပါတီဝင္ေတြနဲ႔ ေဒသခံ ၇၀ ေက်ာ္ေလာက္ ေသဆုံးခဲ့ရလို႔ ဒီပဲယင္းအေရးအခင္းဆိုၿပီး ႏွစ္စဥ္ ေမလ ၃၀ ရက္ေန႔မွာ ေအာက္ေမ့ဖြယ္အခမ္းအနား က်င္းပေလ့ရွိပါတယ္။

ဒီခရီးဟာ အတိုင္ပင္ခံပုဂၢိဳလ္ အစိုးရတာဝန္ယူၿပီးေနာက္ပိုင္း ဒါ ပထမဆုံးအႀကိမ္ သြားမွာျဖစ္ပါတယ္။ လာမယ့္ ေမလ ၃၀ ရက္ေန႔ဆိုရင္ ဒီပဲယင္းအေရးအခင္းလည္း ၁၇ ႏွစ္ျပည့္ေတာ့မွာပါ။

အတိုင္ပင္ခံဟာ စစ္ကိုင္းခရီးစဥ္နဲ႔ တဆက္တည္းမွာပဲ ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕ကို သြားေရာက္ဖို႔ လ်ာထားေပမယ့္ မေသခ်ာေတာ့ဘူးလို႔ ဒီေန႔မွာပဲ ဝန္ႀကီးခ်ဳပ္က အစိုးရအဖြဲ႕ဝင္၊ ဝန္ႀကီးေတြကို အသိေပးလိုက္ပါတယ္။

ၿပီးခဲ့တဲ့လပိုင္းေတြမွာလည္း အတိုင္ပင္ခံပုဂၢိဳလ္ဟာ ရွမ္းျပည္နယ္က ေတာင္ႀကီး၊ ပင္လုံ၊ ခ်င္းျပည္နယ္က တြန္းဇံ၊ ထန္တလန္၊ ကရင္ျပည္နယ္က လႈိင္းဘြဲ႕၊ ျမဝတီ၊ ေကာ့ကရိတ္နဲ႔ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ေတြကိုသြားၿပီး လူထုနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/
-----------
(Unicode)⤵⤵⤵
အတိုင်ပင်ခံပုဂ္ဂိုလ် ဒီပဲယင်း သွားဖို့ စီစဉ်နေ

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်အပတ်အတွင်း စစ်ကိုင်းတိုင်းက ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်တွေကို သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

စစ်ကိုင်းတိုင်း၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးက အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်ရှိတာမှန်ပေမယ့် ရက်အနီးကပ်မှ ပြောင်းလဲသွားတာတွေရှိတတ်လို့ အသေးစိတ်ပြောလို့မရသေးဘူးလို့ RFA ကို ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဝင်တွေဟာ မန္တလေး-မုံရွာ ခရီးစဉ်မှာ ဒီပဲယင်းမြို့နယ်၊ ကျည်ရွာအရောက်မှာ ထောင်နဲ့ချီတဲ့ လူအုပ်စုတစ်စုရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာ NLD ပါတီဝင်တွေနဲ့ ဒေသခံ ၇၀ ကျော်လောက် သေဆုံးခဲ့ရလို့ ဒီပဲယင်းအရေးအခင်းဆိုပြီး နှစ်စဉ် မေလ ၃၀ ရက်နေ့မှာ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပလေ့ရှိပါတယ်။

ဒီခရီးဟာ အတိုင်ပင်ခံပုဂ္ဂိုလ် အစိုးရတာဝန်ယူပြီးနောက်ပိုင်း ဒါ ပထမဆုံးအကြိမ် သွားမှာဖြစ်ပါတယ်။ လာမယ့် မေလ ၃၀ ရက်နေ့ဆိုရင် ဒီပဲယင်းအရေးအခင်းလည်း ၁၇ နှစ်ပြည့်တော့မှာပါ။

အတိုင်ပင်ခံဟာ စစ်ကိုင်းခရီးစဉ်နဲ့ တဆက်တည်းမှာပဲ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သွားရောက်ဖို့ လျာထားပေမယ့် မသေချာတော့ဘူးလို့ ဒီနေ့မှာပဲ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးတွေကို အသိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေမှာလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရှမ်းပြည်နယ်က တောင်ကြီး၊ ပင်လုံ၊ ချင်းပြည်နယ်က တွန်းဇံ၊ ထန်တလန်၊ ကရင်ပြည်နယ်က လှိုင်းဘွဲ့၊ မြဝတီ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေကိုသွားပြီး လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အတိုင္ပင္ခံပုဂၢိဳလ္ ဒီပဲယင္း သြားဖို႔ စီစဥ္ေန အတိုင္ပင္ခံပုဂၢိဳလ္ ဒီပဲယင္း သြားဖို႔ စီစဥ္ေန Reviewed by THITHTOOLWIN on 15:17 Rating: 5
Powered by Blogger.