ဗိုင္းရပ္စ္ေၾကာင့္ ထိုင္းမွာ အေရးေပၚအေျခအေန ထုတ္ျပန္ၿပီ

ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ဝူဟန္ၿမိဳ႕ကို ပိတ္ထားတာ ဇႏၷဝါရီ လလယ္ ကတည္းက ျဖစ္ပါတယ္
(Zawgyi)⤵⤵⤵
ကမာၻတလႊားကို ပ်ံ႕ႏွံ႔သြားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ စတင္ခဲ့ရာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ အဝင္အထြက္ ပိတ္ထားမႈေတြကို လာမယ့္ ဧၿပီ၈ရက္မွာ တစိတ္တပိုင္း ျပန္ဖြင့္ေပးမယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ဝူဟန္ၿမိဳ႕ရွိရာ ဟူေဘး ျပည္နယ္က က်န္တဲ့ ေနရာေတြမွာ က်န္းမာတဲ့ ေဒသခံေတြကို မတ္လ ၂၄ရက္ အဂၤါေန႔ ညလယ္ က စၿပီး အျပင္ထြက္ သြားလာခြင့္ ျပဳလိုက္ပါၿပီ။

ဝူဟန္မွာ ေရာဂါ ကူးစက္မႈ လူနာသစ္ သီတင္းတစ္ပတ္ၾကာ ထပ္မေတြ႕ဘဲ ရွိေနရာက မတ္လ ၂၄ရက္ အဂၤါေန႔မွာ ျဖစ္ပြားသူ တေယာက္ ထပ္ေတြ႕လာတယ္လို႔ သတင္းရရွိပါတယ္။

ဥေရာပ နဲ႔ ကမာၻတလႊား တိုင္းျပည္ေတြကို ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈဒဏ္ကို လက္ရွိအခ်ိန္မွာ ဆိုးဆိုး႐ြား႐ြားခံေနရလ်က္ရွိၿပီး အဝင္အထြက္ ပိတ္ဆို႔မႈေတြ ၊ ျပင္းထန္တဲ့ အမိန္႔ေတြ ထုတ္ျပန္ကာ ႏိုင္ငံ အသီးသီးမွာ တင္းက်ပ္မႈေတြ လုပ္လာခ်ိန္မွာ တ႐ုတ္မွာေတာ့ ေရာဂါ ကူးစက္မႈ ထပ္မေတြ႕ရတဲ့နီးပါး ျဖစ္လာကာ ကန္႔သတ္ခ်က္ အမိန္႔ေတြ ေလွ်ာ့ခ် လာတာ ျဖစ္ပါတယ္။

ဗိုင္းရပ္စ္ ကာကြယ္ေရး ဝတ္စုံေတြ အႀကီးအက်ယ္ ထုတ္လုပ္ေပးဖို႔ စက္မႈ အင္အားႀကီး ႏိုင္ငံေတြကို ကမာၻက်န္းမာေရး အဖြဲ႕ တိုက္တြန္း

ဥေရာပတလႊား ကို႐ိုနာ ဂယက္မ်ား

စပိန္မွာ ကိုဗစ္ ႏိုင္တင္း ေရာဂါ ကပ္ေဘးပ်ံ႕ပြားမႈ ထိန္းခ်ဳပ္ေရး တင္းတင္းက်ပ္က်ပ္ လုပ္ေဆာင္ေနေပမယ့္ ေန႔စဥ္ ေသဆုံးႏႈန္း ဆက္လက္ ျမင့္တက္ လ်က္ရွိပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီ အတြင္း ၄၁၄ ေယာက္ရွိၿပီး ဒါဟာ ေသဆုံးမႈ အဆိုး႐ြားဆုံး ေန႔ ျဖစ္ပါတယ္။

မဒရစ္ၿမိဳ႕က ေရခဲတိုက္ေတြမွာ အေလာင္းေတြ ပုံေနတဲ့ အတြက္ ေရခဲစကိတ္စီးကြင္းေတြမွာ တခ်ိဳ႕အေလာင္းေတြကို သြားထားေနရပါတယ္။

တခ်ိန္တည္းမွာ ၿဗိတိန္မွာလည္း လူေတြရဲ႕ လႈပ္ရွားသြားလာမႈေတြကို ပထမဆုံး အေနနဲ႔ တင္းတင္းက်ပ္က်ပ္ ကန္႔သတ္လိုက္ပါတယ္။

အခုအခါ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ တိုက္ဖ်က္ေရး အေလးအနက္ထား လုပ္ေဆာင္ဖို႔ အခ်ိန္ေရာက္လာၿပီး ၿဗိတိန္က လူထုကို အိမ္ထဲမွာဘဲ ေနၾကပါလို႔ တိုက္တြန္းခ်င္ေၾကာင္း ၊ ဒီေရာဂါပိုး ကူးစက္မႈ ရပ္တန္႔သြားေအာင္ လူထုနဲ႔ အတူ ပူးေပါင္း လုပ္ေဆာင္ၾကရမွာပါလို႔ ၿဗိတိသွ် ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆင္က ေျပာပါတယ္။

