COVID-19 ေၾကာင့္ ဖိလစ္ပုိင္မွာ အေရးေပၚအေျခအေန ၃ လ ေၾကညာမည္


(Zawgyi/Unicode)

ဖိလစ္ပိုင္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနတာေၾကာင့္ အေရးေပၚ အေျခအေန ေၾကညာမယ့္ ဥပေဒ မူၾကမ္းကို ဖိလစ္ပိုင္ ကြန္ဂရက္ လႊတ္ေတာ္က အဂၤါေန႔က အတည္ျပဳလိုက္ပါတယ္။ အေရးေပၚ အေျခအေနဟာ ၃ လတာ ၾကာျမင့္မွာ ျဖစ္ၿပီး လိုအပ္ရင္ ကြန္ဂရက္က သက္တမ္း တိုးေပးႏိုင္ပါတယ္။

ဒီအေရးေပၚ ဥပေဒက ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔တာေၾကာင့္ ထိခိုက္နစ္နာေနတဲ့ မိသားစုေပါင္း ၁၈ သန္းနဲ႔ ပုဂၸလိက ေဆး႐ုံေတြကို ေငြေၾကး ပဏာမ အေျမာက္အျမားနဲ႔ အကူအညီ ေပးႏိုင္ဖို႔ သမၼတကို အခြင့္အာဏာ ေပးအပ္မွာပါ။ ဥပေဒ အရ သမၼတ Rodrigo Duterte အေနနဲ႔ အစိုးရအဖြဲ႕ ၀န္ႀကီးဌာနေတြရဲ႕ ဘတ္ဂ်က္ အသုံးစရိတ္ကို ျပန္လည္ ခြဲေဝ အသုံးျပဳႏိုင္မွာ ျဖစ္သလို ေရာဂါ ေျခခ်ဳပ္နဲ႔ သီးသန္႔ခြဲျခားေနဖို႔ ၫႊန္ၾကားခ်က္ကို မလိုက္နာသူေတြကိုလည္း အေရးယူ ႏိုင္မွာ ျဖစ္ပါတယ္။ ေရာဂါ ပ်ံ႕ႏွံ႔မႈ မမွန္သတင္း ထုတ္လႊင့္ေနတာေတြ အေပၚမွာလည္း အျပစ္ေပးႏိုင္ ပါတယ္။

သမၼတ Duterte ရဲ႕လူေတြ အမ်ားစု ျဖစ္တဲ့ ဖိလစ္ပိုင္ အထက္နဲ႔ ေအာက္လႊတ္ေတာ္က အမတ္ေတြဟာ တနလၤာေန႔ည သန္းေခါင္းယံ အထိ ဥပေဒ မူၾကမ္း အတည္ျပဳႏိုင္ဖို႔ ေဆြးေႏြးခဲ့ရာမွာ အမတ္အမ်ားစုက အြန္လိုင္းကေန ပါ၀င္ ေဆြးေႏြးခဲ့ၾကတာပါ။ သမၼတ Duterte က မၾကာခင္ ဒီ ဥပေဒကို အတည္ျပဳ လက္မွတ္ေရးထိုးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာ ၿမိဳ႕ေတာ္ မနီလာ အပါအဝင္ လူေပါင္း သန္း ၅၀ ရွိတဲ့ လူဇုံ ကြၽန္းကို သမၼတ အမိန္႔နဲ႔ အသြားအလာ ပိတ္ပစ္လိုက္ၿပီ ျဖစ္သလို လူ အမ်ားစုကို အိမ္ျပင္မထြက္ဖို႔ ၫႊန္ၾကားထားပါတယ္။ ေက်ာင္းေတြ၊ အလုပ္ေတြကိုလည္း တစ္လၾကာ ပိတ္ပင္ထားလိုက္ပါတယ္။

အတိုက္အခံ အထက္ လႊတ္ေတာ္အမတ္ Francis Pangilinan ကေတာ့ ဒီ ဥပေဒၾကမ္းမွာ အာဏာအလြဲသုံးစားလုပ္မွာေတြကို အကာအကြယ္ ေပးထားတယ္ဆိုၿပီး ပုဂၢလိက ပိုင္ဆိုင္မႈေတြကို သမၼတ သိမ္းယူခြင့္စာပိုဒ္ကို ကန္႔ကြက္ခဲ့ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာ အဂၤါေန႔အထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေပါင္း ၅၅၂ ခုေတြ႕ရွိခဲ့ၿပီး ေသဆုံးသူ ၃၅ ေယာက္ ရွိပါတယ္။ လူနာ ၂၀ က ျပန္လည္ သက္သာလာပါတယ္။

...................

