ကို႐ိုနာဗိုင္းရပ္စ္-ဟိုတယ္ခရီးေလေၾကာင္းလိုင္းအပါအဝင္ ျမန္မာ့ စီးပြားေရး အထိနာစျပဳ

လူစုလူေဝးနဲ႔ပြဲလမ္းသဘင္ေတြအတြက္ စည္းကမ္းေတြထုတ္ေတာ့မယ္လို႔ အစိုးရကေျပာပါတယ္။
(Zawgyi)⤵⤵⤵
ကမာၻ႔ကပ္ေရာဂါလို႔ WHO က ေၾကညာလိုက္တဲ့အတြက္ လုပ္ေဆာင္စရာရွိတာေတြ ဆက္လုပ္မယ္လို႔ ျမန္မာအစိုးရက မတ္ ၁၂ ရက္မွာ သတင္းထုတ္ျပန္ပါတယ္။

ကပ္ေရာဂါဆိုတာက ေနရာေဒသစုံမွာ လူလူခ်င္း အလြယ္တကူနဲ႔ အဆက္မျပတ္ ကူးစက္ႏိုင္ၿပီး ေရာဂါရဲ႕ ျပင္းထန္မႈထက္ ေရာဂါပ်ံ႕ႏွံ႔မႈက လ်င္လ်င္ ျမန္ျမန္နဲ႔ ကူးစက္ႏိုင္တဲ့အေျခအေနကို ရည္႐ြယ္ပါတယ္။

အဲဒီလိုေၾကညာၿပီးေနာက္တစ္ရက္မွာပဲ ျမန္မာႏိုင္ငံမွာ လူစုလူေဝးလုပ္တဲ့ကိစၥေတြကို အစိုးရက စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ေတာ့မယ္လို႔ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔မတ္လ ၁၂ က ျပဳလုပ္တဲ့ ၿငိမ္းခ်မ္းေရးဆိုင္ရာအစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

ကပ္ေရာဂါလို႔သတ္မွတ္ေၾကညာလိုက္တာက ဒီထက္ပိုၿပီး ဂ႐ုစိုက္ၾကဖို႔၊ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအရွိန္ျမႇင့္ဖို႔ အခ်က္ေပးေခါင္းေလာင္းထိုးလိုက္တဲ့သေဘာျဖစ္တယ္ဆိုတာ WHO ရဲ႕ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားတယ္လို႔ ဗဟိုကူးစက္ေရာဂါဌာနခြဲက ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

အခုလို ကပ္ေဘးလို႔သတ္မွတ္ၿပီးတဲ့ေနာက္ ျမန္မာႏိုင္ငံမွာ တျခား ေရာဂါကူးစက္မႈျပင္းထန္ေနတဲ့ ႏိုင္ငံတခ်ိဳ႕လို ဒီေရာဂါေတြ႕ခဲ့လို႔ လူနာေတြ ၿပဳံက်လာတဲ့အေျခအေနမ်ိဳးအတြက္ ေဆး႐ုံ ရွစ္႐ုံ ျပင္ဆင္ထားတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

"ေဆး႐ုံႀကီးေတြေရာ၊ ေဆး႐ုံငယ္ေလးေတြေရာ အကုန္ျပင္ထားပါတယ္။ ျမန္မာမွာေဆး႐ုံက ၁၃၅၀ ေက်ာ္ေလာက္ရွိတယ္။ အဲဒီမွာ ျပဳစုကုသဖို႔ လိုအပ္တဲ့ပစၥည္းပစၥယေတြ ထားရွိၿပီးျဖစ္ပါတယ္။ တ႐ုတ္ျပင္ပ အီတလီလို အီရန္လို၊ ေတာင္ကိုရီးယားလို ျဖစ္သြားႏိုင္လားဆိုေတာေတာ့ ဒါကေတာ့ မေျပာႏိုင္ပါဘူး။ ဒါေပမဲ့ ကြၽန္မတို႔ကေတာ့ ကြၽန္မတို႔ အတိုင္းအတာနဲ႔ အကုန္ျပင္ဆင္ထားပါတယ္။ သက္ဆိုင္ရာ WHO ရဲ႕ ပံ့ပိုးမႈ၊ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ ပံ့ပိုးမႈနဲ႔ တိုးခ်ဲ႕လုပ္ဖို႔ရွိပါတယ္" လို႔ သူကေျပာပါတယ္။

