တီးတိန္က လူေတြ ဘာလို႔ ထြက္ေျပးလာၾကတာလဲ

ကေလးၿမိဳ႕အဝင္မွာ စစ္ေဆးေနစဥ္
(Zawgyi)⤵⤵⤵
ကို႐ိုနာ ဗိုင္းရပ္စ္ပိုး အကူးခံ ရတဲ့ အမ်ိဳးသားေနထိုင္ရာခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕ကလူေတြဟာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရမွာ ေၾကာက္ၿပီး ခ်င္းျပည္နယ္က ေန စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ ကို ထြက္ေျပးလာေနၾကတယ္လို႔ လည္း ကေလးေဒသခံ တစ္ဦး ကဘီဘီစီကိုေျပာပါတယ္။

တီးတိန္ဘက္က ေန ခ်င္းေတာင္ေျခအဆင္း ကေလးၿမိဳ႕အဝင္ကို လုံၿခဳံေရးအဖြဲ႕ေတြက ပိတ္ထားေပမယ့္ ေတာလမ္းေတြဘက္ တဆင့္ ကေလးၿမိဳ႕ထဲကို ပတ္ၿပီးဝင္လာေနၾကတယ္လို႔လည္း သူကေျပာပါတယ္။

မတ္လ ၂၄ ရက္ေန႔ ညေနပိုင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ "စားနပ္ရိကၡာအလုံအေလာက္ရွိပါတယ္ တီးတိန္ကလူေတြေၾကာက္လန႔္ၿပီးထြက္ခြာလာတယ္လို႔သိရပါတယ္ ကိုယ့္မွာေရာဂါရွိေနရင္ ဘယ္သြားသြားေရာဂါက ပါလာမွာပါ ၊ဒါေၾကာင့္က်န္းမာေရးဌာနနဲ႔ပူးေပါင္းပါ ေရာဂါရွိရင္ဖုံးမထားပါနဲ႔၊ ဘယ္ေစ်းဘယ္ဆိုင္ကိုမွမပိတ္ပါ ၊သတင္းမွားေတြမယုံပါနဲ႔၊ ကိုယ္ခ်င္းခြာေနရေပမယ့္ ႏွလုံးသားခ်င္းနီးကပ္ၿပီး အခ်င္းခ်င္းစည္းလုံးၾကပါ ကြၽန္မတို႔အစိုးရက သတင္းေတြအခ်ိန္နဲ႔အမွ်ထုတ္ေပးေနပါမယ္ ျပည္သူသာအဓိကပါ "လို႔ေျပာသြားပါတယ္။

က်န္းမားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာခင္ခင္ႀကီးကေတာ့ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး အကူးခံ ရတဲ့ အေမရိကန္က ျပန္လာသူ အမ်ိဳးသား ဧည့္ခံပြဲလုပ္တဲ့ ႐ႊာကို lock -down လုပ္မွာျဖစ္ပါတယ္လို႔ ဘီဘီစီကိုေျပာပါတယ္။
စိုးရီမ္စိတ္ေၾကာင့္ ကေလးၿမိဳ႕ဘက္ကို ဆင္းလာ
အဆိုပါလူနာဟာ သူ႔ရဲ႕မိခင္နဲ႔အတူ အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ၿမိဳ႕ကေန မတ္လ ၁၃ ရက္ေန႔ က စတင္ထြက္ခြာခဲ့ၿပီး၊ ကာတာႏိုင္ငံ၊ ဒိုဟာၿမိဳ႕ကတဆင့္ မတ္လ ၁၅ ရက္ေန႔၊ နံနက္ပိုင္း မွာBritish airline နဲ႔ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကိုေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕ေလဆိပ္သို႔ ျမန္မာ အမ်ိဳးသားေလေၾကာင္းလိုင္း (UB - 503) ျဖင့္ ထြက္ခြာလာခဲ့ရာ ေန႔လယ္ (၂:၃၀) နာရီအခ်ိန္တြင္ ေရာက္ရွိခဲ့ပါ တယ္၊

ကေလးၿမိဳ႕ မွာ ၂ ညအိပ္တည္းခိုခဲ့ၿပီးေတာ့ ေ႐ႊဆိုင္နဲ႔ Cherry Photo Studio မွာPre-wedding photo ႐ိုက္ကူးခဲ့တယ္လို႔ သိရပါတယ္ ။