COVID-19 ကြောင့် ဖိလစ်ပိုင်မှာ အရေးပေါ်အခြေအနေ ၃ လ ကြေညာမည်

(Unicode)

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် အရေးပေါ် အခြေအနေ ကြေညာမယ့် ဥပဒေ မူကြမ်းကို ဖိလစ်ပိုင် ကွန်ဂရက် လွှတ်တော်က အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။ အရေးပေါ် အခြေအနေဟာ ၃ လတာ ကြာမြင့်မှာ ဖြစ်ပြီး လိုအပ်ရင် ကွန်ဂရက်က သက်တမ်း တိုးပေးနိုင်ပါတယ်။

ဒီအရေးပေါ် ဥပဒေက ဗိုင်းရပ်စ် ပျံ့နှံ့တာကြောင့် ထိခိုက်နစ်နာနေတဲ့ မိသားစုပေါင်း ၁၈ သန်းနဲ့ ပုဂ္ပလိက ဆေးရုံတွေကို ငွေကြေး ပဏာမ အမြောက်အမြားနဲ့ အကူအညီ ပေးနိုင်ဖို့ သမ္မတကို အခွင့်အာဏာ ပေးအပ်မှာပါ။ ဥပဒေ အရ သမ္မတ Rodrigo Duterte အနေနဲ့ အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက် အသုံးစရိတ်ကို ပြန်လည် ခွဲဝေ အသုံးပြုနိုင်မှာ ဖြစ်သလို ရောဂါ ခြေချုပ်နဲ့ သီးသန့်ခွဲခြားနေဖို့ ညွှန်ကြားချက်ကို မလိုက်နာသူတွေကိုလည်း အရေးယူ နိုင်မှာ ဖြစ်ပါတယ်။ ရောဂါ ပျံ့နှံ့မှု မမှန်သတင်း ထုတ်လွှင့်နေတာတွေ အပေါ်မှာလည်း အပြစ်ပေးနိုင် ပါတယ်။

သမ္မတ Duterte ရဲ့လူတွေ အများစု ဖြစ်တဲ့ ဖိလစ်ပိုင် အထက်နဲ့ အောက်လွှတ်တော်က အမတ်တွေဟာ တနင်္လာနေ့ည သန်းခေါင်းယံ အထိ ဥပဒေ မူကြမ်း အတည်ပြုနိုင်ဖို့ ဆွေးနွေးခဲ့ရာမှာ အမတ်အများစုက အွန်လိုင်းကနေ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။ သမ္မတ Duterte က မကြာခင် ဒီ ဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ မြို့တော် မနီလာ အပါအဝင် လူပေါင်း သန်း ၅၀ ရှိတဲ့ လူဇုံ ကျွန်းကို သမ္မတ အမိန့်နဲ့ အသွားအလာ ပိတ်ပစ်လိုက်ပြီ ဖြစ်သလို လူ အများစုကို အိမ်ပြင်မထွက်ဖို့ ညွှန်ကြားထားပါတယ်။ ကျောင်းတွေ၊ အလုပ်တွေကိုလည်း တစ်လကြာ ပိတ်ပင်ထားလိုက်ပါတယ်။

အတိုက်အခံ အထက် လွှတ်တော်အမတ် Francis Pangilinan ကတော့ ဒီ ဥပဒေကြမ်းမှာ အာဏာအလွဲသုံးစားလုပ်မှာတွေကို အကာအကွယ် ပေးထားတယ်ဆိုပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို သမ္မတ သိမ်းယူခွင့်စာပိုဒ်ကို ကန့်ကွက်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အင်္ဂါနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၅၅၂ ခုတွေ့ရှိခဲ့ပြီး သေဆုံးသူ ၃၅ ယောက် ရှိပါတယ်။ လူနာ ၂၀ က ပြန်လည် သက်သာလာပါတယ်။

VOA (Burmese)
https://burmese.voanews.com
COVID-19 ေၾကာင့္ ဖိလစ္ပုိင္မွာ အေရးေပၚအေျခအေန ၃ လ ေၾကညာမည္ COVID-19 ေၾကာင့္ ဖိလစ္ပုိင္မွာ အေရးေပၚအေျခအေန ၃ လ ေၾကညာမည္ Reviewed by THITHTOOLWIN on 06:57 Rating: 5
Powered by Blogger.