လူနာေတြကို ထိေတြ႕ကုသေပးတဲ့ေနရာမွာ က်န္းမာေရးဝန္ထမ္းေတြအတြက္ ေရာဂါ ကာကြယ္ေရးဝတ္စုံေတြ ရွိၿပီး N 95 ႏွာေခါင္းစည္းေတြဆိုရင္ေတာ့ ဌာနတြင္း လွည့္လည္သုံးႏိုင္တဲ့အေျခအေနမွာရွိတယ္လို႔ သူက ဆက္ေျပာပါတယ္။

"ဥပမာ တီဘီအတြက္ သုံးတဲ့ N95 Mask ေတြဆို ဖလွယ္ၿပီးသုံးလို႔ရပါတယ္။ ကြၽန္မတို႔မွာ ေရာဂါကာကြယ္ေရးပစၥည္းပစၥယေတြ ဘယ္ေလာက္ရွိတယ္ဆိုတာ ဝန္ႀကီးဌာနက တရားဝင္ဇယားနဲ႔ ထုတ္ျပန္ထားတာရွိပါတယ္" လို႔ ဆိုပါတယ္။

ေရာဂါျဖစ္ပြားမႈ ျပင္းထန္ေနတဲ့ ႏိုင္ငံတခ်ိဳ႕မွာ က်န္းမာေရးဝန္ထမ္းေတြမလုံေလာက္ရင္ အၿငိမ္းစားက်န္းမာေရးဝန္ထမ္းေတြျပန္ေခၚၿပီးလုပ္အားေပးတာမ်ိဳး ျမန္မာႏိုင္ငံမွာ လုပ္ေဆာင္ဖို႔ စီစဥ္ထားတာဆိုတာကေတာ့ ခုခ်ိန္မွာမလိုအပ္ေသးဘူးလို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ႏွာေခါင္းစည္းအပါအဝင္ လူထုအတြက္ အေျခခံက်တဲ့ ေရာဂါကာကြယ္ေရးပစၥည္းေတြ မျပတ္လပ္ဖို႔ ဘာေတြစီစဥ္ထားလဲဆိုတာနဲ႔ပတ္သက္ၿပီး သူက"တကယ္တမ္း ႏွာေခါင္းစည္း သုံးရမယ့္အေျခအေနက WHO ကိုယ္တိုင္ေျပာထားတာ သုံးမ်ိဳးပဲရွိပါတယ္။ ကိုယ္တိုင္ႏွာေစးေခ်ာင္းဆိုးမယ္။ သူ႔ကိုျပဳစုကုသေနတဲ့ မိသားစုနဲ႔ က်န္းမာေရးဝန္ထမ္းေတြ တပ္ဖို႔လိုမယ္။ ဒီလိုအေျခအေနကလြဲလို႔ သာမန္လူေတြအေနနဲ႔ Mask ကိုတပ္ဖို႔မလိုဘူးလို႔ WHO ကေျပာၾကားထားပါတယ္။ အဲဒီေတာ့ ႏိုင္ငံထဲမွာ mask ျပတ္လပ္တာ က်န္းမာေရးဝန္ႀကီးဌာနတစ္ခုတည္းရဲ႕ တာဝန္မဟုတ္ပါဘူး။ ေျပာရရင္ mask ထက္ပိုအေရးႀကီးတဲ့ ေရာဂါကာကြယ္ေရးလုပ္ရမယ့္အလုပ္ထဲမွာ mask မပါပါဘူး။ လူက သာမန္အေျခအေနမွာေတာင္ မ်က္ႏွာကို ၃၂ ခါေလာက္ ထိကိုင္ေနတာ။ mask ကိုမွန္မွန္ကန္ကန္မတပ္ဘူးဆို ဘာမွမထူးဘူး" လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ဒါေၾကာင့္ ဒီလိုအေျခအေနမွာ သၾကၤန္ လူစုလူေဝးပြဲလမ္းသဘင္ေတြမျပဳလုပ္ဖို႔ ေ႐ႊ႕ဆိုင္းသင့္တယ္လို႔ သူက အႀကံျပဳပါတယ္။

