အီတလီ ဆိုင္ေတြ အားလုံးပိတ္

 အိႏၵိယ ႐ိုးရာ ဟိုလီပြဲက ကို႐ိုနာဗိုင္းရပ္႐ုပ္တု

တ႐ုတ္ႏိုင္ငံအျပင္ဘက္မွာ အဆိုးဆုံး ကူးစက္ျပန္႔ပြားေနတဲ့ ကို႐ိုနာ ဗိုင္းရပ္ေရာဂါကို ထိန္းခ်ဳပ္ဖို႔ ေစ်းဆိုင္ေတြ၊ ေပ်ာ္ပြဲစား႐ုံေတြနဲ႔ အရက္ဆိုင္ေတြ အားလုံးကို ပိတ္ထားမယ္လို႔ အီတလီ အစိုးရက ေၾကညာခဲ့ပါတယ္။

မရွိမျဖစ္လိုအပ္တဲ့ စားေသာက္ကုန္ဆိုင္ေတြနဲ႔ ေဆးဆိုင္ေတြကိုပဲ ဆက္ဖြင့္ထားမွာ ျဖစ္ပါတယ္။ ဒီကေန႔ကစၿပီး ႏွစ္ပတ္တိတိ ဒီလို ပိတ္ထားမွာပါ။

အီတလီမွာ ဒီဗိုင္းရပ္ေၾကာင့္ မေန႔က ေနာက္ထပ္ လူႏွစ္ရာေက်ာ္ေလာက္ ထပ္ေသတဲ့အတြက္ ရွိေနၿပီး ေသသူစုစုေပါင္း ရွစ္ရာေက်ာ္သြားၿပီ ျဖစ္ပါတယ္။

ကူးစက္ခံရသူကေတာ့ တေသာင္းႏွစ္ေထာင္ေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။

အီတလီမွာ ဗိုင္းရပ္ကို ထိန္းခ်ဳပ္ဖို႔အတြက္ ခရီးသြားလာမႈကို တင္းက်ပ္တာ၊ လူစုလူေဝးကို တားျမစ္တာနဲ႔ လူေတြကို အိမ္မွာပဲ ေနခိုင္းတာေတြလည္း လုပ္ခဲ့ၿပီး ျဖစ္ပါတယ္။
ဒိန္းမတ္မွာ ေက်ာင္းေတြပိတ္
ဒိန္းမတ္အေျခအေန ဝန္ႀကီးအဖြဲ႕ ရွင္းျပ

ကို႐ိုနာဗိုင္းရပ္ ကူးစက္မႈ ျမင့္တက္လာေနတာကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ ဒိန္းမတ္ ႏိုင္ငံမွာ ေက်ာင္းနဲ႔ တကၠသိုလ္ေတြ အားလုံးကို ႏွစ္ပတ္ ပိတ္လိုက္ၿပီ ျဖစ္ပါတယ္။ အေရးႀကီးမဟုတ္တဲ့ အစိုးရ ႐ုံးဝန္ထမ္းေတြကိုလည္း ခြင့္နဲ႔ အိမ္ျပန္ ေနခိုင္းခဲ့ပါတယ္။

အိႏၵိယမွာေတာ့ ဧၿပီလလယ္အထိ ျပည္ဝင္ခြင့္ ဗီဇာေတြ အားလုံးနီးပါးကို ရပ္ဆိုင္းထားပါတယ္။

ယူဂန္ဒါမွာေတာ့ ျပည္ပက ေလေၾကာင္းနဲ႔ ဝင္လာသူတိုင္းကို ပိုးသတ္ေဆးရည္ေတြ စဖ်န္းမယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

အီရန္မွာေတာ့ ဒုတိယသမၼတ အက္စ္ဟာ့က္ ဂ်ဟန္ဂရီးပါ ဒီဗိုင္းရပ္ပိုးကူးတယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
------------
(Zawgyi)⤵⤵⤵
ဓာတ်ပုံ မူပိုင် INDRANIL MUKHERJEE
Image caption အိန္ဒိယ ရိုးရာ ဟိုလီပွဲက ကိုရိုနာဗိုင်းရပ်ရုပ်တု
အီတလီ ဆိုင်တွေ အားလုံးပိတ်

တရုတ်နိုင်ငံအပြင်ဘက်မှာ အဆိုးဆုံး ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်ရောဂါကို ထိန်းချုပ်ဖို့ ဈေးဆိုင်တွေ၊ ပျော်ပွဲစားရုံတွေနဲ့ အရက်ဆိုင်တွေ အားလုံးကို ပိတ်ထားမယ်လို့ အီတလီ အစိုးရက ကြေညာခဲ့ပါတယ်။

မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်ဆိုင်တွေနဲ့ ဆေးဆိုင်တွေကိုပဲ ဆက်ဖွင့်ထားမှာ ဖြစ်ပါတယ်။ ဒီကနေ့ကစပြီး နှစ်ပတ်တိတိ ဒီလို ပိတ်ထားမှာပါ။

အီတလီမှာ ဒီဗိုင်းရပ်ကြောင့် မနေ့က နောက်ထပ် လူနှစ်ရာကျော်လောက် ထပ်သေတဲ့အတွက် ရှိနေပြီး သေသူစုစုပေါင်း ရှစ်ရာကျော်သွားပြီ ဖြစ်ပါတယ်။

ကူးစက်ခံရသူကတော့ တသောင်းနှစ်ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

အီတလီမှာ ဗိုင်းရပ်ကို ထိန်းချုပ်ဖို့အတွက် ခရီးသွားလာမှုကို တင်းကျပ်တာ၊ လူစုလူဝေးကို တားမြစ်တာနဲ့ လူတွေကို အိမ်မှာပဲ နေခိုင်းတာတွေလည်း လုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒိန်းမတ်မှာ ကျောင်းတွေပိတ်
ဓာတ်ပုံ မူပိုင် LISELOTTE SABROE
Image caption ဒိန်းမတ်အခြေအနေ ဝန်ကြီးအဖွဲ့ ရှင်းပြ

ကိုရိုနာဗိုင်းရပ် ကူးစက်မှု မြင့်တက်လာနေတာကို ထိန်းချုပ်တဲ့အနေနဲ့ ဒိန်းမတ် နိုင်ငံမှာ ကျောင်းနဲ့ တက္ကသိုလ်တွေ အားလုံးကို နှစ်ပတ် ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ အရေးကြီးမဟုတ်တဲ့ အစိုးရ ရုံးဝန်ထမ်းတွေကိုလည်း ခွင့်နဲ့ အိမ်ပြန် နေခိုင်းခဲ့ပါတယ်။

အိန္ဒိယမှာတော့ ဧပြီလလယ်အထိ ပြည်ဝင်ခွင့် ဗီဇာတွေ အားလုံးနီးပါးကို ရပ်ဆိုင်းထားပါတယ်။

ယူဂန်ဒါမှာတော့ ပြည်ပက လေကြောင်းနဲ့ ဝင်လာသူတိုင်းကို ပိုးသတ်ဆေးရည်တွေ စဖျန်းမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အီရန်မှာတော့ ဒုတိယသမ္မတ အက်စ်ဟာ့က် ဂျဟန်ဂရီးပါ ဒီဗိုင်းရပ်ပိုးကူးတယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
အီတလီ ဆိုင္ေတြ အားလုံးပိတ္ အီတလီ ဆိုင္ေတြ အားလုံးပိတ္ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.