ျပင္သစ္မွာေတာ့ စီးပြားေရး လုပ္ငန္းေတြ ၊ ေစ်းဆိုင္ေတြရဲ႕ အသားတင္ အျမတ္ ၂၅ ရာခိုင္ႏႈန္းကို လာမယ့္ ဗုဒၶဟူးက စတင္ၿပီး အစိုးရက ေခ်းေငြ ေထာက္ပံ့ေပးမယ့္ အစီအစဥ္ စတင္မယ္လို႔ စီးပြားေရး ဆိုင္ရာ ဝန္ႀကီး ဘ႐ူႏို လမဲရ္ က ေျပာပါတယ္။

 ေတာင္ကိုရီးယား ႏိုင္ငံ ဆိုးလ္ ၿမိဳ႕မွာ ပိုးသတ္ေဆး ျဖန္းကာကြယ္ေန

ဆိုး႐ြားလာေနတဲ့ အာရွက ဗိုင္းရပ္စ္ ကူးစက္မႈ အေျခအေန

ထိုင္းႏိုင္ငံမွာေတာ့ လာမယ့္ ၾကာသပေတးေန႔ကစလို႔ တလၾကာ အေရးေပၚ အေျခအေန အျဖစ္ သတ္မွတ္မယ္လို႔ အစိုးရက ေၾကညာလိုက္ပါတယ္။

အခုလို ေၾကညာလိုက္တဲ့ အေပၚ လူထု အေနနဲ႔ မစိုးရိမ္ၾကဖို႔နဲ႔ လူေတြ အျပင္ထြက္ သြားလာမႈ နည္းသြားေအာင္ စစ္ေဆးေရး ဂိတ္ေတြ ထားရွိကာ ညမထြက္ရ အမိန္႔ေတြလည္း အခု ထုတ္ျပန္ခ်က္ထဲမွာ ပါဝင္တယ္လို႔ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ က်န္အိုခ်ာရဲ႕ ႐ုပ္ျမင္သံၾကား မိန္႔ခြန္းမွာ ထည့္သြင္း ေျပာသြားပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ထိုင္းႏိုင္ငံမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ စတင္ေတြ႕ရွိၿပီး ကတည္းက အစိုးရ အေနနဲ႔ ထိုက္သင့္တဲ့ အေရးယူ လုပ္ေဆာင္မႈ မရွိဘူးလို႔ ေဝဖန္ ခံေနရပါတယ္။

ထိုင္းမွာ ကိုဗစ္ႏိုင္တင္း ေရာဂါေၾကာင့္ ေသဆုံးသူ ေလးေယာက္ရွိၿပီး လူကိုးရာနီးပါး ဗိုင္းရပ္စ္ ကူးစက္ခံထားရပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီ

ဓာတ်ပုံ မူပိုင် EPA
Image caption ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဝူဟန်မြို့ကို ပိတ်ထားတာ ဇန္နဝါရီ လလယ် ကတည်းက ဖြစ်ပါတယ်

ကမ္ဘာတလွှားကို ပျံ့နှံ့သွားတဲ့ ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့ရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အဝင်အထွက် ပိတ်ထားမှုတွေကို လာမယ့် ဧပြီ၈ရက်မှာ တစိတ်တပိုင်း ပြန်ဖွင့်ပေးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဝူဟန်မြို့ရှိရာ ဟူဘေး ပြည်နယ်က ကျန်တဲ့ နေရာတွေမှာ ကျန်းမာတဲ့ ဒေသခံတွေကို မတ်လ ၂၄ရက် အင်္ဂါနေ့ ညလယ် က စပြီး အပြင်ထွက် သွားလာခွင့် ပြုလိုက်ပါပြီ။

ဝူဟန်မှာ ရောဂါ ကူးစက်မှု လူနာသစ် သီတင်းတစ်ပတ်ကြာ ထပ်မတွေ့ဘဲ ရှိနေရာက မတ်လ ၂၄ရက် အင်္ဂါနေ့မှာ ဖြစ်ပွားသူ တယောက် ထပ်တွေ့လာတယ်လို့ သတင်းရရှိပါတယ်။

ဥရောပ နဲ့ ကမ္ဘာတလွှား တိုင်းပြည်တွေကို ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို လက်ရှိအချိန်မှာ ဆိုးဆိုးရွားရွားခံနေရလျက်ရှိပြီး အဝင်အထွက် ပိတ်ဆို့မှုတွေ ၊ ပြင်းထန်တဲ့ အမိန့်တွေ ထုတ်ပြန်ကာ နိုင်ငံ အသီးသီးမှာ တင်းကျပ်မှုတွေ လုပ်လာချိန်မှာ တရုတ်မှာတော့ ရောဂါ ကူးစက်မှု ထပ်မတွေ့ရတဲ့နီးပါး ဖြစ်လာကာ ကန့်သတ်ချက် အမိန့်တွေ လျှော့ချ လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုင်းရပ်စ် ကာကွယ်ရေး ဝတ်စုံတွေ အကြီးအကျယ် ထုတ်လုပ်ပေးဖို့ စက်မှု