ဒီမတိုင္ခင္တည္းက လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြ ေရွာင္ၾကဥ္ဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ကပ္ေရာဂါလို႔သတ္မွတ္ေၾကညာလိုက္တာက ဒီထက္ပိုၿပီး ဂ႐ုစိုက္ၾကဖို႔၊ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအရွိန္ျမႇင့္ဖို႔ အခ်က္ေပး ေခါင္းေလာင္း ထိုးလိုက္ တဲ့သေဘာျဖစ္တယ္ဆိုတာ WHO ရဲ႕ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားတယ္လို႔ ဗဟိုကူးစက္ေရာဂါဌာနခြဲက ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ ခင္ခင္ႀကီးက ေျပာပါတယ္။

အခုလိုအေျခအေနမွာ သၾကၤန္လို လူစုလူေဝးနဲ႔က်င္းပရမယ့္ ပြဲေတာ္ေတြကို ေ႐ႊ႕ဆိုင္းတာ အေကာင္းဆုံးလို႔ သူက ဆက္ေျပာပါတယ္။

ကမာၻ႔ႏိုင္ငံေပါင္း တစ္ရာေက်ာ္မွာ မတ္လ ၁၂ ရက္ထိ လူတစ္သိန္းေက်ာ္ကူးစက္ေနၿပီး ၄၀၀၀ ေက်ာ္ ေသဆုံးထားတဲ့ ဒီဗိုင္းရပ္စ္ ျမန္မာမွာေတာ့ မေတြ႕ ေသးပါဘူး။

ဒါေပမဲ့ ဗိုင္းရပ္စ္ရဲ႕ သက္ေရာက္မႈေတြက ျမန္မာ့စီးပြားေရးကို အထိနာစျပဳလာေနပါၿပီ။ အထူးသျဖင့္ ဝင္ထြက္သြားလာခြင့္ေတြကန႔္သတ္တဲ့အတြက္ ေလေၾကာင္းလိုင္းေတြနဲ႔ ဟိုတယ္ခရီးလုပ္ငန္းေတြမွာ ဒီ႐ိုက္ခတ္မႈကို ခံစားေနရပါတယ္။

၂၀၁၇ ရခိုင္ျပည္နယ္က ပဋိပကၡျဖစ္စဥ္အၿပီးမွာ ဥေရာပခရီးသြားေတြထက္ တ႐ုတ္ခရီးသြားေတြကို အားထားေနရသလိုျဖစ္ခဲ့တဲ့ ျမန္မာ့ခရီးသြား လုပ္ငန္းမွာ အခုဆို ဝန္ထမ္းေတြေလွ်ာ့ခ်တာ၊ လစာမဲ့ခြင့္ေတြေပးဖို႔ စီစဥ္ေနတာေတြရွိလာၿပီလို႔ ျမန္မာခရီးသြားလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးေနာင္းေနာင္းဟန္က ဘီဘီစီကိုေျပာပါတယ္။

"ဟိုတယ္ေတြဘက္ကလည္း အဲဒီလိုလုပ္မယ္။ တခ်ိဳ႕စားေသာက္ဆိုင္ေတြကလည္း ဝန္ထမ္းေတြေလွ်ာ့မယ္ ပိတ္မယ္ေပါ့ေနာ္။ ဒီမိုးတြင္းနဲ႔ low season ကာလနဲ႔ ဆိုၿပီး အစီအစဥ္ေတြဆြဲေနတယ္။ ကြၽန္ေတာ္တို႔ ခရီးသြားကုမၸဏီေတြကလည္း ဝန္ထမ္းေတြေလွ်ာ့ဖို႔ရွိေနပါတယ္။ ဆိုေတာ့ ဒီခရီးသြားလုပ္ငန္း ထဲမွာ ေသခ်ာတာကေတာ့ အလုပ္အကိုင္ေတြေလွ်ာ့မယ္။ လစာမဲ့ခြင့္ေတြေပးမယ္ေပါ့ေနာ္။ ေတာ္ေတာ္ေလး ထိခိုက္သြားမယ့္ေသဘာပဲ" လို႔ ေျပာပါတယ္။

အရင္တည္းက အထိနာေနတဲ့ ျမန္မာ့ခရီးသြားလုပ္ငန္းကို အခု ဗိုင္းရပ္စ္က အလဲထပ္ထိုးလိုက္တာလို႔ ခရီးသြားလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ေဒၚစံပယ္ ေအာင္က ေျပာပါတယ္။