မတ္လ ၁ရ ရက္ေန႔မွာ ကေလးၿမိဳ႕ကေန တီးတိန္ၿမိဳကို ျပည္ခ်စ္သားလိုင္းကားနဲ႔ ထြက္ခြာ လာခဲ့ေၾကာင္းႏွင့္ ကားေပၚတြင္ လူ (၁၂) ဦးပါရွိလာပါတယ္၊တီးတိန္ၿမိဳ႕ လြယ္ဘြားရပ္ကြက္မွာ တစ္ညအိပ္ တည္းခိုေနထိုင္ခဲ့ၿပီး မတ္လ ၁၈ရက္န႔မွာ ေတာ့ ကပ္တဲလ္ေက်း႐ြာသို႔ AG အသင္းေတာ္ကားျဖင့္ ထြက္ခြာခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ကဒီေန႔ထုတ္ျပန္ပါတယ္။

ကေလးၿမိဳ႕ အဝင္ ခိုင္ကမ္း႐ြာအနီး
ကို႐ိုနာကူးစက္ခံရတဲ့ အမ်ိဳးသားေနထိုင္ခဲ့ ကပ္တဲလ္ ႐ႊာကလူေတြဟာ ႐ႊာ အျပင္မထြက္ၾကေပမယ့္႐ြာထဲမွ ေလ်ာက္သြားေနၾကတယ္ ေစာင့္ၾကည့္ၾကပ္မတ္တဲ့အစီအစဥ္ကိုေရာ ေလးေလးနက္နက္ လိုက္နာေဆာင္႐ြက္မႈအားနည္းတယ္လို႔ အဲ့ဒီေက်း႐ြာအုပ္စုရဲ႕ အုပ္ခ်ဳပ္ေရးမႉး ဦးဒိုးဇေတြာင္ ကဘီဘီစီကိုေျပာပါတယ္။

လူနာ ရွင္က ကႊၽန္ေတာ္တို႔ ေျပာတာကို မယုံဘူးျဖစ္ေနတယ္ အဲဒါေၾကာင့္ သူတို႔ကို ရဲ နဲ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ေပါင္းၿပီးေနထိုင္ဖို႔ အစီအမံေတြလုပ္ေနတယ္ လို႔လည္းသူကေျပာပါတယ္။

မတ္လ ၁၈ ရက္ေန႔က အဲဒီလူနာ ဟာ ေရခ်ိဳးၿပီး ဘုရားရွိခိုးေက်ာင္းသြားတယ္ ၊အဲဒီမွာ ေနမေကာင္းစျဖစ္တယ္လို႔လည္းသူကရွင္းျပပါတယ္။

အခုေတာ့ ႐ႊာအဝင္အထြက္ကို ပိတ္ထားၿပီးလုံၿခဳံေရးတပ္ဖြဲ႕ေတြက ေနရာ ယူထားတယ္လို႔လည္း အုပ္ခ်ဳပ္ေရးမႉး ဦးဒိုးဇေတြာင္ ကဘီဘီစီကိုေျပာပါတယ္။

အဆိုပါလူနာသြားေရာက္ခဲ့တဲ့ ခရီးစဥ္တေလွ်ာက္မွာ ထိေတြ႕ခဲ့တဲ့ျပည္သူ လူထုအေန နဲ႔ နီးစပ္ရာက်န္းမာေရးဌာန ကို ဆက္သြယ္အေၾကာင္းၾကားေစ ဖို႔ကိုလည္းႏိုးေဆာ္ထားပါတယ္။

မတ္လ ၂၄ ရက္ေန႔ည မွာ တီးတိန္ကေန ဆင္းလာတဲ့ ကား အခ်ိဳ႕ကို ကေလးၿမိဳ႕ အဝင္ ခိုင္ကမ္း႐ြာအနီးပိတ္ထားရာ ကေန လႊတ္ေပးလိုက္ပါတယ္ ။

တီးတိန္က လူေတြဟာ စိုးရီမ္စိတ္ေၾကာင့္ ကေလးဘက္ကို ဆင္းလာၾကေပမယ့္ ကို႐ိုနာကူးစက္ခံရတဲ့ အမ်ိဳးသားဟာ ကေလးၿမိဳ႕မွာ ႏွစ္ရက္ တည္းခိုတာေၾကာင့္ ကေလးၿမိဳ႕ေနထိုင္သူေတြကလည္းစိုးရိမ္မႈေတြရွိပါတယ္။

အဲဒီလူနာကို တီးတိန္ၿမိဳ႕နယ္၊ျပည္သူေဆး႐ုံဝင္းအတြင္းရွိ (၈) ခန္းတြဲ၊ (၂) ထပ္ ေဆာင္သစ္၊ အေပၚ ထပ္မွာ စနစ္တက် အသြားအလာကန႔္သတ္ျခင္း (Quarantine) ျပဳလုပ္ထားတယ္လို႔ ခ်င္းျပည္နယ္ အစိုးရ ကေျပာပါတယ္။