ဥရောပတလွှား ကိုရိုနာ ဂယက်များ

စပိန်မှာ ကိုဗစ် နိုင်တင်း ရောဂါ ကပ်ဘေးပျံ့ပွားမှု ထိန်းချုပ်ရေး တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပေမယ့် နေ့စဉ် သေဆုံးနှုန်း ဆက်လက် မြင့်တက် လျက်ရှိပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ၄၁၄ ယောက်ရှိပြီး ဒါဟာ သေဆုံးမှု အဆိုးရွားဆုံး နေ့ ဖြစ်ပါတယ်။

မဒရစ်မြို့က ရေခဲတိုက်တွေမှာ အလောင်းတွေ ပုံနေတဲ့ အတွက် ရေခဲစကိတ်စီးကွင်းတွေမှာ တချို့အလောင်းတွေကို သွားထားနေရပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုင်းရပ်စ် ကာကွယ်ရေး ဝတ်စုံတွေ အကြီးအကျယ် ထုတ်လုပ်ပေးဖို့ စက်မှု အင်အားကြီး နိုင်ငံတွေကို ကမ္ဘာကျန်းမာရေး အဖွဲ့ တိုက်တွန်း

တချိန်တည်းမှာ ဗြိတိန်မှာလည်း လူတွေရဲ့ လှုပ်ရှားသွားလာမှုတွေကို ပထမဆုံး အနေနဲ့ တင်းတင်းကျပ်ကျပ် ကန့်သတ်လိုက်ပါတယ်။

အခုအခါ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေး အလေးအနက်ထား လုပ်ဆောင်ဖို့ အချိန်ရောက်လာပြီး ဗြိတိန်က လူထုကို အိမ်ထဲမှာဘဲ နေကြပါလို့ တိုက်တွန်းချင်ကြောင်း ၊ ဒီရောဂါပိုး ကူးစက်မှု ရပ်တန့်သွားအောင် လူထုနဲ့ အတူ ပူးပေါင်း လုပ်ဆောင်ကြရမှာပါလို့ ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောပါတယ်။

ပြင်သစ်မှာတော့ စီးပွားရေး လုပ်ငန်းတွေ ၊ ဈေးဆိုင်တွေရဲ့ အသားတင် အမြတ် ၂၅ ရာခိုင်နှုန်းကို လာမယ့် ဗုဒ္ဓဟူးက စတင်ပြီး အစိုးရက ချေးငွေ ထောက်ပံ့ပေးမယ့် အစီအစဉ် စတင်မယ်လို့ စီးပွားရေး ဆိုင်ရာ ဝန်ကြီး ဘရူနို လမဲရ် က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption တောင်ကိုရီးယား နိုင်ငံ ဆိုးလ် မြို့မှာ ပိုးသတ်ဆေး ဖြန်းကာကွယ်နေ

ဆိုးရွားလာနေတဲ့ အာရှက ဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ

ထိုင်းနိုင်ငံမှာတော့ လာမယ့် ကြာသပတေးနေ့ကစလို့ တလကြာ အရေးပေါ် အခြေအနေ အဖြစ် သတ်မှတ်မယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။

အခုလို ကြေညာလိုက်တဲ့ အပေါ် လူထု အနေနဲ့ မစိုးရိမ်ကြဖို့နဲ့ လူတွေ အပြင်ထွက် သွားလာမှု နည်းသွားအောင် စစ်ဆေးရေး ဂိတ်တွေ ထားရှိကာ ညမထွက်ရ အမိန့်တွေလည်း အခု ထုတ်ပြန်ချက်ထဲမှာ ပါဝင်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ် ကျန်အိုချာရဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်း ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ထိုင်းနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှု စတင်တွေ့ရှိပြီး ကတည်းက အစိုးရ အနေနဲ့ ထိုက်သင့်တဲ့ အရေးယူ လုပ်ဆောင်မှု မရှိဘူးလို့ ဝေဖန် ခံနေရပါတယ်။

ထိုင်းမှာ ကိုဗစ်နိုင်တင်း ရောဂါကြောင့် သေဆုံးသူ လေးယောက်ရှိပြီး လူကိုးရာနီးပါး ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

BBC Burmese
https://www.bbc.com
ဗိုင္းရပ္စ္ေၾကာင့္ ထိုင္းမွာ အေရးေပၚအေျခအေန ထုတ္ျပန္ၿပီ ဗိုင္းရပ္စ္ေၾကာင့္ ထိုင္းမွာ အေရးေပၚအေျခအေန ထုတ္ျပန္ၿပီ Reviewed by THITHTOOLWIN on 06:55 Rating: 5
Powered by Blogger.