ဟိုတယ္ႀကီးေတြကေတာ့ ဒီမတ္လနဲ႔ ဧၿပီလအတြင္း သၾကၤန္ကာလျပည္တြင္းခရီးစဥ္တခ်ိဳ႕ ရွိတဲ့အတြက္ ေလာေလာဆယ္ မလုပ္ေသးေပမယ့္ ေမလေလာက္မွာ ဒီလို ဝန္ထမ္းေလွ်ာ့တာေတြစလုပ္ဖို႔ရွိေနတယ္လို႔ ဦးေနာင္းေနာင္းဟန္က ေျပာပါတယ္။

အသင္းအေနနဲ႔ ဒီလို ဝန္ထမ္းေလွ်ာ့တာမ်ိဳး လုပ္ဖို႔ အႀကံေပးတာမ်ိဳးမရွိဘဲ ပုဂၢလိကလုပ္ငန္းရွင္ တစ္ဦး ခ်င္းက သူတို႔လုပ္ငန္းအ႐ြယ္အစားအလိုက္ က်ားကန္ရပ္တည္ႏိုင္ဖို႔ စီစဥ္ၾကတာျဖစ္တယ္လို႔ ဆိုပါတယ္။

"ကြၽန္ေတာ္တို႔အသင္းကေတာ့ အစိုးရကို တင္ျပထားတာက ဒီအခ်ိန္မွာ ကာလတိုေခ်းေငြေလးေတြကို အတိုးႏႈန္းမပါဘဲ ခ်ေပးဖို႔၊ အဲဒီလိုဆိုရင္ ကုမၸဏီေတြအေနနဲ႔ သူတို႔ဝန္ထမ္းေတြကို လစာေပးၿပီး က်ားကန္ ထားတာမ်ိဳး လုပ္လို႔ရတာေပါ့။ ဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏိုင္တဲ့ကာလမေရာက္ခင္ထိ က်ားကန္ထားႏိုင္ေအာင္ပါ"လို႔ သူက ဆက္ေျပာပါတယ္။

ဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ တစ္ႏိုင္ငံကေန တစ္ႏိုင္ငံကို ကူးသန္းသြားလာတာေတြ ပိတ္ပင္တာ ေတြရွိလာသလို ေလေၾကာင္းလိုင္းေတြ ေလွ်ာ့ခ် ပ်ံသန္းတာ၊ မလိုအပ္ဘဲ ခရီးသြားလာခြင့္ကို ပိတ္ပင္တာေတြရွိလာတာေၾကာင့္ ဧည့္သည္ေတြ မရွိေတာ့တဲ့အတြက္ ဟိုတယ္ေတြ ေတာ္ေတာ္အထိနာလာ တာျဖစ္တယ္လို႔ ေဒၚစံပယ္ေအာင္က ရွင္းျပပါတယ္။

 နယ္စပ္အဝင္အထြက္ေတြနဲ႔ ေလဆိပ္ေတြမွာ ဝင္ထြက္သူေတြကို ကိုယ္ပူခ်ိန္တိုင္းတာစစ္ေဆးတာေတြလုပ္ေနပါတယ္။

အထည္ခ်ဳပ္စက္႐ုံေတြဆိုလည္း ပိတ္လိုက္တာေတြ၊ ဝန္ထမ္းေတြကို ေလွ်ာ့ခ်တာေတြက ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ လလယ္ေလာက္တည္းက ျဖစ္လာေနတာပါ။

အထည္ခ်ဳပ္စက္႐ုံပိုင္ရွင္တခ်ိဳ႕ဆို ဝန္ထမ္းေတြကို လစာမရွင္းေပးဘဲ ထြက္ေျပးလာတာေတြရွိေနပါတယ္။
ဒီအေျခအေနတိုင္း ဆက္သြားမယ္ဆိုရင္ ကုန္ေဈးႏႈန္းကိုလည္း ထိန္းမထားႏိုင္မွာ စိတ္ပူစိုးရိမ္တာေတြရွိလာ

ေလာေလာဆယ္ အေမရိကန္ေဒၚလာေဈးနဲ႔ ျပည္တြင္းစက္သုံးဆီေဈး ၊ ေ႐ႊေဈး က်ဆင္းေနတဲ့အတြက္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈက ထင္သေလာက္ တက္မလာေသးေပမယ့္ ဒီအေျခအေနတိုင္း ဆက္သြားမယ္ဆိုရင္ ကုန္ေဈးႏႈန္းကိုလည္း ထိန္းမထားႏိုင္မွာ စိတ္ပူစိုးရိမ္တာေတြရွိလာပါတယ္။