ဒီလူနာ ဟာက်န္းမာေရးေကာင္းမြန္ေနၿပီးေတာ့ ေစာင့္ၾကည့္ကာလ ျပည့္တဲ့အထိ တီးတိန္မွာ ပဲထားမယ္လို႔ ခ်င္းျပည္နယ္ အစိုးရက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
တီးတိန်က လူတွေ ဘာလို့ ထွက်ပြေးလာကြတာလဲ

ဓာတ်ပုံ မူပိုင် Kyaw Thet Win UNCY
Image caption ကလေးမြို့အဝင်မှာ စစ်ဆေးနေစဉ်

ကိုရိုနာ ဗိုင်းရပ်စ်ပိုး အကူးခံ ရတဲ့ အမျိုးသားနေထိုင်ရာချင်းပြည်နယ် တီးတိန်မြို့ကလူတွေဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှာ ကြောက်ပြီး ချင်းပြည်နယ်က နေ စစ်ကိုင်းတိုင်း ကလေးမြို့ ကို ထွက်ပြေးလာနေကြတယ်လို့ လည်း ကလေးဒေသခံ တစ်ဦး ကဘီဘီစီကိုပြောပါတယ်။

တီးတိန်ဘက်က နေ ချင်းတောင်ခြေအဆင်း ကလေးမြို့အဝင်ကို လုံခြုံရေးအဖွဲ့တွေက ပိတ်ထားပေမယ့် တောလမ်းတွေဘက် တဆင့် ကလေးမြို့ထဲကို ပတ်ပြီးဝင်လာနေကြတယ်လို့လည်း သူကပြောပါတယ်။

မတ်လ ၂၄ ရက်နေ့ ညနေပိုင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ "စားနပ်ရိက္ခာအလုံအလောက်ရှိပါတယ် တီးတိန်ကလူတွေကြောက်လန့်ပြီးထွက်ခွာလာတယ်လို့သိရပါတယ် ကိုယ့်မှာရောဂါရှိနေရင် ဘယ်သွားသွားရောဂါက ပါလာမှာပါ ၊ဒါကြောင့်ကျန်းမာရေးဌာနနဲ့ပူးပေါင်းပါ ရောဂါရှိရင်ဖုံးမထားပါနဲ့၊ ဘယ်ဈေးဘယ်ဆိုင်ကိုမှမပိတ်ပါ ၊သတင်းမှားတွေမယုံပါနဲ့၊ ကိုယ်ချင်းခွာနေရပေမယ့် နှလုံးသားချင်းနီးကပ်ပြီး အချင်းချင်းစည်းလုံးကြပါ ကျွန်မတို့အစိုးရက သတင်းတွေအချိန်နဲ့အမျှထုတ်ပေးနေပါမယ် ပြည်သူသာအဓိကပါ "လို့ပြောသွားပါတယ်။

ကျန်းမားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးကတော့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး အကူးခံ ရတဲ့ အမေရိကန်က ပြန်လာသူ အမျိုးသား ဧည့်ခံပွဲလုပ်တဲ့ ရွှာကို lock -down လုပ်မှာဖြစ်ပါတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kyaw Thet Win
Image caption စိုးရီမ်စိတ်ကြောင့် ကလေးမြို့ဘက်ကို ဆင်းလာ

အဆိုပါလူနာဟာ သူ့ရဲ့မိခင်နဲ့အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ကနေ မတ်လ ၁၃ ရက်နေ့ က စတင်ထွက်ခွာခဲ့ပြီး၊ ကာတာနိုင်ငံ၊ ဒိုဟာမြို့ကတဆင့် မတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်း မှာBritish airline နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့လေဆိပ်သို့ မြန်မာ အမျိုးသားလေကြောင်းလိုင်း (UB - 503) ဖြင့် ထွက်ခွာလာခဲ့ရာ နေ့လယ် (၂:၃၀) နာရီအချိန်တွင် ရောက်ရှိခဲ့ပါ တယ်၊

ကလေးမြို့ မှာ ၂ ညအိပ်တည်းခိုခဲ့ပြီးတော့ ရွှေဆိုင်နဲ့ Cherry Photo Studio မှာPre-wedding photo ရိုက်ကူးခဲ့တယ်လို့ သိရပါတယ် ။

