ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါ ကူးစက္လူနာမေတြ႕ရွိေသး၊ေရာဂါမကူးစက္ေအာင္ မ်ားစြာ သတိထားရန္လိုအပ္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေျပာၾကား

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေ႐ႊဘိုေဒသခံမ်ားႏွင့္ ေတြ႕ဆုံစဥ္(အတိုင္ပင္ခံ႐ုံး)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ မတ္  ၁၂ ရက္ (ဆင္ဟြာ)

 COVID-19 ေရာဂါသည္ တစ္ကမာၻလုံးကို ပ်ံ႕ႏွံ႔ေနၿပီး လက္ရွိခ်ိန္ထိ ျမန္မာႏိုင္ငံ၌ ေရာဂါျဖစ္ပြားသည့္လူနာကို သတ္သတ္မွတ္မွတ္ မေတြ႕ရွိေသးေသာ္လည္း ေရာဂါမကူးစက္ေအာင္  မ်ားစြာ သတိထားရန္လိုအပ္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုၿမိဳ႕တြင္ မတ္ ၁၁ ရက္က ေဒသခံမ်ားႏွင့္ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့သည္။

 လက္ရွိ ျမန္မာႏိုင္ငံ၌ အဆိုပါ ေရာဂါႏွင့္ ပတ္သတ္ၿပီး ေစာင့္ၾကည့္ေနသည့္ အနည္းငယ္ေသာ လူနာမ်ားရွိေၾကာင္း  ၎ကဆိုသည္။" ဒီေရာဂါကူးဖို႔ အလြယ္ဆုံးနည္းက တစ္ေယာက္ရဲ႕ လက္ကေန ေနာက္တစ္ေယာက္ကိုပါပဲ။ ဒါေၾကာင့္မို႔လို႔ ပိုးသတ္ေဆးေတြကိုသုံးဖို႔၊ လက္ကို သန႔္စင္ေစတဲ့ ပိုးသတ္ေဆးမ်ားသုံးဖို႔၊ ေနာက္ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ လက္ဆြဲႏႈတ္ဆက္တာ ေတြကို ေရွာင္ၾကဥ္ဖို႔ေျပာပါတယ္"ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေရာဂါကူးစက္မူပုံစံကို ေဒသခံမ်ားအား ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က COVID-19 ေရာဂါႏွင့္ပတ္သတ္ၿပီး ျပည္သူမ်ားအား သတိထားရန္ႏွင့္ ေပါေပါ့ဆဆမေနရန္ သတိေပးခဲ့ေၾကာင္း သိရသည္။ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ မတ္ ၁၁ ရက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ဒီပဲယင္းၿမိဳ႕ႏွင့္ ေ႐ႊဘိုၿမိဳ႕တို႔ သြားေရာက္ၿပီး ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံမႈျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
----------------
(Unicode)⤵⤵⤵

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကူးစက်လူနာမတွေ့ရှိသေး၊ရောဂါမကူးစက်အောင် များစွာ သတိထားရန်လိုအပ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရွှေဘိုဒေသခံများနှင့် တွေ့ဆုံစဉ်(အတိုင်ပင်ခံရုံး)

    ရန်ကုန်၊ မတ်  ၁၂ ရက် (ဆင်ဟွာ)

    COVID-19 ရောဂါသည် တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီး လက်ရှိချိန်ထိ မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားသည့်လူနာကို သတ်သတ်မှတ်မှတ် မတွေ့ရှိသေးသော်လည်း ရောဂါမကူးစက်အောင်  များစွာ သတိထားရန်လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မတ် ၁၁ ရက်က ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 လက်ရှိ မြန်မာနိုင်ငံ၌ အဆိုပါ ရောဂါနှင့် ပတ်သတ်ပြီး စောင့်ကြည့်နေသည့် အနည်းငယ်သော လူနာများရှိကြောင်း  ၎င်းကဆိုသည်။" ဒီရောဂါကူးဖို့ အလွယ်ဆုံးနည်းက တစ်ယောက်ရဲ့ လက်ကနေ နောက်တစ်ယောက်ကိုပါပဲ။ ဒါကြောင့်မို့လို့ ပိုးသတ်ဆေးတွေကိုသုံးဖို့၊ လက်ကို သန့်စင်စေတဲ့ ပိုးသတ်ဆေးများသုံးဖို့၊ နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်တာ တွေကို ရှောင်ကြဉ်ဖို့ပြောပါတယ်"ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရောဂါကူးစက်မူပုံစံကို ဒေသခံများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါနှင့်ပတ်သတ်ပြီး ပြည်သူများအား သတိထားရန်နှင့် ပေါပေါ့ဆဆမနေရန် သတိပေးခဲ့ကြောင်း သိရသည်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒီပဲယင်းမြို့နှင့် ရွှေဘိုမြို့တို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါ ကူးစက္လူနာမေတြ႕ရွိေသး၊ေရာဂါမကူးစက္ေအာင္ မ်ားစြာ သတိထားရန္လိုအပ္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေျပာၾကား ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါ ကူးစက္လူနာမေတြ႕ရွိေသး၊ေရာဂါမကူးစက္ေအာင္ မ်ားစြာ သတိထားရန္လိုအပ္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေျပာၾကား Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.