ေလာေလာဆယ္ ဆန္ဆီဆားင႐ုတ္ၾကက္သြန္လို မီးဖိုေခ်ာင္စားေသာက္ကုန္ေတြ ထင္သေလာက္ ေဈးမတက္ေသးေပမယ့္ ဒါဟာ တကၠသိုလ္ ဝင္တန္းစာေမးပြဲေျဖဆိုေနတဲ့ကာလနဲ႔ တိုက္ဆိုင္ေနတာေၾကာင့္ အေရာင္းအဝယ္ပါးတဲ့ကာလျဖစ္လို႔ ေဈးမတက္ေသးတာလည္း ျဖစ္ႏိုင္တယ္လို႔ သုံးသပ္တာေတြ ရွိထားပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ဗိုင္းရပ္စ္မေတြ႕ေသးတဲ့အတြက္ေၾကာင့္ လူသုံးကုန္ပစၥည္းေတြကို ဝယ္ယူ စုေဆာင္း တာမ်ိဳးေတြမလုပ္ေသးတာေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ ေတာင္ဒဂုံၿမိဳ႕နယ္က ကုမၸဏီဝန္ထမ္း အိမ္ရွင္မတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

"အိမ္မွာ အဲဒီလိုဝယ္ထားဖို႔ မွာျဖစ္ေပမယ့္ မဝယ္ျဖစ္ေသးဘူး။ ဒီလကုန္ေလာက္မွ ဝယ္ရမယ္" လို႔ သူက ဆိုပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်-ဟိုတယ်ခရီးလေကြောင်းလိုင်းအပါအဝင် မြန်မာ့ စီးပွားရေး အထိနာစပြု

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption လူစုလူဝေးနဲ့ပွဲလမ်းသဘင်တွေအတွက် စည်းကမ်းတွေထုတ်တော့မယ်လို့ အစိုးရကပြောပါတယ်။

ကမ္ဘာ့ကပ်ရောဂါလို့ WHO က ကြေညာလိုက်တဲ့အတွက် လုပ်ဆောင်စရာရှိတာတွေ ဆက်လုပ်မယ်လို့ မြန်မာအစိုးရက မတ် ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကပ်ရောဂါဆိုတာက နေရာဒေသစုံမှာ လူလူချင်း အလွယ်တကူနဲ့ အဆက်မပြတ် ကူးစက်နိုင်ပြီး ရောဂါရဲ့ ပြင်းထန်မှုထက် ရောဂါပျံ့နှံ့မှုက လျင်လျင် မြန်မြန်နဲ့ ကူးစက်နိုင်တဲ့အခြေအနေကို ရည်ရွယ်ပါတယ်။

အဲဒီလိုကြေညာပြီးနောက်တစ်ရက်မှာပဲ မြန်မာနိုင်ငံမှာ လူစုလူဝေးလုပ်တဲ့ကိစ္စတွေကို အစိုးရက စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တော့မယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မတ်လ ၁၂ က ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ကပ်ရောဂါလို့သတ်မှတ်ကြေညာလိုက်တာက ဒီထက်ပိုပြီး ဂရုစိုက်ကြဖို့၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအရှိန်မြှင့်ဖို့ အချက်ပေးခေါင်းလောင်းထိုးလိုက်တဲ့သဘောဖြစ်တယ်ဆိုတာ WHO ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတယ်လို့ ဗဟိုကူးစက်ရောဂါဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

အခုလို ကပ်ဘေးလို့သတ်မှတ်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ တခြား ရောဂါကူးစက်မှုပြင်းထန်နေတဲ့ နိုင်ငံတချို့လို ဒီရောဂါတွေ့ခဲ့လို့ လူနာတွေ ပြုံကျလာတဲ့အခြေအနေမျိုးအတွက် ဆေးရုံ ရှစ်ရုံ ပြင်ဆင်ထားတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ဆေးရုံကြီးတွေရော၊ ဆေးရုံငယ်လေးတွေရော အကုန်ပြင်ထားပါတယ်။ မြန်မာမှာဆေးရုံက ၁၃၅၀ ကျော်လောက်ရှိတယ်။ အဲဒီမှာ ပြုစုကုသဖို့ လိုအပ်တဲ့ပစ္စည်းပစ္စယတွေ ထားရှိပြီးဖြစ်ပါတယ်။ တရုတ်ပြင်ပ အီတလီလို အီရန်လို၊ တောင်ကိုရီးယားလို ဖြစ်သွားနိုင်လားဆိုတောတော့ ဒါကတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ကတော့ ကျွန်မတို့ အတိုင်းအတာနဲ့ အကုန်ပြင်ဆင်ထားပါတယ်။ သက်ဆိုင်ရာ WHO ရဲ့ ပံ့ပိုးမှု၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ တိုးချဲ့လုပ်ဖို့ရှိပါတယ်" လို့ သူကပြောပါတယ်။