မတ်လ ၁ရ ရက်နေ့မှာ ကလေးမြို့ကနေ တီးတိန်မြိုကို ပြည်ချစ်သားလိုင်းကားနဲ့ ထွက်ခွာ လာခဲ့ကြောင်းနှင့် ကားပေါ်တွင် လူ (၁၂) ဦးပါရှိလာပါတယ်၊တီးတိန်မြို့ လွယ်ဘွားရပ်ကွက်မှာ တစ်ညအိပ် တည်းခိုနေထိုင်ခဲ့ပြီး မတ်လ ၁၈ရက်န့မှာ တော့ ကပ်တဲလ်ကျေးရွာသို့ AG အသင်းတော်ကားဖြင့် ထွက်ခွာခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကဒီနေ့ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ မူပိုင် kyaw thet win
Image caption ကလေးမြို့ အဝင် ခိုင်ကမ်းရွာအနီး

ကိုရိုနာကူးစက်ခံရတဲ့ အမျိုးသားနေထိုင်ခဲ့ ကပ်တဲလ် ရွှာကလူတွေဟာ ရွှာ အပြင်မထွက်ကြပေမယ့်ရွာထဲမှ လျောက်သွားနေကြတယ် စောင့်ကြည့်ကြပ်မတ်တဲ့အစီအစဉ်ကိုရော လေးလေးနက်နက် လိုက်နာဆောင်ရွက်မှုအားနည်းတယ်လို့ အဲ့ဒီကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး ဦးဒိုးဇတွောင် ကဘီဘီစီကိုပြောပါတယ်။

လူနာ ရှင်က ကွျှန်တော်တို့ ပြောတာကို မယုံဘူးဖြစ်နေတယ် အဲဒါကြောင့် သူတို့ကို ရဲ နဲ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပေါင်းပြီးနေထိုင်ဖို့ အစီအမံတွေလုပ်နေတယ် လို့လည်းသူကပြောပါတယ်။

မတ်လ ၁၈ ရက်နေ့က အဲဒီလူနာ ဟာ ရေချိုးပြီး ဘုရားရှိခိုးကျောင်းသွားတယ် ၊အဲဒီမှာ နေမကောင်းစဖြစ်တယ်လို့လည်းသူကရှင်းပြပါတယ်။

အခုတော့ ရွှာအဝင်အထွက်ကို ပိတ်ထားပြီးလုံခြုံရေးတပ်ဖွဲ့တွေက နေရာ ယူထားတယ်လို့လည်း အုပ်ချုပ်ရေးမှူး ဦးဒိုးဇတွောင် ကဘီဘီစီကိုပြောပါတယ်။

အဆိုပါလူနာသွားရောက်ခဲ့တဲ့ ခရီးစဉ်တလျှောက်မှာ ထိတွေ့ခဲ့တဲ့ပြည်သူ လူထုအနေ နဲ့ နီးစပ်ရာကျန်းမာရေးဌာန ကို ဆက်သွယ်အကြောင်းကြားစေ ဖို့ကိုလည်းနိုးဆော်ထားပါတယ်။

မတ်လ ၂၄ ရက်နေ့ည မှာ တီးတိန်ကနေ ဆင်းလာတဲ့ ကား အချို့ကို ကလေးမြို့ အဝင် ခိုင်ကမ်းရွာအနီးပိတ်ထားရာ ကနေ လွှတ်ပေးလိုက်ပါတယ် ။

တီးတိန်က လူတွေဟာ စိုးရီမ်စိတ်ကြောင့် ကလေးဘက်ကို ဆင်းလာကြပေမယ့် ကိုရိုနာကူးစက်ခံရတဲ့ အမျိုးသားဟာ ကလေးမြို့မှာ နှစ်ရက် တည်းခိုတာကြောင့် ကလေးမြို့နေထိုင်သူတွေကလည်းစိုးရိမ်မှုတွေရှိပါတယ်။

အဲဒီလူနာကို တီးတိန်မြို့နယ်၊ပြည်သူဆေးရုံဝင်းအတွင်းရှိ (၈) ခန်းတွဲ၊ (၂) ထပ် ဆောင်သစ်၊ အပေါ် ထပ်မှာ စနစ်တကျ အသွားအလာကန့်သတ်ခြင်း (Quarantine) ပြုလုပ်ထားတယ်လို့ ချင်းပြည်နယ် အစိုးရ ကပြောပါတယ်။

ဒီလူနာ ဟာကျန်းမာရေးကောင်းမွန်နေပြီးတော့ စောင့်ကြည့်ကာလ ပြည့်တဲ့အထိ တီးတိန်မှာ ပဲထားမယ်လို့ ချင်းပြည်နယ် အစိုးရက ပြောပါတယ်။

BBC Burmese
https://www.bbc.com
တီးတိန္က လူေတြ ဘာလို႔ ထြက္ေျပးလာၾကတာလဲ တီးတိန္က လူေတြ ဘာလို႔ ထြက္ေျပးလာၾကတာလဲ Reviewed by THITHTOOLWIN on 06:51 Rating: 5
Powered by Blogger.