လူနာတွေကို ထိတွေ့ကုသပေးတဲ့နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရောဂါ ကာကွယ်ရေးဝတ်စုံတွေ ရှိပြီး N 95 နှာခေါင်းစည်းတွေဆိုရင်တော့ ဌာနတွင်း လှည့်လည်သုံးနိုင်တဲ့အခြေအနေမှာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

"ဥပမာ တီဘီအတွက် သုံးတဲ့ N95 Mask တွေဆို ဖလှယ်ပြီးသုံးလို့ရပါတယ်။ ကျွန်မတို့မှာ ရောဂါကာကွယ်ရေးပစ္စည်းပစ္စယတွေ ဘယ်လောက်ရှိတယ်ဆိုတာ ဝန်ကြီးဌာနက တရားဝင်ဇယားနဲ့ ထုတ်ပြန်ထားတာရှိပါတယ်" လို့ ဆိုပါတယ်။

ရောဂါဖြစ်ပွားမှု ပြင်းထန်နေတဲ့ နိုင်ငံတချို့မှာ ကျန်းမာရေးဝန်ထမ်းတွေမလုံလောက်ရင် အငြိမ်းစားကျန်းမာရေးဝန်ထမ်းတွေပြန်ခေါ်ပြီးလုပ်အားပေးတာမျိုး မြန်မာနိုင်ငံမှာ လုပ်ဆောင်ဖို့ စီစဉ်ထားတာဆိုတာကတော့ ခုချိန်မှာမလိုအပ်သေးဘူးလို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

နှာခေါင်းစည်းအပါအဝင် လူထုအတွက် အခြေခံကျတဲ့ ရောဂါကာကွယ်ရေးပစ္စည်းတွေ မပြတ်လပ်ဖို့ ဘာတွေစီစဉ်ထားလဲဆိုတာနဲ့ပတ်သက်ပြီး သူက"တကယ်တမ်း နှာခေါင်းစည်း သုံးရမယ့်အခြေအနေက WHO ကိုယ်တိုင်ပြောထားတာ သုံးမျိုးပဲရှိပါတယ်။ ကိုယ်တိုင်နှာစေးချောင်းဆိုးမယ်။ သူ့ကိုပြုစုကုသနေတဲ့ မိသားစုနဲ့ ကျန်းမာရေးဝန်ထမ်းတွေ တပ်ဖို့လိုမယ်။ ဒီလိုအခြေအနေကလွဲလို့ သာမန်လူတွေအနေနဲ့ Mask ကိုတပ်ဖို့မလိုဘူးလို့ WHO ကပြောကြားထားပါတယ်။ အဲဒီတော့ နိုင်ငံထဲမှာ mask ပြတ်လပ်တာ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းရဲ့ တာဝန်မဟုတ်ပါဘူး။ ပြောရရင် mask ထက်ပိုအရေးကြီးတဲ့ ရောဂါကာကွယ်ရေးလုပ်ရမယ့်အလုပ်ထဲမှာ mask မပါပါဘူး။ လူက သာမန်အခြေအနေမှာတောင် မျက်နှာကို ၃၂ ခါလောက် ထိကိုင်နေတာ။ mask ကိုမှန်မှန်ကန်ကန်မတပ်ဘူးဆို ဘာမှမထူးဘူး" လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒါကြောင့် ဒီလိုအခြေအနေမှာ သင်္ကြန် လူစုလူဝေးပွဲလမ်းသဘင်တွေမပြုလုပ်ဖို့ ရွှေ့ဆိုင်းသင့်တယ်လို့ သူက အကြံပြုပါတယ်။

ဒီမတိုင်ခင်တည်းက လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ ရှောင်ကြဉ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကပ်ရောဂါလို့သတ်မှတ်ကြေညာလိုက်တာက ဒီထက်ပိုပြီး ဂရုစိုက်ကြဖို့၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအရှိန်မြှင့်ဖို့ အချက်ပေး ခေါင်းလောင်း ထိုးလိုက် တဲ့သဘောဖြစ်တယ်ဆိုတာ WHO ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတယ်လို့ ဗဟိုကူးစက်ရောဂါဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

အခုလိုအခြေအနေမှာ သင်္ကြန်လို လူစုလူဝေးနဲ့ကျင်းပရမယ့် ပွဲတော်တွေကို ရွှေ့ဆိုင်းတာ အကောင်းဆုံးလို့ သူက ဆက်ပြောပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း တစ်ရာကျော်မှာ မတ်လ ၁၂ ရက်ထိ လူတစ်သိန်းကျော်ကူးစက်နေပြီး ၄၀၀၀ ကျော် သေဆုံးထားတဲ့ ဒီဗိုင်းရပ်စ် မြန်မာမှာတော့ မတွေ့ သေးပါဘူး။

ဒါပေမဲ့ ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုတွေက မြန်မာ့စီးပွားရေးကို အထိနာစပြုလာနေပါပြီ။ အထူးသဖြင့် ဝင်ထွက်သွားလာခွင့်တွေကန့်သတ်တဲ့အတွက် လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်ခရီးလုပ်ငန်းတွေမှာ ဒီရိုက်ခတ်မှုကို ခံစားနေရပါတယ်။

၂၀၁၇ ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်စဉ်အပြီးမှာ ဥရောပခရီးသွားတွေထက် တရုတ်ခရီးသွားတွေကို အားထားနေရသလိုဖြစ်ခဲ့တဲ့ မြန်မာ့ခရီးသွား လုပ်ငန်းမှာ အခုဆို ဝန်ထမ်းတွေလျှော့ချတာ၊ လစာမဲ့ခွင့်တွေပေးဖို့ စီစဉ်နေတာတွေရှိလာပြီလို့ မြန်မာခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဘီဘီစီကိုပြောပါတယ်။

"ဟိုတယ်တွေဘက်ကလည်း အဲဒီလိုလုပ်မယ်။ တချို့စားသောက်ဆိုင်တွေကလည်း ဝန်ထမ်းတွေလျှော့မယ် ပိတ်မယ်ပေါ့နော်။ ဒီမိုးတွင်းနဲ့ low season ကာလနဲ့ ဆိုပြီး အစီအစဉ်တွေဆွဲနေတယ်။ ကျွန်တော်တို့ ခရီးသွားကုမ္ပဏီတွေကလည်း ဝန်ထမ်းတွေလျှော့ဖို့ရှိနေပါတယ်။ ဆိုတော့ ဒီခရီးသွားလုပ်ငန်း ထဲမှာ သေချာတာကတော့ အလုပ်အကိုင်တွေလျှော့မယ်။ လစာမဲ့ခွင့်တွေပေးမယ်ပေါ့နော်။ တော်တော်လေး ထိခိုက်သွားမယ့်သေဘာပဲ" လို့ ပြောပါတယ်။

အရင်တည်းက အထိနာနေတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကို အခု ဗိုင်းရပ်စ်က အလဲထပ်ထိုးလိုက်တာလို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါ်စံပယ် အောင်က ပြောပါတယ်။

ဟိုတယ်ကြီးတွေကတော့ ဒီမတ်လနဲ့ ဧပြီလအတွင်း သင်္ကြန်ကာလပြည်တွင်းခရီးစဉ်တချို့ ရှိတဲ့အတွက် လောလောဆယ် မလုပ်သေးပေမယ့် မေလလောက်မှာ ဒီလို ဝန်ထမ်းလျှော့တာတွေစလုပ်ဖို့ရှိနေတယ်လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

အသင်းအနေနဲ့ ဒီလို ဝန်ထမ်းလျှော့တာမျိုး လုပ်ဖို့ အကြံပေးတာမျိုးမရှိဘဲ ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦး ချင်းက သူတို့လုပ်ငန်းအရွယ်အစားအလိုက် ကျားကန်ရပ်တည်နိုင်ဖို့ စီစဉ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့အသင်းကတော့ အစိုးရကို တင်ပြထားတာက ဒီအချိန်မှာ ကာလတိုချေးငွေလေးတွေကို အတိုးနှုန်းမပါဘဲ ချပေးဖို့၊ အဲဒီလိုဆိုရင် ကုမ္ပဏီတွေအနေနဲ့ သူတို့ဝန်ထမ်းတွေကို လစာပေးပြီး ကျားကန် ထားတာမျိုး လုပ်လို့ရတာပေါ့။ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တဲ့ကာလမရောက်ခင်ထိ ကျားကန်ထားနိုင်အောင်ပါ"လို့ သူက ဆက်ပြောပါတယ်။

ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တစ်နိုင်ငံကနေ တစ်နိုင်ငံကို ကူးသန်းသွားလာတာတွေ ပိတ်ပင်တာ တွေရှိလာသလို လေကြောင်းလိုင်းတွေ လျှော့ချ ပျံသန်းတာ၊ မလိုအပ်ဘဲ ခရီးသွားလာခွင့်ကို ပိတ်ပင်တာတွေရှိလာတာကြောင့် ဧည့်သည်တွေ မရှိတော့တဲ့အတွက် ဟိုတယ်တွေ တော်တော်အထိနာလာ တာဖြစ်တယ်လို့ ဒေါ်စံပယ်အောင်က ရှင်းပြပါတယ်။
ဓာတ်ပုံ မူပိုင် PHYO MAUNG MAUNG
Image caption နယ်စပ်အဝင်အထွက်တွေနဲ့ လေဆိပ်တွေမှာ ဝင်ထွက်သူတွေကို ကိုယ်ပူချိန်တိုင်းတာစစ်ဆေးတာတွေလုပ်နေပါတယ်။

အထည်ချုပ်စက်ရုံတွေဆိုလည်း ပိတ်လိုက်တာတွေ၊ ဝန်ထမ်းတွေကို လျှော့ချတာတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်လောက်တည်းက ဖြစ်လာနေတာပါ။

အထည်ချုပ်စက်ရုံပိုင်ရှင်တချို့ဆို ဝန်ထမ်းတွေကို လစာမရှင်းပေးဘဲ ထွက်ပြေးလာတာတွေရှိနေပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဒီအခြေအနေတိုင်း ဆက်သွားမယ်ဆိုရင် ကုန်ဈေးနှုန်းကိုလည်း ထိန်းမထားနိုင်မှာ စိတ်ပူစိုးရိမ်တာတွေရှိလာ

လောလောဆယ် အမေရိကန်ဒေါ်လာဈေးနဲ့ ပြည်တွင်းစက်သုံးဆီဈေး ၊ ရွှေဈေး ကျဆင်းနေတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုက ထင်သလောက် တက်မလာသေးပေမယ့် ဒီအခြေအနေတိုင်း ဆက်သွားမယ်ဆိုရင် ကုန်ဈေးနှုန်းကိုလည်း ထိန်းမထားနိုင်မှာ စိတ်ပူစိုးရိမ်တာတွေရှိလာပါတယ်။

လောလောဆယ် ဆန်ဆီဆားငရုတ်ကြက်သွန်လို မီးဖိုချောင်စားသောက်ကုန်တွေ ထင်သလောက် ဈေးမတက်သေးပေမယ့် ဒါဟာ တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုနေတဲ့ကာလနဲ့ တိုက်ဆိုင်နေတာကြောင့် အရောင်းအဝယ်ပါးတဲ့ကာလဖြစ်လို့ ဈေးမတက်သေးတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်မတွေ့သေးတဲ့အတွက်ကြောင့် လူသုံးကုန်ပစ္စည်းတွေကို ဝယ်ယူ စုဆောင်း တာမျိုးတွေမလုပ်သေးတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ တောင်ဒဂုံမြို့နယ်က ကုမ္ပဏီဝန်ထမ်း အိမ်ရှင်မတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"အိမ်မှာ အဲဒီလိုဝယ်ထားဖို့ မှာဖြစ်ပေမယ့် မဝယ်ဖြစ်သေးဘူး။ ဒီလကုန်လောက်မှ ဝယ်ရမယ်" လို့ သူက ဆိုပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္-ဟိုတယ္ခရီးေလေၾကာင္းလိုင္းအပါအဝင္ ျမန္မာ့ စီးပြားေရး အထိနာစျပဳ ကို႐ိုနာဗိုင္းရပ္စ္-ဟိုတယ္ခရီးေလေၾကာင္းလိုင္းအပါအဝင္ ျမန္မာ့ စီးပြားေရး အထိနာစျပဳ Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.